နံပါတ်တစ်ရွက်လွှင့်သူ!
Vol. 60 Ch. 897
ဝမ်လဲ့နှင့်လီလီက ရွက်လွှင့်နေရာမှလူတန်းရှည်ကြီးနှင့်ကြပ်သိပ်နေသောလူများကိုကြည့်လိုက်သည်။ နောက်ဆုံး ထပ်ပြီးရွက်လွှင့်မည့်စိတ်ကူးကိုလက်လျှော့လိုက်ရတော့သည်။
ဘာပဲဖြစ်ဖြစ် သူတို့နားရက်ကအကန့်အသတ်နှင့်။ နေ့လယ်လောက်မှစီးရဖို့ တန်းစီပြီးမစောင့်နိုင်။
ချင်းလင်စံအိမ်ရွက်လွှင့်ပရောဂျက်က ရုတ်တရက်ကြီးနာမည်ကြီးလာသည်။
တစ်ခါတလေ ကစားခြင်းက ပတ်ဝန်းကျင်အငွေ့အသက်ကိုဖန်တီးနိုင်ပြီး လက်ရှိရွက်လွှင့်ပရောဂျက်မှာ အငွေ့အသက်အားအကောင်းဆုံးအချိန်ဖြစ်နေသည်။ ခရီးသည်များမြစ်ထဲရောက်သောအခါ ရေထဲပျော်ခြင်း +၃ နှင့် ရေထဲကလေးလိုပျော်ခြင်း +၃ က အသက်ဝင်လာမည်။
ဒီ +၃ အရည်အသွေးနှင့်ဆို လူတိုင်းရူးသွားလောက်သည်။
သူတို့ကိုယ်တိုင်ရွက်လွှင့်ပြီးမှသာ အွန်လိုင်းပေါ်ကကောလာဟလတွေမှန်ကြောင်းသိသည်။
ရင်ထဲအသဲထဲကအပျော်ကို စကားနည်းနည်းနှင့်ဖော်ပြလို့မရ။
ထို့ကြောင့် တစ်ရက်အကြာတွင် ခရီးသည်အတော်များများက ရွက်လွှင့်ကြပြီးနောက် ချင်းလင်စံအိမ်ရွက်လွှင့်ပရောဂျက်က အလွန်ပျော်စရာကောင်းကြောင်း၊ ရေကစားရတဲ့ပျော်စရာအတွေ့အကြုံကို လုံးဝသိစေမည်ဖြစ်ကြောင်း ဗီဒီယိိုများတင်ကြသည်။
ထိုဗီဒီယိုများကြောင့် ချင်းလင်စံအိမ်ရွက်လွှင့်ပရောဂျက်က ပိုပြီးနာမည်ကြီးလာသည်။
နောက်ပြီး နောက်ဆယ်ရက်အထိ နေ့တိုင်းလိုလို ရွက်လွှင့်သောခရီးသည်များက ချီးကျူးမဆုံးကြ။
ရွက်လွှင့်ပရောဂျက်တွင် တစ်နေ့ခရီးသည် ၃၀၀၀ သာလက်ခံသော်လည်း နေ့တိုင်းလိုလို Tiktok ပေါ်တွင် ရေပန်းစားဗီဒီယိုအသစ်များတက်နေသည်။ ချင်းလင်စံအိမ်ရွက်လွှင့်ပရောဂျက်က ပြည်တွင်းမှာပျော်စရာအကောင်းဆုံးဖြစ်ကြောင်း ခရီးသည်တစ်ယောက်ပြီးတစ်ယောက်ပြောလာသည်။
ဒါကြောင့်လည်း ချင်းလင်စံအိမ်တွင်ရွက်လွှင့်ရန် စိတ်အားထက်သန်လာကြသည်။
အွန်လိုင်းမှာအရမ်းပျော်စရာကောင်းတယ်ဆိုထားမှတော့ ရွက်လွှင့်သူတွေက ဟုတ်မဟုတ်အဖြေရှာရမှာပေါ့။

ဘာပဲဖြစ်ဖြစ် ပြည်တွင်းမှာပျော်စရာအကောင်းဆုံးလို့နာမည်တပ်ထားပြီ။
ချင်းလင်စံအိမ်ရွက်လွှင့်ပရောဂျက်က နာမည်ကြီးလာသောကြောင့် တခြားနေရာများကိုထိခိုက်မှုရှိလာသည်။
ဟူစီရင်စု_
ကြေးနီမြစ်မှာ ကမ္ဘာတွင်ရွက်လွှင့်အကောင်းဆုံးမြစ်ဟုသိထားကြသည်။ မြစ်တစ်ဖက်တချက်တွင် ကမ္ဘာဦးသစ်တောများဖုံးလွှမ်းထားသောကြောင့် စိမ်းစိုခမ်းနားသည်။ မြစ်တစ်စင်းလုံးအရှိန်ကောင်းကောင်းနှင့်စီးဆင်းပြီး အစိမ်းရောင်ကြည်လင်နေသည်။ ရေကစားလျှင် စိတ်လှုပ်ရှားစရာကောင်းရုံတင်မက ရေအရည်အသွေးလည်းအလွန်ကောင်းသည်။
ရွက်လွှင့်ကမ္ဘာ့နံပါတ်တစ်ဟုသိထားသောကြောင့် ရွက်လွှင့်ချင်သူများဦးစားပေးရွေးချယ်လေ့ရှိသောနေရာဖြစ်သည်။ ရွက်လွှင့်ခြင်းနှင့်ဆက်စပ်သောဖိုရမ်များတွင်လည်း ကြေးနီမြစ်ရွက်လွှင့်ခြင်းကနာမည်အကြီးဆုံးပင်။
ဒါပေမဲ့ အခုဒီဖိုရမ်တွေမှာ ချင်းလင်စံအိမ်ကရွက်လွှင့်အကြောင်း တစထက်တစဆွေးနွေးလာကြသည်။ တချို့က ချင်းလင်စံအိမ်မှာရွက်လွှင့်ရတာ ကြေးနီမြစ်ထက်ပျော်စရာကောင်းသည်ဟုတောင်ဆိုကြသည်။
ကြေးနီမြစ်ရွက်လွှင့်တာဝန်ခံဖြစ်သောကျောက်ဟွေ့မှာ အင်တာနက်ပေါ်တွင် သူတို့ကြေးနီမြစ်ရွက်လွှင့်ထက် ချင်းလင်စံအိမ်ရွက်လွှင့်ကပိုပျော်စရာကောင်းသည်ဟုပြောနေကြသောကြောင့် နည်းနည်းဆွံ့အသွားသည်။
"ကြည့်... ဒီချင်းလင်စံအိမ်ကနာမည်ကြီးတယ်ဆိုရင်တောင် စည်းတော့ရှိသင့်တယ်မလား?''
ကျောက်ဟွေ့ကမျက်မှောင်ကြုတ်ပြီး သူ့ဘေးကလူကိုပြောလိုက်သည်။
ဒီရက်ပိုင်း အွန်လိုင်းမှနေရာယူသူအရေအတွက်က သိသိသာသာကျဆင်းနေသည်။
အင်တာနက်နှင့်ရွက်လွှင့်ဖိုရမ်တွင် ချင်းလင်စံအိမ်ရွက်လွှင့်အကြောင်း လူပြောများလာပြီး အတော်များများစိတ်ဝင်စားနေမှန်း သူသိသည်။
ပြီးတော့ ဒီချင်းလင်စံအိမ်ရွက်လွှင့်က စည်းကျော်နေတာမလား?
ကြော်ငြာချင်ရင် ကြော်ငြာလေ။ အင်တာနက်မှာပြောကြသလို ရေကစားလိုက်တာနဲ့ကလေးတုန်းကအပျော်တွေပြန်ပေါ်လာတယ်လို့ ချဲ့ကားကြော်ငြာလည်းရတယ်။ ကြေးနီမြစ်ရွက်လွှင့်ကိုထည့်မပြောလို့မရဘူးလား?

လိုင်းပေါ်မှာ ချင်းလင်စံအိမ်ရွက်လွှင့်က သူတို့ကြေးနီမြစ်ရွက်လွှင့်ထက်ပိုကောင်းတယ်လို့ပြောနေကြပြီ။
ချင်းလင်ရွက်လွှင့်က နောက်ကွယ်ကရေတပ်နဲ့ထိန်းထားတာမဟုတ်ဘူးလို့ပြောရင် ဘယ်သူမှယုံမှာမဟုတ်။
ဒီနည်းနဲ့ ဒီချင်းလင်ရွက်လွှင့်က ကြေးနီမြစ်ရွက်လွှင့်ကိုခြေနင်းတုံးလိုအသုံးချပြီးအမြင့်တက်ချင်တာ နည်းနည်းစက်ဆုပ်စရာပဲ။
ဘာပဲဖြစ်ဖြစ် ကြေးနီမြစ်ရွက်လွှင့်က နံပါတ်တစ်ရွက်လွှင့်အဖြစ်သတ်မှတ်ခံထားရတာ ဆယ်စုနှစ်ချီနေပြီ။ သူတို့ဆီကစားဖူးသူတိုင်းက သက်ဆိုင်ရာရွက်လွှင့်ဖိုရမ်များတွင်ဝေဖန်ကြမည်မှာ အသေအချာပင်။
ရွက်လွှင့်တက်ကြွသူများက အတူတူရွက်လွှင့်ဖို့တောင်ခေါ်ကြလိမ့်မည်။
သူ့ဘေးကလူကမျက်မှောင်ကြုတ်ပြီး_
"ဒါရိုက်တာကျောက်... ဒီချင်းလင်ရွက်လွှင့်ကနည်းနည်းများနေပြီ... ချင်းလင်ရွက်လွှင့်နောက်ကွယ်က ချင်းလင်စံအိမ်ဆိုပေမဲ့ ရွက်လွှင့်တဲ့အပိုင်းမှာ ကျွန်တော်တို့ကဆရာအကျဆုံးပဲ... ပြီးတော့ ချင်းလင်ရွက်လွှင့်ကဒီလောက်ပျော်စရာကောင်းရင် အရင်ကအင်တာနက်မှာဘာလို့မတင်ကြတာလဲ? အခုမှ ကြော်ငြာထွင်နေတာ''
ကျောက်ဟွေ့ခေါင်းညိမ့်လိုက်ပြီး_
"ချင်းလင်စံအိမ်ကလူတွေ ရွက်လွှင့်ပရောဂျက်ကိုရုတ်တရက်သတိထားမိလို့ဖြစ်မယ်... ဒါကြောင့် ဒီခေါင်းစဉ်နဲ့ကြော်ငြာပြီး ခရီးသည်အငွေ့အသက်လွှမ်းမိုးအောင်လုပ်တာ... အငွေ့အသက်ရပြီဆိုတာနဲ့ ပျော်ပျော်ရွှင်ရွှင်လည်ပတ်လို့ရပြီ''
"ဒါပေမဲ့ ချင်းလင်ရွက်လွှင့်က တို့ကြေးနီရွက်လွှင့်ကိုကျော်လို့မရဘူး... သူတို့မတဲ့ကျောက်တုံး သူတို့ခြေထောက်ပေါ်ပိအောင်လုပ်ရမယ်''
"ဒါရိုက်တာကျောက်... ဒါဆို ဘယ်လိုလုပ်ကြမလဲ?''
ဘေးမှလူကအမြန်မေးသည်။
ကျောက်ဟွေ့ကရယ်လိုက်ပြီး_
"အစွန်အဖျားရွက်လွှင့်ခေါင်းဆောင်က သူ့မိတ်ဆွေတွေနဲ့ မနက်ဖြန်နိုင်ငံခြားကပြန်လာမယ်ပြောတယ်... သူတို့ကိုအဆက်အသွယ်နဲ့ချိတ်ပေးလိုက်... သူတို့က ချင်းလင်စံအိမ်ရဲ့ဟာကွက်ကိုဖော်ပေးလိမ့်မယ်''
"ဒါရိုက်တာကျောက်... ကျွန်တော်သဘောပေါက်ပြီ''
သူ့ဘေးမှလက်ထောက်က ချက်ချင်းခေါင်းညိမ့်သည်။
အစွန်အဖျားရွက်လွှင့်ဖိုရမ်မှာ ရွက်လွှင့်အစီအစဉ်များတွင် အကြီးဆုံးဖိုရမ်ဖြစ်သည်။ နေ့တိုင်း ရွက်လွှင့်အစီအစဉ်အမျိုးမျိုးနှင့်ပတ်သက်သော ဆွေးနွေးချက်များတင်သည်။
လမ်းကြမ်းရွက်လွှင့်ဖြစ်စေ၊ ရေလမ်းရွက်လွှင့်ဖြစ်စေ၊ ရေခဲပြင်ရွက်လွှင့်ဖြစ်စေ၊ အားလုံးသူတို့ပါသည်။
နာမည်အကြီးဆုံးခေါင်းစဉ်တစ်ခုမှာ ရေလမ်းရွက်လွှင့်ဖြစ်ပြီး ဖိုရမ်ပိုင်ရှင်က ဒုတိယမျိုးဆက်သူဌေးသား ချူယဲ့ဖြစ်သည်။ သူနှင့်သူ့မိတ်ဆွေများက ရွက်လွှင့်အတွေ့အကြုံများသည်။
တချို့က_
"ဒုတိယမျိုးသူဌေးသားက ဘာလို့ရွက်လွှင့်တာကိုစွဲနေတာလဲ? မပြောတတ်ဘူး... ဘာပဲဖြစ်ဖြစ် အဲဒါ 'ပျော်လို့'ဆိုတာရဲ့မေးခွန်းပဲ''
ချူယဲ့က တခြားဒုတိယမျိုးဆက်သူဌေးများနှင့်မတူ။ ရွက်လွှင့်ခြင်းက တစ်နှစ်ပတ်လုံးသူအလုပ်အများဆုံးအလုပ်တစ်ခုပင်။ ရွက်လွှင့်သွားတိုင်း ရွက်လွှင့်ပရောဂျက်များကိုအကြံပေးပြီး ပြုပြင်ဖို့တောင်အကူအညီပေးသည်။
အဲဒီအပြင် သူဖန်တီးထားသောအစွန်အဖျားရွက်လွှင့်ဖိုရမ်ထဲတွင် စကားတစ်ခွန်းရှိသည်_
"သခင်လေးချူတစ်နေရာရာသွားတိုင်း သူ့ကိုဆွဲဆောင်နိုင်တာ မိန်းမလှမဟုတ်... ရွက်လွှင့်တာ''တဲ့။