← Chapters

စကားစုအား နားလည်မှုရလာခြင်း

Vol. 1 Ch. 13

စကားစုအား နားလည်မှုရလာခြင်း

Vol. 1 Ch. 13

ရွှီယန်သည် ကျင့်ကြံမှုအတတ်မှ ထိုးထွင်းသိမြင်မှုကို ရရှိပြီးနောက် ဝမ်းသာသွား၏။

'ငါစိတ်မရှည်လို့ မဖြစ်ဘူး။ ကျင့်စဥ်ရဲ့ နောက်ထပ်စကားကို မကြာခင် နားလည်လာတော့မှာ..'

'အခုကတော့ ချက်ပြုတ်ဖို့ အချိန်ပဲ။ စိတ်ကိုဖြေလျှော့ပြီး တည်တည်ငြိမ်ငြိမ် နေရမယ်။ ကိုယ့်ကိုယ်ကို ချက်ပြုတ်ခြင်းမှာ လုံးဝ နှစ်မြုပ်ထားရမယ်..'

'ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ စိတ်အနှောင့်အယှက်တွေကို ဖယ်ရှားပြီး လက်ရှိကိုပဲ အာရုံစိုက်ရမယ်..'

ကျင့်ကြံမှုအပြီးတွင် ရွှီယန်၏ ခြေလှမ်းများ ပေါ့ပါးလာခဲ့၏။ လူတစ်ကိုယ်လုံးဟာ ခြားနားသည့် အားမာန်စွမ်းအင် တစ်မျိုးဖြင့် လှည့်ပတ်နေသည့်ပုံပါ။ ထိုအချိန်၌ အတွေးများ၏ ဖိစီးမှုကို မခံရတော့ဘဲ သူဟာ မထင်မှတ်စွာပင် ကြည်လင်လန်းဆန်းနေပါသည်။

သက်တောင့်သက်သာရှိကာ ဖြတ်လပ်သည့်ဉာဏ်နှင့် တက်ကြွနေ၏။

"ဆရာပြောတဲ့ စကားတစ်ခွန်းတိုင်း၊ လုပ်ဆောင်ချက်တစ်ခုတိုင်းက နက်ရှိုင်းတဲ့အဓိပ္ပါယ်တွေကို သယ်ဆောင်ထားတယ်.."

"ငါနောက်ဆုံးတော့ ဆရာ့ရဲ့စကား 'စိတ်ထဲမှာ မိန်းမမရှိရင် နတ်ဘုရားတစ်ပါးလို မြန်ဆန်အောင် ကျင့်နိုင်တယ်..' ဆိုတဲ့စကားရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကို နားလည်လာခဲ့ပြီ.."

'ငါ့ရဲ့နားလည်မှုက တော်တော်လေး နှေးကွေးတယ်လို့တော့ ပြောရမယ်..'

ရွှီယန်သည် နှလုံးသားထဲတွင် သက်ပြင်းချကာ နောင်တအနည်းငယ် ရနေ၏။

လီရွှမ်က သူ၏တပည့်ဖြစ်သူကို ပဟေဠိဖြစ်စွာ ကြည့်သည်။ ပုံမှန်ဆိုလျှင် လေးနက်စွာ အမြဲတမ်းရှိနေတတ်သည့် တပည့်ဟာ အဘယ်ကြောင့် ယခုအချိန်၌ ပျော်ရွှင်တက်ကြွနေရသနည်း။

ပေါ့ပါးသည့် ခြေလှမ်းများ၊ ကျေနပ်မှုရှိနေသည့် အသွင်အပြင်နှင့် လူတစ်ကိုယ်လုံးဟာ လန်းဆန်းတက်ကြွမှုတို့ဖြင့် ပြည့်နှက်နေပါသည်။

အရင်ကကဲ့သို့ လေးနက်ဖိစီးကာ ရိုကျိုးသည့် အသွင်မျိုး ရှိမနေတော့ပါ။ လူငယ်တစ်ယောက်တွင် ရှိတတ်သည့် လွတ်လပ်မှုနှင့် အားအင်ပြည့်ဖြိုးသည့် အခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။

'ဖြစ်နိုင်တာက သူ့ရဲ့ကျင့်ကြံမှုမှာ တိုးတက်လာတာကို ခံစားရလို့လား။ အသက်ဓာတ်စွမ်းအင်ကို အာရုံခံနိုင်သွားတာလား..'

'မဖြစ်နိုင်ဘူး.. ဒါတွေအားလုံးက ငါလျှောက်ပြီးတော့ ပြောထားတာလေ။ ဘယ်လိုလုပ်ပြီး ချီနဲ့သွေးကို အာရုံခံနိုင်မှာလဲ..'

'အင်း... သူဒီလိုမျိုး ပေါ့ပေါ့ပါးပါးနဲ့ တက်တက်ကြွကြွရှိနေတာလည်း မဆိုးပါဘူး။ အချိန်အတော်ကြာအောင် ဖိအားများပြီး တစ်နေ့မှာ စိတ်လွတ်သွားမှာကို စိုးရိမ်စရာမလိုတော့ဘူးပေါ့..'

ထိုအတွေးနှင့်အတူ လီရွှမ်သည် တပည့်ဖြစ်သူအား ပိုမိုဖြတ်လတ်စွာနှင့် ကောင်းမွန်သည့် စိတ်အခြေအနေကို ထိန်းသိမ်းရန် အားပေးဖို့ ဆုံးဖြတ်လိုက်သည်။

မဟုတ်ပါက မည်သည့် အကျိုးရလဒ်မှမရှိဘဲ အချိန်အတော်ကြာအောင် ကျင့်ကြံခြင်းဟာ စိတ်ဖိစီးမှုဖြင့် လုံးဝ ပြိုလဲသွားနိုင်ပါသည်။

ထို့ကြောင့် စားသောက်စဉ်အတွင်းတွင် လီရွှမ်ကပြော၏။

"ဒီနေ့မှာ မင်းရဲ့အခြေအနေက ကောင်းမွန်နေတယ်။ အဲ့ဒါကို ထိန်းသိမ်းထား။ ထိုက်တန်တဲ့အရာတစ်ခုကို မင်းအောင်မြင်မှုရလာမှာ.."

"ဟုတ်ကဲ့ပါဆရာ.. ကျွန်တော်နားလည်ပါတယ်.."

ဆရာဖြစ်သူ၏ ထောက်ခံမှုကို ရရှိပြီးနောက် ရွှီယန် ပီတိဖြာသွားသည်။

အမှန်တကယ်ပင်။ သူ၏ ဉာဏ်အလင်းပွင့်မှုလမ်းကြောင်းမှာ မှန်ကန်၏။ ကံဆိုးစွာပင် သူဟာ အလွန်တုံးအ ခဲ့လေသည်။ ယခုအချိန်မှသာ ဆရာ၏ နက်နဲသည့် အဓိပ္ပာယ်ကို နားလည်နိုင်ခဲ့၏။

"အင်း.."

လီရွှမ်က ခေါင်းငြိမ့်သည်။

ဒီတုံးအသည့်တပည့်ဟာ အလွန်နာခံ၏။ ဤသည်က ကောင်းပါသည်။

၂ရက်ကြာပြီးနောက် ရွှီယန်၏စိတ်ထဲတွင် ဉာဏ်အလင်းပွင့်မှု တစ်ခု ဖြတ်သန်းသွားသည်။ သူက ချက်ချင်းပင် နောက်ထပ် စကားတစ်ခွန်း၏ စစ်မှန်သည့်အဓိပ္ပါယ်ကို နားလည်သွား၏။

'ငါနားလည်သွားပြီ..'

'ရွှေခန္ဓာကိုယ်တစ်ခုကို တည်ဆောက်ဖို့ ချီနဲ့သွေးကို နဂါးလိုဖြစ်စေမယ်... ဒီစကားရဲ့ အဓိပ္ပာယ်က ချီနဲ့သွေးကို နဂါးတစ်ကောင်လို စုစည်းပြီး ခန္ဓာကိုယ်နဲ့ အရိုးမှာ ရစ်ပတ်စေဖို့ပဲ..'

'ဒီလိုပဲ အကြိမ်ကြိမ် လှည့်လည်နေရင် သေချာပေါက် ချိုးဖြတ်မှုတစ်ခု ကြုံရပြီး ရွှေအရိုးကို ဖွဲ့စည်းနိုင်မှာ..'

ထိုအချိန်၌ ရွှီယန်သည် ရွှေအရိုးသန့်စင်ခြင်း၏ နည်းလမ်းကို နားလည်လာခဲ့သည်။

'စိတ်ကိုကြည်လင်အောင်လုပ်ပြီး ငါ့ရဲ့စစ်မှန်တဲ့ အဓိပ္ပါယ်ကို ရှာဖွေရမယ်။ ရွှေခန္ဓာကိုယ်ကို ဖွဲ့စည်းဖို့အတွက် ချီနဲ့သွေးကို နဂါးတစ်ကောင်လို ဖြစ်စေမယ်...ဒါက ဒီလိုကို..'

'ချီနဲ့သွေးက အရိုးကို အာဟာရပြုပြီး ရိုးတွင်းခြင်ဆီထဲကို တစ်ခါတည်း သန့်စင်ပေးတယ်။ အရိုးရဲ့အပြင်ဘက်မှာလည်း ချီနဲ့သွေးနဂါးက လှည့်ပတ်နေပြီး အတွင်းနဲ့အပြင် ပေါင်းစပ်ပြီး တစ်ခုနှင့်တစ်ခု ဆက်နွယ်သွားမယ်။ ဒါကအရိုးကို ဆက်ပြီးတော့ သန့်စင်နိုင်မယ့်နည်းလမ်းပဲ..'

'ပြီးရင် ရွှေအရိုး ဖြစ်တည်လာလိမ့်မယ်..'

ရွှီယန်၏ မျက်လုံးများက စိတ်လှုပ်ရှားနေပြီး လက်သီးများကိုဆုပ်သည်။

'ထင်ထားတဲ့ အတိုင်းပဲ။ ငါအဓိပ္ပာယ်ကို အကြိမ်ကြိမ် ပြန်ပြီးတော့ နားလည်အောင် လုပ်ဖို့လိုတယ်။ ဆရာသာ တစ်ခါတည်း ထောက်ပြခဲ့ရင် ငါ့အနေနဲ့ သိလာနိုင်ရင်တောင် နက်ရှိုင်းတဲ့ ဆိုလိုရင်းကို နားမလည်ဘဲ သန့်စင်မှုကျရှုံးပြီး အဆင့်ချိုးဖျက်နိုင်မှာ မဟုတ်ဘူး..'

'သိုင်းပညာ အနှစ်သာရအပေါ်မှာ ကိုယ်ပိုင်ဉာဏ်လင်းပွင့်မှု ရရှိမှပဲ လူတစ်ယောက်က စစ်မှန်တဲ့ အဓိပ္ပါယ်ကို နားလည်နိုင်လိမ့်မယ်..'

အသက်ကို နက်ရှိုင်းစွာရှုပြီးနောက် ချီနှင့်သွေးတို့ကို မြင့်တက်စေကာ ရွှီယန်ဟာ အရိုးကို စတင်သန့်စင်သည်။

စိတ်အာရုံကို စုစည်းကာ ကိုယ့်ကိုယ်ကို မေ့ပျောက်သည့် အခြေအနေသို့ ဝင်ရောက်လိုက်၏။

ချီနှင့်သွေး၏ စီးဆင်းမှုကို သေသေချာချာ စူးစမ်းပြီးထိန်းချုပ်လှည့်လည်ကာ အားနည်းချက်နှင့် ချို့ယွင်းမှုများကို ရှာဖွေ၏။

'ဒုတိယမြောက် နံရိုးရဲ့ သန့်စင်မှုက သိပ်ပြီးတော့ မချောမွေ့ဘူး။ ဘယ်ဘက်လက်ရဲ့အဆစ်က အားနည်းချက် ရှိနေတယ်။ ဒူးနှစ်ဖက်လုံးမှာ ချို့ယွင်းတဲ့နေရာတွေ ရှိနေတယ်...'

သွေးနှင့်ချီ၏ လှည့်လည်မှုကို ဂရုတစိုက် စူးစမ်းပြီးနောက် ရွှီယန်တစ်ယောက် သူ၏အရိုးသန့်စင်ရာတွင် မလုံလောက်သေးသည့် နေရာများကို လျှင်မြန်စွာ အတည်ပြုသည်။

ပြီးပြည့်စုံသည့် ကြေးအရိုး ရှိထားသော်လည်း ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများဟာ တူညီစွာ မာကျောနေခြင်းမရှိပေ။ အချို့အစိတ်အပိုင်းများဟာ အနည်းငယ် အားနည်းနေသေး၏။

ထို့ကြောင့် ရွှီယန်က အားနည်းနေသည့် အစိတ်အပိုင်းများကို ထပ်မံသန့်စင်ကာ ခန္ဓာကိုယ်ရှိ အရိုးတစ်ချောင်းချင်းစီတိုင်းကို သန်မာနေအောင် ပြုလုပ်သည်။

မည်သည့် အားနည်းချက်မှ မရှိအောင် သန့်စင်၏။

၃ရက်ကြာပြီးနောက် နောက်ဆုံးတွင် ကြေးအရိုးသန့်စင်မှုကို ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားသည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးဟာ ယခုအချိန်၌ ပေါင်းစည်းနေပြီး မည်သည့် အားနည်းချက်မှ မရှိသလို ခွန်အားကွာခြားချက်လည်း မရှိပါ။

'အခု ငါ့ရဲ့ ကြေးအရိုးကို အစစ်အမှန် ပြီးပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့ပြီ..'

'နောက်တစ်ဆင့်က ရွှေအရိုးကို သန့်စင်ဖို့ပဲ။ သန့်စင်ဖို့ကို ဉာဏ်အလင်းတစ်ခု ငါရပြီးထားပြီ။ ငါသေချာပေါက် လုပ်နိုင်မှာ..'

'တစ်လထက် မကျော်စေရဘူး။ အလွန်ဆုံး တစ်လပဲ။ ငါရွှေအရိုးကို ဖွဲ့စည်းရမယ်..'

'အရိုးသန့်စင်မှုပြီးရင် ကိုယ်တွင်းအင်္ဂါသန့်စင်မှုကို ပြုလုပ်ဖို့ အချိန်ကိုကျပြီ။ ငါတစ်နှစ်အတွင်းမှာ စတင်ခြင်းအဆင့်ကို ဝင်ရောက်ရမယ်..'

'အခြေခံတွေ အားလုံးကို ဖမ်းဆုပ်ရမယ်။ မဟုတ်ရင် ဒီလောက်နိမ့်ပါးတဲ့ ပါရမီနဲ့ ဘယ်လိုလုပ်ပြီး ဆရာ့ရဲ့ တပည့်ဖြစ်ဖို့ ထိုက်တန်မှာလဲ..'

ရွှီယန်၏ အကြည့်က ခိုင်မာ၏။ တကယ်တော့ တစ်နှစ်အချိန်ဟာ အလွန်လျှင်မြန်စွာ ကုန်ဆုံးနေခြင်း ဖြစ်၏။

ကိုယ်တွင်းအင်္ဂါသန့်စင်သည့် အမြန်နှုန်းမှာ အရိုးသန့်စင်ခြင်းထက် သေချာပေါက် နှေးကွေးနေမှာ ဖြစ်သည်။

ဆရာဖြစ်သူက ကိုယ်တွင်းအင်္ဂါ သန့်စင်မှု စတင်ပါက ဂရုစိုက်ရန် မှာကြားထားသည်။ ကိုယ်ပိုင် အတွင်းအင်္ဂါများကို မထိခိုက်စေရန် ဖြစ်၏။

သို့ပေမယ့် ကိုယ်တွင်းအင်္ဂါများ ဟူသည်မှာ အလွန် ပျက်စီးလွယ်ပါသည်။ ထို့ကြောင့် အစောပိုင်းသန့်စင်မှုဟာ သေချာပေါက် မြန်ဆန်မည် မဟုတ်ပေ။

သူက အချိန်ကို ကောင်းကောင်းအသုံးချကာ ရွှေအရိုးကို သန့်စင်ပြီးနောက် တစ်နှစ်အတွင်းတွင် အခြေခံအားလုံးအား ပြီးမြောက်စေရမည် ဖြစ်သည်။

ထို့အပြင် ရွှီယန်၏နှလုံးသားထဲတွင် ခံစားချက်တစ်ခု ရှိ၏။ သူ၏ဆရာက တစ်နှစ်တာ အချိန်ပေးခဲ့သည်။ သို့ပေမယ့် သူသည် စတင်ခြင်းအဆင့်သို့ ဝင်ရောက်ရန်အတွက် အမှန်တကယ် တစ်နှစ်ကြာအောင် လုပ်လို့မဖြစ်ပေ။

ပိုမိုမြန်ဆန်စွာ ပြီးမြောက်လေလေ ပိုကောင်းလေဖြစ်ပြီး ဆရာကို ပိုမိုဝမ်းသာစေလေ ဖြစ်မှာပါ။ ရွှီယန်သည် အရိုးများကို ဆက်လက်သန့်စင်၏။ သူ၏ ချီနှင့်သွေးဟာ တိမ်မျှင်များအဖြစ် ပြောင်းလဲကာ အရိုးအတွင်းသို့ ဆက်တိုက်ဝင်ရောက်နေသည်။ နှေးကွေးကာ ပမာဏနည်းပါးပေမယ့် ဤသည်မှာ အစသာရှိသေး၏။

အသက်ဓာတ်စွမ်းအင်တို့ အရိုးအတွင်းသို့ ဖြေညှင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ ပျောက်ဆုံးသွားတာကြာပြီဖြစ်သည့် ထုံထိုင်းခြင်းနှင့် ယားယံခြင်းအရသာဟာ ပြန်လည်ပေါ်လာခဲ့သည်။

ရွှီယန်က အံကိုကြိတ်သည်။ မည်သည့် စကားတစ်ခွန်းကိုမှမဆိုဘဲ သူ၏အကြည့်ဟာ ခိုင်မြဲစွာ ရှိနေပါသည်။နောက်ဆုံးတွင် သူ၏အရိုးဖွဲ့စည်းပုံ တစ်ခုလုံးဟာ အသက်ဓာတ်စွမ်းအင်ကို စုပ်ယူခဲ့ပြီး တဖြေးဖြေးနှင့် အတွင်းထဲသို့ စိမ့်ဝင်သွားသည်။

ရိုးတွင်းခြင်ဆီအတွင်းသို့ ဝင်ရောက်ပေါင်းစပ်ရန် ကြိုးစား၏။

'အခုစတင်လို့ရပြီ..'

ရွှီယန်က အသက်ကို နက်ရှိုင်းစွာ ရှူ၏။

ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့်ချီတို့ဟာ ချက်ချင်းပင် မြင့်တက်လာခဲ့သည်။ နဂါးတစ်ကောင်အဖြစ် ပြောင်းလဲကာ အရိုးများကို လှည့်လည်၏။

သွေးနှင့်ချီဟာ တုန်ခါနေပြီး အရိုးကို ဆက်တိုက်ဖြစ်ညှစ်နေပါသည်။ အဆက်မပြတ် ရွေ့ရှားကာ ပွတ်တိုက်နေ၏။

အရိုးအတွင်းသို့ ဝင်ရောက်သွားသည့် ချီနှင့်သွေးများကလည်း ဆက်လက်စိမ့်ဝင်ကာ အရိုးများကို အားဖြည့်ပေးသည်။

အတွင်းနှင့်အပြင် ပေါင်းစပ်ပြီးနောက် ရွှီယန်၏ ပြီးခဲ့တုန်းက ရပ်တန့်သွားခဲ့သည့် အရိုးသန့်စင်ခြင်းသည် စတင်ပြောင်းလဲလာကြောင်းအား တွေ့ရှိလိုက်ရ၏။

သန့်စင်ရင်းနှင့် အရိုးများမှ ရွှေရောင် အရောင်အဝါတစ်ခုကို ရေးတေးတေး ထုတ်လွှတ်လာခဲ့သည်။

'ရွှေအရိုး..'

နာရီဝက်ကြာအောင် တောင့်ခံပြီးနောက် ရွှီယန်သည် ကိုယ့်ကိုယ်ကို အကန့်အသတ်သို့ ရောက်ရှိပြီဟု ခံစားရ၏။ ထို့ကြောင့် ရပ်တန့်လိုက်သည်။ ဒီအချိန်၌သူဟာ ဆာလောကင်မှုကိုသာ ခံစားနေရသည်။

'ရွှေအရိုးသန့်စင်ခြင်းရဲ့ ကုန်ကျမှုက အရမ်းကိုကြီးမားတယ်..'

ရွှီယန် အလွန် အံ့သြသွားသည်။

'ဒီဆေးပင်တွေက မလုံလောက်တော့ဘူး။ နှစ်တစ်ထောင်ဂျင်ဆင်း သို့မဟုတ် အရွက်၉ခုဆေးပင်တို့မှပဲ အဆင်ပြေလောက်မှာ...'

သို့ရာတွင် အားလုံးတို့ကို စားပစ်ခဲ့ပြီးဖြစ်၏။

'ငါအခုမှ ကြေးအရိုးရဲ့ အကန့်အသတ်ကိုပဲ ချိုးဖျက်နိုင်သေးတယ်။ ရွှေအရိုးရဲ့ ပထမဆုံး သန့်စင်မှုကိုတောင် မပြီးမြှောက်နိုင်သေးဘူး။ အများကြီး ဖွံ့ဖြိုးဖို့လိုသေးတယ်..'

'တကယ်လို့ ရွှေအရိုးကိုသာ ရရှိလာနိုင်ရင်ရော။ ဘယ်လောက်တောင် သန်မာလိုက်မလဲ..'

ကိုယ်ပိုင် တိုးတက်မှုများကို ခံစားကာ ရွှီယန် အံ့သြသွားသည်။

ဆရာသင်ပေးသည့် ကျင့်ကြံခြင်းအတတ်ဟာ အမှန်တကယ်ကို တိုင်းတာ၍ မရနိုင်အောင် နက်နဲလွန်းလှ၏။

'ဆရာပြောတာတော့ ရွှေအရိုးက ချီနဲ့သွေးပြောင်းလဲခြင်း ၉ကြိမ်တောင် လုပ်ရမယ်တဲ့။ ငါအခုတော့ တစ်ကြိမ်တောင် မပြီးမြှောက်နိုင်သေးဘူး..'

'ဒါပေမယ့် ငါ့ရဲ့အရိုးခွန်အားက အနည်းဆုံး ၃၀%လောက် တိုးလာခဲ့တယ်။ ချီနဲ့သွေးပြောင်းလဲမှု တစ်ကြိမ်သာ ပြီးမြောက်ပြီးရင်...'

ရွှီယန်သည် မည်မျှစွမ်းအားကြီးမည်ကို စိတ်ကူးမရနိုင်အောင် ရှိနေ၏။ ရွှေအရိုးမှာ မြေကြီးအောက်တွင် နှစ်ပေါင်းသောင်းနှင့်ချီအောင် မြှုပ်ထားလျှင်ပင် ယိုယွင်းခြင်းမရှိပေ။ တောက်ပသည့် ရွှေရောင်အလင်းကို ထုတ်လွှတ်နေဆဲရှိကာ သံမဏိထက် ပိုမိုမာကျော၏။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ရွှေအရိုး၏ ကြီးမြတ်မှုကို တွေ့မြင်နိုင်ပါသည်။

'အသက်ဓာတ်စွမ်းအင် ပြောင်းလဲမှုတိုင်းက တစ်ကြိမ်ထက်တစ်ကြိမ် ပိုပြီးတော့ မာကြောလာမှာ။ အဖိုးတန်ဆေးပင်တွေရဲ့ အကူအညီမရှိရင် ငါဘယ်လိုလုပ်ပြီး လျှင်လျှင်မြန်မြန် ပြီးမြှောက်နိုင်မှာလဲ..'

'ငါအိမ်ကို မြန်မြန်ပြန်ပြီး စျေးကြီးတဲ့ဆေးပင်တွေကို ရှာရမယ်။ အချိန်က ဘယ်သူ့ကိုမှ မစောင့်ဘူး..'

ရွှီယန်သည် သူ့ကိုယ်သူ ရှေးခေတ်က ပါရမီရှင်များလောက် ပါရမီမရှိဟု ခံစားရ၏။ ရတနာဆေးပင်များ၏ အကူအညီ မပါပါက သူ၏အရိုးကို လျှင်မြန်စွာ သန့်စင်နိုင်မည် မဟုတ်‌လောက်ပေ။

တစ်နှစ်အတွင်းတွင် အခြေခံများကို ဖမ်းဆုပ်နိုင်ရန်အတွက် ရတနာဆေးပင်များ၏ အကူအညီကို လိုအပ်နေပါသည်။

စားပွဲပေါ်ရှိ စားသောက်ဖွယ်ရာများကို ကြည့်ကာ လီရွှမ်သည် သူ၏တုံးအသည့် တပည့်ဟာ အိမ်သို့ ခရီးတစ်ခေါက် ပြန်ရန် စီစဉ်ထားကြောင်းကို ပြောနိုင်ပါသည်။

'ဒီတစ်ကြိမ်လည်း ငါသူ့ကို နှိမ့်နှိမ့်ချချနေပြီး ကိုယ့်ကိုယ်ကို မပေါ်လွင်အောင် ထိန်းသိမ်းထားဖို့ သတိပေးရမယ်။ ဒီငတုံးတပည့်က ပုံမှန်ဆိုရင် ငါ့ရဲ့စကားတိုင်းကို နားထောင်တယ်။ ဒါ့ကြောင့် ပြဿနာမရှိလောက်ပါဘူး..'

'တစ်နှစ်ပြီးရင်တော့ ငါမင်းကို လွှတ်ပေးလိုက်မှာပါ..'

'မကောင်းဆိုးဝါးတောထဲက ကျားကိုလည်း ရှင်းလင်းရမယ်။ ဒီငတုံးတပည့်ပဲ ကံကောင်းတယ်။ ဒီလောက် အသွားအပြန်လုပ်နေတာ ဘာအန္တရာယ်ကိုမှ မကြုံတွေ့ခဲ့ရဘူး..'

လီရွှမ်က နှလုံးသားထဲတွင် သက်ပြင်းချ၏။ သူ့ကိုယ်သူ ကံဆိုးလှသည်ဟု တွေးမိသည်။ ပထမဆုံးအကြိမ် လူအုပ်စုနှင့် ရွာမှထွက်ခွာကတည်းက သူသည် တစ်ယောက်တည်း ပြန်လည်လွတ်မြောက်ကာ ထွက်ပြေးခဲ့ရသည်။

ထိုအချိန်မှစတင်ပြီး ဆက်လက်စွန့်စားရဲခြင်း မရှိတော့ဘဲ ကံတရားကို လောင်းကြေးထပ်ကာ မကောင်းဆိုးဝါးတောအုပ်ကို သွားရောက်ခြင်း မပြုတော့ပေ။

All Chapters