← Chapters

စိုးရိမ်ဖွယ်ရာ?

Vol. 60 Ch. 889

စိုးရိမ်ဖွယ်ရာ?

Vol. 60 Ch. 889

လီခိုင် လုံးဝကြောင်သွားသည်။

ဖရဲသီးစားပြီး ငှက်ပျောသီးအရသာ?

သူကချက်ချင်းအဝါရောင်ကိုနောက်တစ်ကိုက်ကိုက်လိုက်သည်။ ထင်တဲ့အတိုင်း ငှက်ပျောသီးအရသာပင်။

အမှန်ပဲ။

ဖရဲသီးက ငှက်ပျောသီးအရသာရတယ်။

ထိုအချိန်_

"ပါမောက္ခလီခိုင်"

တော်ဝင်ပညာရှင်လီက တအံ့တဩပြောသည်_

"ဒီဖရဲသီးက အရသာသုံးမျိုးရတယ်... မင်းသုတေသနလုပ်ထားတဲ့ဖရဲသီးက အံ့ဩစရာပဲ!''

"ဟုတ်ပါ့''

တော်ဝင်ပညာရှင်လင်းကဝင်ပြောသည်_

"ဖရဲသီးတစ်လုံးတည်းကို အရသာသုံးမျိုးအခုမှစားဖူးတာပဲ... အဲဒါကြောင့် သုံးရောင်ဖြစ်နေတာ''

"ပါမောက္ခလီခိုင်က အံ့ဩစရာပဲ!''

တော်ဝင်ပညာရှင်ဟောင်ကပြောသည်။

လီခိုင်ကနားထောင်ရင်း မျက်နှာနည်းနည်းပူလာသည်။ ဒါသူနဲ့ဘာမှမဆိုင်။ သူနာမည်ခံနေကျဖြစ်၍သာ ဖြစ်ချင်ရာဖြစ်၊ သူ့ကိုယ်သူမဖော်တော့။

သို့ရာတွင် ဒီတစ်ခါနည်းနည်းစဉ်းစားစရာဖြစ်နေသည်။ အရင်သီးနှံမျိုးစိတ်ပြောင်းတာ အထူးမြေကြီးကြောင့်။ ဒီတစ်ခါ စိုက်ခင်းမှာအထူးမြေကြီး လုံးဝမရှိ။

အခု ဒီဖရဲသီးတွေကမျိုးစိတ်ပြောင်းပြီး ဒီလိုသုံးရောင်နဲ့အရသာသုံးမျိုးရှိတဲ့ထူးထူးခြားခြားဖရဲသီးတွေတောင်ဖြစ်လာသည်။

ဒါအထူးမြေကြီးနဲ့မျိုးစိတ်ပြောင်းတာထက်ပိုပြီး အထင်ကြီးစရာကောင်းနေသေးတော့။



အထူးမြေကြီးနဲ့မျိုးစိတ်ပြောင်းထားတဲ့သီးနှံတွေက ထပ်ပြောင်းနိုင်သေးတာလား?

ဒီလိုသာဆိုရင် ဩချလောက်စရာ။

အပူချိန်နိမ့်မျိုးစိတ်နည်းပညာထွက်လာပြီး သုတေသနနည်းနည်းပါးပါးလုပ်လိုက်ရင် လေးရောင်၊ ငါးရောင်၊ ခြောက်ရောင်၊ ခုနစ်ရောင်များထွက်လာမလား?

နောက်ဆို ဖရဲသီးတွေက ဖရဲသီးသက်သက်မဟုတ်တော့။

လီခိုင်လည်း သုံးရောင်စပ်ကိုဆက်ကိုက်စားကြည့်သည်။ ချက်ချင်းပင် ချိုချိုမြိန်မြိန်မက်မွန်သီးအရသာကိုခံစားရသည်။

မူလဖရဲသီးအရသာအပြင် ငှက်ပျောသီးနှင့်မက်မွန်သီးအရသာနှစ်မျိုးလည်းပါသည်။

တစ်နည်းပြောရရင် ဒီဖရဲသီးစားရတာ သီးနှံသုံးမျိုးစားရသလိုပင်။

အထူးသဖြင့် ဒီဖရဲသီးရဲ့ငှက်ပျောသီးနဲ့မက်မွန်အရသာက သာမန်ငှက်ပျောသီး၊မက်မွန်အရသာနဲ့မတူ။ ဖရဲသီးအသားက ဖရဲသီးအသားဖြစ်ပြီး အရသာက ငှက်ပျောသီးနဲ့မက်မွန်သီးအရသာဖြစ်နေသောကြောင့်ပင်။

ငှက်ပျောသီးနဲ့မက်မွန်သီးကို တမူထူးခြားခံစားရသည်။

"ဖရဲသီးစားပြီး အရသာသုံးမျိုးရတယ်! သူဌေးချင်.. ကြည့်ရတာ မင်းရဲ့ချင်းလင်ဓာတ်ခွဲခန်းက နောက်ထပ်နာမည်ကြီးထုတ်ကုန်ထွက်တော့မယ်ထင်တယ်''

တော်ဝင်ပညာရှင်လီကပြောသည်။

ချင်လင်ခေါင်းညိမ့်လိုက်သည်။

ဒီအရသာသုံးမျိုးကို သူသိတာကြာပြီ။

နောက်ပြီး ဒီဖရဲသီးက ချင်းလင်ဖရဲသီးလိုအရသာရှိတဲ့အပြင် သုံးရောင်နဲ့အရသာသုံးမျိုးဆိုတော့ စိတ်ဝင်စားစရာကောင်းသည်။



ဒီလိုဖရဲသီးမျိုးရောင်းတာမြင်သူတိုင်း ဝယ်ပြီးစူးစမ်းကြလိမ့်မည်။

သုံးရောင်စပ်ဖရဲသီးစိုက်ပြီဆိုတာနှင့် နာမည်ကြီးဖို့မခက်။

ချင်လင်ကပြဿနာတစ်ခုစဉ်းစားမိပြီး လီခိုင်ကိုမေးသည်_

"အစ်ကိုလီ... အပူချိန်နိမ့်နည်းပညာကို ဒီသုံးရောင်စပ်ဖရဲသီးမှာသုံးလို့ရလား?''

သုံးရောင်စပ်ဖရဲသီးမှာ ချင်းလင်ဖရဲသီးနဲ့မတူဘဲ အချိန်ရာသီရွေးသည်။

ထို့ကြောင့် သုံးရောင်စပ်ဖရဲသီးကို ဒီရာသီမှာသာစိုက်ပျိုးနိုင်သည်။ ပြီးရင် သာမန်ဖရဲသီးများလို အစိမ်းရောင်မှန်လုံအိမ်နည်းပညာမပါဘဲ စိုက်ပျိုး၍မရနိုင်။

"သီအိုရီက ပြဿနာမရှိဘူး... ဒါပေမဲ့ ငါပြန်ပြီးစမ်းကြည့်ရဦးမယ်!''

လီခိုင်ကရှင်းပြသည်။

"အင်း!"

ချင်လင်ခေါင်းညိမ့်လိုက်သည်။

ပြီးနောက် သူကဖရဲသီးတချို့ကိုစမ်းကြည့်သည်။ နောက်ဆုံး တော်ဝင်ပညာရှင်များကို မာဟုန်ကလိုက်ပို့လိုက်သည်။

လီခိုင်ကဖရဲသီးနည်းနည်းသယ်ပြီး ချင်းလင်ဓာတ်ခွဲခန်းပြန်လာသည်။

ဘယ်လိုပဲ​ဖြစ်ဖြစ် ဖရဲသီးကမျိုးစိတ်ထပ်ပြောင်းပြီ။ အကြောင်းရင်းသိရအောင် သူစမ်းသပ်ကြည့်ရမည်။ ထို့အတူ ညီလေးချင်ပြောသလို အပူချိန်နိမ့်မျိုးစိတ်နည်းပညာကို ဖရဲသီးမှာစမ်းသပ်ကြည့်ရမည်။

ဒီလိုနှင့် ဖရဲသီး၏အကျိုးကိုအကောင်းဆုံးအသုံးချနိုင်မည်။



ဘာပဲဖြစ်ဖြစ် သူလည်းဓာတ်ခွဲခန်းရှယ်ယာ ၁၀% ယူထားသည်။ ဒီရှယ်ယာကို အလကားယူပြီး ညီလေးချင်စိတ်ပျက်အောင်လုပ်လို့မဖြစ်ဘူးမလား?

ချင်လင်လည်းဖရဲသီးသုံးလေးလုံးယူပြီး အပန်းဖြေစံအိမ်အတွင်းဘက်ပြန်လာသည်။

ဖရဲသီးများ၏အခွံအရောင်က မတူ။ တချို့က အရောင်ဖျော့​ပြီး၊ တချို့ကအရောင်ရင့်သည်။

ဒါအရည်အသွေး ၁ နှင့် ၂ ကြား ကွာခြားချက်ဖြစ်မည်ဟုသူထင်သည်။

သူကဖရဲသီးများကိုဂိမ်းထဲယူသွားပြီး အရည်အသွေးကိုတန်းကြည့်လိုက်သည်:

(သုံးရောင်စပ်ဖရဲသီး: အရည်အသွေး ၁!)

(အထူးဖရဲသီးမျိုးဖြစ်သည်။ အထူးမျိုးစေ့ကျောက်နှင့်မျိုးစိတ်ပြောင်းပြီး အရသာသုံးမျိုးရှိသည်:

စားကောင်းခြင်း +၁၊ ချိုမြိန်ခြင်း +၁၊ အသား +၁၊ လျှာပေါ်စွဲကျန်ခြင်း +၁!)

(သုံးရောင်စပ်ဖရဲသီး: အရည်အသွေး ၂!)

(အထူးဖရဲသီးမျိုးဖြစ်သည်။ အထူးမျိုးစေ့ကျောက်နှင့်မျိုးစိတ်ပြောင်းပြီး အရသာသုံးမျိုးရှိသည်:

စားကောင်းခြင်း +၂၊ ချိုမြိန်ခြင်း +၂၊ အသား +၂၊ လျှာပေါ်စွဲကျန်ခြင်း +၂!)

အမှန်ပင် အရည်အသွေးနှစ်မျိုးရှိနေသည်။ သူမှန်းထားတဲ့အတိုင်း အရောင်ရင့်က အရည်အသွေး ၂ ဖြစ်သည်။

အတည်ပြုပြီးနောက် ယွီရွှေ့ကိုလှမ်းခေါ်လိုက်သည်။

ယွီရွှေ့ကဖုန်းရရချင်း အပန်းဖြေစံအိမ်ရောက်လာပြီး_

"သူဌေး... ဘာညွှန်ကြားစရာရှိလဲ?''

ချင်လင်ကချက်ချင်းမှာသည်_

"သုံးရောင်စပ်ဖရဲသီးတွေအားလုံးကို နောက်ဆက်ပြီးအသုံးချပါ... အရောင်ရင့်တာက အရည်အသွေးမြင့်... ဖျော့တာက သာမန်တွေ... အချိန်ကျရင် ခင်ဗျားသေချာခွဲနိုင်မှာပါ''

"ကောင်းပါပြီ သူဌေး... ကျွန်တော်အခုစီစဉ်လိုက်ပါမယ်!''

ယွီရွှေ့ကညွှန်ကြားချက်ရသည်နှင့် အစီအစဉ်ဆွဲရန်ထွက်လာသည်။

သူဌေးခိုင်းသမျှကိုအချိန်မဆွဲရဲ။

ယွီရွှေ့ထွက်သွားပြီးနောက် ချင်လင်ကသူ့စိတ်ထဲမှဂိမ်းကိုပြန်ကြည့်လိုက်သည်။ ဂိမ်းဇာတ်ကောင်ကိုကမ်းခြေသွားပြီးငါးမျှားခိုင်းရာ အားလုံးအရည်အသွေး ၂ များဖြစ်ပြီး ထူးထူးခြားခြားမရှိ။

နောက်တစ်နေ့_

လီခိုင်ကမနက်အစောကြီး ချင်းလင်အပန်းဖြေစံအိမ်ရောက်လာပြီး အံ့ဩနေပုံနှင့်_

"ညီလေးချင်... ငါမနေ့ညကစမ်းသပ်တာ သုံးရောင်စပ်ဖရဲသီးမှာ ထူးခြားတဲ့အပင်မျိုးစိတ်တွေအများကြီးတွေ့တယ်... အဲဒီထူးထူးဆန်းဆန်းမျိုးစိတ်တွေကြောင့် ဒီဖရဲသီးက အရောင်သုံးရောင် အရသာသုံးမျိုးဖြစ်နေတာ''



All Chapters