← Chapters

(တပည့်လက်မခံချင်ပေမယ့် သူပေးတာက များလွန်းနေတယ်)

Vol. 1 Ch. 1

(တပည့်လက်မခံချင်ပေမယ့် သူပေးတာက များလွန်းနေတယ်)

Vol. 1 Ch. 1

“စီနီယာ.. ဒါက ကျွန်တော့ရဲ့ ဆရာအဖြစ် တင်မြှောက်မှုအတွက် ပူဇော်ခြင်း လက်ဆောင်လေးပါ”

လူငယ်ဟာ လီရွှမ်၏ရှေ့တွင် သစ်နက်သေတ္တာဘူး သုံးခုတို့ကို တင်လိုက်၏။

“မင်းမှားနေပြီ။ ငါက လျှို့ဝှက်နေတဲ့ စွမ်းအားကြီး ပုဂ္ဂိုလ်လိုမျိုး မဟုတ်ဘူး။ တပည့် လက်မခံဘူး။ ဒီပစ္စည်းတွေကို ပြန်ယူလိုက်”

လီရွှမ်က ပြန်ပြော၏။ သူ၏ အသွင်က စိတ်အနှောင့်အယှက် ဖြစ်နေပါသည်။

လူငယ်၏အမည်မှာ ရွှီယန်ဖြစ်ပြီး စီရင်စုမြို့ရှိ ချမ်းသာသည့် မိသားစုမှ သူဌေးသားတစ်ယောက် ဖြစ်၏။ သူ၏ နောက်ခံဟာ ဒီလောကဆီသို့ ကူးပြောင်းလာခဲ့သည့် လီရွှမ်၏ သူ့အပေါ် အားကျရခြင်း အကြောင်း ဖြစ်သည်။

ကံဆိုးစွာပင် ရွှီယန်ဟာ ဉာဏ်သိပ်ကောင်းခြင်း မရှိပဲ သူ့ကို ဆရာအဖြစ် တင်မြှောက်ရန် အတင်းလုပ်နေပါသည်။ သူ့ကို တစ်သီးတစ်သန့်နေထိုင်သည့် ပညာရှင်တစ်ယောက်ဟု ယုံကြည်နေ၏။

လီရွှမ်ဟာ ဒီလောကဆီသို့ ကူးပြောင်းလာခဲ့တာ ဆယ်စုနှစ်တစ်ခု ကျော်ပါပြီ။ မည်သည့် စူပါစနစ်(သို့) ရွှေလက်ချောင်းမှ မရှိရာ သူဟာ ဒီရွာငယ်လေးမှ ထွက်ခွာနိုင်ခြင်းပင် မရှိပေ။ အဆိုးဆုံးမှာ ယခုအချိန်၌ ဒီရွာငယ်လေးတွင် သူတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

ရွာငယ်ကို မက်စောက်သော ချောက်ကမ်းပါးများက အဘက်ဘက်မှ ဝန်းရံထားပြီး ဝင်နိုင်ထွက်နိုင်ရန်အတွက် ပေအနည်းငယ်သာ ကျယ်သည့် လမ်းကျဉ်းတစ်ခုသာ ရှိ၏။ ဤသည်မှာ တံခါးပိတ်နေထိုင်ရန် နေရာကောင်းတစ်ခု ဖြစ်သည်။

ရွာ၏ ဘိုးဘေးများဟာ စစ်ပွဲနှင့် ပဋိပက္ခများကို ရှောင်ကျဉ်ရန်အတွက် ဒီနေရာသို့ ရွှေ့ပြောင်းလာခဲ့ခြင်း ဖြစ်၏။

ယခုအချိန်၌ အပြင်ဘက်လောကတွင် မည်သည့်စစ်ပွဲများမှ မရှိတော့ပါ။ ထို့ကြောင့် ရွာရှိ မျိုးဆက်သစ် လူငယ်များဟာ ဒီသေးငယ်သည့် တောင်ရွာလေးတွင် သာမန်ဘဝဖြင့် နေထိုင်လိုခြင်း မရှိကြပါ။ လောကအတွင်းသို့ စွန့်စားသွားလာမှုများ စတင်လုပ်လာကြ၏။

ရွာငယ်ဟာ အနီးဆုံးရှိ မြို့နှင့် မိုင်တစ်ရာလောက် ကွာဝေးပါသည်။ ခရီးဟာ အန္တရာယ်အများအပြား ရှိနေ၏။ မကြာခဏ ကြမ်းကြုတ်သည့် သားရဲများနှင့် ကျားရဲများ ပေါ်လာတတ်သည့် ထူထဲသည့် တောအုပ်တစ်ခုကို ဖြတ်သန်းသွားရန် လိုအပ်သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်များ အတွင်းတွင် ရွာ၏ လူဦးရေဟာ ဆက်လက် လျော့ပါးလာခဲ့၏။ လီရွှမ်ရောက်လာသည့် အချိန်တွင် မိသားစု ဆယ်ခုလောက်သာ ကျန်ပါသည်။ အများစုမှာ သက်ကြီးပိုင်းများ ဖြစ်ကြ၏။

ရွာ၌ ကျန်နေခဲ့သူများတွင် လီရွှမ်ကိုပါ ထည့်တွက်လျှင်တောင် လူငယ်ငါးယောက်သာ ရှိပါသည်။ လီရွှမ်အပါအဝင် သူတို့အားလုံးတို့ဟာ ရွာနေဘဝကို ကျေနပ်မှု မရှိကြပဲ မြို့ဆီသို့ မျှော်လင့်မိကြ၏။

သို့ပေမယ့် ခရီးဟာ အန္တရာယ်များကာ အထူးသဖြင့် ကျားရဲများ၏ အသိုက်အမြုံဖြစ်သည့် သေစေနိုင်သည့် တောအုပ်၏ ခရီးလမ်းမိုင် သုံးဆယ်ကို အထူး ဖြတ်ကျော်ရန် လိုအပ်ပါသည်။ ရွာမှ ထွက်ခွာသည့် လူငယ်များစွာတို့ဟာ တောထဲတွင် သေဆုံးခဲ့ရသည်။

လွန်ခဲ့သည့် ဆယ်နှစ်က…

တစ်နေ့တွင် ထွက်ခွာသွားသည့် ရွာသားတစ်ယောက်ဟာ ပြန်လာခဲ့၏။ သူဟာ မြို့တွင် နေထိုင်ရန်အတွက် မိခင်ဖြစ်သူကို ခေါ်သွားလိုလေသည်။ ကျားများကို သတ်ဖြတ်နိုင်သည့် စကေးများကိုလည်း သင်ယူထားသည်ဟု ဆို၏။ တောထဲတွင် သားရဲများကို အကြောက်တရားကင်းမဲ့စွာ ရင်ဆိုင်နိုင်ပါသည်။

ထို့ကြောင့် လီရွှမ်နှင့် အခြား လူငယ်အချို့တို့ဟာ ဒီခရီးစဉ်တွင် သူနှင့်အတူ ပူးပေါင်းလိုက်ပါရန် ဆုံးဖြတ်ခဲ့ကြသည်။

သေခြင်းတောအုပ်ဟာ ကြမ်းကြုတ်သည့် သားရဲများ၏ ကျက်စားရာ ဖြစ်ပေမယ့် ကံကောင်းပါက မည်သည့် တိရစ္ဆာန်ကိုမှ ကြုံတွေ့ခြင်း မရှိပဲ လုံခြုံစွာ ဖြတ်သန်းနိုင်ပါသည်။

သို့ပေမယ့် ကံဟာ လီရွှမ်၏ဘက်တွင် ရှိမနေခဲ့ပါ။ တင့်တယ်သည့် အကွက်အစင်းများနှင့် ကျားတစ်ကောင်ဟာ ပေါ်လာခဲ့၏။ ကျားကို သတ်ဖြတ်ရန် နည်းလမ်းများကို သင်ယူထားသည်ဟူသည့် လူက ထက်မြသည့် ဓါးကို ဆွဲကိုင်ကာ ကျယ်လောင်စွာ အော်လိုက်သည်။ ရှေ့သို့ လျှောတိုက်ကာ ပြေးဝင်သွား၏…..

ဤနည်းအားဖြင့် လူအုပ်စုတွင် လီရွှမ်သာလျှင် အသက်ရှင်ရက် လွတ်မြောက်ကာ ရွာငယ်သို့ ပြန်လာနိုင်ခဲ့သည်။ သူ၏ လွတ်မြောက်လာနိုင်ခြင်း အကြောင်းအရင်းမှာ ကျားသတ်မည့်လူ၏ လျှောထိုးကာ ပြေးဝင်သွားမှုကို တွေ့ရသည်နှင့် နောက်သို့လှည့်ကာ ထွက်ပြေးခဲ့ခြင်းကြောင့် ဖြစ်မည်ဟု ယုံကြည်ရပါသည်။

ထိုသူ၏ ကျားသတ်ခြင်းအတတ်ဟာ သိပ်ပြီး အသုံးမကျသည့်ပုံပါ။ ကိုယ့်ကိုယ်ကိုယ် ကျားပါးစပ်ထဲသို့ တစ်ခါတည်း ပို့ပေးသည်နှင့် တူညီ၏။

ထိုစဉ်ကတည်းက လီရွှမ်ဟာ ရွာတည်းတွင် တစ်ဦးတည်းသော ငယ်ရွယ် သွက်လက်သည့် လူတစ်ယောက် ဖြစ်လာခဲ့သည်။

ဆွေမျိုးများကို ဆုံးရှုံးခဲ့ရသည့် လူအိုကြီးများဟာ ပြီးခဲ့သည့် ဆယ်နှစ်အတွင်းတွင် တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ကြသည်။

လွန်ခဲ့သည့် လဝက်က ရွာရှိ နောက်ဆုံးလူအိုကြီးကို လီရွှမ်ဟာ နောက်ဆုံး ခရီးအား ပို့ဆောင်ပေးပြီးနောက် သေးငယ်သည့် တောင်ရွာလေးကို ကြည့်ရှုပါက ဗလာကျင်းလင်း ဖြစ်နေပြီး ဝမ်းနည်းစွာနှင့် ဒေါသထွက်စွာ ခံစားရလေ့ ရှိသည်။

အခြား အချိန်ခရီးသွားသူများ ဆိုပါက ဘဝကို ပြောင်းလဲကာ မြင့်တက်သွားခြင်း(သို့) ဆန်းကြယ်သည့် နောက်ခံများနှင့် စွမ်းရည်များအား ပိုင်ဆိုင်ထားကြသည်။

သူကျတော့ရော….

သေးငယ်သည့် တောင်ရွာလေးကပင် ထွက်ခွာနိုင်ခြင်း မရှိပေ။ စနစ်(သို့) မည်သည့် ရွှေလက်ချောင်းမှ မရှိပဲ သူဟာ ရွာငယ်လေးတစ်ခုတွင် တစ်ယောက်တည်း ရှင်သန်ရမည့် အဆုံးသတ်သာ ရှိပါတော့သည်။

“ဟူး… ငါ့ကိုယ်ငါ အွန်လိုင်းဝတ္ထုတွေထဲကလို လူတစ်ယောက် ဖြစ်လာခဲ့ပြီလို့ ထင်ထားခဲ့တာ။ ဓါးတစ်ချောင်းနဲ့ မိုင်ထောင်ချီကို ခရီးလှည့်လည်ပြီး နတ်ဆိုးတွေကိုသတ်၊ သားရဲတွေကို ရှင်းထုတ်မယ်ပေါ့။ စစ်မှန်မှုကို ရရှိပြီး သူတော်စင်တစ်ပါး ဖြစ်လာမယ်။ ပြီးရင် ခေတ်တွေအားလုံးကို ခေါင်းငုံ့ကြည့်နိုင်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်လာလိမ့်မယ်။ လက်စသတ်တော့ အတွေးလွန်နေတာ သက်သက်ပါလား”

လီရွှမ်ဟာ ညည်းညူစွာ သက်ပြင်းချမိသည်။ ကိုယ့်ကိုယ်ကိုယ် ရေရွတ်၏။

“မင်းက ဒီရွာငယ်လေးကတောင် မထွက်နိုင်တာ.. ဒါနဲ့များ ဓါးတစ်ချောင်းနဲ့ မိုင်ထောင်ချီကို လေလွင့်ချင်နေသေးတယ်။ ဟန့်..”

ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့် ထိုမှတ်ချက်ကြောင့် ရွာငယ်လေးဆီသို့ မည်သို့မည်ပုံ ရောက်ရှိလာလဲ မသိသည့် ရွှီယန်ဟာ “ဓါးတစ်ချောင်းနဲ့ မိုင်ထောင်ချီကို‌ လေလွင့်သည်” ဟူသည့် စကားကို ကြားလိက်ရ၏။

လီရွှမ်ကို တစ်သီးတစ်သန့် နေထိုင်လိုသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်ဟု အထင်မှားသွားခဲ့သည်။ သူဟာ ချက်ချင်းပင် ဒူးထောက်ကာ ဆရာတင်မည်ဟု အတင်းတောင်းဆိုနေတော့၏။

“စီနီယာ.. နောက်ဆုံးတော့ ခင်ဗျားကို ရှာတွေ့ခဲ့ပြီ။ ကျေးဇူးပြုပြီး ကျွန်တော့ကို တပည့်အဖြစ် လက်ခံပြီး အနှိုင်းမဲ့တဲ့ သိုင်းပညာတွေ သင်ကြားပေးပါ”

“ဘာ”

လီရွှမ်ဟာ ကြောင်တောင်သွား၏။ အသက် ဆယ့်ခြောက်၊ ဆယ့်ခုနစ်လောက် ရှိသည့် ကောင်လေးကို ကြည့်သည်။ တစ်ဖက်လူ၏ ခါးတွင် ဓါးရှည်တစ်ချောင်းကို ချိတ်ဆွဲထားပြီး ခမ်းနားစွာ ဝတ်စားထားပုံက သူ့ကို မှင်သက်စွာ ခံစားရစေ၏။

“ကျွန်တော်က သုန်ဟယ်စီရင်စုမြို့က လာတဲ့ ရွှီယန်ပါ။ ငယ်ငယ်ကတည်းက စစ်မှန်တဲ့ သိုင်းပညာကို ရှာဖွေဖို့ အဓိဌာန်ပြုခဲ့တယ်။ ဒီနေ့မှ ကံကောင်းစွာနဲ့ စီနီယာကို တွေ့ဆုံခဲ့ရပြီ.. ကျွန်တော့ကို တပည့်အဖြစ် လက်ခံပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော် သိုင်းပညာကို ကြိုးကြိုးစားစား လေ့ကျင့်ပြီး ဆရာကြီးရဲ့ စည်းမျဉ်းစည်းကျမ်းတွေကို ဘယ်တော့မှ မဖောက်ဖျက်ပါဘူးလို့ ကတိပေးပါတယ်”

“ဒုတ်၊ ဒုတ်၊ ဒုတ်”

ရူးသွပ်သည့် မျက်လုံးများနှင့် ရိုသေစွာ ဒူးထောက်နေသည့် လူငယ်ကိုကြည့်ကာ လီရွှမ်းဟာ ကြောင်တောင်သွားသည်။

သူ၏စိတ်ထဲရှိ ပထမဆုံး အတွေးမှာ ‘ဒီကောင်လေးရဲ့ ဦးနှောက်က ပြည့်ပြည့်စုံစုံ အလုပ်မလုပ်ဘူး ထင်တယ်’ဟူ၍ ဖြစ်၏။

လီရွှမ်ဟာ သူ့ကိုယ်သူ လျှို့ဝှက်စွာနေသည့် သိုင်းပညာရှင်တစ်ယောက် မဟုတ်ကြောင်းအား မည်မျှပင် ငြင်းဆန်စေကာမူ.. သိုင်ပညာများအား မသိဟု ဆိုစေကာမူ .. ရွှီယန်ဟာ ယုံကြည်ခြင်း မရှိပဲ သူ၏ တပည့်တစ်ယောက်အဖြစ် သစ္စာခံလိုမှုကို အတင်းတောင်းပန်နေ၏။ တစ်ဖက်လူ၏ စွဲလမ်းမှုက လီရွှမ်ကို ခေါင်းကိုက်စွာ ခံစားရစေသည်။

“ငါက စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် မဟုတ်သလို သိုင်းပညာအပေါ်မှာလည်း ဘာမှနားမလည်ဘူး။ မင်းလူမှားနေပြီ။ ငါလည်း သိုင်းပညာ သင်ချင်လို့ ဆရာတင်ဖို့ လူရှာနေတာ”

“မဖြစ်နိုင်ဘူး”

ရွှီယန်၏ ပုံက ခိုင်မာစွာ ရှိနေပြီး ပြောသည်။

“ဂုဏ်သရေရှိ လူကြီးမင်း.. ကျွန်တော့ကို လိမ်လည်ဖို့ မကြိုးစားပါနဲ့။ ခင်ဗျားက သေချာပေါက် ပုန်းကွယ်နေတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ပဲ”

“ဒီနေရာကို ကြည့်လိုက်ဦး.. မက်စောက်တဲ့ ခြောက်ကမ်းပါးတွေနဲ့ ဝန်းရံနေပြီး လှပတဲ့ ရှုခင်းတွေ ရှိတယ်။ ဒါက ပုဂ္ဂိုလ်ကြီးတွေ သီးသန့်နေထိုင်တဲ့ နေရာတစ်ခုဆိုတာ ရှင်းလင်းနေတာပဲ။ ခင်ဗျားသာ စွမ်းအားကြီးပုဂ္ဂိုလ် မဟုတ်ရင် ဘာလို့ ဒီမှာ တစ်ယောက်တည်း လာနေမှာလဲ”

“စီနီယာ.. ကျေးဇူးပြုပြီး ကျွန်တော့ကို တပည့်အဖြစ် လက်ခံပေးပါ။ ခင်ဗျားရဲ့ သင်ကြားမှုတွေကို ဖြုန်းတီးတာ(သို့) စိတ်ပျက်စေတာမျိုး ဘယ်တော့မှ မရှိစေရပါဘူး”

ရွှီယန်က ဆက်လက် ဦးချ၏။ သူ၏ မျက်လုံးများဟာ စိတ်အားထက်သန်မှုနှင့် ပြတ်သားမှုတို့ဖြင့် လင်းလက်နေပါသည်။

“ငါက တကယ်ပဲ ဘာသိုင်းပညာရှင်မှ မဟုတ်ဘူး။ ဘာကျင့်စဉ်မှလည်း မရှိဘူး။ တပည့်လည်း လက်မခံဘူး။ မင်းက တကယ့်ကို လူမှားနေတာပါကွာ…”

လီရွှမ်၏ပုံက အကူအညီ မဲ့နေ၏။

ဒီကောင်လေးဟာ အဘယ်ကြောင့် ဒီလောက် ခေါင်းမာရသနည်း။ ဒီလောက် ရက်စက်သည့် တောအုပ်ကို ဖြတ်ကျော်ကာ ရွာငယ်ဆီသို့ ရောက်ရှိလာပုံကို သူဟာ စိတ်ကူးမရနိုင်အောင် ရှိနေ၏။

လျှို့ဝှက်စွာနေသည့် စွမ်းအားကြီး ပုဂ္ဂိုလ်များကို ရှာဖွေရန် လုံးဝ စွဲလမ်းနေသည်လား။

“ကျွန်တော်နားလည်ပြီ”

ရွှီယန်က ရုတ်တရက် မတ်တပ်ရပ်သည်။ သူ၏ မျက်နှာပေါ်၌ ဉာဏ်အလင်းပွင့်သွားသည့် ပုံစံတစ်ခု ရှိနေ၏။

“တပည့်တစ်ယောက် လက်ခံဖို့ဆိုတာ အရမ်းကို အရေးကြီးတဲ့ ကိစ္စတစ်ခုပဲ။ ဘယ်လိုလုပ်ပြီး အလျှင်လိုလို့ ရမှာလဲ။ ကျွန်တော် အိမ်ပြန်ပြီး စီနီယာရဲ့ တပည့်ဖြစ်လာဖို့ လက်ဆောင်ပေးခြင်း အခမ်းအနားတစ်ခုကို ပြင်ဆင်လိုက်ပါမယ်”

လီရွှမ်ဟာ နေရာတွင် မျက်လုံးပြူးကာ ရပ်ကျန်ခဲ့၏။ ရွှီယန်ဟာ ပြေးထွက်သွားပြီး သူ၏ မြင်ကွင်းအတွင်းမှ လျှင်မြန်စွာ ပျောက်ကွယ်သွားသည်။

မျက်စိတစ်မှိတ် အတွင်းတွင် လဝက်ဟာ ကုန်လွန်သွားခဲ့သည်။ ဒီလဝက်တွင်းတွင် လီရွှမ်ဟာ အခွင့်အရေးကို ဆုပ်ကိုင်ကာ ရွှီယန်ဆီမှ အပြင်ဘက်လောက၏ အကြောင်းများကို ပိုမို မေးမြန်းခြင်း(သို့) ဒီရွာမှ ထွက်ခွာနိုင်မည့် အခွင့်အရေးကိုပင် စူးစမ်းခြင်း မပြုမိခဲ့သည့်အတွက် နောင်တများဖြင့် ပြည့်နှက်နေ၏။

မည်သူ ထင်ထားမိမည်နည်း။ ရွှီယန်ကာ ထပ်မံ ရောက်လာခဲ့ပြန်လေသည်။ ထို့အပြင် သူဟာ တပည့်ဖြစ်လာရန်အတွက် လက်ဆောင်များကို ယူဆောင်လာ၏။ တစ်ဖက်လူဟာ သူ့ကို ဆရာအဖြစ် တင်မြှောက်ရန် လုံးဝ ဆုံးဖြတ်ထားသည့် ပုံပါ။

သူ့အနေနှင့် မည်မျှပင် ငြင်းဆန်စေကာမူ ခေါင်းမာစွာဖြင့် သူ့ကို ကျွမ်းကျင်သူ တစ်ယောက်ဟုသာ ထင်နေ၏။ လီရွှမ်ဟာ မည်သူကိုမှ လိမ်ညာလိုခြင်း မရှိပါ။ အထူးသဖြင့် ယခုကဲ့သို့ သာမန်မဟုတ်သည့် နောက်ခံနှင့် လူတစ်ယောက်ကို ဖြစ်၏။

သူ့တွင် မည်သည့် ရွှေလက်ချောင်း(သို့) စနစ်မှ မရှိပေ။ လိမ်ညာမှုများသာ ပေါ်သွားပါက မည်ကဲ့သို့ ဖြစ်လာမည်ကို တွေးကြည့်ရန်ပင် ဝံ့ရဲခြင်းမရှိပေ။ ထို့ကြောင့် အကြိမ်ကြိမ် ငြင်းဆန်၊ အကြိမ်ကြိမ် ရှင်းပြသည်။

သို့ပေမယ့် ရွှီယန်ဟာ လက်လျှော့သွားခြင်း မရှိပေ။ သူ့ကို ပုန်းအောင်းနေသည့် ကျွမ်းကျင်သူ တစ်ယောက်ဟု ခိုင်မာစွာ ယုံကြည်နေပြီး ထိုယုံကြည်မှုကို လုံးဝ ပြိုလဲအောင် လုပ်နိုင်ခြင်း မရှိပါ။

“ဂုဏ်သရေရှိ အကြီးအကဲခင်ဗျာ.. ဒါက ရွှေ၃၀၀လျန်ပါ။ ဒီလို လောကပစ္စည်းတွေက အကြီးအကဲရဲ့ မျက်လုံးထဲကို ဝင်နိုင်ပါ့မလားတော့ မသိဘူး။ ဒါပေမယ့် တပည့်အဖြစ် ပူဇော်မှုလက်ဆောင်က မရှိလို့ မရဘူး။ ဒါက ကျွန်တော့ရဲ့ စိတ်ရင်းလေးပါ”

ရွှီယန်က သေတ္တာတစ်ခုကို ဖွင့်သည်။ အတွင်းထဲတွင် ရွှေချောင်း၃၀တို့ကို သပ်ရပ်စွာ စီရီထား၏။

လီရွှမ်က ရွှေချောင်းများကို ကြည့်သည်။ တံတွေးမြိုချကာ စိတ်ဝင်စားသွား၏။ သို့ပေမယ့် နောက်ဆုံးတွင် အံကိုကြိတ်ကာ တောင့်ခံထားဆဲ ရှိသည်။

“ငါတပည့်တွေ လက်မခံဘူး။ ပြီးတော့ ပုန်းအောင်းနေတဲ့ ကျွမ်းကျင်သူတစ်ယောက်လည်း မဟုတ်ဘူး။ မြန်မြန်လေး ပြန်ယူလိုက်။ ငါက မင်းထက် နှစ်အနည်းငယ်ပဲ အသက်ပိုကြီးတာ”

“အကြီးအကဲက ငယ်ရွယ်ပုံ ပေါ်ပေမယ့် ဒါက မြင့်မားတဲ့ ကျင့်ကြံမှုအဆင့်ကြောင့် နုပျိုမှုကို ထိန်းသိမ်းထားနိုင်တာ ဖြစ်မှာ”

ရွှီယန်က ခိုင်မာစွာပင် ပြန်ပြော၏။ ပြီးနောက် ဒုတိယမြောက် သေတ္တာကို ဖွင့်လိုက်သည်။

“ဒါက ကျွန်တော်တို့ ရွှီမိသားစုရဲ့ ရတနာ.. နှစ်တစ်ထောင်ဂျင်ဆင်းပါ။ ကျွန်တော့ရဲ့ ဒုတိယမြောက် ပူဇော်ခြင်းလက်ဆောင်လည်း ဖြစ်တယ်။ အကြီးအကဲက လက်ခံပေးဖို့ မျှော်လင့်ပါတယ်”

လီရွှမ်းဟာ တံတွေးကို မြိုချမိပြန်၏။ သေတ္တာဘူးအတွင်းရှိ ပြီးပြည့်စုံသည့် အမြစ်ကို ကြည့်သည်။ နှစ်တစ်ထောင်ဂျင်ဆင်းဟာ လူသားသဏ္ဍာန်သို့ ပြောင်းလဲပြီးဖြစ်ကာ ဂျင်ဆင်း၏ မွှေးရနံ့က သူ၏ နှာခေါင်းဆီသို့ ထိုးဖောက်လာခဲ့သည်။ လူတစ်ကိုယ်လုံး လန်းဆန်းသွားသည့် ပုံပါ။

နှစ်တစ်ထောင် ဂျင်ဆင်းမှာ သေချာပေါက် ရှားပါးသည့် ရတနာတစ်ခု ဖြစ်မှာပါ။ ရွာရှိ အကြီးအကဲများဟာ တစ်ခါ ပြောခဲ့ဖူး၏။ နှစ်တစ်ရာဂျင်ဆင်းဟာ သေတော့မည်လူ တစ်ယောက်၏ အသက်ကို သုံးရက်ကြာအောင် ဆွဲဆန့်ထားပေးနိုင်သည်။ အသက်ဓါတ်ကို ကြီးစွာ တိုးမြင့်စေပြီး အံ့ဖွယ်ကောင်းလှသည့် အသက်ရှည်စေသည့် အာနိသင် ရှိ၏။

ထိုအံ့ဩစရာ ကောင်းလှသည့် အကျိုးကျေးဇူးတို့ကြောင့် နှစ်တစ်ထောင် ဂျင်ဆင်းသာ ဖြစ်ပါက ပိုမိုကာပင် ကောင်းကင်ကို ဆန့်ကျင်နေမှာပါ။

လီရွှမ်ဟာ အနည်းငယ် စိတ်ဝင်စားသွားသည်။ သို့ပေမယ့် အံကိုကြိတ်လိုက်ပြန်ကာ ဆက်လက်ပြော၏။

“ပြန်ယူလိုက်။ ငါက တကယ်ပဲ ကျွမ်းကျင်သူတစ်ယောက် မဟုတ်ဘူး။ ပြီးတော့ ငါ့မှာ ဘာကျင့်စဉ်မှလည်း မရှိဘူး”

ရွှီယန်က တတိယမြောက် သေတ္တာကို ဖွင့်သည်။

“ဂုဏ်သရေရှိ အကြီးအကဲခင်ဗျာ.. ဒါကတော့ အရွက်ကိုးခု ဆေးပင်ပါ။ ဒါက ကျွန်တော့ရဲ့ တတိယမြောက် ပူဇော်ခြင်းလက်ဆောင်ပါ”

“အရွက်ကိုးခု ဆေးပင်လား”

လီရွှမ်ဟာ ၎င်းကို ကြည့်လိုက်သည်နှင့် အကြည့်လွဲရန် ခက်ခဲစွာ ရှိနေ၏။ ရွာက အကြီးအကဲများ တစ်ခါ ပြောခဲ့ဖူးသည်။ ဤသည်မှာ လောကကြီးတွင် အဖိုးတန်ဆုံး ဆေးပင်ဖြစ်၏။

အရွက်ကိုးမျိုး ဆေးပင်ကို စားသုံးပါက လူတစ်ယောက်ကို ရောဂါအားလုံးအား ခံနိုင်ရည်ရှိစေသည်။ စိတ်ကြည်လင်ကာ ဆံပင်များလည်း ဖြူမည်မဟုတ်ပေ။ သက်တမ်းကို နှစ်ပေါင်း၂၀လောက် ဆွဲဆန့်ပေးနိုင်၏။

ဤသည်မှာ လောကတွင် မြင်တွေ့ရခဲသည့် ရတနာတစ်ခု ဖြစ်သည်။

လီရွှမ်ဟာ သေတ္တာအတွင်းရှိ ဆေးပင်ကို ကြည့်လိုက်သည်။ ၎င်း၏အရောင်ဟာ ကျောက်စိမ်းဖြူရောင် ရှိ၏။ ရိုးတံတွင် ခရမ်းရောင် အရွက်ကိုးခုတို့ ပေါက်နေကြသည်။

သူက အသက်ကို နက်ရှိုင်းစွ ရှူကာ ကိုယ့်ကိုယ်ကိုယ် အတင်း အကြည့်လွှဲလိုက်သည်။ နက်ရှိုင်းစွာ သက်ပြင်းချပြီးနောက် လျှို့ဝှက််နက်နဲဟန် ဆောင်၏။

“ကောင်းပါပြီ။ မင်းအနေနဲ့ ဒီနေရာကို လာနိုင်ကတည်းက ဒါက ကံတရားကြောင့် ဖြစ်မယ်။ ငါမင်းကို တပည့်အဖြစ် လက်ခံပေးလိုက်မယ်”

သူဟာ အမှန်တကယ်ကို ငြင်းဆန်နိုင်စွမ်း မရှိတော့ပါ။ အဘယ်ကြောင့်ဆိုသော် ရွှီယန်၏ ပေးကမ်းမှုများဟာ အလွန် များပြားလှသောကြောင့် ဖြစ်၏။

All Chapters