← Chapters

တပည့် စွန့်ပစ်ခံခဲ့ရတယ်

Vol. 1 Ch. 10

တပည့် စွန့်ပစ်ခံခဲ့ရတယ်

Vol. 1 Ch. 10

ရွှီယန်ထွက်ခွာသွားပြီး ပထမတစ်ရက်တွင် လီရွှမ် မနက်စောစောထကာ ပြင်ပသို့ ထွက်ခဲ့၏။ ပုံမှန်အားဖြင့် မောမောပန်းပန်း ကျင့်ကြံနေတတ်သည့် ပုံရိပ်ကို တွေ့မြင်ရခြင်း မရှိပေ။ သူ့အတွက် ချက်ပြုတ်ပေးမည့်သူလည်း မရှိပေ။

လီရွှမ်သည် ကြက်များကို အစာကျွေးကာ အပင်များကို ကိုယ့်ဘာသာ စိုက်ပျိုးသည်။ တစ်ခုခုလိုနေသည်ဟု ခံစားရ၏။

ရွှီယန်ထွက်သွားပြီး ဒုတိယမြောက်နေ့တွင် လီရွှမ် စတင်စိုးရိမ်လာခဲ့သည်။

'ငါ့ရဲ့အရူးတပည့်...သူမကောင်းဆိုးဝါးတောထဲမှာ သေသွားမှာတော့ မဟုတ်လောက်ဘူးမှတ်လား..'

'သူအဲ့ဒီ့ကို နှစ်ကြိမ်တောင် ဖြတ်သွားပြီး လုံလုံခြုံခြုံနဲ့ ပြန်လာခဲ့သေးတာပဲ။ ဒီတစ်ကြိမ်လည်း အတူတူဘဲ ဖြစ်မှာမှတ်လား..'

ရွှီယန်ထွက်သွားပြီး ပဥ္စမမြောက်နေ့တွင် လီရွှမ်သည် ရွာအပြင်ရှိ တောင်ကုန်းပေါ်သို့ သွားရောက်ကာ ရွှီယန်ထွက်ခွာသွားသည့် လားရာဆီသို့ ကြည့်၏။

မည်သူမှ ပြန်လာခြင်းမရှိပေ။

သူက စိတ်သက်သာရာ ရသွားသည်။

'တကယ်လို့ ပေါ်သွားခဲ့ရင်တောင် ငါ့လိုလူလိမ်မျိုးကို ဒီလောက်မြန်မြန် လာမဖမ်းလောက်ပါဘူး..'

'တကယ်များ ပေါ်သွားမှာများလား..'

'ဟူး...ရွှီယန်က ဦးနှောက်သိပ့်မကောင်းဘူး။ ဒါပေမယ့် သူ့ရဲ့မိသားစုနောက်ခံက မြင့်မားတယ်။ အနီးအနားမှာ ပါးနပ်တဲ့သူတွေ ရှိနေလောက်မှာ မလား..'

'ငါ့ကိစ္စကိုသာ ရှာတွေ့သွားရင် ပြဿနာတက်ပြီး..'

လီရွှမ်တစ်ယောက် ရှုပ်ထွေးစွာ ခံစားရ၏။ စိုးလည်းစိုးရိမ်နေပါသည်။

ရွှီယန်ထွက်သွားပြီး ၁၀ရက်မြောက်နေ့တွင်... လီရွှမ်သည် တောင်ကုန်းထက်မှ ကြည့်နေခဲ့၏။ တစ်ခုခု အမှားအယွင်းရှိပါက ချက်ချင်းပင် ပုန်းအောင်းကာ ထွက်ပြေးမည်ဟု စီစဉ်ထားသည်။

'ငါ့ရဲ့ဒီတပည့် မကောင်းဆိုးဝါးသစ်တောထဲမှာ သေသွားပြီး အိမ်ပြန်မရောက်တာတော့ မဟုတ်ပါဘူးနော်..'

'ဒါမှမဟုတ် အိမ်မှာ ပိတ်ခံထိတာများလား..'

စဉ်းစားလေလေ ပိုမိုရှုပ်ထွေးလေလေ ဖြစ်လာခဲ့သည်။

စိတ်ထဲတွင် ကျိန်ဆဲမိ၏။

'ဖာ့ခ်.. ငါလည်းသူ့ကို လိမ်ချင်တာမဟုတ်ဘူး သူ့ဘာသာ တုံးအနေတာကမှ သူ့အမှားပဲ။ ဒီကိစ္စက ငါ့ကိုပဲ အပြစ်တင်လို့ မရဘူး..'

'ငါဘဝက တော်တော်ဆိုးတာပဲ။ တကယ့်ကို ရှက်ဖို့ကောင်းလိုက်တာ..'

လီရွှမ်က သက်ပြင်းချ၏။ လောကကူးပြောင်းလာသူ တစ်ယောက်အနေနှင့် သူ၏ဘဝဟာ အလွန်ရှက်ဖို့ကောင်းလှသည်ဟု ခံစားရသည်။

၁၁ရက်မြောက်နေ့တွင် နောက်ဆုံး၌ ရွှီယန်ပြန်လာခဲ့၏။

"ဆရာ တပည့်ပြန်လာပါပြီ.."

သူ့ကိုလေးစားစွာ နှုတ်ဆက်သည့် ရွှီယန်ကိုကြည့်ကာ... နောက်တွင်လည်း အခြားမည်သည့်လူမှ ပေါ်လာခြင်းမရှိပုံကို ကြည့်ကာ လီရွှမ် စိတ်သက်သာရာ ရသွားသည်။

"အင်း..မင်းပြန်လာတာ ကောင်းတယ်.."

သူ၏ပုံစံက တည်ငြိမ်စွာဖြင့် ပုံမှန်အတိုင်းသာ ရှိနေပြီး ရွှီယန်၏ပြန်လာမှုကို သိရှိပြီး ဖြစ်နေသကဲ့သို့ ရှိ၏။

"ဆရာ.. ဒါက တပည့်ရဲ့ ပူဇော်မှုလေးပါ.."

ရွှီယန်က ရှည်လျားသည့် သေတ္တာနှစ်ခုတို့ကို စားပွဲပေါ်သို့ တင်လိုက်သည်။

"မင်းရဲ့သိတက်မှုကို ငါအသိမှတ်ပြုပါတယ်.."

လီရွှမ်က တည်ငြိမ်စွာဖြင့် သေတ္တာတစ်ခုကို ဖွင့်သည်။ အတွင်းထဲတွင် ရွှေဓားအိမ်နှင့်‌ ဓားတစ်ချောင်းကိုတွေ့ရ၏။

ဓားအိမ်တစ်ခုလုံးဟာ ရွှေရောင်ရှိနေပြီး မင်္ဂလာတိမ်များနှင့် ဒဏ္ဍာရီသားရဲများ၏ပုံကို ထွင်းထုထားကာ အနီ၊ အဖြူ၊ အပြာ ကျောက်မျက်၉ခုတို့အား မြုပ်ထား၏။

"တကယ့်ကို ရတနာပဲ.."

တစ်ချက်ကြည့်သည်နှင့် ဒီဓါးသည် တန်ဖိုးမဖြတ်နိုင်ကြောင်းက်ု လီရွှမ်အား ပြောနေသကဲ့သို့ ရှိသည်။

သူက အားတက်သရော ဖြစ်သွား၏။

'ဒီအရူးတပည့်က ငါထင်ထားတာထက် ပိုပြီးတော့ ချမ်းသာတာပဲ..'

မည်သည့် လိုချင်တက်မက်သည့် ပုံစံကိုမှမပြဘဲ သူက လက်ကိုဆန့်ကာ သေတ္တာအတွင်းရှိ အဖိုးတန်ဓားကို မလိုက်သည်။ ၎င်းသည် အနည်းငယ်လေးလံ၏။ ဓားအိမ်၏နှစ်ဖက်လုံး၌ ကျောက်မျက်၉ခုတို့ကို မြှုပ်နှံထားပြီး စုစုပေါင်း၁၈ခု ရှိ၏။

ထိုကျောက်မျက်၁၈ခုနှင့်ပင် ပိုက်ဆံများစွာ တန်နေပြီးဖြစ်၏။ ဓားရိုးတွင် ပိုမိုကြီးမားသည့် အနီရောင်ကျောက်မျက်နှစ်ခုကိုလည်း မြှုပ်နှံထားပါသည်။

လီရွှမ် ဓားကို အနည်းငယ် ဆွဲထုတ်လိုက်သည်။ သူ၏မျက်လုံးများထဲတွင် ရွှေရောင်အလင်းတစ်ခု ပေါ်လာ၏။

ဤသည်မှာ ရွှေအတိဖြင့် ပြုလုပ်ထားသည့် ဓားတစ်ချောင်းဖြစ်ပါသည်။ သူက ဓားကို ပြန်ထည့်လိုက်သည်။

ထို့နောက် သေတ္တာအတွင်းသို့ ပြန်သိမ်းလိုက်၏။

သူ၏တည်ငြိမ်နေသည့် မျက်နှာနှင့် မလိုက်ဖက်စွာနှလုံးသားဟာ စိတ်လှုပ်ရှားမှုဖြင့် တုန်ခါနေပါပြီ။

'ငါတော့ ချမ်းသာပြီ။ ဒီဓားက မိသားစုအမွေအနှစ်အဖြစ်တောင် လက်ဆင့်ကမ်းလို့ရတယ်။ နောင်မှာ ဝူနိုင်ငံကို ထွက်ပြေးပြီးရင် စိုးရိမ်စရာမရှိတော့ဘူး..'

အသိအမှတ်ပြုသည့် အကြည့်ဖြင့် သူကပြော၏။

"ဒီမှာ မင်းရဲ့စိတ်ရင်းကို ငါမြင်နေရတယ်။ ငါ့အပေါ်ကို မင်းရဲ့သိတတ်မှုအတွက် ငါ့ဝမ်းသာတယ်။ ဒီဓားက သာမန်ပဲဆိုပေမယ့် ကစားကြည့်ရတာတော့ မဆိုးဘူး.."

ထိုစကားကို ကြားရပြီးနောက် ရွှီယန်က ပျော်သွား၏။ "ဆရာသဘောကျရင် ကျွန်တော်ကျေနပ်ပါပြီ.."

'ငါ့ရဲ့ဆရာက တကယ့်ကို စစ်မှန်တဲ့ လျှို့ဝှက် ပုဂ္ဂိုလ်ကြီးတစ်ယောက်ပဲ။ တန်ဖိုးမဖြတ်နိုင်တဲ့ ဓားတစ်ချောင်းကတောင် သူ့ကို စိတ်လှုပ်ရှားစေနိုင်ခြင်း မရှိဘူး။ အဲဒါကို ကစားစရာတစ်ခုထက်တောင် ပိုပြီးတော့မမြင်ဘူး..'

သူ၏ ဆရာဖြစ်သူအပေါ် ရိုသေလေးစားမှုဟာ ပိုမိုကာပင် ကြီးမားလာခဲ့ပြန်၏။

ရွှီယန်က ဒုတိယမြောက်သေတ္တာကို ဖွင့်လိုက်သည်။

အတွင်းထဲတွင် အပြစ်အနာဆာကင်းမဲ့သည့် ကျောက်စိမ်းတစ်ခုရှိ၏။ လီရွှမ်၏မျက်လုံးများကို အနည်းငယ် လင်းလက်သွားစေသည်။ ဤသည်မှာ ရှင်းလင်းစွာပင် ရတနာတစ်ခုဖြစ်ပါသည်။

"ကောင်းတယ်.."

လီရွှမ်က ခေါင်းငြိမ့်ကာ သူ၏ကျေနပ်မှုကို ဖော်ပြသည်။

"ဆရာ.. ကျွန်တော် အဖိုးတန်ဆေးပင်အချို့လည်း ယူလာခဲ့ပါတယ်.."

ရွှီယန်က အထုပ်တစ်ခုကို ထုတ်ကာပြော၏။

လီရွှမ်၏ မျက်ခုံးများက မြင့်တက်သွားပြီး ကိုယ့်ကိုယ်ကို စဉ်းစားသည်။

'သူလည်း ရှားပါးတဲ့ ဆေးပင်တွေကိုသုံးပြီး ခန္ဓာကိုယ် ပိုပြီးတော့ သန်မာလာတာကို သတိထားမိတာလား။ အဲ့ဒါက ကျင့်ကြံဖို့အတွက် အကျိုးရှိတယ်လို့ ထင်တာဖြစ်မယ်..'

"ဒီဆေးပင်တွေကိုလည်း ပုံမှန်အတိုင်းပဲ စနစ်တကျအသုံးပြုလိုက်.."

လီရွှမ်က တစ်ချက်ကြည့်လိုက်ပြီးနောက် အရွက်၉ခုဆေးပင်နှင့် နှစ်တစ်ထောင်ဂျင်ဆင်းတို့ကို တွေ့ရခြင်း မရှိပါ။

ထိုအထဲတွင် အရွက်၅ခုဆေးပင်နှစ်ပင်နှင့် နှစ်သုံးရာဂျင်ဆင်းတို့ကိုသာ တွေ့ရသည်။ ထိုနှစ်ခုလုံးကို ရှားပါးသည့် ဆေးပင်များဟု ဆိုနိုင်၏။

"ဟုတ်ကဲ့ပါ ဆရာ.."

ရွှီယန်က ဆေးပင်များကို သိမ်းဆည်းကာ အိမ်ကိုသန့်ရှင်းရေးလုပ်ပြီးနောက် ချက်ပြုတ်ရန် ပြင်ဆင်၏။

လီရွှမ်က ကျေနပ်သွားသည်။ သူ၏ဒီတပည့်ဟာ အလွန်သိတတ်လှပါသည်။ ပြန်လာသည်နှင့် အလုပ်လုပ်ရမည်ကို နားလည်၏။

"ဟမ်.. ဘာဖြစ်တာလဲ မင်းရဲ့မျက်နှာက ထိုင်းမှိုင်းနေတာလား။ ဘာများ ဖြစ်ခဲ့လို့လဲ.."

ရုတ်တရက် ရွှီယန်၏ စိတ်ပျက်လက်ပျက် ပုံစံပေါ်သည့် အလုပ်လုပ်နေမှုကို သတိထားမိသွားပြီး လီရွှမ်၏နှလုံးသားက အနည်းငယ် အခုန်မြန်သွား၏။

ဖြစ်နိုင်တာက အိမ်ကိုလည်ပတ်စဉ်အတွင်းတွင် တစ်ယောက်ယောက်က သတိပေးလိုက်၍ သံသယတို့ ဝင်လာခဲ့သည်လား။

သို့မဟုတ် ဖြစ်နိုင်တာက အချိန်အတော်ကြာအောင် ချီနှင့်သွေးတို့ကို အာရုံခံနိုင်ခြင်းမရှိဘဲ အရေပြားသန့်စင်ခြင်းအဆင့်ကို မဝင်ရောက်နိုင်သောကြောင့် အိမ်ပြန်ချိန်တွင် ပြဿနာများ တက်ခဲ့လို့လား။

ထို့ကြောင့် စိတ်အခြေအနေ မကောင်းစွာ ရှိနေသည်လား။

'သူဒီလိုမျိုး ဖြစ်နေလို့မဖြစ်ဘူး။ ငါတို့တွေ ဒီအချိန်အထိတောင် ရောက်လာပြီးပြီပဲ။ ငါသူ့ကို ဆက်ပြီးတော့ မလိမ်ဘူးဆိုရင် အလွယ်တကူ တန်ပြန်ထိခိုက်နိုင်တယ်..'

'ငါသူ့ရဲ့ယုံကြည်ချက်ကို မြှင့်တင်ပေးဖို့ လိုအပ်တယ်..'

ထိုအတွေးများနှင့် လီရွှမ်ကမေး၏။

"ငါ့တပည့် ဘာဖြစ်လို့လဲ။ မင်းရဲ့ကျင့်ကြံမှုနဲ့ ပတ်သက်ပြီး စိတ်အလိုမကျတာ ရှိလို့လား.."

ရွှီယန်က သန့်ရှင်းနေမှုကို ရပ်တန့်ကာ စိတ်ဓာတ်ကျစွာနှင့် ဝန်ခံစွာပြော၏။

"ဆရာ.. အဲဒါက ကျင့်ကြံတဲ့ကိစ္စ မဟုတ်ပါဘူး။ ကျွန်တော်ရဲ့ အိမ်ပြန်တဲ့ အချိန်မှာ... ကျွန်တော်စွန့်ပစ်ခံခဲ့ရတယ်.."

"ဘာ အပြစ်ခံရတာလား.."

လီရွှမ်က မှင်သက်သွား၏။ ကိုယ့်ကိုယ်ကို စဉ်းစားသည်။

'မင်းနာမည်က ရွှီယန်လေ.. ရှောင်ယန်လည်း မဟုတ်ဘူး။ လက်ထပ်ဖို့ကိစ္စ ဖျက်သိမ်းခံရတာလား။ မင်းမှာ တန်ပြန်တိုက်ခိုက်ဖို့က ဘာနည်းလမ်းမှ ရှိတာမဟုတ်ဘူး။ ဝမ်းနည်းစရာပဲ.."

"ဘယ်လိုဖြစ်တာလဲ။ ဘာလို့သူမက ဖျက်သိမ်းရတာလဲ.."

ဆရာတစ်ယောက်၏ တပည့်အပေါ် စိုးရိမ်မှုနှင့် သူကမေး၏။

ရွှီယန်က စိတ်ဓာတ်ကျစွာ ရေရွတ်သည်။

"သူမပြောတာက.. ကျွန်တော်က ဦးနှောက်သိပ့်မကောင်းဘူးတဲ့။ အဲ့ဒါကြောင့် ကျွန်တော်နဲ့အတူတူရှိတာက အရမ်းကိုရှက်ဖို့ကောင်းတယ်လို့ ပြောတယ်.."

'သူမက မမှားဘူး။ မင်းကတကယ်ပဲ ဦးနှောက်သိပ့်ကောင်းတာမှမဟုတ်တာ..'

လီရွှမ်က ကိုယ့်ကိုယ်ကို ရေရွတ်သည်။

မက်တပ်ရပ်ကာ ရွှီယန်၏ပုခုံးကို ပုတ်၏။ မည်သို့ပင်ဆိုစေကာမူ သူဟာ တပည့်ဖြစ်သူကို နှစ်သိမ့်ရပေမည်။

"မင်းက ငါ့ရဲ့တပည့်ပဲ။ မင်းရဲ့တန်ဖိုးကို မမြင်နိုင်တာက သူမအတွက်နစ်နာမှုပဲ.."

"ဟုတ်တယ်ဆရာ။ ကျွန်တော်လည်း အဲ့လိုပဲ စဉ်းစားတယ်.."

"အဲ့ဒါဆိုရင် မင်းဒီလိုရော အော်ခဲ့သေးလား။ 'အရှေ့အရပ်မှာနှစ်၃၀ အနောက်အရပ်မှာနှစ်၃၀တဲ့။ လူငယ်တစ်ယောက်ကို ဆင်းရဲတယ်ဆိုပြီး အထင်သေးလို့မရဘူး'လို့.."

လီရွှမ်က လည်ချောင်းကိုရှင်းကာ မေးသည်။

ရွှီယန်က သူ၏ဆရာဖြစ်သူကို ကြောင်တောင်စွာ ကြည့်၏။

"ဆရာ... ကျွန်တော်က မဆင်းရဲဘူး.."

"ချီး.."

လီရွှမ်၏ မျက်ခုံးများက တွန့်ကွေးသွားသည်။ သူ၏နှလုံးသားဟာ ဆူးဖြင့်အထိုးခံရသကဲ့သို့ ခံစားလိုက်ရ၏။

ချက်ချင်းပင် မျက်နှာကို လေးနက်အောင် ပြန်လည်ထိန်းညှိကာ ပြောသည်။

"ငါ့တပည့်.. မင်းကိုမင်း မဆင်းရဲဘူးလို့ ဘယ်လိုလုပ်ပြီး မြင်ရတာလဲ.."

"ငါကဆင်းရဲတယ်လို့ ပြောတာ ပိုက်ဆံအကြောင်းကို ပြောနေတာမဟုတ်ဘူး။ ကျင့်ကြံမှူဆင်းရဲခြင်း၊ ခွန်အားဆင်းရဲခြင်း၊ သိုင်းပညာဗဟုသုတဆင်းရဲခြင်းကို ပြောတာ.."

ရွှီယန်၏မျက်နှာက ရှက်ရွံ့မှုဖြင့် နီရဲသွား၏။

"ဆရာပြောတာ မှန်ပါတယ်။ ကျွန်တော်က ဆင်းရဲတယ်။ အရမ်းကိုဆင်းရဲတာ.."

ထို့နောက် လျှင်မြန်စွာ ထပ်ပေါင်းပြော၏။

"ဒါပေမယ့် စိတ်မပူပါနဲ့ဆရာ... ကျွန်တော် စိတ်မပျက်ပါဘူး။ လူငယ်တစ်ယောက်ကို ဆင်းရဲတယ်ဆိုပြီး အထင်မသေးနဲ့လို့ ပြန်မအော်ခဲ့ပေမယ့် ကျွန်တော်သူ့ကိုပြောခဲ့တာရှိတယ်.."

"'ဒီနေ့မှာ နင်ငါ့ကို လှောင်ပြောင်စော်ကားပြီး စွန့်ပစ်ခဲ့တာဖြစ်လိမ့်မယ်။ ဒါပေမယ့် တစ်နေ့မှာ အဲ့ဒီ့အတွက် နောင်တရပြီး ငါ့ရဲ့အဆင့်ကို လက်လှမ်းမှီနိုင်မှာ မဟုတ်ဘူး'လို့ ပြောခဲ့တယ်.."

သူကစကားဆုံးပြီးနောက် ခေါင်းကိုမော့ကာ မျက်လုံးများက ပြတ်သားစွာ ရှိနေပါသည်။

လီရွှမ်၏နှုတ်ခမ်းများက တွန့်ကွေးသွားပြီး ကိုယ့်ကိုယ်ကို စဉ်းစားသည်။

'ဒီကောင်လေးကို ကြည့်ရတာ ဘာလို့ အရွေးချယ်ခံဇာတ်လိုက်တစ်ယောက်နဲ့ တူတယ်လို့ ခံစားရတာလဲ။ ငါ အမြင်မှားတာများလား..'

"အင်း မင်းမှာဒီလိုမျိုး ပြတ်သားတဲ့ ဆုံးဖြတ်ချက်ရှိတာ တကယ့်ကိုကောင်းတယ်.."

ရွှီယန်၏မျက်လုံးထဲတွင် ရှိနေသေးသည့် မကျေနပ်မှုကို တွေ့ရပြီးနောက် လီရွှမ်က ထပ်ပေါင်းပြောသည်။

"စွန့်ပစ်ခံရတာ မင်းအတွက် လုံးဝမကောင်းတာတော့ မဟုတ်ဘူး။ မှတ်ထားပါ လူဆိုတာ ကျရှုံးမှုကို ကြုံပြီးမှပဲ လုံလုံလောက်လောက် ရဲရင့်လာကြတယ်တဲ့.."

"သမိုင်းတစ်လျှောက်မှာရှိတဲ့ ဘယ်ပုဂ္ဂိုလ်ကြီးတွေပဲဖြစ်ဖြစ် ကျရှုံးမှုတွေကို ရင်ဆိုင်ခဲ့ရတယ်.."

"ကျင့်ကြံခြင်းလမ်းစဉ်မှာ အရာအားလုံးက နားလည်သဘောပေါက်မှုပဲ။ မင်းရဲ့စိတ် ရှင်းလင်းကြည်လင်နေတဲ့အခါ နားလည်သဘောပေါက်မှုလည်း အလိုလိုရောက်လာလိမ့်မယ်.."

ရွှီယန်၏ပုခုံးကို ပုတ်ကာ လီရွှမ်က လေးနက်စွာပြောသည်။

"ပြောစကား တစ်ခုရှိတယ်။ နှလုံးသားထဲမှာ ဘယ်မိန်းမမှမရှိရင် ကျင့်ကြံခြင်းက နတ်ဘုရားလို တိုးတက်နိုင်တယ်တဲ့.."

"အခုမင်း စွန့်ပစ်ခံခဲ့ရပြီ။ မင်းရဲ့နှလုံးသားထဲမှာ ဘယ်မိန်းမမှမရှိတော့ဘူး။ ဘာစိတ်အနှောင့်အယှက် ဖြစ်စရာမှ မရှိတော့ဘူး။ မင်းကသေချာပေါက် ကြီးကြီးမားမား တိုးတက်မှုဖြစ်လာတော့မှာ.."

All Chapters