← Chapters

နံပါတ်တစ်ရွက်လွှင့်သူ! ၂

Vol. 60 Ch. 898

နံပါတ်တစ်ရွက်လွှင့်သူ! ၂

Vol. 60 Ch. 898

သူတို့ကြေးနီမြစ် နံပါတ်တစ်ရွက်လွှင့်ဖြစ်ရသည့်အကြောင်းရင်းမှာ ချူယဲ့နှင့်သူ့သူငယ်ချင်းများကအတည်ပြုပြီး အစွန်အဖျားရွက်လွှင့်ဖိုရမ်ထိပ်ဆုံးနေရာတွင် တောက်လျှောက်ထားခဲ့သောကြောင့်ဖြစ်သည်။

သို့ဖြစ်၍ ချူယဲ့ကချင်းလင်ရွက်လွှင့်အကြောင်းသိရင် သူ့သူငယ်ချင်းများကို ချင်းလင်စံအိမ်တွင်ရွက်လွှင့်ရန်ခေါ်သွားလိမ့်မည်။

ဒီလိုဆိုရင် ချင်းလင်စံအိမ်ရဲ့အကွက်တွေကို သူကသေချာပေါက်ချပြလိမ့်မည်။ ဒီလိုဖြစ်လာရင် အစွန်အဖျားဖိုရမ်မှာ စတင်ပြီး ရွက်လွှင့်အသိုင်းအဝိုင်းကဖိုရမ်အားလုံး သိကုန်လိမ့်မည်။

အဲဒီအချိန်ကျရင် ချင်းလင်စံအိမ်ရွက်လွှင့်က ဆက်ပြီးနာမည်ကြီးတော့မည်မဟုတ်။ အရှက်ရလိမ့်မည်။

နောက်ပြီး ချူယဲ့ကငွေမရှား။ ချင်းလင်စံအိမ်ကလာဘ်ထိုးရင် သူကတုပ်တုပ်တောင်လှုပ်မည်မဟုတ်ပေ။

ဒါပေမဲ့ ဒီလောက်နဲ့မရ။

ကျောက်ဟွေ့က သူ့လက်ထောက်ဘက်လှည့်ပြီး ညွှန်ကြားလိုက်သည်_

"အင်တာနက်မှာပိုပြီးနာမည်ကြီးအောင်လုပ်ဖို့ လူရှာလိုက်ပါ... ချင်းလင်စံအိမ်ကအာရုံစိုက်ခံရအောင်လုပ်နေတဲ့အကြောင်း ကန့်ကွက်တဲ့အမြင်နဲ့ရေးခိုင်း... တကယ်တော့ သူတို့ကတို့ကြေးနီမြစ်ရွက်လွှင့်ကိုပြိုင်ဖို့ မတရားတဲ့နည်းလမ်းနဲ့ပြိုင်ရင်တောင်ပြိုင်နေဦးမှာ... ချူယဲ့တို့ကဖော်လိုက်ပြီဆိုတာနဲ့ နာမည်ကြီးသလောက် တို့ကအကျိုးအမြတ်ရနိုင်တယ်''

"ဒါရိုက်တာကျောက်... ကျွန်တော်သဘောပေါက်ပါပြီ!''

လက်ထောက်ကခေါင်းညိမ့်ပြီး ကွန်ပျူတာရှေ့ထိုင်ကာ ဆက်သွယ်လိုက်သည်။

…

မကြာမီ_

ဇိမ်ခံအပန်းဖြေစံအိမ်တစ်ခုတွင် လူငယ်တစ်ယောက်မှာ သူ့အခန်းထဲနိုးလာသည်။ သူ့နာမည်က ချူယဲ့။ ငွေဇွန်းကိုက်ပြီးမွေးလာသူဖြစ်သည်။

သူ့ရဲ့အကြီးဆုံးဝါသနာက ပြီးပြည့်စုံသောရွက်လွှင့်ခြင်းကိုဖန်တီးပြီး ပြည်တွင်းပြည်ပမှာအတော်ဆုံးဖြစ်လာဖို့ပင်။ နှစ်နှစ်အတွင်းမှဖြစ်မလာရင် အိမ်ပြန်ပြီး မိသားစုလုပ်ငန်းပဲလုပ်တော့မည်။



တကယ်တော့ အတော်များများက သူ့လုပ်ရပ်များကိုမေးခွန်းထုတ်နေကြသည်။ ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ ဦးနှောက်မရှိဟုထင်ကြသည်။

ဒါပေမဲ့ သူလုံးဝဂရုမစိုက်။ သူသဘောကျသည်။ ဘဝမှာ ရှားရှားပါးပါးဝါသနာပင်။

သူ့အခန်းနံရံပေါ်မှာ ရွက်လွှင့်သောဓာတ်ပုံတွေချည်း။ နိုင်ငံအသီးသီးတွင်ရွက်လွှင့်ခဲ့ပြီး စိတ်လှုပ်ရှားစရာအကောင်းဆုံးပုံများကိုကပ်ထားသည်။

ဒီစိတ်လှုပ်ရှားစရာအစိတ်အပိုင်းများအားလုံးကို တစ်ခုတည်းဆက်ပြီး ပြီးပြည့်စုံသောမြစ်တစ်စင်းဖန်ဆင်းလိုက်ချင်သည်။ ဒါကလည်း ဒီတစ်ခါနိုင်ငံခြားထွက်လာရသောအကြောင်းရင်းပင်။

ချူယဲ့က သူ့အခန်းထဲမှထွက်လာသည်။ သူ့သူငယ်ချင်းများလည်းအိပ်ရာနိုးပြီး ဧည့်ခန်းထဲတွင် ဖုန်းနှင့်နှပ်နေကြသည်။

သူဆင်းလာသောကြောင့် တစ်ယောက်က_

"ချူယဲ့ လာကြည့်... မင်းကိုစာပို့ထားတယ်... ချင်းလင်စံအိမ်ရွက်လွှင့်က အရမ်းပျော်စရာကောင်းတယ်တဲ့''

ချူယဲ့ကမယုံသင်္ကာနှင့်_

"ချင်းလင်စံအိမ်? နာမည်ကြီးရှုခင်းနေရာမလား? အဲဒီသူဌေးက အရမ်းဒဏ္ဍာရီဆန်ပြီးအစွမ်းရှိတယ်ဆိုပဲ... ချင်းလင်အားဖြည့်လက်ဖက်ရည်ကလည်း သူ့ထုတ်ကုန်ပဲလေ''

"ဟုတ်ပါ့''

နောက်တစ်ယောက်က_

"အဲဒီရှုခင်းနေရာပဲ... စာပို့တဲ့သူက ချင်းလင်စံအိမ်ရွက်လွှင့်ကို ပျော်စရာအကောင်းဆုံးရွက်လွှင့်နေရာတဲ့... ကြေးနီမြစ်ထက်တောင်ပျော်စရာကောင်းတယ်တဲ့''

ချူယဲ့ကရယ်လိုက်ပြီး_

"ကြေးနီမြစ်ထက်ပျော်စရာကောင်းတာ ငါတော့မတွေ့ဖူးသေးဘူး''

ပထမတစ်ယောက်က_

"ဒီရက်ပိုင်း ချင်းလင်ရွက်လွှင့်ကအရမ်းနာမည်ကြီးနေတာ... အင်တာနက်မှာ နံပါတ်တစ်ရွက်လွှင့်လို့တောင် ခေါင်းစဉ်တပ်ထားတယ်... ဒါပေမဲ့ တချို့ကလည်း ချင်းလင်စံအိမ်ကနာမည်ကြီးအောင် ကြေးနီမြစ်ကိုတမင်သက်သက်အသုံးချတာလို့ထောက်ပြထားတယ်''

"အမှန်ပဲ... ချင်းလင်မြစ်က ကြေးနီမြစ်ကိုမယှဉ်နိုင်ဘူးလို့ပြောတဲ့သူတွေရှိတယ်''

နောက်တစ်ယောက်ကဖြည့်ပြောသည်။

ချူယဲ့ကထိုင်ချပြီးဖုန်းထုတ်ကာ အင်တာနက်သတင်းများကြည့်လိုက်သည်_

"အဟုတ်... ချင်းလင်ရွက်လွှင့်အကြောင်း ခေါင်းစဉ်တွေအများကြီးပဲ... အခုကြည့်ရတာ အားလုံးက ကြေးနီမြစ်နဲ့ယှဉ်ပြီး ချင်းလင်ရွက်လွှင့်ကိုမမီတဲ့အကြောင်း ပြောနေကြတာထင်တယ်''



ချူယဲ့ကသတင်းဖတ်ပြီး ရယ်လိုက်ကာ_

"ချင်းလင်ရွက်လွှင့်နဲ့ယှဉ်တာ မမျှတဘူးထင်တယ်... ဘာပဲဖြစ်ဖြစ် ငါတို့ကြေးနီမြစ်မှာရွက်လွှင့်တာ တစ်ကြိမ်တည်းလည်းမဟုတ်... ငါတို့ချင်းလင်ရွက်လွှင့်ကိုသွားကြည့်ရမယ်... တကယ်ပျော်စရာကောင်းရင် ထားလိုက်ပါတော့... မဟုတ်ရင် ချင်းလင်ရွက်လွှင့်ကို ငါတို့ဖိုရမ်ရဲ့နာမည်ပျက်စာရင်းမှာထည့်မယ်''

သူ့သူငယ်ချင်းများကလည်းထောက်ခံသည်။

ချူယဲ့အ​ကြောင်း သူတို့သိသည်။ မိန်းမလှရှိတဲ့နေရာကိုအပြေးသွားမည်မဟုတ်။ ကြေးနီမြစ်ထက်ပိုကောင်းတဲ့နေရာဆို သေချာပေါက်သွားလိမ့်မည်။

ထို့ကြောင့် နေ့လယ်ပိုင်းတွင် ချူယဲ့တို့တသိုက်ကလေယာဉ်ပျံစီးပြီး ညမိုးချုပ်ပိုင်း ရုံချန်းကိုရောက်လာကြသည်။

နောက်တစ်နေ့_

ကြေးနီမြစ်ထဲရွက်လွှင့်နေသောကျောက်ဟွေ့က သူ့လက်ထောက်ဆီမှအစီရင်ခံစာရသည်_

"ဒါရိုက်တာကျောက်... ချူယဲ့ ရုံချန်းရောက်ပါပြီ... ပြီးတော့ ဆွေးနွေးချက်ဖိုရမ်မှာ သူ live လွှင့်မယ့်အချိန်ဇယားတင်ထားတယ်... ချင်းလင်စံအိမ်ကိုသူသွားနေပြီ''

ထိုသတင်းကြားပြီး ကျောက်ဟွေ့ကရယ်လိုက်သည်_

"ကောင်းတယ်... ချင်းလင်ရွက်လွှင့်က နာမည်ကြီးနေသလို ချူယဲ့ပျော်အောင်လုပ်နိုင်မှာမဟုတ်ဘူး''

"ယုံလိုက်စမ်းပါ... မနက်ဖြန် အစွန်အဖျားရွက်လွှင့်ဖိုရမ်မှာ ချင်းလင်ရွက်လွှင့်အကြောင်းဝေဖန်စာတက်လာလိမ့်မယ်... အဲဒီကျရင် အာရုံစိုက်ခံရသမျှက တို့အတွက်ချည်းပဲ''

"အင်တာနက်မှာပြောထားတဲ့ ချင်းလင်ရွက်လွှင့်က တို့ကြေးနီရွက်လွှင့်ထက်ပိုပျော်စရာကောင်းတယ်ဆိုတဲ့စာတွေအသံတွေက မလုံလောက်သေးဘူး... အင်တာနက်ရေတပ်ရှာပြီး ပိုအသံကျယ်အောင်လုပ်လိုက်''

"ပြီးရင် ချူယဲ့တို့ကချင်းလင်ရွက်လွှင့်ကိုဝေဖန်တဲ့အခါ ငါတို့ကအနင်းခံရပါတယ်ဆိုပြီး စာနာကြလိမ့်မယ်... အဲဒီအချိန်ကျ နာမည်ကြီးသမျှ ငါတို့အတွက်ပဲ''

လက်ထောက်ကခေါင်းညိမ့်ပြီး ချက်ချင်းအလုပ်စသည်။

ကြေးနီရွက်လွှင့်၏တမင်သက်သက်လမ်းကြောင်းမှုကြောင့် အင်တာနက်ပေါ်တွင် ချင်းလင်ရွက်လွှင့်နှင့်ဆိုင်သောခေါင်းစဉ်များ မြန်မြန်ဆန်ဆန်ထွက်လာသည်။

တကယ်တော့ ချင်းလင်ရွက်လွှင့်က နံပါတ်တစ်ရွက်လွှင့်ဟု သတင်းလွှင့်ခြင်းပင်။

ကျောက်ဟွေ့ရဲ့ရည်ရွယ်ချက်က ဆန့်ကျင်ဘက်ကိုကြော်ငြာနည်းနဲ့အကျိုးရှိစေဖို့ပင်။ ဒါကလည်း အင်တာနက်ပေါ်မှာနာမည်ကြီးအောင်လုပ်နေကျနည်းတစ်မျိုးဖြစ်သည်။

ဥပမာ ရွက်ကြမ်းရေကျိုမိန်းကလေးတစ်ဦးကို 'Belle ထက်ပိုလှတယ်'ဟုချီးကျူးသည်ဆိုပါစို့။ သူမကိုမမြင်ဖူးရင် ကိစ္စမရှိသော်လည်း မြင်လိုက်ပြီဆိုတာနှင့် ဆန့်ကျင်ဘက်ကထင်ရှားသွားမည်။ ထိုမိန်းကလေးကိုအတ္တကြီးသည်ဟုသေချာပေါက်အပြောခံရပြီး Belle ကျောင်းမှထွက်သွားလိမ့်မည်။

ဒါ ကျောက်ဟွေ့ဖြစ်ချင်တဲ့အတိုင်းပင်။ ချင်းလင်ရွက်လွှင့်က ရွက်ကြမ်းရေကျိုမိန်းကလေး၊ သူတို့ကြေးနီမြစ်ကတော့ ကျောင်းရဲ့ Belle ပေါ့။

All Chapters