အိမ်ပြန်ပြီး မိသားစုအမွေဆက်ခံဖို့မဖြစ်နိုင်!
Vol. 60 Ch. 900
ချူယဲ့နည်းနည်းဇဝေဇဝါဖြစ်သွားသည်။
အချိန်နှင့်တခြားကိစ္စများအားလုံးမေ့လျော့သည်အထိရွက်လွှင့်တာ ဒါပထမဆုံးဖြစ်သည်။
ရေထဲမှာစိတ်လွတ်ကိုယ်လွတ်ပျော်ပုံက မယုံနိုင်စရာ။ ကလေးဘဝတုန်းက တစ်နေ့ခင်းလုံး ရေကူးကန်ထဲဆော့ပြီး အိမ်စာလုပ်ဖို့မေ့နေသလိုပင်။
သူကမနေနိုင်ဘဲဖုန်းထုတ်ပြီး သူ့သူငယ်ချင်းများနှင့်ဆဲလ်ဖီဓာတ်ပုံရိုက်လိုက်သည်။
သူ့သူငယ်ချင်းများကမ်းပေါ်ရောက်သောအခါတွင်လည်း သူ့အတိုင်း ရုတ်တရက်တစ်ခုခုပျောက်သွားသလိုခံစားကြရသည်။ သူတို့အားလုံး နည်းနည်းစိတ်ပျက်သွား၏။
သူ့ကိုယ်သူဗီဒီယိုရိုက်ပြီး အစွန်အဖျားရွက်လွှင့်ဖိုရမ်တွင် ခေါင်းစဉ်တပ်ကာတင်လိုက်သည်:
"အခုပဲ ချင်းလင်ရွက်လွှင့်ပြီးတာ... ခံစားချက်တွေထွေပြားနေတယ်... ပြန်ရောက်မှပြောမယ်!''
အစွန်အဖျားရွက်လွှင့်ဖိုရမ်မှာ ပြည်တွင်းရွက်လွှင့်တက်ကြွသူများစုဝေးရာနေရာဖြစ်သည်။ ချူယဲ့မှာနာမည်ကြီးသူဖြစ်၍ သူ့စာကိုဖိုရမ်ထဲကအတော်များများစိတ်ဝင်စားကြသည်။
ဒီကိစ္စကို ကျောက်ဟွေ့က သူ့လက်ထောက်အား မျက်စိဒေါက်ထောက်ကြည့်ခိုင်းထားသည်။ လက်ထောက်က ချူယဲ့စာကိုမြင်သောအခါ ချက်ချင်းကျောက်ဟွေ့ကိုအသိပေးသည်_
"ဒါရိုက်တာကျောက်... ချူယဲ့က အစွန်အဖျားဖိုရမ်မှာစာတင်ထားတယ်... ချင်းလင်ရွက်လွှင့်ပြီးပြီတဲ့... ကြည့်ရတာ သူတို့စိတ်ခံစားချက်မကောင်းတဲ့ပုံပဲ''
ကျောက်ဟွေ့လည်း ချူယဲ့စာကိုမြင်ပြီး မရယ်ဘဲမနေနိုင်_
"ထင်တဲ့အတိုင်းပဲ... သူစိတ်ပျက်နေပြီ... ချင်းလင်ရွက်လွှင့်က နာမည်ကြီးသလောက်မဟုတ်ဘူးဆိုတာ တွေးကြည့်စရာတောင်မလိုဘူး... အင်တာနက်ပေါ်မှာ ချင်းလင်ရွက်လွှင့်ကိုနာမည်ကြီးသထက်ကြီးအောင် ငါတို့လုပ်ထားပြီ... ချူယဲ့ဗီဒီယိုတင်တာစောင့်ဖို့ပဲကျန်တော့တယ်... အဲဒါမှ ချင်းလင်ရွက်လွှင့် အမြင့်ကပြုတ်ကျမှာ''
လက်ထောက်က ချက်ချင်းခေါင်းညိမ့်လိုက်သည်။ ဥက္ကဌကျောက်ပြောတဲ့အတိုင်းဖြစ်မည်ဟု သူယုံကြည်ထားသည်။ ဥက္ကဌကျောက်က တစ်ခုခုကြံစည်ထားသည်ဟုလည်း သူထင်သည်။
မကြာမီ ချူယဲ့က အစွန်အဖျားဖိုရမ်တွင် စာထပ်တင်သည်။
အရင်ဆုံးဝင်ကြည့်သူက ကျောက်ဟွေ့ပင်။ သို့သော် အကြောင်းအရာမြင်ပြီး သူကြောင်သွားသည်။
အကြောင်းအရာက အလွန်ရှင်းသည်:
"ချင်းလင်ရွက်လွှင့်ပြီးတော့ ဒါရွက်လွှင့်ဖူးသမျှထဲမှာအပျော်ဆုံးလို့ပြောရမယ်... အဲဒီထဲမှာ စိတ်ကလုံးဝနစ်ဝင်သွားတာ... ရွက်လွှင့်ပြီးတာနဲ့ အပျော်တွေကရုတ်တရတ်ပျောက်သွားသလို စိတ်ညစ်မိတယ်... အဲဒါကြောင့် မနက်ဖြန်ထပ်ပြီးရွက်လွှင့်ဖို့ဆုံးဖြတ်လိုက်တယ်!''
ထိုရိုးရိုးစကားလုံးများကြောင့် ကျောက်ဟွေ့မျက်နှာထားပြောင်းသွားသည်။
နောက်နေတာလား?
မင်းပဲစိတ်ပျက်လက်ပျက်ပုံကြီးနဲ့ စာတင်ခဲ့တာလေ။ အခုကျ ရွက်လွှင့်တာပျော်စရာကောင်းလွန်းလို့ ပြီးသွားတော့စိတ်ပျက်မိတယ်တဲ့လား?
လူတွေကိုကစားနေတာလား?
"ဘာလို့ဒီလိုဖြစ်ရတာလဲ?''
ကျောက်ဟွေ့က စိတ်ပျက်ပျက်နှင့်ဆဲလိုက်သည်။
ရလဒ်က သူထင်ထားတာနဲ့ လုံးဝတခြားစီ။
အခု ချူယဲ့ကဒီလိုတင်ထားတော့ အင်တာနက်ရေတပ်နဲ့သူလမ်းကြောင်းခဲ့သမျှက အမှန်ဖြစ်မသွားဘူးလား?
ချင်းလင်ရွက်လွှင့်ကိုသင်ခန်းစာမပေးနိုင်ဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ကျောက်တုံးပစ်ချသလိုဖြစ်နေပြီ။ ချင်းလင်ရွက်လွှင့်ကို အလကားလျှောက်ကြော်ငြာပေးမိပြီလား?
တွေးလေလေ ဒေါသထွက်လေလေပင်။
အစွန်အဖျားရွက်လွှင့်ဖိုရမ်၏ထိပ်ဆုံးထောက်ခံချက်တွင် ကြေးနီမြစ်မှချင်းလင်ပြောင်းလိုက်သည်ကိုမြင်သောအခါ သူ့ဒေါသကငယ်ထိပ်ရောက်သွားတော့သည်။

သို့သော် ချူယဲ့က သူထိန်းချုပ်နိုင်သူမဟုတ်။ ချူယဲ့ကိုလာဘ်ထိုးလို့လည်းမရ။
သို့ဖြစ်၍ ချူယဲ့စာက ရွက်လွှင့်ဖိုရမ်အားလုံးထဲမြန်မြန်ဆန်ဆန်ပြန့်သွားသည်ကို ကြည့်ရုံသာကြည့်နေရသည်။ ရွက်လွှင့်ဖိုရမ်အားလုံး၏နံပါတ်တစ်ရွက်လွှင့်နေရာကလည်း ချင်းလင်ရွက်လွှင့်ဖြစ်သွားသည်။
အချိန်နှင့်တပြေးညီ မြန်လွန်းသည်။
နောက်တစ်နေ့_
အင်တာနက်ပေါ်တွင် ဖိုရမ်များ၏သတင်းများတက်လာပြီး ချင်းလင်ရွက်လွှင့်ကနံပါတ်တစ်ရွက်လွှင့်ဖြစ်ကြောင်း အပြင်လောကကိုအတည်ပြုလိုက်သလိုပင်။
ထို့ကြောင့် ကြေးနီမြစ်ရွက်လွှင့်ကလမ်းကြောင်းထားသောအင်တာနက်ရေတပ်သတင်းမှာ ပြည်သူ့အမြင်ဖြစ်သွားလေသည်။ အတော်များများက ချင်းလင်ရွက်လွှင့်ကို 'ကြေးနီမြစ်ရွက်လွှင့်ထက်ပိုပျော်စရာကောင်းတယ်'ဟုထောက်ခံကြတာ အကြောင်းမဲ့မဟုတ်။
ထိုအချိန်တွင် ကျောက်ဟွေ့မှာ တိတ်တိတ်သာနေပြီး သက်ပြင်းချနေရလေသည်။
ချင်းလင်စံအိမ်_
ချူယဲ့လည်းသူ့သူငယ်ချင်းများနှင့် ရွက်လွှင့်နေရာရောက်လာသည်။ အကြာကြီးတန်းစီပြီးနောက် လက်မှတ်စစ်ရန်အလှည့်ကျလာ၏။
မနေ့ကအတွေ့အကြုံမှာ သူ့စိတ်ထဲတဝဲလည်လည်ကျန်ခဲ့သည်။ ရွက်လွှင့်ခြင်းနှင့်ပတ်သက်လျှင် သူကအတွေ့အကြုံများသည်ဟုသူထင်သည်။ တစ်ခါကနံပါတ်တစ်ဖြစ်ခဲ့ဖူးသောကြေးနီမြစ်ရွက်လွှင့်တောင် အပြစ်အနာအဆာတချို့ သူတွေ့သည်။

ဒါကြောင့်လည်း ကမ္ဘာ့နံပါတ်တစ်ရွက်လွှင့်ကိုယုံကြည်မှုရှိရှိတည်ထောင်နိုင်ခြင်းပင်။
သို့ရာတွင် မနေ့ကရွက်လွှင့်ကြည့်ပြီး ဘာအပြစ်မှမတွေ့။ ရွက်လွှင့်တာပျော်စရာကောင်းတယ်ဆိုရင်တောင် သူအရှိုက်ထိနေသည်။
စင်စစ် ဒီရွက်လွှင့်ကအံ့ဩစရာပါကောင်းသည်။ လူတွေကိုစိတ်နစ်ဝင်သွားအောင်အငွေ့အသက်မျိုးဖန်တီးနိုင်သည်။ အလွန်ကောင်းသောနည်းစနစ်တစ်ခုပင်။
သို့သော် ဘာနည်းစနစ်လဲ သူမသိ။ သို့ဖြစ်၍ ထိုနည်းကို သူအဖြေရှာချင်သည်။
ဒီတစ်ခါ သူအဖြေထုတ်ရမည်။
ချူယဲ့က ထိုအတွေးနှင့် လှေပေါ်တက်လိုက်သည်။ ဝန်ထမ်းကသူ့လှေကိုတွန်းလိုက်သောအခါ ပထမကန်ထဲကျသည်။
ရေများဖုံးလွှမ်းသွားသောအခိုက်တွင် ရေထဲပျော်ခြင်း +၃ နှင့် ရေထဲကလေးလိုပျော်ခြင်း +၃ က အာနိသင်ရှိလာ၏။
အဲဒီနောက်_
သုံးနာရီကြာပြီးနောက် ချူယဲ့အဆုံးမှတ်ရောက်လာသည်။ သူကလှေပေါ်မှဆင်းကာ ကမ်းပေါ်တက်သည်။
ထိုအချိန်တွင် သူ့မျက်နှာကသိသိသာသာပျက်သွား၏။
ဒီတစ်ခါ ရွက်လွှင့်ပြီး အပြစ်ရှာဖို့မေ့ခဲ့ပြန်ပြီ။
နှစ်ကြိမ်ဆက်တိုက် သူ့စိတ်ထဲရှိနေသောအရေးကြီးကိစ္စကိုမေ့ရလောက်အောင် ရေထဲပျော်နေခဲ့သည်။
ရွက်လွှင့်အငွေ့အသက်က အားကောင်းလွန်း၍ မြစ်ထဲရောက်သည်နှင့် မသိလိုက်မသိဘာသာနစ်ဝင်သွားသည်။
သူ့ကိုဒီလိုရွက်လွှင့်တာမျိုး နှစ်ကြိမ်လုပ်နိုင်တဲ့တစ်ခုတည်းသောနေရာက ချင်းလင်စံအိမ်ပင်။
နောက်ပြီး သူဖန်တီးချင်တဲ့ရွက်လွှင့်မျိုးမှာ ဒီနည်းသုံးရင် သေချာပေါက် ကမ္ဘာ့နံပါတ်တစ်ရွက်လွှင့်ဖြစ်လာမည်ဟု သူယုံကြည်ထားသည်။
"ချူယဲ့... ဒီချင်းလင်ရွက်လွှင့်က တစ်ခုခုတော့တစ်ခုခုပဲ''
"အင်း... နှစ်ခါလုံး အရမ်းပျော်တာပဲ... အပြစ်လည်းမတွေ့ဘူး''