ချင်းလင်စံအိမ်မှာပျော်စရာအကောင်းဆုံးက ရွက်လွှင့်ခြင်း! ၃
Vol. 60 Ch. 896
ဒါကြောင့်လည်း Kappa ရဲ့ပျော်ရွှင်ခြင်းကျောက် အစွမ်းပြနေပြီမှန်း သူသိလိုက်သည်။
ထိုအချိန်တွင် ခရီးသည်နောက်ဆုံးအသုတ်လည်း ရေထဲရောက်နေပြီ။ ခဏအကြာ ရယ်သံများ၊ပျော်သံများ ညံလာပြန်သည်။
ချင်လင်နှင့်ချန်တပေက သွားကြည့်သည်။ ခရီးသည်များက ရေထဲမှာပျော်မြူးနေပုံရကြောင်း သိနိုင်သည်။
ချန်တပေက အံ့ဩပြီး_
"သူဌေး... ဒီခရီးသည်တွေကြည့်ရတာ နည်းနည်းထူးခြားတယ်... အရမ်းပျော်နေတဲ့ပုံပဲ... ဘယ်နေရာမှာမှ ဒီလောက်ပျော်နေတဲ့ခရီးသည်တွေမမြင်ဖူးဘူး... ရွက်လွှင့်တာ ဒီလောက်ပျော်စရာကောင်းလား?''
ချင်လင်ကပြုံးပြီး မဖြေ။
ရွက်လွှင့်တာက ဒီလောက်ပျော်စရာမကောင်း။
ဒါပေမဲ့ ရေထဲမှာပျော်ခြင်း +၃ နဲ့ ရေထဲမှာကလေးလိုပျော်ခြင်း +၃ အရည်အသွေးက ဒီလောက်ပျော်စရာကောင်းသည်။
စံအိမ်ပြန်ရောက်သောအခါ ချင်လင်က ချန်တပေအား တောင်ပေါ်မက်မွန်သီးနှင့်မှိုတစ်ဝက်ကိုဝိုင်စိမ်ခိုင်းပြီး ကျန်မှိုတစ်ဝက်ကိုစားဖိုဆောင်ထဲပို့ခိုင်းသည်။
ချင်လင်၏ဝိုင်သိုလှောင်ခန်းထဲတွင် သာမန်သက်တမ်းရင့်ဝိုင်ဖြူအများကြီးရှိသေးသည်။ ထိုဝိုင်ဖြူများကို ဆေးဖက်ဝင်ဝိုင်စိမ်ဖို့မသုံး။ အားလုံးကို ဝိုင်သိုလှောင်ခန်းထောင့်တွင်ပုံထားသည်။
ဒီဝိုင်တွေသာထုတ်ပြလိုက်ရင် ဝိုင်ချစ်သူတွေရူးကုန်လိမ့်မည်။
သူတစ်ယောက်တည်းမှာပဲ ဒီဝိုင်တွေရှိတာနှမြောစရာ။ အပြင်လောကက ဘယ်သူ့မှာမှခံစားဖို့ကံမပါချေ။
ချင်လင်က ခွက်နှစ်ခွက်နှင့် သက်တမ်းရင့်ဝိုင်ဖြူနည်းနည်းယူကာ တောင်ပေါ်မက်မွန်သီးနှင့်မှိုကိုစိမ်ထားလိုက်သည်။
ဝိုင်ချစ်သူတွေသာ ဒီလိုဝိုင်မျိုးကို ဒီပစ္စည်းနှစ်မျိုးစိမ်ပစ်မှန်းသိရင် ဘုရားပေးတဲ့လက်ဆောင်ကိုဖြုန်းတီးပစ်သည်ဟုပြောလိမ့်မည်။
သူ့အတွက်တော့ ဒါတွေက?
ဝိုင်လား? ရေလိုပဲလက်မြောက်ပြီးသွန်ပစ်လို့ရတယ်။
ချင်လင်ကဝိုင်စိမ်ပြီးနောက် ဝိုင်သိုလှောင်ခန်းမှထွက်ကာ သူ့ရုံးခန်းထဲပြန်လာသည်။ သူကထိုင်ပြီးဖုန်းထုတ်ကာ သတင်းဖတ်ရန်ပြင်လိုက်သည်။
ဗီဒီယိုသုံးလေးပုဒ်ကြည့်ပြီးနောက် မထင်မှတ်ဘဲ ချင်းလင်စံအိမ်အကြောင်းရေပန်းစားသတင်းတစ်ပုဒ်ကိုတွေ့လိုက်ရသည်။ ရွက်လွှင့်ပရောဂျက်ပင်။
"ချင်းလင်စံအိမ်ကပျော်စရာအကောင်းဆုံးပရောဂျက်ကို မင်းတို့သိမှာမဟုတ်ဘူး... အဲဒါ ရွက်လွှင့်တာပဲ... ချင်းလင်စံအိမ်မှာရွက်လွှင့်ရတာ တခြားပရောဂျက်တွေထက်အများကြီးပိုပျော်ဖို့ကောင်းတယ်... ဒီပရောဂျက်ထဲစိတ်ရောက်သွားရင် ရေထဲမှာပျော်ပြီး မင်းတို့မေ့နေတဲ့ကလေးတုန်းကအပျော်တွေပေါ်လာလိမ့်မယ်!''
ထိုဗီဒီယိုကို ခရီးသည်တစ်ဦးတင်ထားခြင်းဖြစ်သည်။ အစက ဗီဒီယိုကိုသံသယဝင်ခံရပြီး လှုပ်လှုပ်ရွရွဖြစ်အောင်လုပ်တာဟု မှတ်ချက်များအပေးခံရသည်!
"ရွက်လွှင့်တာပဲ... ဘယ်လောက်ပျော်စရာကောင်းမှာလဲ... ချင်းလင်စံအိမ်ကတခြားပရောဂျက်တွေနဲ့ယှဉ်စရာလား?''
"အရင်က ခဏခဏရွက်လွှင့်ဖူးပါတယ်... ဒီဇိုင်းနဲ့မြေအနေအထားကွာတယ်ဆိုပေမဲ့ ဒီလောက်ကြီးမဟုတ်ပါဘူး!''
"မင်းဗီဒီယိုတင်ထားတာကလည်း ငါတို့ကချင်းလင်စံအိမ်မရောက်ဖူးတာကျနေတာပဲ!''
"ကလေးလိုတဲ့... ငါတို့ကိုကလေးလိုမှတ်ပြီး ညာနေ!''
"……"
သို့ရာတွင် ဗီဒီယိုကြည့်ပြီးနောက် ထူးထူးခြားခြားခံစားချက်ရကြသည်။
ဗီဒီယိုထဲတွင် ခရီးသည်များအားလုံးက အားရပါးရရယ်မောပြီး ပတ်ဝန်းကျင်အငွေ့အသက်ကောင်းနေသည်။ ဒီလိုလှိုက်လှိုက်လှဲလှဲပျော်ပုံမျိုးက ဟန်ဆောင်နေတာနဲ့မတူ။
သူတို့အားလုံးသာပိပိရိရိသရုပ်ဆောင်နေတာဆိုရင် မင်းသားမင်းသမီးတွေလိုပါဦးမလား?
ထိုဗီဒီယိုကိုအားလုံးစိတ်ဝင်စားသွားသည်။ ချင်းလင်စံအိမ်နာမည်ကြီးခြင်းကြောင့် ရေပန်းစားရှာဖွေမှုထဲရောက်လာသည်။
အထူးသဖြင့် ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံမှခရီးသည်များပင်။ သူတို့ကထိုနေရာကိုစူးစမ်းချင်လာသည်။ ရွက်လွှင့်ပရောဂျက်ဆီမသွားဘဲမနေနိုင်ကြ။
အရင်က ချင်းလင်စံအိမ်မှာသိပ်နာမည်မကြီးသောရွက်လွှင့်ပရောဂျက်ကို ရုတ်တရက် ခရီးသည်များစိတ်ဝင်စားလာကြသည်။
ဒီမတိုင်ခင်က ခရီးသည်အတော်များများမှာ ရွက်လွှင့်ဖို့စိတ်ကူးမရှိကြ။
နောက်တစ်နေ့တွင် ဝမ်လဲ့နှင့်လီလီအိပ်ရာထပြီး ရွက်လွှင့်နေရာပြန်လာသောအခါ မှင်တက်သွားကြသည်။
ရွက်လွှင့်နေရာတွင် လူတန်းရှည်ကြီးရှိနေသည်။ ဒီလူအုပ်စုနဲ့ဆို နေ့လယ်အထိတောင်စီးရဖို့မမြင်ချေ!