စိုးရိမ်ဖွယ်ရာ? ၂
Vol. 60 Ch. 890
"ဒီမျိုးစိတ်ကိုဓာတ်ခွဲနိုင်ရင် ရှေ့လျှောက်တခြားသီးနှံတွေမှာအသုံးချလို့ရတယ်... ဖရဲသီးတင် သုံးရောင် အရသာသုံးမျိုးရှိနိုင်တာမဟုတ်ဘူး... သခွားမွှေး သခွားမသီးတွေလည်း ဓာတ်ခွဲနိုင်တယ်... စပါးမှာအသုံးချနိုင်ရင် အရသာသုံးမျိုးနဲ့ဆန်မျိုးထုတ်ဖို့မဖြစ်နိုင်တာမဟုတ်တော့ဘူး!''
"ဒါပေမဲ့ ဒီမျိုးစိတ်တွေကိုစမ်းသပ်ကြည့်တော့ ဓာတ်ခွဲဖို့ခက်တာတွေ့ရတယ်... အဲဒါကြောင့် ဒီအပိုင်းမှာကျွမ်းကျင်နှစ်ယောက်ထပ်ခန့်မလို့''
"ကောင်းပါပြီ... ရှန်လီကိုပူးပေါင်းပေးဖို့ပြောလိုက်ပါမယ်''
ချင်လင်ကပြုံးပြုံးနှင့်ပြောသည်။ အစ်ကိုလီကသုတေသနအကြောင်းပြောရင် တက်တက်ကြွကြွနှင့် မျှော်လင့်ချက်ကြီးသည်။
သို့ရာတွင် သူကတစ်ခုတွေးမိပြီး ချက်ချင်းပြောလိုက်သည်_
"အစ်ကိုလီ... ဒီသုံးရောင်စပ်ဖရဲသီးက အစေ့လွတ်မဟုတ်ဘူး... ရှေ့လျှောက်ရောင်းရင် မျိုးစေ့ကိုထိန်းရခက်တယ်... ထိန်းနိုင်မယ့်နည်းများရှိလား?''
လီခိုင်က မဆိုင်းမတွဖြေသည်_
"လွယ်ပါတယ် ညီလေးချင်... ဖရဲသီးအရွယ်အစားကိုပြောင်းလိုက်ရုံပဲ... တို့ဓာတ်ခွဲခန်းအတွက်ပြဿနာမရှိဘူး... ဒါပေမဲ့ အရင်ဆုံးမျိုးစေ့ယူဖို့လိုတယ်... ပြီးရင် အပူချိန်နိမ့်မျိုးစိတ်နည်းပညာကို သုံးရောင်စပ်ဖရဲသီးမှာအသုံးချမယ်... အဲဒါပြီးရင် ဖရဲသီးအရွယ်အစားပြောင်းမယ်''
"ဟုတ်ပါပြီ... ဒါဆို အစ်ကိုလီကိုဒုက္ခပေးရမှာပဲ''
ချင်လင်ကစိတ်သက်ရာရပြီး ခေါင်းညိမ့်လိုက်သည်။
လဝက်ကြာပြီးနောက်_
ယွီရွှေ့လည်း သုံးရောင်စပ်ဖရဲမျိုးဖောက်ပြီးသွားသည်။ သူတို့ကမျိုးစေ့စုဆောင်းပြီး ချင်လင်ကိုအသိပေးသည်။
ချင်လင်က မျိုးစေ့အားလုံးကို လီခိုင်ဆီပေးလိုက်သည်။
မျိုးစေ့ရပြီးနောက် လီခိုင်ကအခန်းအောင်းပြန်သည်။ အပူချိန်နိမ့်မျိုးစိတ်သုတေသနပြီးမြောက်အောင်မြင်ပြီဖြစ်၍ သူကသုတေသနလုပ်ရန်စိတ်အားထက်သန်နေသည်။
အပူချိန်နိမ့်မျိုးစိတ်သုတေသနအောင်မြင်မှုက ထင်ထင်ပေါ်ပေါ်မဖြစ်သော်လည်း သုတေသနလုပ်ရာတွင် သူ့ကိုယ်သူယုံကြည်မှုရှိလာစေသည်။
ဒီယုံကြည်မှုကြောင့် ဘယ်သီးနှံသုတေသနလုပ်လုပ် ယုံကြည်ချက်ရှိလာသည်။
တစ်ခါတလေ သိပ္ပံသုတေသနမှာ ဒီလိုယုံကြည်မှုမျိုးလိုအပ်သည်။
သုံးရောင်စပ်ဖရဲသီးကို လီခိုင်ဆီလွှဲပေးပြီးနောက် ခုံးလင်ဆီမှသတင်းကောင်းကြားရသည်။
ဒီအတောအတွင်း စက်ရုံသစ်၏ထုတ်လုပ်ရေးလိုင်းရောက်လာပြီး ထုတ်လုပ်ရေးလိုင်းတစ်ခုကို ခွေးစာပထမအသုတ်ထုတ်ရန် ချိန်ညှိတပ်ဆင်သည်။
"သူဌေး... ဒီခွေးစာမြည်းကြည့်ပါ!''
ခုံးလင်ကလည်း ထုတ်လုပ်ထားသောခွေးစာရရချင်း ချင်လင်ဆီပို့ပေးသည်။
ခွေးစာအားလုံးကိုသေသေသပ်သပ်ထုတ်ပြီး ထုတ်ကုန်အမျိုးအစားခွဲရေးထားသည်။ ခွေးစာ၊ ကြောင်စာ၊ ဝက်စာနှင့် ခွေးထီးစာဟူ၍ သေချာခွဲထားသည်။
ချင်လင်ကခွေးစာယူထားပြီး ခုံးလင်မပြန်ခင် ခဏစကားစမြည်ပြောကြသည်။ ဘာပဲဖြစ်ဖြစ် ကုမ္ပဏီခွဲအသစ်မှာလုပ်စရာများ၍ သူအလုပ်ရှုပ်နေလောက်ပြီ။
ချင်လင်ကရုံးခန်းတံခါးလော့ချပြီး ခွေးစာနှင့်ဂိမ်းထဲဝင်လိုက်သည်။ ထို့နောက် ခွေးစာမှတ်ချက်ကိုကြည့်သည်။
(ချင်းလင်ခွေးစာ: အရည်အသွေး ၂)
【……】
(ချင်းလင်ကြောင်စာ: အရည်အသွေး ၂)
【……】
(ချင်းလင်ဝက်စာ: အရည်အသွေး ၂)
【……】
…
(ချင်းလင်ခွေးထီးစာ: အရည်အသွေး ၂)
【……】
အိမ်မွေးတိရစ္ဆာန်အစာကုမ္ပဏီမှထုတ်သောခွေးစာက အရည်အသွေးပြည့်မီပြီး အရည်အသွေး ၂ ရှိသည်။
ဒါကြောင့်လည်း သူစိတ်သက်သာရာရသွားသည်။
အခု ချင်းလင်ခွေးစာရောင်းဖို့သာရှိတော့သည်။
ချင်လင်ကဂိမ်းထဲမှထွက်ကာ ရုံးခန်းထိုင်ခုံတွင်ထိုင်ချပြီး သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်လိုက်သည်။
နေ့စဉ်တာဝန်များပြီးသောအခါ သူ့ဂိမ်းဇာတ်ကောင်ကိုသတ္တုမြို့တော်သွားစေပြီး ဇာတ်ကွက်ရှိမရှိကြည့်စေသည်။
ဇာတ်ကွက်ဆုကြေးက များသောအားဖြင့် ပိုရတတ်သည်။
ဒီနေ့ သူ့ကံကအတော်ကောင်းနေပုံရသည်။ ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးရေးခြံအပြင်မထွက်ခိုင်းရသေးခင် မြို့တော်ဝန်သောမတ်ပေါ်လာသည်။
ဒီလူကဇာတ်ကွက်တာဝန်နဲ့လာတတ်ပြီး ဆုပေးရက်ရောသည်။
ချင်လင်ကချက်ချင်း သူ့ဂိမ်းဇာတ်ကောင်ကိုသောမတ်ဆီသွားစေသည်။ ဒီလိုသူဌေးကြီးလာမှတော့ အားတက်သရောနဲ့အမြန်ဆုံးကြိုဆိုရမည်။
ဂိမ်းဇာတ်ကောင်က သောမတ်ရှေ့ရောက်သွားပြီး တစ်ချက်နှိပ်လိုက်ရာ စကားပြောချက်ချင်းပေါ်လာသည်။
(ဟုတ်ပြီ... မင်းကစိုက်ပျိုးရေးခြံမှာပဲ... မင်းကိုအကူအညီတောင်းချင်လို့... အခုတလော မြို့ထဲကမြစ်ရေတက်ပြီး နည်းနည်းနောက်နေတယ်... အခြေအနေကောင်းပုံမရဘူး)
(နတ်ဘုရားမတောင်မြစ်ဖျားခံတဲ့နေရာမှာ Kappa နေတယ်လို့ တို့သတ္တုမြို့တော်မှာဒဏ္ဍာရီရှိတယ်... မြစ်ရေပုံမှန်မဟုတ်တာ Kappa နဲ့ဆက်စပ်နေလိမ့်မယ်... Kappa က သခွားသီးကြိုက်တယ်လို့လည်း မှတ်တမ်းရှိတယ်)
(ငါမင်းကိုသခွားသီးစိုက်ခိုင်းချင်တာ... နတ်ဘုရားမတောင်မြစ်ဖျားခံရာသွားပြီး နေ့တိုင်းသခွားသီးပစ်ချပေးပါ... Kappa ရှိရင် သခွားသီးကိုလက်ခံလိမ့်မယ်... Kappa သဘောကျရင် လက်ဆောင်ရမှာပါ!)
သောမတ်စကားပြောကြည့်ပြီး ချင်လင်ကစိုက်ပျိုးမွေးမြူရေးခြံမွန်းစတားပုံပြင်ကိုတွေးမိသည်။
'စိုက်ပျိုးမွေးမြူရေးခြံပုံပြင်'မှာ စိတ်ကူးယဉ်တဝက်၊စိုက်ပျိုးရေးတဝက်ပါသောဂိမ်းဖြစ်သည်။ ဂိမ်းထဲတွင် နတ်ဘုရားမ၊လူပုလေးစသော စိတ်ကူးစိတ်သန်းအရောင်အသွေးစုံသည်။
Kappa ကလည်း နတ်ဘုရားမလိုထူးဆန်းထွေလာအမျိုးသမီးတစ်ဦးဖြစ်သည်။
စိုက်ပျိုးမွေးမြူရေးခြံပုံပြင်အမျိုးသားဇာတ်ကောင်ပုံစံတွင် ဂိမ်းဇာတ်ကောင်က နတ်ဘုရားမကိုဇနီးအဖြစ်မထားနိုင်သော်လည်း မြစ်မှကလေးကိုဇနီးအဖြစ်ယူနိုင်သည်။
ဇနီးယူခြင်းမှာ ဂိမ်းထဲတွင်မင်္ဂလာဆောင်ခြင်းပင်။
ပုံမှန်အတိုင်းဆို ကစားသူက Kappa ဆီမှလက်ဆောင်အများကြီးရနိုင်သည်။ ပုံစံအဟောင်းထဲတွင် စွမ်းအားပင်အသီးလိုပစ္စည်းများရှိသည်။
ပုံစံအသစ်မှာဘာမှန်း သူမသိ။ ဘာပဲဖြစ်ဖြစ် ဇာတ်ကွက်အသစ်ပင်။
(ကူညီချင်ပါသလား?)
ချင်လင်က 'ကူညီမည်'ကိုတန်းရွေးလိုက်သည်။
အလကားလျှောက်မေးနေ!
ကစားသူက 'မကူညီဘူး' ရွေးရလို့လား?
ရွေးပြီးနောက် သောမတ်စကားပြောပေါ်လာပြန်သည်: