ဆန်းကြယ်ပစ္စည်းနှစ်ခု! တံငါသည်ဖြစ်ပြီ!
Vol. 60 Ch. 892
(ဂုဏ်ယူပါတယ်... Kappa လက်ဆောင် Kappa ကျောက်တုံးရပါတယ်!)
(ဂုဏ်ယူပါတယ်... Kappa လက်ဆောင် Kappa ပျော်ရွှင်ခြင်းကျောက်ကိုရပါတယ်!)
ချင်လင်ကချက်ချင်း ဂိမ်းဇာတ်ကောင်၏ကျောပိုးအိတ်ကိုကြည့်လိုက်ရာ ပစ္စည်းနှစ်ခုတွေ့ရသည်။
အလင်းရောင်ဖျော့ဖျော့နှင့် သလင်းကျောက်လိုပစ္စည်းနှစ်ခုရှိနေသည်။
အထူးသဖြင့် Kappa ကျောက်တုံးက သူ့အာရုံကိုချက်ချင်းဆွဲဆောင်သွားသည်။
နတ်ဘုရားမ Kappa က တကယ်ရက်ရောလိုက်တာဟု ချင်လင်ထပ်ပြောလိုက်ချင်သည်။
Kappa ကျောက်တုံးက ဂိမ်းထဲမှဇာတ်ကောင်၏အရည်အချင်းနှင့်လုပ်နိုင်စွမ်းကိုတိုးစေသောစွမ်းအားပင်အသီးနှင့်တူသည်။
သို့ရာတွင် ကျောက်တုံး၏အရည်အသွေးနှင့်အစွမ်းကကျပန်းဖြစ်၍ ဒီကျောက်တုံးမှာဘယ်လိုအရည်အသွေးမျိုးရှိမလဲ သူမသိ။
Kappa ပျော်ရွှင်ခြင်းကျောက်ကရော ဘယ်လိုအာနိသင်ရှိမလဲ?
အရင်ပုံစံအဟောင်းထဲမှာ ဒီလိုပစ္စည်းမျိုးမမြင်ဖူးပေ။
ချင်လင်ကတုံ့ဆိုင်းမနေ။ ရုံခန်းတံခါးလော့ချပြီး ဂိမ်းထဲဝင်ကာ ပစ္စည်းနှစ်ခု၏မှတ်ချက်ကိုကြည့်လိုက်သည်။
(Kapppa ကျောက်တုံး: ဆန်းကြယ်!)

(Kappa သေချာစုဆောင်းထားသောရတနာဖြစ်သည်။ ဆန်းကြယ်သောအရည်အသွေးတချို့ရှိသည်ဟုမှတ်တမ်းတင်ထားသည်။ Kappa ကျောက်တုံးကိုအသုံးပြုပြီးနောက် အထူးအာနိသင်တစ်ခုရမည်: ရေကူးစွမ်းရည် +၃)
Kappa ကျောက်တုံးမှတ်ချက်ကိုကြည့်ပြီး ချင်လင်နည်းနည်းစိတ်ပျက်သွားသည်။ ရေကူးစွမ်းရည် +၃ က နာမည်အတိုင်း ရေကူးစွမ်းရည်ကိုတိုးတက်စေလိမ့်မည်။
သူရေကူးတတ်သည်။ ငယ်ငယ်တုန်းကမွေးရပ်မြေမှာ မြစ်ထဲကျင်လည်ခဲ့သူဖြစ်သည်။ နောက်ပိုင်း မြစ်ကြီးမှရေလှောင်တမံအထိ သူရေကူးအလွန်ကျွမ်းကျင်သည်။
ဒီရေကူးစွမ်းရည် +၃ အရည်အသွေးနဲ့ဆို ကမ္ဘာ့ရေကူးချန်ပီယံကို သူအသာလေးအနိုင်ယူနိုင်လိမ့်မည်။
သူများရေနှစ်သတ်လို့ရမရတော့ သူမသိ။
ချင်လင်က Kappa ပျော်ရွှင်ခြင်းကျောက်ကိုကြည့်လိုက်သည်။
ပစ္စည်းနာမည်ကနည်းနည်းထူးဆန်းသော်လည်း မှတ်ချက်ကိုဖတ်ပြီး သူနည်းနည်းအံ့ဩသွားသည်။
(Kappa ပျော်ရွှင်ခြင်းကျောက်: ဆန်းကြယ်!)
(Kappa စုဆောင်းထားသောအထူးကျောက်ဖြစ်သည်။ သာမန်လူများမရနိုင်။ မြစ်ဖျားခံရာတွင်အသုံးချပြီး မြစ်ထဲကစားသူများအာနိသင်ရနိုင်သည်:
ရေထဲပျော်ခြင်း +၃၊ ရေထဲကလေးလိုပျော်ခြင်း +၃!)
ပစ္စည်းနာမည်ကထူးဆန်းသော်လည်း အာနိသင်ကလုံးဝမထူးဆန်းဘဲ အံ့ဩကြည်နူးစရာပင်။
ချင်းလင်စံအိမ်တွင်ရေထဲလည်ပတ်နိုင်သည့်တစ်ခုတည်းသောနေရာမှာ ရွက်လွှင့်ခြင်းဖြစ်သည်။
သို့ရာတွင် ရွက်လွှင့်ခြင်းမှာ ဂိမ်းအရည်အသွေးပေါင်းထည့်ထားခြင်းမရှိ။ ပရောဂျက်ကိုကပျော်စရာကောင်း၍ ဧည့်သည်များကိုဆွဲဆောင်နိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ချင်းလင်စံအိမ်ရွက်လွှင့်ခြင်းကို အင်တာနက်ပေါ်မိတ်ဆက်မထားပေ။
ဘာပဲဖြစ်ဖြစ် ရွက်လွှင့်အစီအစဉ်ကနေရာအနှံ့ရှိ၍ အတော်များများက သူတို့နာမည်နှင့်သူတို့ရှိသည်။

တချို့ခရီးသည်များက ချင်းလင်စံအိမ်ရောက်လာမှသာ ရွက်လွှင့်နိုင်ကြောင်းသိကြသည်။
နောက်ပြီး ရွက်လွှင့်စျေးက တခြားရှုမျှော်ခင်းနေရာများမှစျေးအတိုင်းပင်။
အခု Kappa ရဲ့ပျော်ရွှင်ခြင်းကျောက်အရည်အသွေးနဲ့ရွက်လွှင့်ရင် အံ့ဩစရာဖြစ်တော့မည်။
ရေထဲမှာပျော်ခြင်း +၃၊ ကလေးလိုရေထဲမှာပျော်ခြင်း +၃ ကြောင့် ခရီးသည်များပြန်ဖို့မေ့ကုန်လိမ့်မည်။
'နွေရာသီရဲ့ပျော်စရာက ရေကစားခြင်း၊ ရေကစားပြီးပျော်ရွှင်ခြင်းက နွေရာသီရဲ့အဓိပ္ပါယ်' ဟူသော စကားရှိသည်။
ဒါကလည်း ရေကစားခြင်းကြောင့်ပျော်ရွှင်ရပုံကိုထင်သာမြင်သာရှိစေသည်။ တစ်ခါတလေ အသက်ဘယ်လောက်ကြီးကြီး ရေထဲမှာကလေးလိုဆော့ချင်ကြသည်။
အခု ဒီ +၃ အရည်အသွေးနှစ်ခုက ပျော်ရွှင်ခြင်းကိုအတိုင်းထက်အလွန်တိုးစေမည်။
နောက်ပြီး သေချာစဉ်းစားကြည့်မှ မြစ်ဖျားခံရာကိုတောင်ပေါ်တက်ရှာရမည့်ပုံပေါ်သည်။
တခြားမြစ်တွေနဲ့စံအိမ်နားကရေလှောင်တမံရဲ့အရင်းအမြစ်ကိုလိုက်ရှာရင် မြစ်ကအရှေ့ဘက်ကွေ့သွားပြီး ဘယ်လိုက်ရမှန်းမသိ။
Kappa ကျောက်တုံးနှင့် Kappa ပျော်ရွှင်ခြင်းကျောက်က ချင်လင်လက်ထဲရောက်လာသည်နှင့် အသိပေးစာပေါ်လာသည်:
(Kappa ကျောက်တုံးကိုအသုံးချချင်ပါသလား?)

(Kappa ပျော်ရွှင်ခြင်းကျောက်ကိုအသုံးချချင်ပါသလား?)
(အသုံးချနိုင်မည့်ရေအရင်းအမြစ်မတွေ့။ တွေ့လျှင် ရေထဲပစ်ချပြီး အပြန်ပြန်အလှန်လှန်အသုံးပြုနိုင်သည်!)
ဒီပစ္စည်းနှစ်ခုက တန်းအသုံးချနိုင်သည်။ Kappa ပျော်ရွှင်ခြင်းကျောက်ကို ရေအရင်းအမြစ်တွေ့မှသာသုံးရမည်။
ချင်လင်က Kappa ပျော်ရွှင်ခြင်းကျောက်ကိုသိမ်းထားပြီး Kappa ကျောက်တုံးအသုံးပြုမည်ကိုရွေးလိုက်သည်။
ခဏအကြာ Kappa ကျောက်တုံးက အလင်းပျပျနှင့်ကြယ်ကြွေသလို သူ့ခန္ဓာကိုယ်ထဲတိုးဝင်သွားသည်။
သို့သော် ဒီတစ်ခါ အရင်နှင့်မတူ။ အရင်လိုအတွေ့အကြုံမျိုးမဟုတ်ဘဲ ကြွက်သားမှတ်ဉာဏ်မရ။
အလင်းရောင်လုံးဝပျောက်သွားချိန်တွင် ဘာမှမဖြစ်ခဲ့သလို ထူးထူးခြားခြားမခံစားရပေ။
သူဇဝေဇဝါဖြစ်သွားသည်။
ဒီလိုမဖြစ်သင့်။
ဒါပေမဲ့ ဒီပစ္စည်းမှာ ရေကူးစွမ်းရည် +၃ မှတ်ချက်ပါမှတော့ လုံးဝအာနိသင်မရှိတာမဖြစ်နိုင်။ ရေထဲဆင်းပြီး စမ်းကြည့်ရမည်။
ချင်လင်ကဂိမ်းထဲမှထွက်ပြီး ရုံးခန်းထဲပြန်ရောက်လာသည်။ သူကချန်တပေကိုဖုန်းဆက်လိုက်၏။
Kappa ပျော်ရွှင်ခြင်းကျောက်က တောင်ပေါ်တက်ပြီး မြစ်ဖျားခံရာရှာဖို့လိုသည်။ ချန်တပေကို သူ့လူများနှင့်အရင်ရှာခိုင်းရမည်။
မဟုတ်လို့ တစ်ယောက်တည်းသွားရင် အချိန်ကုန်သည်။
"သူဌေး... ဘာခိုင်းစရာရှိလို့လဲ?''
ချန်တပေကဝင်လာလာချင်း တရိုတသေမေးသည်။
ချင်လင်လည်း သူ့ရည်ရွယ်ချက်ကိုတန်းပြောပြသည်။
"မပူပါနဲ့ သူဌေး... ကျွန်တော်ရှာခိုင်းလိုက်မယ်!''
ချန်တပေက ဘာကြောင့်လဲမမေးဘဲထွက်သွားသည်။
တစ်ဖက်တွင် ချင်လင်ကအပန်းဖြေစံအိမ်မှထွက်ပြီး ရေလှောင်တမံရှိရေကူးပလက်ဖောင်းတစ်ခုဆီတန်းမောင်းသွားလိုက်သည်။
ရေလှောင်တမံအရှေ့ဘက်တွင် ရေကူးပလက်ဖောင်းများစွာရှိသည်။ ထိုရေကူးပလက်ဖောင်းများတွင် နှစ်တိုင်း ဆောင်းရာသီပါမကျန်သုံးရာသီလုံး ရေကူးသူများရှိသည်။
ချင်လင်ကလူရှင်းသောပလက်ဖောင်းတစ်ခုဆီမောင်းသွားသည်။ ကားပါကင်ထိုးပြီးနောက် ရေကူးဝတ်စုံလဲပြီး ရေကူးပလက်ဖောင်းဆီတန်းတန်းသွားလိုက်သည်။