← Chapters

ဘယ်အသဲက အရေးအကြီးဆုံး! ၂

Vol. 60 Ch. 886

ဘယ်အသဲက အရေးအကြီးဆုံး! ၂

Vol. 60 Ch. 886

ရုံချန်းကဆောက်လုပ်ရေးတွင် အများကြီးအားစိုက်ထုတ်ထားသောကြောင့် အချိန်ယူပြီးနောက် ခရိုင်အသစ်လမ်းများမှာ အကြမ်းဖျင်းပြီးသွားသည်။ အထပ်မြင့်အဆောက်အဦးများနှင့်အဖွဲ့အစည်းငယ်များကိုပုံစံချထားပြီး​ဖြစ်သည်။

လက်သွက်ခြေသွက်ကုမ္ပဏီတချို့က တိုက်ခန်းများဆောက်ပြီး စတင်ရောင်းချနေလေပြီ။

ခရိုင်အသစ်အတွင်းအကြီးဆုံးပြဿနာမှာ အိမ်ရောင်းချခြင်းပင်။ စီးပွားရေးစျေးကွက်ဖန်တီးမည့်သူ၊ မြို့တော်လိုအပ်ချက်ကိုဖြည့်ဆည်းမည့်သူများ ပြောင်းလာရသည်။

သို့ရာတွင် ရုံချန်းအဖို့ ပြဿနာမရှိ။ အရင်က အိမ်မရောင်းရမှာပူစရာမလိုသလို အခုပိုပြီးစိုးရိမ်စရာမရှိပေ။

ချင်းလင်ကုမ္ပဏီကြောင့် အတော်များများက အိမ်ဝယ်နိုင်ကြသည်။

ချင်းလင်ကုမ္ပဏီဝန်ထမ်းများက ရုံချန်းမှာအနည်းဆုံး စတုရန်းမီတာ ၈၀ အကျယ်နှင့်အိပ်ခန်းသုံးခန်းပါသောအိမ်တစ်လုံး ဝယ်နိုင်ကြသည်။ စုငွေနည်းနည်းရှိလျှင် စရံပေးနိုင်သည်။

ဖရဲသီးစိုက်သောတောင်သူများကလည်း ရုံချန်းမှာအိမ်တစ်လုံးဝယ်ဖို့စိတ်ကူးကြသည်။

နောက်ပြီး ချင်းလင်စံအိမ်လာသောခရီးသည်များကြောင့် ရုံချန်းတစ်မြို့လုံးစီးပွားဖြစ်၍ အတော်များများကအိမ်ဝယ်နိုင်ကြသည်။

ထို့အပြင် ရုံချန်းစီးပွားရေးပတ်ဝန်းကျင်ကပိုပိုကောင်းလာသည်။ အလုပ်ပြန်လာလုပ်သူများနှင့် ဒီနေရာကိုသဘောကျသူနိုင်ငံခြားသားများက အိမ်ဝယ်ချင်ကြသည်။

အထူးသဖြင့် ခရိုင်အသစ်​ဆောက်လုပ်ရေးကို ခေတ်မီမြို့တော်စီမံရေးလိုအပ်ချက်နှင့်အညီလုပ်ထားသည်။ အဖွဲ့အစည်းပတ်ဝန်းကျင်ကပိုကောင်း၊ လမ်းကပိုကျယ်၊ပိုဖြောင့်ဖြူးပြီး အထောက်အပံ့များပိုပြည့်စုံသည်။ ချင်းလင်စံအိမ်နှင့်ချင်းလင်ကုမ္ပဏီအနီးတွင် အကြီးဆုံးအားကစားကွင်းရှိပြီး လူနေထိုင်မှုနှင့်ဖျော်ဖြေရေးများပိုများသည်။

ဤသို့သောအခြေအနေများ​ကြောင့် ခရိုင်အသစ်တွင် အိမ်ရာအကြိုရောင်းချမှုအလုပ်ဖြစ်နေသည်။

ဒါကြောင့်လည်း ကျောက်မိုယွင်နှင့်သူငယ်ချင်းတစ်စုကပိုက်ဆံစုပြီး ပရောဂျက်စာချုပ်ချုပ်ရန် တရားဝင်ကုမ္ပဏီတစ်ခုထောင်ခြင်းဖြစ်သည်။

ကျောက်မိုယွင်၏ကုမ္ပဏီကို 'ယွင်ရှင်းဆောက်လုပ်ရေးကုမ္ပဏီလီမိတက်'ဟု နာမည်ပေးထားသည်။

ကုမ္ပဏီနာမည်အဓိပ္ပါယ်ကို ချင်လင်သေချာမသိသော်လည်း 'ယွင်'က ကျောက်မိုယွင်ဖြစ်မည်။

ယွင်ရှင်းဆောက်လုပ်ရေးကုမ္ပဏီလီမိတက်က ခရိုင်အသစ်ထဲတွင် သူတို့ကိုယ်ပိုင်ရုံးခန်းဖွင့်ထားသည်။ ချင်လင်ရောက်သောအခါ အောက်ထပ်တွင် ကားအတော်များများထိုးထားသည်။

ကားအားလုံး ကားကောင်းများဖြစ်ပြီး BBA များသည်။

ကျောက်မိုယွင်က ဖိတ်ထားသောဧည့်သည်များကိုဖျော်​ဖြေရန် လူတချို့ခေါ်ထားသည်။ ဒီအချက်မှ သူ့မိတ်ဆွေအသိုင်းအဝိုင်းဘယ်လောက်ကြီးကြောင်းသိနိုင်သည်။ အနည်းဆုံးတော့ သူကောင်းကောင်းလုပ်ခဲ့သည်။



ချင်လင်က BMW 5 စီးရီးကားကိုမောင်းနေဆဲဖြစ်ပြီး ကြွားဝါခြင်းမရှိ။

သို့ရာတွင် သူ့ပုံစံကိုအားလုံးကစိတ်ဝင်စားနေကြဆဲပင်။ ဘာပဲဖြစ်ဖြစ် သူကအင်တာနက်ဆယ်လီရှောင်ချင်ဖြစ်နေသည်။ တချို့က သူတစ်လဘယ်လောက်ရမလဲတောင်ဆန်းစစ်နေကြ၏။ ဆန်းစစ်ချက်က ရှင်းလင်းပြီးလက်သင့်ခံနိုင်စရာရှိသည်။ သူတစ်လတစ်လကို ယွမ် ၁၀၀၀၀၀ မှ ၂၀၀၀၀၀ ရနိုင်သည်ဟုဆိုကြသည်။

"ဥက္ကဌကျောက်ရဲ့ယောက်ဖက ရှောင်ချင်ပဲ!''

"ဟုတ်တယ် သူပဲ... သူ့ကိုအပြင်မှာတွေ့ရပြီ... အင်တာနက်ဆယ်လီဖြစ်တာကောင်းလိုက်တာ... သူကတခြားဘာမှမလုပ်ဘဲ မြင်းစာကျွေးတာနဲ့တင် တစ်လယွမ် ၁၀၀၀၀၀ ရတယ်ဆိုပဲ''

"ဥက္ကဌကျောက်ရဲ့ညီမက ချင်းလင်စံအိမ်မှာရာထူးမြင့်တယ်တဲ့... အဲဒါကြောင့် ဥက္ကဌကျောက်ရဲ့လုပ်ငန်းက အရမ်းအောင်မြင်တာ!''

"……"

ကျောက်မိုယွင်လည်း ချင်လင်ကိုမြင်ပြီး ချက်ချင်းရောက်လာကာ_

"ချင်လင် ရောက်လာပြီလား... လာ.. လက်ဖက်ရည်သောက်ရအောင်!''

ချင်လင်က လူသိမခံချင်မှန်းသူသိသောကြောင့် အဆောက်အဦးထဲချက်ချင်းခေါ်လိုက်သည်။ သူ့ဘေးတွင် နောက်ထပ်လူငယ်တစ်ယောက်ရှိသည်။ သူက ယွင်ရှင်းဆောက်လုပ်ရေးကုမ္ပဏီ၏အဓိကရှယ်ယာရှင်ဖြစ်သော ကောရှင်းပင်။

ကောရှင်းက ချင်လင်ကိုတွေ့သောအခါ လေးစားမှုအပြည့်နှင့် နောက်မှဂရုတစိုက်လိုက်လာသည်။

သူနှင့်ကျောက်မိုယွင်ကစီးပွားဖက်ဖြစ်သောကြောင့် ကျောက်မိုယွင်၏ယောက်ဖကဘယ်သူလဲ သူသိသည်။ ချင်းလင်စံအိမ်ကအင်တာနက်ဆယ်လီတစ်ယောက်မဟုတ်။ ချင်းလင်ကုမ္ပဏီသူဌေးစစ်စစ်ပင်။

သူနှင့်ကျောက်မိုယွင်ကအပေါ်တက်လာသောကြောင့် ရှယ်ယာရှင်ငယ်လေးများက တခြားဧည့်သည်များကိုဧည့်ခံရသည်။ ဘာပဲဖြစ်ဖြစ် ဒီပုဂ္ဂိုလ်ကိုဘယ်သူမှမယှဉ်နိုင်။

ချင်လင်က ကျောက်မိုယွင်နောက်လိုက်ပြီး အပေါ်ထပ်လက်ဖက်ရည်ခန်းထဲရောက်လာသည်။

သူ့ယောက်ဖကကုမ္ပဏီကို သေသေချာချာစနစ်တကျလုပ်ထားသည်။

ကောရှင်းက အလိုက်တသိနှင့် ဘေးနားသွားပြီး လက်ဖက်ရည်ဖျော်သည်။ လက်ဖက်ရည်တစ်အိုးနှပ်ပြီးနောက် ချင်လင်အတွက်ရိုရိုသေသေနှင့်တစ်ခွက်ငှဲ့ပေးကာ_

"ဥက္ကဌချင် လက်ဖက်ရည်သောက်ပါဦး''

"အင်း!''

ချင်လင်ကခေါင်းညိမ့်ပြီး ကျောက်မိုယွင်ဘက်လှည့်ကာ_

"အစ်ကို... ခင်ဗျားကုမ္ပဏီကကောင်းသားပဲ"

"အဲဒါ မင်းသတင်းပေးလို့ ကျေးဇူးတင်ရမှာ''

ကျောက်မိုယွင်ကပြုံးပြီးပြောသည်။

နေ့လယ်တွင် ကျောက်မိုယွင်၏ဖွင့်ပွဲအပြီး ချင်လင်ပြန်လာသည်။

အပန်းဖြေစံအိမ်ပြန်ရောက်ရောက်ချင်း သူ့ရုံးခန်းထဲဝင်ပြီး ဂိမ်းဇာတ်ကောင်အား နေ့စဉ်တာဝန်များလုပ်စေသည်။



သူဒီနေ့ အတော်ကံကောင်းနေသည်။ လက်ဖက်ရွက်နှင့်အဝါရောင်သစ်မွှေးများရသည်။

နေ့စဉ်အလုပ်များလုပ်ပြီးချိန်တွင် ချင်လင်ဆီ ဝန်ကြီးလုရောက်လာသည်။

"ဝန်ကြီးလု... လာမှာဘာလို့မပြောတာလဲ?''

ချင်လင်က ဝန်ကြီးလုကိုရုံးခန်းထဲဖိတ်ပြီး လောကွတ်ချော်လိုက်သည်။

ဝန်ကြီးလုနောက်တွင် သက်လတ်ပိုင်းလူတစ်ယောက်ပါလာသည်။ မျက်မှန်နှင့် ဝတ်စုံပြည့်နှင့် ခန့်ခန့်ညားညားရှိသည်။

ဒီလိုလူမျိုးကိုမြင်ဖူးတာ ဒါပထမဆုံးပင်။

"သူဌေးချင်... မင်းကိုစီစဉ်ထားဖို့ဒုက္ခမပေးချင်လို့ပါ''

ဝန်ကြီးလုကပြုံးပြုံးနှင့်ဝင်လာပြီးထိုင်ကာ ချင်လင်ကိုချက်ချင်းမိတ်ဆက်ပေးသည်_

"သူဌေးချင်... ဒါမစ္စတာစွန်းကျန်းဟယ်ပါ... ရှင်းကျန့်တယ်က တရုတ်နိုင်ငံသား... မျိုးချစ်တရုတ်လူမျိုးပေါ့... တရုတ်ကုန်သည်များအသင်းက တာဝန်ခံတစ်ယောက်ပဲ''

"မစ္စတာစွန်းက တို့နိုင်ငံအတွက်အဖက်ဖက်က ပါဝင်ခဲ့တယ်... ပြည်တွင်းမှာ ဘေးဒုက္ခအမျိုးမျိုးကြုံတိုင်းလည်း အကြီးအကျယ်လှူဒါန်းခဲ့တယ်''

စွန်းကျန်းဟယ်ကလည်း ချင်လင်ကိုကြည့်လိုက်သည်။ သူ့မျက်လုံးများက အံ့ဩသွားသလိုလို၊ လန့်သွားသလိုလို။

ရှင်းကျန့်တယ်ကချိုင်းနားတောင်းမှာ ချင်းလင်ကုမ္ပဏီအကြောင်းကြားရပြီး ချင်းလင်ထုတ်ကုန်တိုင်း၏အာနိသင်ကလည်း မယုံနိုင်စရာကောင်းနေသည်။

သူအားအရဆုံးမှာ ချင်းလင်ကုမ္ပဏီက ရှင်းကျန့်တယ်ကုန်သည်များကို ထုတ်ကုန်လိုင်စင်ပေးဖို့ငြင်းဆိုပြိး အကြိမ်ကြိမ်တားမြစ်ခဲ့သည်။

နောက်ပြီး ချင်းလင်ကုမ္ပဏီဖွံ့ဖြိုးမှုအခြေအနေကိုစုံစမ်းကြည့်ရာ ကုမ္ပဏီထောင်တာသုံးနှစ်တောင်မကြာသေးမှန်းသိလိုက်ရပြီး ပိုအံ့ဩသွားသည်။

ချင်းလင်ကုမ္ပဏီ၏အလားအလာကို လူတွေခန့်မှန်းထားချက်အရ ရှေ့လျှောက် ပြည်တွင်းကကုမ္ပဏီအားလုံးထက်မညံ့သလို နိုင်ငံတကာထိပ်တန်းအဖွဲ့ဝင်တောင်ဖြစ်လာနိုင်သည်တဲ့။

ဒဏ္ဍာရီဆန်ပြီး အင်တာနက်လောကမှာတောင်မဖြစ်နိုင်သောအရာဆိုသော်လည်း လက်တွေ့ဖြစ်နေပြီ။

ချင်းလင်ကုမ္ပဏီတာဝန်ခံပုဂ္ဂိုလ်က ထူးကဲသာလွန်သည်ဟုဆိုရမည်။

တစ်ဖက်လူရဲ့ဩဇာ၊အရှိန်အဝါ ဒါမှမဟုတ် လူကြီးလူကောင်းပုံ၊ခန့်ညားပုံကို သူစိတ်ကူးနှင့်မှန်းကြည့်ထားသည်။

သို့သော် သူ့ရှေ့ကလူငယ်မျက်နှာမျိုးဟု လုံးဝမတွေးမိ။

"သူဌေးချင်... တွေ့ရတာဝမ်းသာပါတယ်''

စွန်းကျန်းဟယ်လည်း လေးစားမှုပြသည့်အနေနှင့် ချက်ချင်းချင်လင်ဆီလက်ဆန့်တန်းပေးသည်။

"မစ္စတာစွန်း... တွေ့ရတာဝမ်းသာပါတယ်''

ချင်လင်လည်း စွန်းကျန်းဟယ်ကိုရင်းရင်းနှီးနှီးလက်ဆွဲနှုတ်ဆက်လိုက်သည်။

ဝန်ကြီးလုကိုယ်တိုင် စွန်းကျန်းဟယ်ကိုခေါ်လာကတည်းက စွန်းကျန်းဟယ်ကစကားတည်သူဖြစ်ကြောင်း သက်သေပြနေသည်။ အနည်းဆုံးတော့ အထက်လူတွေ သူ့ကိုယုံကြည်သည်။

ဒီလောက်ဆိုရပြီ။

"ဝန်ကြီးလုနဲ့မစ္စတာစွန်း ဘယ်လိုကြောင့်ရောက်လာတာလဲ?''

ချင်လင်လည်း ဇဝေဇဝါနှင့်မေးသည်။

ဝန်ကြီးလုနှင့်ချင်လင်က ရင်းနှီးနေပြီဖြစ်၍ လိုရင်းတန်းပြောလိုက်သည်_

"သူဌေးချင်... ရှင်းကျန့်တယ်က နိုင်ငံခြားသားမနှစ်မြို့ဘူး... တို့ကုန်သည်တွေကိုပိုပြီးပစ်မှတ်ထားတာ မင်းသိမှာပါ... မစ္စတာစွန်းရဲ့ကုန်သည်အသင်းက တို့နိုင်ငံခြားသားတွေကိုအများကြီးကူညီပေးခဲ့တယ်''

"အဲဒါကြောင့် သူတို့ကုန်သည်အသင်းလည်းပစ်မှတ်ထားခံရပြီး ရှေ့တိုးဖို့ခက်နေတယ်... မင်းရဲ့ထုတ်ကုန်က သူတို့ကုန်သည်အသင်းကိုကူညီပေးနိုင်တယ်... မစ္စတာစွန်းက မင်းထုတ်ကုန်တွေရဲ့ကိုယ်စားလှယ်လုပ်ချင်တာ''

"လောလောဆယ် ချင်းလင်အားဖြည့်လက်ဖက်ရည်လိုထုတ်ကုန်တွေတော့ ပို့မရသေးဘူးပေါ့... ဒါပေမဲ့ ရေပူစမ်းဆေးမှုန့်နဲ့အမူးပြေမြက်တော့ သူဌေးချင်စဉ်းစားပေးလို့ရပါတယ်''

"ရပါတယ်''

ချင်လင်ကချက်ချင်းသဘောတူလိုက်သည်။

သူ ရှင်းကျန့်တယ်ကုန်သည်တွေကိုမပေးတာ သူတို့ကိုသဘောမကျလို့။ ဒါပေမဲ့ ရှင်းကျန့်တယ်ပြည်သူတွေဆီကအမြတ်နဲ့နိုင်ငံခြားဝင်ငွေကိုမလိုချင်တဲ့သဘောမဟုတ်။

ဒီလိုအခြေအနေက မကောင်းဘူးလား?

အထက်လူတွေက ဒီစွန်းကျန်းဟယ်ကိုယုံကြည်ထားတော့ သူလည်းရှင်းကျန့်တယ်မှာစိတ်ချရတဲ့ကိုယ်စားလှယ်ရပြီး ဟိုကောင်တွေကိုမညှာမတာသုတ်နိုင်ပြီ။

အရင်းရှင်နိုင်ငံဆိုတဲ့သူတို့နာမည်နဲ့မတန်အောင် ဂျာမနီထက်စျေးပိုတင်မည်။

ချင်လင်ကချက်ချင်းသဘောတူသောကြောင့် ဝန်ကြီးလုနှင့်စွန်းကျန်းဟယ်နှစ်ယောက်လုံးကြောင်သွားသည်။

အထူးသဖြင့် သူဌေးချင်ကိုဖျောင်းဖျမည်ဟုအများကြီးတွေးထားသောဝန်ကြီးလုပင်။ သူဌေးချင်သာဒီလိုလွယ်လွယ်ကူကူခေါင်းညိမ့်မယ်မှန်းသိရင် အလကားအပင်ပန်းခံမနေ။

"ဝန်ကြီးလု မစ္စတာစွန်း... အသေးစိတ်ဆွေးနွေးကြမလား?''

ချင်လင်ကပြောသည်။

တချို့ကိစ္စတွေ သူနားလည်နိုင်သည်။

အင်တာနက်ပေါ်မှာတချို့လူတွေက မျိုးချစ်စိတ်အကြောင်းပြောရန် လူမျိုးကိုထည့်ထည့်ပြောကြသည်။ အများအားဖြင့်မှန်သော်လည်း တစ်ခါတလေ အမှန်မဟုတ်။

ဘာပဲဖြစ်ဖြစ် တချို့ဆယ်လီများက တရုတ်လူမျိုးဖြစ်သော်လည်း ဟောလီးဝုဒ်ကြောင့် ရှင်းကျန့်တယ်ကိုတစ်ချိန်လုံး အလှူပေး၊ ကြော်ငြာပေး၊ မျက်နှာချိုသွေးကြသည်။

တချို့ကုမ္ပဏီများကလည်း ပြည်တွင်းကုမ္ပဏီဖြစ်ပြီး သူတို့အဖေလိုအသိအမှတ်ပြုကာ တိုင်းပြည်နှင့်လူမျိုးအရှက်ရအောင်လုပ်ကြသည်။

သို့ရာတွင် ရှင်းကျန့်တယ်မှတရုတ်စီနီယာကြီးအများစုကမူ ပြည်ပမှနေ၍ ကိုယ့်တိုင်းပြည်အတွက်သွေးချွေးပေးဆပ်ပြီး တိုင်းပြည်ထူထောင်ရေးတွင်ပါဝင်ခဲ့ကြသည်။ သူတို့စည်းစိမ်ဥစ္စာများနှင့်သူတို့အသက်တောင် စွန့်လွှတ်ခဲ့ကြသည်။

သို့ဖြစ်၍ ခန္ဓာကိုယ်ထဲမှအသွေးအသားနှင့်နှလုံးသားကသာ အရေးအကြီးဆုံးပင်။

ကိုယ့်သွေးသားကိုယ်မသတီသည်နှင့် စိတ်ထားကောက်ကျစ်သွားလိမ့်မည်။ သူတို့မှာလူမျိုးရှိရင်တောင် ** သာသာပင်။



All Chapters