← Chapters

ဆရာ့အကြောင်းကို ဘယ်သူ့ကိုမှမပြောနဲ့

Vol. 1 Ch. 9

ဆရာ့အကြောင်းကို ဘယ်သူ့ကိုမှမပြောနဲ့

Vol. 1 Ch. 9

"အင်း.."

လီရွှမ်က ခေါင်းငြိမ့်သည်။ သူ၏တပည့်ကို ဆိုဆုံးမမှုပြုရန် လိုအပ်လာသည်ဟု ခံစားရ၏။ ဘယ်လိုလုပ်ပြီး ချက်ပြုတ်အချိန်ကို မေ့လျော့နိုင်ရသနည်း။

ကျင့်ကြံခြင်းတွင် အရမ်းကြီးနစ်မွန်းနေခြင်းက မကောင်းပါ။

"မင်းအလုပ်နဲ့ အနားယူမှုကို မျှတအောင်ထားဖို့လိုတယ်။ လေ့ကျင့်မှုကို အရမ်းကြီးမလုပ်နဲ့.. နားလည်လား.."

လီရွှမ်က ပြော၏။ သူ၏မျက်နှာက လေးနက်နေပါသည်။

ထိုစကားကို ကြားရပြီးနောက် ရွှီယန်၏မျက်နှာက ရှက်ရွံ့မှုဖြင့် နီရဲသွား၏။

"ဟုတ်ကဲ့ပါ ဆရာ။ တပည့်နှလုံးသားထဲမှာ အမြဲတမ်းမှတ်သားထားပါမယ်.."

သူက နက်ရှိုင်းစွာ ခံစားသွားရ၏။

'ဆရာက ငါ့ကိုယ်ငါ အရမ်းကြီး ဖိအားပေးမိပြီး ကိုယ့်ကိုယ်ကို ထိခိုက်စေမှာကို စိုးနေတာပဲ။ သူပြောတာမှန်တယ်။ မဆုတ်မနစ်ကြိုးစားမှုက အရေးကြီးပေမယ့် ခြေတလှမ်းချင်းစီလည်း သွားဖို့လိုတယ်။ ငါက အရိုးသန့်စင်ခြင်းကို အခုမှစတင်တာ။ အရမ်းကြီးစွတ်ကျင့်ရင် ပြဿနာတွေ ပေါ်လာနိုင်တယ်..'

"မင်းနားလည်ထားရမှာက ဇွဲလုံ့လက အရေးကြီးပေမယ့် အဲ့ဒါမှာလည်း ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိတယ်။ လူတစ်ယောက်က အလုပ်နဲ့အနားယူမှုကို မျှတအောင်ထားရှိပြီး စိတ်ကို တင်းကြပ်မနေစေဘဲ ဖြေလျှော့ထားနိုင်မှ ကျင့်ကြံရာမှာ ပိုပြီးတော့ ထိရောက်ပြီး နားလည်မှုတွေ ပိုပြီးတော့ ရလာလိမ့်မယ်.."

လီရွှမ်က စိတ်ရှည်စွာဖြင့် သင်ကြားပေး၏။

"တပည့် နားလည်ပါပြီ။ ဒီအမှားကို ဘယ်တော့မှထပ်ပြီးတော့ မလုပ်မိအောင် နေပါ့မယ်.."

ရွှီယန်က လေးစားစွာ ပြန်ကြားသည်။

''အသေအချာပဲ... ကိုယ့်ကိုယ်ကို ဒီအတိုင်း အရမ်းကြီးဖိအားပေးနေတာက ပြဿနာတွေကို အလွယ်တကူ ပေါ်လာစေနိုင်တယ်။ ငါ့ရဲ့စိတ်ကို သင့်တင့်လျောက်ပတ်အောင် ဖြေလျော့ထားဖို့လိုတယ်။ မဟုတ်ရင် ရှည်လာဖို့ဆိုပြီး အရမ်းကြီးတင်းကြပ်အောင် ဆွဲထားတဲ့ ကြိုးတစ်ချောင်းလိုပဲ အလွယ်တကူ ပျက်စီးသွားလိမ့်မယ်..'

ရွှီယန်က ရုတ်တရက် နားလည်သွားသည်။

"သွားတော့.."

လီရွှမ်က လက်ကိုဝှေ့ရမ်းကာ ရွှီယန်ကို သွားရောက်ချက်ပြုတ်ခိုင်း၏။

'ဒီတပည့်က တကယ့်ကို နာခံတတ်တာပဲ။ ဒါပေမယ့် ဆိုးတာက ငါက တကယ့် ဆရာသခင်တစ်ယောက် မဟုတ်ဘူး။ ငါလျှောက်ထွင်လိုက်တဲ့ ကျင့်စဉ်တွေကလည်း အသုံးမဝင်ဘူး။ ဒါ့ကြောင့် ဇွဲဘယ်လောက်ကြီးကြီး အလုပ်ဖြစ်မှာ မဟုတ်ဘူး..'

သူကနှလုံးသားထဲတွင် သက်ပြင်းချသည်။ သို့ပေမယ့် ယခုအချိန်၌ ရွှီယန်ကို လိမ်ညာပြီးပြီဖြစ်ရာ ဆက်လက်ပြီးသာ လိမ်ညာရပေတော့မည်။

ရွှီယန်သည် အရိုးသန့်စင်ခြင်းကို စတင်ကျင့်ကြံပြီးနောက် အသက်ဓာတ်စွမ်းအင်တို့ အရိုးများအတွင်းသို့ ဝင်ရောက်သွားသည့် အချိန်တိုင်းတွင် သူ၏အရိုးများကို သဲများဖြင့် ပွတ်တိုက်နေသည်ဟု ခံစားရ၏။

သို့ပေမယ့် ကိုယ့်ကိုယ်ကို အရမ်းကြီးဖိအားပေးခြင်း မရှိတော့ပါ။ တောင့်ခံနိုင်ခြင်းမရှိဟု ခံစားရသည်နှင့် ကျင့်ကြံမှုကို ရပ်တန့်ကာ စိတ်အခြေအနေကို ပြေလျော့စေရန် အခြားကိစ္စများကို လုပ်ဆောင်သည်။

၅ရက်တာသည် ကုန်ဆုံးသွားခဲ့၏။ ဒီအချိန်အတွင်းတွင် ရွှီယန် သူ၏အသက်ဓာတ်စွမ်းအင်တို့ မြင့်တက်လာပြီး အရိုးတစ်ခုလုံးလည်း လှုပ်ခါလာသည်ဟု ခံစားရသည်။

အရိုးအတွင်းသို့ အသက်ဓာတ်စွမ်းအင်တို့ ဝင်ရောက်စဉ်တွင် ပိုမိုချောမွေ့စွာ ခံစားလာရ၏။ သူ့တွင် ပိုမိုသန်မာလာသည့် ခံစားချက်တစ်ခု ရှိနေပြီး သွေးနှင့်ချီတို့လည်း လိုက်ပါတိုးတက်လာခဲ့သည်။

'နောက်ဆုံးတော့ အရိုးသန့်စင်ခြင်းကို ငါတတ်မြောက်သွားပြီ..'

ရွှီယန်သည် စိတ်အားထက်သန်စွာ ရှိနေ၏။

သူ၏၅ရက်တာ ကြိုးစားအားထုတ်မှုသည် နောက်ဆုံးတွင် အရိုးသန့်စင်ခြင်း၏ ပထမအဆင့်ကို ပြီးမြောက်နိုင်ခဲ့စေလေပြီ။

နောက်ဆက်တွဲ အရိုးသန့်စင်မှုများဟာ များစွာပိုမို ချောမွေ့လာမှာဖြစ်ပြီး ပုရွဲဆိတ်ကိုက်ခြင်း သို့မဟုတ် သဲဖြင့်ပွတ်တိုက်ခြင်းကဲ့သို့သော မကောင်းသည့် ခံစားချက်များ ရှိတော့မည် မဟုတ်ပါ။

ထိုနာကျင်စရာကောင်းလှသည့် ခံစားချက်များဟာ အရိုးများကို ကြေးကဲ့သို့မာကျောအောင် သန့်စင်သည့် အစောပိုင်းအဆင့်များသို့ ရောက်မှသာလျှင် ပြန်လည်ပေါ်လာမည်ဖြစ်၏။

'လက်ရှိအချိန်မှာ အရိုးသန့်စင်ခြင်းကို သံအဆင့်ကို ဝင်ရောက်စေခဲ့ပြီးပြီ။ အခြေခံကို တတ်မြောက်သွားပြီဆိုတော့ နောက်ဆက်တွဲသန့်စင်တဲ့ အချိန်တွေမှာ ကြေးအဆင့်ကို ရောက်တဲ့အထိ အများကြီးပိုပြီး လွယ်ကူနေလောက်မှာ..'

ရွှီယန်က စိတ်လှုပ်ရှားသွားသည်။

မကောင်းသည့်ခံစားချက်များသာ မရှိပါက သန့်စင်မှုဖြစ်စဉ်အတွင်းတွင် သူ၏ခံနိုင်ရည်ဟာ မြင့်မားနေပြီးကျင့်ကြံမှုကို ပိုမိုရှည်ကြာစွာ လုပ်ဆောင်နိုင်မှာဖြစ်သည်။

'ငါဒီမှာ အချိန်တစ်လနီးပါးလောက် ကြာခဲ့ပြီးပြီ။ အခုအရိုးသန့်စင်ခြင်းမှာလည်း အောင်မြင်မှုအချို့ ရနေပြီ။ လူတစ်ရာနဲ့တစ်ယောက်ကို ရင်ဆိုင်နိုင်လောက်တယ်။ လက်ဗလာနဲ့ ဆိုရင်တောင်မှပေါ့..'

'အခုလောက်ဆို အိမ်ပြန်သင့်ပြီထင်တယ်။ ဆရာ့ကိုပေးခဲ့တဲ့ ပူဇော်ခြင်းလက်ဆောင်တွေလည်း ငါ့ရဲ့ကျင့်ကြံမှုအတွက် အသုံးပြုတာနဲ့ ကုန်သွားခဲ့ပြီ။ နောက်ထပ် လက်ဆောင်တွေပေးဖို့ ရှားပါးတဲ့ဆေးပင်တွေနဲ့ အခြားလက်ဆောင်တွေကို ပြင်ဆင်ရမယ်..'

သူ၏ ဆရာဖြစ်သူသည် လက်ဆောင်များကို ဂရုစိုက်ခြင်းမရှိပေမယ့် တပည့်တစ်ယောက်အနေနှင့် ဆရာ့အပေါ် ရိုသေလေးစားရမည့် အစဉ်အဆက် ဓလေ့ထုံးတမ်းကို လျစ်လျူရှုထားလို့ မရပါ။

'ဆရာ့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ရှားပါးတဲ့ရတနာတွေကိုလည်း ဂရုစိုက်မှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် သာမန်လူတွေရဲ့ မျက်လုံးထဲက ဘာရတနာပဲဖြစ်ဖြစ် သူ့အတွက်တော့ အဖိုးမတန်တဲ့ ပစ္စည်းတွေပဲ။ ငါဘယ်လိုလက်ဆောင်မျိုးကို ပြင်ဆင်ရမလဲ..'

ရွှီယန်က အတွေးနက်သွား၏။ ရုတ်တရက် သူ၏ခေါင်းကိုရိုက်ကာ ပြောသည်။

"ငါဘယ်လောက်တုံးလိုက်လဲ။ ဆရာက ဘာရတနာကိုမှ ဂရုမစိုက်ဘူးဆိုတော့ ငါ့ရဲ့စိတ်ရင်းကိုပြသတာနဲ့ သူချီးကျူးမှာပဲ။ ဆရာ့ရဲ့အိမ်ကို ရွှေတွေကျောက်စိမ်းတွေနဲ့ မွမ်းမံပေးလိုက်ရင် သူသေချာပေါက် ကြိုက်လောက်မှာ.."

နားလည်မှု ရလာပြီးနောက် ရွှီယန် ပိုမိုစိတ်အေးလက်အေးစွာ ခံစားရသည်။

'ဆရာနဲ့ မခွဲခွာခင်မှာ အစားကောင်းကောင်းစားရအောင် ယုန်တစ်ကောင်နဲ့ ချောင်းစပ်မှာ ငါးသွားဖမ်းရမယ်..'

ရွှီယန်က ကျင့်ကြံမှုကိုရပ်တန့်ကာ ရွာအတွင်းမှ ထွက်ခွာသွားသည်။ ချက်ပြုတ်ရန် အစားအသောက်များကို သွားရောက်ရှာဖွေ၏။

....

စားပွဲပေါ်တွင် ပြင်ဆင်ထားသည့် ကြွယ်ဝသည့်ဟင်းပွဲများကို ကြည့်ကာ လီရွှမ်သည် ကျေနပ်သည့် အပြုံးတစ်ခုဖြင့် ရှိနေပါသည်။

သူ၏ တပည့်ဟာ မဆိုးလှပေ။ ဟင်းပွဲများက ပိုမိုအရသာရှိလာကာ အရေအတွက်မှာလည်း ပိုမိုတိုးပွားလာခဲ့၏။

"ဆရာ.. ကျွန်တော် အိမ်ကထွက်လာခဲ့တာ တစ်လနီးပါး ရှိတော့မယ်။ အဲ့ဒါကြောင့် အိမ်ကိုတစ်ချက်လောက် သွားလည်ချင်တယ်.."

စားပွဲအပြီးတွင် ရွှီယန်ကပြော၏။

လီရွှမ်၏ နှလုံးသားက အခုန်မြန်သွားသည်။

'ဒီကောင်လေး အိမ်ပြန်သွားပြီး သူ့မိသားစုကို ငါ့ဆီမှာတပည့်ခံတဲ့အကြောင်းတွေ လျှောက်ပြောရင် ပေါ်သွားနိုင်တယ်မလား..'

'သူ့ရဲ့ဦးနှောက်က သိပ်မကောင်းပေမယ့် သူ့မိဘတွေနဲ့ အခြားမိသားစုဝင်တွေရဲ့ ဦးနှောက်က အားလုံး တုံးအနေမှာ မဟုတ်လောက်ဘူး..'

သို့ပေမယ့် ရွှီယန်ကို အိမ်သို့ပြန်ရန် ခွင့်မပြုပါက ကျိုးကြောင်းဆီလျော်မှု မရှိဘဲ သံသယတို့ ဝင်လာနိုင်ပါသည်။

ခဏတာ တုံ့ဆိုင်းနေပြီးနောက် လီရွှမ်ကပြော၏။

"အိမ်ပြန်တာ ကောင်းပါတယ်။ ဒါပေမယ့် ကျင့်ကြံမှုအဆင့်တစ်ခုကို မရောက်မချင်း ငါ့အကြောင်းကို ဘယ်သူ့ကိုမှ မပြောနဲ့။ မင်းရဲ့မိဘတွေ အပါအဝင်ပဲ။ နားလည်လား.."

"ဟုတ်ကဲ့ပါ ဆရာ။ ဒီတပည့် ကျင့်ကြံမှုနဲ့ပတ်သက်တဲ့ ကိစ္စတွေကို အခြားလူတွေနဲ့ သေချာပေါက် မဆွေးနွေးပါဘူး.."

ရွှီယန်က ပဟေဠိဖြစ်သွား၏။ ချက်ချင်းပင် လေးနက်စွာ ကတိပေးသည်။

"ငါက တိတ်ဆိတ်ပြီးတော့ နှိမ့်ချတတ်တဲ့ လူတစ်ယောက်ပဲ။ ထင်ပေါ်နေတာမျိုးကို ငါမကြိုက်ဘူး.."

"မင်းကို တပည့်အဖြစ် လက်ခံခဲ့ပေမယ့် ကျင့်ကြံမှုအဆင့်တစ်ခုကို မရောက်ရင် ငါ့အကြောင်းကို လုံးဝထုတ်မပြောရဘူး။ မင်းနားလည်မယ်လို့ ငါမျှော်လင့်တယ်.."

လီရွှမ်က လေးနက်စွာ ပြော၏။

"ဟုတ်ကဲ့ပါ ဆရာ။ ကျွန်တော် အဆင့်တစ်ခုကို မရောက်မချင်း ဘယ်သူ့ကိုမှ မပြောပါဘူး.."

ရွှီယန်က လေးနက်စွာ အာမခံ၏။

'ငါသာ စတင်ခြင်းအဆင့်ကို မရောက်ရင် ဆိုလိုတာက ဆရာ့တပည့်ဖြစ်လာဖို့ ကံမပါလာဘူးလို့ပဲ.. ဆရာကငါ့ကို ချွင်းချက်အဖြစ်ထားပြီး တပည့်အဖြစ် လက်ခံပေးခဲ့တယ်..'

'အဲ့အဆင့်ကိုတောင် မရောက်ရင် ဆရာ့ရဲ့ဂုဏ်သတင်းကို ကျဆင်းစေလိမ့်မယ်။ တပည့်တစ်ယောက်အနေနဲ့ ဆရာ့ရဲ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ဦးစားပေးရမယ်..'

ရွှီယန်တစ်ယောက် အနည်းငယ် အပြစ်ရှိစွာ ခံစားလိုက်ရ၏။ သူ၏ပါရမီဟာ အရမ်းကြီး ကောင်းမွန်ခြင်းမရှိပေ။ စတင်ခြင်းအဆင့်သို့ ရောက်ရှိရန် ကျရှုံးခဲ့ပါက သူဟာ ဆရာ၏ ဂုဏ်သတင်းကို ထိခိုက်စေပြီး အလှောင်ပြောင်ခံရစေမှာ ဖြစ်သည်။

တပည့်တစ်ယောက်အနေနှင့် ဆရာဖြစ်သူ၏ ဂုဏ်သိက္ခာကို အလေးအမြတ်ထားရပေမည်။

လီရွှမ်၏ ရွှီယန်အား ကျင့်ကြံခြင်း သို့မဟုတ် သူ့အကြောင်းကို ထုတ်ဖော်ပြောကြားခြင်းမပြုရန် သတိပေးခြင်းမှာ သူ၏လိမ်လည်မှုအား ပေါ်သွားမှာစိုး၍ ဖြစ်သည်။

သူမသိသည်ကား ရွှီယန်က ကိုယ်ပိုင်နည်းလမ်းများဖြင့် အတွေးနယ်ချဲ့ပြီး ဖြစ်သည်ဆိုတာကိုပင်။

"ကောင်းပြီ.. ငါမင်းကိုယုံပါတယ်။ အိမ်ပြန်ရင်စောစောပြန်။ လမ်းမှာ မင်းရဲ့လုံခြုံရေးကို ဂရုစိုက်.."

လီရွှမ်၏ပုံစံက ညင်သာသွားပြီး ရွှီယန်ကို သတိပေးလိုက်ပြန်၏။

"မင်းရဲ့ခရီးစဉ်မှာ မကောင်းဆိုးဝါးသစ်တောရဲ့ မိုင်၃၀ခရီးလမ်းကို ဖြတ်သန်းရမှာ။ အဲ့ဒီ့မှာ သားရဲရိုင်းတွေနဲ့ ကြမ်းကြုတ်တဲ့ကျားတွေ ရှိတယ်။ မထိခိုက်အောင်လို့ သေသေချာချာ ဂရုစိုက်သွား.."

မကောင်းဆိုးဝါး သစ်တောဟာ အလွန်အန္တရာယ်များလှ၏။ ရွှီယန်တစ်ယောက်တည်းနှင့် ကြမ်းကြုတ်သည့်သားရဲများ သို့မဟုတ် သားရဲရိုင်းများကို ကြုံတွေ့ရပါက အသက်ရှင်အောင် မနဲရုန်းကန်ရမှာပါ။

လီရွှမ်အနေနှင့် လုပ်ဆောင်နိုင်သည်မှာ သတိပေးခြင်းသာဖြစ်၏။

ရွှီယန် အောင်မြင်စွာ ဖြတ်ကျော်နိုင်မည်လားကတော့ သူ၏ကံတရားပေါ်မှာသာ မူတည်ပါသည်။

"ဟုတ်ကဲ့ပါ ဆရာ.."

ရွှီယန်က ဒူးထောက်ကာ ရိုသေစွာ ဦးသုံးကြိမ်ချသည်။

"ဆရာ.. ဒီခရီးကအတိုဆုံး ၆ရက်၇ရက်ကနေ အရှည်ဆုံး ၁၁ရက်၁၂ရက်လောက်ထိ ကြာမှာ။ ပြီးရင်တော့ ဆရာ့ကို သေချာပေါက် အလုပ်အကျွေးပြုဖို့ ပြန်လာခဲ့ပါမယ်.."

"မင်းရဲ့သိတတ်မှုကို ငါအသိမှတ်ပြုပါတယ်.."

ရွှီယန်၏ သူ့အပေါ်လေးစားမှုနှင့် သိတတ်မှုကို တွေ့ရပြီးနောက် လီရွှမ်ဟာ အနည်းငယ် ခံစားသွားရသည်။

'လိမ်လည်လှည့်ဖြားမှု ပြုပြီးမှ ဘယ်လိုလုပ်ပြီး ခံစားချက်တွေ ပေါ်လာရတာလဲ။ အိုး...လက်စသတ်တော့ငါက အရည်အချင်းပြည့်မှီတဲ့ လူလိမ်တစ်ယောက် မဟုတ်ဘူးပဲ။ အခြေအနေအရသာ လုပ်ခဲ့ရတာ..'

လီရွှမ်က အကူအညီမဲ့စွာ ခံစားရ၏။ သူအမှန်တကယ်ကို လိမ်လည်လို ခြင်းမရှိပါ။ အားလုံးက အလွန်တုံးအသည့် ရွှီယန်၏အမှားကြောင့်သာ သူ့အနေနှင့် လိမ်ခဲ့ရခြင်း ဖြစ်၏။

ထို့အပြင် တပည့်အဖြစ် ပေးလာသည့် လက်ဆောင်များဟာလည်း အလွန်များပြားလှပါသည်။

ရွှီယန်ထွက်ခွာသွားချိန်၌ လီရွှမ်သည် ရွာအဝင်အဝရှိ တောင်ကုန်းပေါ်တွင်ရပ်ကာ သူ၏ထွက်ခွာသွားသည့် နောက်ကျောကို ရှုပ်ထွေးသည့် မျက်နှာဖြ င့်ကြည့်ရှုကျန်ခဲ့သည်။

'မကောင်းဆိုးဝါးသစ်တောကို သူလုံလုံခြုံခြုံနဲ့ ဖြတ်ကျော်နိုင်မယ်လို့ မျှော်လင့်ရတာပဲ။ ဒီငတုံးကတော့လေ...ဟူးး..'

သူက သက်ပြင်းချကာ ရွှီယန်၏ ပုံရိပ် ပျောက်ကွယ်သွားပြီးနောက် နေအိမ်သို့ပြန်ခဲ့၏။ သစ်ပင်ကြီးအောက်ရှိ ကုလားထိုင်ပေါ်တွင် ထိုင်ကာ အနည်းငယ်အထီးကျန်စွာ ရုတ်တရက် ခံစားလာရသည်။

'ခွီး..'

'အနားမှာ တပည့်တစ်ယောက် ရှိလာတာကို ငါအသားကျနေပြီးပြီ။ အခုတစ်ယောက်တည်း ပြန်ဖြစ်သွားတော့ အရမ်းကို... ခံစားရတာ သက်တောင့်သက်သာမရှိလှဘူး..'

လီရွှမ်က သူ၏မျက်နှာကို ရိုက်ကာ မနေနိုင်ဘဲ ကျိန်ဆဲ၏။

All Chapters