← Chapters

အရိုးသန့်စင်ခြင်း အဆင့်အား ကျပန်းဖန်တီးခြင်း

Vol. 1 Ch. 6

အရိုးသန့်စင်ခြင်း အဆင့်အား ကျပန်းဖန်တီးခြင်း

Vol. 1 Ch. 6

"အရိုးသန့်စင်ခြင်း နည်းလမ်းမှာ သူ့ရဲ့ကိုယ်ပိုင် အထူးပြုမှုတွေရှိပြီး အဆင့်အလိုက်လည်း ခြားနားတယ်..."

ရွှီယန်၏ အရိုးသန့်စင်ခြင်း အကြောင်းအားမေးမြန်းခြင်းဟာ မထင်မှတ်ထားသည့် ကိစ္စတစ်ခုဖြစ်ပေမယ့် လီရွှမ်ဟာ တည်ငြိမ်နေဆဲ ရှိသည်။

ပြီးခဲ့သည့်ဘဝတွင် အွန်လိုင်းစာရေးဆရာတစ်ယောက်ဖြစ်ခဲ့ရာ သူသည် ပုံပြင်များကို ဖန်တီးရာ၌ ထူးချွန်ပါသည်။

ဒီရက်များတွင် အရွက်၉ခုဆေးပင်နှင့် ကြက်သားကိုစွပ်ပြုတ်ပြုတ်ထားသည့် ဟင်းပွဲက သူ၏ မှတ်ဉာဏ်များကို မြှင့်တင်ပေးကာ စိတ်ကို ထက်မျှအောင် သွေးပေးခဲ့သည်။

ထို့ကြောင့် ရှင်းပြချက်တစ်ခုကို မည်ကဲ့သို့ ပုံဖော်ရမည်နည်းဟု လျှင်မြန်စွာ နားလည်လာခဲ့၏။

"ဒီနေ့မှာ.. မင်းရဲ့ဆရာက အရိုးသန့်စင်ခြင်းအကြောင်းနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို အသေးစိတ်ရှင်းပြမယ်.."

"အရိုးသန့်စင်ခြင်းက အရမ်းကို အရေးကြီးတဲ့အခြေခံတစ်ခုပဲ။ ပေါ့ပေါ့ဆဆ သတ်မှတ်လို့မရဘူး။ အဲ့ဒါက မင်းရဲ့သိုင်းခွန်အားကို ဆုံးဖြတ်ပေးလိမ့်မယ်။ အရိုးသန်မာခြင်းမရှိရင် ခန္ဓာကိုယ်လည်း သန်မာမှာမဟုတ်ဘူး..."

လီရွှမ်၏စိတ်က လျှင်မြန်စွာ လှည့်ပတ်နေပြီး ပုံပြင်များကို အစီအရီ စတင်ဖန်တီး၏။ သူ၏သီအိုရီများက အကြိမ်ကြိမ် ခေါင်းငြိမ့်နေသည့် ရွှီယန်ကို လုံးဝဆွဲဆောင်သွား၏။ ရံဖန်ရံခါ သူ၏ပုံက ရုတ်တရက် နားလည်မှုရသွားသကဲ့သို့လည်း ဖြစ်သွားတတ်သည်။

'ဒါဆို အရိုးသန့်စင်ခြင်းက အာရုံစိုက်ရမယ့် အချက်တွေ အများကြီးရှိတာပေါ့..'

'ကံကောင်းစွာပဲ ဆရာက ငါ့ကိုအမြဲတမ်း တည်တည်ငြိမ်ငြိမ်နဲ့ စိတ်ရှည်ရှည်ထားဖို့ ညွှန်ကြားလေ့ရှိတယ်။ မဟုတ်ရင် အဲ့ဒါရဲ့သဘောတရားတွေကို နားမလည်ဘဲ အလျှင်စလို သန့်စင်မိရင် ငါ့ရဲ့သိုင်းပညာအနာဂတ်ကို ပျက်စီးသွားစေမှာ..'

ရွှီယန်သည် ခံစားချက်မြင့်စွာဖြင့် သက်ပြင်းချမိ၏။

'အမှန်ပဲ.. ငါဆရာ့ရဲ့သင်ကြားမှုတွေကို အလေးအနက်ထားရမယ်။ စိတ်မရှည်ဖြစ်လို့ မရဘူး။ တည်တည်ငြိမ်ငြိမ်နဲ့ ပိုပြီးတော့ စဉ်းစားမှုတွေပြုရမယ်..'

သူက နားထောင်လေလေ အရိုးသန့်စင်ခြင်းအဆင့်၏ နက်ရှိုင်းမှုအား ပိုမိုနားလည်လာလေ ဖြစ်လာခဲ့၏။

အရိုးသန့်စင်ခြင်းသာ ပြီးမြောက်သွားပါက သူ၏ခွန်အားမှာ အစပေါင်းများစွာ တိုးတက်လာမှာ သေချာပါသည်။

'ငါအရေပြားသန့်စင်ခြင်းအဆင့်ကို ပြီးမြောက်ဖို့ အနီးကပ်နေပြီ။ အဲ့ဒါကို ပြီးမြောက်ပြီးရင် စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီး အရိုးသန့်စင်ခြင်း လမ်းကြောင်းကို သေသေချာချာ အာရုံပြုဆင်ခြင်ပြီးမှ စတင်ကျင့်ကြံရမယ်။ လောလို့မရဘူး..'

ရွှီယန်က စိတ်ပိုင်းဖြတ်လိုက်သည်။

လီရွှမ်သည် ပုံပြင်တစ်ပုဒ်ကို လုပ်ဇာတ်ခင်းကာ ပြောရင်းမှ ရွှီယန်၏ပုံစံကို အကဲခတ်နေ၏။ သူ့တပည့်၏ အာရုံစိုက်ကာ အလေးအနက်ရှိနေသည့်ပုံကို တွေ့ရပြီးနောက် ကျေနပ်စွာနှင့် ခေါင်းငြိမ့်ပြီး ပြောသည်။

"ကလေး.. မှတ်ထား.. မင်းရဲ့စတင်ကျင့်ကြံမှုက နှေးကွေးတိုင်း အမြဲတမ်းဆက်ပြီး နှေးကွေးနေမယ်လို့ မဆိုလိုဘူး.."

"ဒါကမျှော်စင်တစ်ခုကို ဆောက်လုပ်သလိုပဲ.. အခြေခံက အရမ်းကို အရေးကြီးတယ်။ အခြေခံသာ မခိုင်မာဘူးဆိုရင် အဲ့ဒါက တည်မြဲမှာမဟုတ်ဘူး။ လေနဲ့မိုးတွေကို ခံနိုင်မှာ မဟုတ်ဘူး.."

"ပြိုကျဖို့အတွက် အရမ်းကို လွယ်ကူနေလိမ့်မယ်။ ကျင့်ကြံမှုကလည်း အတူတူပဲ။ အစောပိုင်းအဆင့်တွေမှာ မြန်ဆန်မှုနောက်ကိုလိုက်တာက မင်းရဲ့ပါရမီကို အတားအဆီး ဖြစ်စေပြီး သိုင်းပညာလမ်းကြောင်းကို အကန့်အသတ်တစ်ခုမှာ ရပ်ဆိုင်းသွားစေလိမ့်မယ်.."

"အတိတ်တုန်းက လူပေါင်းများစွာလည်း သူတို့ရဲ့အစောပိုင်းကျင့်ကြံမှုတွေမှာ အလျှင်စလို ပြုမူခဲ့ကြတယ်.."

"အဲ့ဒါက ပါရမီမြင့်မားတယ်လို့ ထင်စဖွယ်ရှိပေမယ့် နောက်ပိုင်းမှာ အားနည်းတဲ့အခြေခံနဲ့ သူတို့တွေရဲ့ တိုးတက်မှုက အရမ်းကို နှေးကွေးလာခဲ့တယ်.."

"တစ်ခါတစ်ရံမှာ အကန့်အသတ်ကို ရောက်ရှိပြီး ဆက်ပြီးတော့တောင် တိုးတက်နိုင်ခြင်း မရှိတော့ဘူး.."

လီရွှမ်က ရွှီယန်ကို နှစ်သိမ့်ရန်အတွက် စကားလုံးများကို ရွေးချယ်ကာ ပြောသည်။

တစ်ဖက်လူသည် ချီနဲ့သွေးကို အာရုံခံနိုင်ခြင်း မရှိသေးခြင်းကြောင့် အခြေခံတည်ဆောက်မှုတွင် အမြန်နှုန်းကို ဦးစားပေးစရာမလိုဘဲ ခိုင်မာသည့် အခြေခံတည်ဆောက်ခြင်းသာလျှင် အဓိကဖြစ်သည်ဟု ရှင်းပြ၏။

သို့ပေမယ့် ထိုစကားကို ရွှီယန်က ကြားရသောအခါ အလွန်အားတက်သွားသည်။ သူက ကိုယ့်ကိုယ်ကို စဉ်းစား၏။

'ဆရာက ငါ့ကို သတိပေးနေတာပဲ။ ငါ့ရဲ့ကျင့်ကြံမှု အမြန်နှုန်းက အတိတ်ရဲ့ပါရမီရှင်တွေနဲ့ နှိုင်းယှဉ်နိုင်ခြင်း မရှိပေမယ့် ငါ့မှာသာ ခိုင်မာတဲ့အခြေခံရှိရင် အဆုံးသတ်မှာ သူတို့ကိုသေချာပေါက် ဖြတ်ကျော်နိုင်မှာ..'

'ဆရာ့မှာ ငါ့အတွက် မြင့်မားတဲ့ မျှော်လင့်ချက်တွေ ရှိတယ်။ ငါသူ့ကို စိတ်ပျက်စေလို့ မဖြစ်ဘူး..'

'ငါခိုင်မာတဲ့ အခြေခံကို တည်ဆောက်ပြီး အဲ့ဒီ့ဒဏ္ဍာရီဆန်တဲ့ ပုဂ္ဂိုလ်တွေကို ဖြတ်ကျော်ရမယ်..'

ရွှီယန်က နက်ရှိုင်းသည့် ကျေးဇူးတင်မှုကို ခံစားလိုက်ရပြီး လေးစားစွာပြော၏။

"ဆရာ စိတ်မပူပါနဲ့။ ကျွန်တော် ဆရာ့ရဲ့ သင်ကြားမှုတွေကို မှတ်သားထားပါမယ်။ စိတ်ရှည်ရှည်နဲ့ ခိုင်မာတဲ့အခြေခံကိုတည်ဆောက်ပြီး ဆရာ့ကို စိတ်မပျက်စေရပါဘူး.."

လီရွှမ်က ကျေနပ်စွာ ခေါင်းငြိမ့်ပြီး ပြောသည်။

"ငါရဲ့ရည်ရွယ်ချက်ကို မင်းနားလည်တဲ့အတွက်.. ငါ စိတ်‌အေးပါပြီ.."

သူက သက်ပြင်းချသည်။

'နောက်ဆုံးတော့ ငါသူ့ကိုထပ်ပြီးတော့ အရူးလုပ်နိုင်ခဲ့ပြီ။ အဲ့ဒါက ၁လသို့မဟုတ် ၂လအတွင်းမှာ ချီနဲ့သွေးကို အာရုံခံနိုင်ခြင်း မရှိရင်တောင် သူတည်ငြိမ်နေနိုင်စေလောက်တယ်မလား..'

'နောက်ပြီး အရွက်၉ခုဆေးပင်နဲ့ ကြက်စွပ်ပြုတ်ကိုစားသုံးနေတာ ငါ့ရဲ့ခန္ဓာကိုယ်က ပိုပြီးသန်မာလာခဲ့တယ်။ ဒါ့ကြောင့် သူ့ရဲ့ခန္ဓာကိုယ်လည်း ပိုပြီးတော့ သန်မာလာလောက်တယ်။ အဲ့ဒါကို ကျင့်ကြံခြင်းရလဒ်တစ်ခုလို့ သူထင်ကောင်းထင်နေနိုင်တယ်..'

'ဒါပေမယ့် လိမ်လည်လှည့်ဖြားတယ်ဆိုတာ အကြာကြီးမခံလောက်ဘူး။ အထူးသဖြင့် ကျင့်ကြံတဲ့ နေရာမှာပဲ။ ရွှီယန်ရဲ့ဦးနှောက်က သိပ့်ပြီးတော့ မကောင်းဘူး။ ဒါ့ပေမယ့် ဒီအခြေအနေကနေ ထွက်ပေါက်တစ်ခုကို ငါစဉ်းစားဖို့လိုအပ်သေးတယ်။ ဒီကောင်က စွမ်းအားကြီးတဲ့ နောက်ခံရှိတယ်..'

ရွှီယန်၏ စိတ်အခြေအနေကို တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် ကျန်သည်များမှာ များစွာ ပိုမိုလွယ်ကူပါသည်။ တစ်ဖက်လူကို ဆက်လက်ကျင့်ကြံခိုင်းရုံသာ ရှိ၏။ အချိန်တစ်နှစ် သတ်မှတ်ချက်သို့ ရောက်ရှိရန် ရက်ပေါင်းများစွာ လိုပါသေးသည်။

"ဆရာ.. ဆရာပြောတော့ အရိုးသန့်စင်ခြင်းမှာ အဆင့်တွေရှိတယ်ဆို။ အဲ့ဒါကိုရော ရှင်းပြလို့ရမလား.."

ရွှီယန်က လေးစားစွာ မေးသည်။

"ကောင်းပြီ။ အမှန်ပဲ.. အရိုးသန့်စင်ခြင်းမှာ ခြားနားတဲ့အဆင့်တွေ ရှိနေတယ်.."

လီရွှမ်က ရပ်တန့်သွား၏။ သူ့တွင် အရိုးသန့်စင်ခြင်း၏ အဆင့်များကို ဖန်တီးရန် ရှိကြောင်းအား မေ့လုမတတ် ဖြစ်သွားခဲ့၏။

'အရိုးသန့်စင်ခြင်းရဲ့ ခက်ခဲမှုကို အရမ်းမြင့်မားအောင် လုပ်လိုက်ရင် ချီနဲ့သွေးကို အာရုံခံနိုင်ခြင်း မရှိဘဲ အရေပြားသန့်စင်ခြင်းကိုတောင် မလုပ်နိုင်တဲ့ ရွှီယန်အတွက် ပိုပြီးတော့တောင် ဆိုးဆိုးရွားရွား ခံစားသွားရမှာ ..'

'အချိန်အတော်ကြာအောင် အောင်မြင်အောင် မကျင့်နိုင်ရင် ခက်ခဲမှုကိုလက်ခံပြီး သူ့ရဲ့ပါရမီကို မလုံလောက်ဘူးလို့ ထင်သွားလိမ့်မယ်..'

'အဲ့ဒီ့အခါ သူ့ဘာ့သာထွက်ခွာဖို့ စတင်ပြောလာပြီး ဆရာဖြစ်သူရဲ့သင်ကြားမှုကို အလကားဖြစ်စေမိတဲ့အတွက် အပြစ်ရှိစွာ ခံစားသွားရမှာ...'

'တကယ်လို့ ငါကသူ့ကို နောက်ထပ်အခွင့်ရေးပေးလိုက်ရင်.. ဥပမာအားဖြင့် သူ့မှာ ကလေးတွေရှိလာခဲ့ရင် အောင်မြင်နိုင်မလားလို့ လာပြီးတော့ ကျင့်ကြံခိုင်းကြည့်လို့ရတယ်လို့ စကားခင်းလိုက်မယ်။..'

'ဒါဆိုရင် သူ့မှာမျှော်လင့်ချက် နည်းနည်းလောက် ရှိလာမှာ။ သူကိုယ်တိုင်က မကျင့်ကြံနိုင်ပေမယ့် သူ့ရဲ့ကလေးတွေကို ဆက်ပြီးတော့ ကျင့်ကြံခိုင်းလို့ရတယ်...'

'အဲ့နည်းနဲ့ဆိုရင် အလိမ်ပေါ်သွားဖို့ ဖြစ်နိုင်ခြေက ပိုပြီးတော့ နည်းပါးသွားမှာ။ ငါလည်းသူ့ရဲ့အနာဂတ် ကလေးတွေ တပည့်သားချင်း ဖြစ်လာဖို့အတွက် ပူဇော်ကြေးတွေ အများကြီးရနိုင်ဦးမှာ...'

သူသည် တစ်ဖက်လူကို တစ်ကြိမ် လိမ်လည်ခဲ့ပြီးဖြစ်၏။ ထို့ကြောင့် ဒုတိယအကြိမ် ထပ်မံလိမ်လည်ရန် ကိစ္စမရှိပါ။

လီရွှမ်သည် အရာအားလုံးတို့ ပြီးဆုံးပါက ဒီရွာငယ်လေးမှထွက်ပြေးကာ ဝူနိုင်ငံတွင် သွားရောက်ပုန်းအောင်းနေမည်ဟု ဆုံးဖြတ်ပြီး ဖြစ်၏။

ဤနည်းအားဖြင့် ရွှီယန်နှင့် ထပ်မံတွေ့ဆုံမည့် အခွင့်အရေးဟာ အလွန် နည်းပါးမှာပါ။ ရွှီယန်၏ ပူဇော်ခြင်းလက်ဆောင်များနှင့် သူ၏ ဝူနိုင်ငံရှိဘဝဟာ ပိုမိုကောင်းမွန်နေမှာ ဖြစ်၏။

သူက ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်လုပ်ကာ လေးနက်သည့် အသွင်တစ်ခုကို ထားရှိပြီး ပြော၏။

"အရိုးသန့်စင်ခြင်းလမ်းကြောင်းမှာ အဆင့်၄ဆင့်ရှိတယ်။ အဲ့ဒါက အရိုးကို သံအဖြစ်သန့်စင်ခြင်း၊ အရိုးကို ကြေးအဖြစ်သန့်စင်ခြင်း၊ အရိုးကို ရွှေအဖြစ်သန့်စင်ခြင်းနဲ့ အရိုးကို ကျောက်စိမ်းအဖြစ်သန့်စင်ခြင်းတို့ ဖြစ်တယ်.."

ရွှီယန်၏ပုံက စိတ်လှုပ်ရှားသွားပြီး မေး၏။

"သံအရိုး၊ ကြေးအရိုး၊ ရွှေအရိုး၊ ကျောက်စိမ်းအရိုး...အဲ့ဒါတွေက အရိုးသန့်စင်ခြင်းရဲ့ အဆင့်၄ဆင့်လား.."

လီရွှမ်က ခေါင်းကိုရမ်းကာ ဖြေကြား၏။

"မဟုတ်ဘူး။ အဲ့ဒါက သိုင်းသမားတွေရဲ့ ပါရမီအကန့်အသတ်နဲ့ တိုက်ခိုက်မှုခွန်အားကို ကိုယ်စားပြုတဲ့ အရိုးသန့်စင်ခြင်းအဆင့် ၄ခုပဲ.."

"သံအရိုးက သိုင်းသမားတွေအတွက် အရိုးသန့်စင်ရာမှာ သာမန်အကျဆုံး အဆင့်ပဲ။ ချီနဲ့သွေးကို အသုံးပြုပြီး အရိုးကို သံလိုမာကျောအောင် သန့်စင်တာ။ သာမန်ဓားချက်တွေကို ခံနိုင်ရည်ရှိတယ်။ ဒါပေမယ့် သံအရိုးက သာမန်ပဲ။ သိုင်းပညာပါရမီ မမြင့်မားဘူးလို့ ပြောရတယ်.."

"ကြေးအရိုးက သံအရိုးထက်ပိုပြီးတော့ သန်မာတယ်။ အရိုးက ကြေးလိုဖြစ်လာတာ။ သေဆုံးပြီးရင် နှစ်၁၀၀၀ကြာတာတောင် မယိုယွင်းသွားဘူး။ ကြေးအရိုးအထိ လေ့ကျင့်ပြီးရင် အခြေခံ နက်ရှိုင်းပြီး သိုင်းပညာအလားအလာက ပိုပြီးတော့ မြင့်မားတယ်။ သာမန်ထက်ပိုတယ်လို့ ယူဆလို့ရတယ်.."

"ရွှေအရိုးအဆင့်ကို ရောက်တော့မှပဲ စစ်မှန်တဲ့ထူးချွန်သူတစ်ယောက်လို့ ယူဆလို့ရတယ်.."

လီရွှမ်၏ ပုံစံက လေးနက်သွား၏။

"အတိတ်ရဲ့ဒဏ္ဍာရီတွေ အားလုံးထဲမှာ ထူးချွန်တဲ့ပုဂ္ဂိုလ်အားလုံးက ရွှေအရိုးအဆင့်ကို ချွင်းချက်မရှိဘဲ ရောက်ခဲ့ကြတယ်.."

ရွှီယန်၏ စိတ်လှုပ်ရှားမှုဟာ အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနေပြီး သူ၏မျက်လုံးများက တောက်ပနေပါသည်။

ဆက်လက်မေးမြန်း၏။

"ဆရာ.. လူတစ်ယောက်က ရွှေအရိုးအဆင့်ကိုရောက်အောင် ဘယ်လိုကျင့်ကြံရတာလဲ.."

တစ်ဖက်လူ၏ စိတ်အားထက်သန်နေသည့် အသွင်ကိုတွေ့ရပြီးနောက် လီရွှမ်က အနည်းငယ် ပြောစရာစကားမဲ့သွား၏။

ဒီအရူးက ရွှေရိုးအဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံနိုင်မည်ဟု သူ့ကိုယ်သူအမှန်တကယ် ထင်နေသည်လား။

ဤသည်က သူလျှောက်ပြောသည့် အရာတစ်ခုသာဖြစ်ပါသည်။ ထို့ကြောင့် လေးနက်စွာ ပြော၏။

"စိတ်ကိုရှည်ရှည်ထား.. မလောနဲ့.."

"ဟုတ်ကဲ့ပါဆရာ.."

ရွှီယန်က သူ၏စိတ်အားထက်သန်မှုကို လျှင်မြန်စွာဖိစီးပြီး ခါးကိုမတ်ကာ ထိုင်လိုက်သည်။

"ရွှေရိုးကို အောင်မြင်ပြီးရင် သေဆုံးပြီးတဲ့အခါ နှစ်ပေါင်းသောင်းနဲ့ချီအောင် မြှပ်ထားရင်တောင် သံမဏိထက် ကျော်လွန်တဲ့ မာကျောမှုနဲ့ ရွှေအဆင်းရှိနေဦးမှာ။ ဒါပေမယ့် သမိုင်းတစ်လျှောက်မှာ လူ၁၀၀၀၀မှာမှ ၁ယောက်လောက်ပဲ ရွှေရိုးကို အောင်မြင်နိုင်ကြတယ်.."

လီရွှမ်က လေးလံသည့်လေသံဖြင့် ပြော၏။

"ငါပြောတဲ့ လူ၁၀၀၀၀မှာ ၁ယောက်ဆိုတာ ပါရမီရှင်တွေများစွာအကြားမှာမှ ၁ယောက်ကိုဆိုလိုတာ.."

"ဆရာ.. ပါရမီရှင်တွေ အကြားမှာရော ခြားနားတဲ့အဆင့်တွေ ရှိနေတာလား"

ရွှီယန်က သိလိုစွာမေး၏။

"ဒါပေါ့.."

လီရွှမ်က ခေါင်းငြိမ့်သည်။

"အဲ့ဒါက မိန်းမလှလေးတွေလိုပဲ။ အားလုံးက လှပတယ်လို့ ယူဆနိုင်ပေမယ့် ခြားနားတဲ့အဆင့်တွေ ရှိနေတုန်းပဲ။ ပါရမီရှင်တွေမှာလည်း အတူတူပဲ.."

ရွှီယန်က နားလည် သဘောပေါက်သွား၏။

"ကျွန်တော်သိပြီ။ အဲ့ဒါက သုံဟယ်ဒေသရဲ့ ချွမ်ရှန်းအဆောက်အအုံက ဖျော်ဖြေတဲ့မိန်းကလေးတွေလိုပဲ .."

"သူတို့အားလုံးကို လှပတယ်လို့ ယူဆလို့ရတယ်။ ဒါပေမယ့် ထိပ်တန်း ပြည့်တန်ဆာတွေက ပိုပြီးတော့လှပကြတယ်.."

လီရွှမ်က သူ့ကိုထူးဆန်းစွာ ကြည့်သည်။ သူဌေးသားတစ်ယောက် ပီသလှသည်ဟု စိတ်ထဲတွင် ခံစားချက်မြင့်စွာ ကျိန်ဆဲမိ၏။

ဆောင်ကြာမြိုင်များသို့ အကြိမ်ပေါင်းများစွာ ရောက်ဖူးလောက်ပါသည်။ သူလည်းပဲ သွားချင်မိ၏။

"ဆရာ.. ဆရာ့တပည့်က ဒီတိုင်းပဲ စိတ်ကူးကြည့်လိုက်တာပါ။ အဲ့ဒီ့ကို တစ်ခါမှ မရောက်ဖူးဘူး.."

လီရွှမ်၏ ထူးဆန်းသည့် အကြည့်ကို သတိထားမိပြီးနောက် ရွှီယန်က ချက်ချင်းပင် နေရခက်စွာဖြင့် ရှင်းပြ၏။

All Chapters