← Chapters

ချင်းလင်စံအိမ်မှာပျော်စရာအကောင်းဆုံးက ရွက်လွှင့်ခြင်း!

Vol. 60 Ch. 894

ချင်းလင်စံအိမ်မှာပျော်စရာအကောင်းဆုံးက ရွက်လွှင့်ခြင်း!

Vol. 60 Ch. 894

ချန်တပေက ရေကန်ဘေးငုတ်တုတ်ထိုင်ပြီး မက်မွန်သီးဆေးလိုက်သည်။ ရေထဲခြေချပြီး လက်လှုပ်လိုက်သည်နှင့် သူ့စိတ်ထဲတွင်ပြောမပြတတ်သောခံစားချက်တစ်မျိုးဖြစ်လာသည်။

သူကကျေးလက်မှဖြစ်၍ ငယ်စဉ်ကပျော်စရာသိပ်မရှိ။ လယ်ထဲရေချိုငါးဖမ်းခြင်း၊ မြစ်ထဲငါးဖမ်းခြင်း၊ သူငယ်ချင်းများနှင့်ရေကစားခြင်းသာရှိသည်။

ဒါကလည်း သူ့ဘဝရဲ့အပျော်ဆုံးအချိန်များပင်။ သူကလေးဘဝက နွေရာသီကိုသဘောအကျဆုံးဖြစ်သည်။

သို့ရာတွင် အရွယ်ရပြီးစိတ်ဖိအားများလာသည်နှင့်အမျှ လယ်ကွင်းများပျောက်ကွယ်သွားရုံသာမက ကလေးဘဝအပျော်တွေလည်းမှေးမှိန်သွားသည်။

အခု မက်မွန်သီးဆေးလိုက်ရုံနှင့် ကလေးတုန်းကရေကစားသလို အပျော်များပြန်ပေါ်လာသည်။

သူမတွေးတတ်အောင်ပင်။

ဤသည်က ရေထဲကလေးလိုပျော်ရွှင်ခြင်း +၃ အရည်အသွေး၏အာနိသင်မှန်း ချန်တပေမသိချေ။

သူကြီးပြင်းလာပုံကို လွမ်းဆွတ်အောက်မေ့မိသည်။

ချန်တပေကမနေနိုင်ဘဲ ရေထဲလက်လှမ်းကာ ရေစီးကိုဖြတ်ဖို့ကြိုးစားသည်။

အတော်များများ ငယ်ငယ်ကဒီလိုပဲကလေးဆန်ကြတယ်မလား? ရေစီးကိုသူ့လက်ဝါးသေးသေးလေးနဲ့ဖြတ်နိုင်မည်ထင်ခဲ့သည်။ အခုသူအရွယ်ရလာတော့ ဓားနဲ့ဆွဲခုတ်ရင် ရေစီးပိုသန်လာမည်ဟုသိသည်။ ကလေးဆန်တာမဟုတ်ရင် သူလည်းတစ်ခုခုလွတ်နေပြီ။

ချန်တပေက ရေကိုတားဖို့ကြိုးစားရင်း ပြုံးမိပြန်သည်။ အရင်တုန်းကလိုကလေးဆန်ရတာ ပျော်စရာကောင်းသည်ဟု သူထင်သည်။ သူဌေးသာဒီမှာမရှိရင် သူရေထဲခုန်ချမိလိမ့်မည်။

ဤသည်က ရေထဲပျော်ခြင်း +၃ အရည်အသွေးပင်။

ချန်တပေကစိတ်ထိန်းလိုက်ပြီး မက်မွန်သီးဆေးကာ ချင်လင်အား_

"သူဌေး... မြည်းကြည့်!''

ချင်လင်ခေါင်းညိမ့်လိုက်သည်။ သူကမက်မွန်သီးတစ်လုံးကိုင်ပြီး တစ်ကိုက်ကိုက်ကြည့်သည်။

ချဉ်ချဉ်ချိုချိုအရသာက သူ့လျှာပေါ်ပြန့်သွားသည်။

သာမန်မက်မွန်သီးများနှင့်မတူ။ တောင်ပေါ်မက်မွန်သီးက ချိုချိုချဉ်ချဉ်အရသာကြောင့် စွဲမက်စရာကောင်းသည်။

နောက်ပြီး သဘာဝမက်မွန်သီး၏ချဉ်ချဉ်ချိုချိုအရသာက ထူးထူးခြားခြားကောင်းသည်။

"ဒီသဘာဝမက်မွန်သီးတွေ မဆိုးဘူး... ပြန်ရောက်ရင် ဝိုင်စိမ်ရမယ်''

ချင်လင်က ချီးကျူးလိုက်သည်။

သဘာဝမက်မွန်သီးက ဂိမ်းထုတ်ကုန်မဟုတ်သော်လည်း ဝိုင်စိမ်ကြည့်ဖို့ကောင်းသည်။

ဂိမ်းပါဝင်ပစ္စည်းများသုံးမှ ဝိုင်လုပ်နိုင်သည်မဟုတ်။ သာမန်ဝိုင်လည်းလုပ်နိုင်သည်။

"သူဌေး... ကျွန်တော်အိတ်မှာလိုက်မယ်... မက်မွန်သီးအပြင် တောင်ပေါ်မှိုတွေလည်းခူးခိုင်းမယ်''

သူ့သူဌေးက ဒါမျိုးတွေကြိုက်သည်ဟု ချန်တပေကအဟုတ်ထင်နေသည်။ သူကပြောပြောဆိုဆို ဖုန်းကိုင်ပြီး သူ့လက်အောက်ငယ်သားများကိုဖုန်းဆက်လိုက်သည်။

ချင်လင်ကမတား။ ဘာပဲဖြစ်ဖြစ် သူ့ရည်ရွယ်ချက်အထ​မြောက်ပြီဖြစ်၍ ကြားဖြတ်ကြော်ငြာတွေက ကိစ္စမရှိတော့။

သို့ရာတွင် ရေကစီးဆင်းသွားပြီး မြစ်ပြောင်းလဲသွားသည်ကို ဘယ်သူမှမသိချေ။

အထူးသဖြင့် ချင်းလင်စံအိမ်ရွက်လွှင့်ပရောဂျက်အစမှတ်က တောင်ပေါ်ရေကန်နှင့်သိပ်မဝေး။

ရွက်လွှင့်ခြင်းမှာ ရေကစားခြင်းတစ်မျိုးဖြစ်၍ ကစားချင်သူတွေတန်းစီနေသည်။

ဝမ်လဲ့နှင့်လီလီလည်း အတူတူပင်။

သူတို့နှစ်ဦးမှာ အားလပ်ရက်ရတိုင်း အတူတူအပြင်ထွက်၊လည်ပတ်တတ်သော စုံတွဲဖြစ်သည်။

ချင်းလင်စံအိမ်လာလည်ဖို့အမြဲစိတ်ကူးရှိခဲ့သည်။

ဒီတစ်ကြိမ်တွင် အတူတူလည်ပတ်ရန် နှစ်ယောက်လုံးနှစ်ကုန်ခွင့်ယူထားကြသည်။

"ယောက်ျား... ချင်းလင်စံအိမ်မှာ ရွက်လွင့်တာရှိမှန်းမသိဘူး''

လီလီက အံ့ဩသံနှင့်ပြောသည်။

"အင်း... အင်တာနက်ပေါ်မှာမကြော်ငြာထားဘူး... ချင်းလင်စံအိမ်ကရွက်လွင့်အကြောင်း သတင်းမတွေ့မိဘူး''

ဝမ်လဲ့လည်း အတော်အံ့ဩနေသည်။

သူနဲ့လီလီက ရွက်လွင့်ရတာသဘောကျသည်။

သူတို့နှစ်ဦးတန်းစီနေစဉ် ဝန်ထမ်းတစ်ဦးအော်သံကြားရသည်_

"ချင်းလင်စံအိမ်ကကြိုဆိုပါတယ်... အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ... ကျေးဇူးပြုပြီး တန်းစီပေးပါ... မတိုးပါနဲ့ခင်ဗျာ... လက်မှတ်စစ်ပြီးရင် ဒီဘက်လာပါ... လုံခြုံရေးအတွက်အသက်ကယ်အင်္ကျီနဲ့ဦးထုပ်ဆောင်းကြပါ''

အင်တာနက်ဖွံ့ဖြိုးသည်နှင့် ယနေ့ခေတ်ခရီးသည်များမှာ အတော်လေးထိန်းထိန်းသိမ်းသိမ်းရှိကြသည်။ ဘာပဲဖြစ်ဖြစ် ပတ်ရမ်းရင်လည်း ဖုန်းနှင့်ဓာတ်ပုံရိုက်ခံရမည်။

နောက်တစ်နေ့တွင် ချင်းလင်စံအိမ်မှာ ဘယ်ခရီးသည်က ဘယ်လိုလုပ်တာဟူ၍ သတင်းများပြည့်သွားလိမ့်မည်။

ဒီလိုဆိုရင် တစ်နိုင်ငံလုံးအရှက်ရစရာ။

ထို့ကြောင့် စည်းကမ်းမရှိသောခရီးသည်တောင် သူတို့ပစ်ထားသောအမှိုက်ကိုကောက်သိမ်းလိမ့်မည်။

ဂရုမစိုက်တတ်သောခရီးသည်များလည်းရှိသည်ပင်။ ဘာပဲဖြစ်ဖြစ် လတိုင်းနာမည်ကြီးတတ်သောခရီးသည် တစ်ယောက်နှစ်ယောက်တော့ရှိစမြဲ။

ပြီးတော့ လူငယ်တွေမဟုတ်။ အားလုံး လူကြီးများဖြစ်လေသည်။ သဘောက လက်ရှိလူငယ်မျိုးဆက်များမှာ မျိုးရိုးထိန်းသိမ်းနိုင်စွမ်းရှိသေးသည်။ လူဆိုးများက အသက်ကြီးလာခြင်းသာ။

ဝမ်လဲ့နှင့်လီလီက လက်မှတ်အမြန်စစ်ပြီး အသက်ကယ်အင်္ကျီ၊ဦးထုပ်ယူလိုက်ကြသည်။ ကယက်လှေတစ်စီးပေါ်တွင်နေရာယူပြီးနောက် သူတို့ကိုပထမလျှောဘက်တွန်းလိုက်သည်။

ထိုလျှောမှာ ရွက်လွင့်တစ်ခုလုံး၏အစမှတ်ဖြစ်သည်။ နောက်ပြီး လျှောကမနိမ့်။ ရာသီဥတုတဖြည်းဖြည်းပူလာသည်နှင့် ရေထိန်းတံခါးက ရေအရှိန်ကိုထိန်းပြီး အမြန်ဆုံးနှုန်းအထိရောက်စေသည်။

ဒီလိုနှင့် ကယက်လှေက အမြန်နှုန်းဖြင့်ရေစီးအတိုင်းကျပြီး အောက်ကန်ထဲသို့ဗွမ်းခနဲရောက်သည်။ ဒါကလည်း ပထမဆုံးစိတ်လှုပ်ရှားစရာနေရာပင်။

အစပိုင်း ဒီလိုလုပ်ခြင်းက ခရီးသည်များကိုပျော်ရွှင်စေသည်။

ဝမ်လဲ့နှင့်လီလီစီးသောကယက်လှေကို ဝန်ထမ်းတစ်ဦးကလျှောဘက်တွန်းလိုက်သည်။ နောက်ခဏတွင် ကယက်လှေကအမြန်နှုန်းနှင့်လျှောဆင်းသွားသည်။

ထိုအရှိန်ကြောင့် လီလီအလန့်တကြားအော်ပစ်လိုက်သည်။

ဝမ်လဲ့ကစိတ်လှုပ်ရှားသော်လည်း သူ့ကောင်မလေးလိုမအော်။

နောက်ခဏအကြာ ကယက်လှေက ရေကန်ထဲဗွမ်းခနဲကျသည်။ ရေများစင်ပြီး ကယက်လှေပေါ်ရှိလီလီနှင့်ဝမ်လဲ့ကိုဖုံးလွှမ်းသွားလေသည်။

ပျော်စရာအရမ်းကောင်း!

All Chapters