ကျားတို့၏ဘုရင် မျက်လုံးနီကျား
Vol. 1 Ch. 14
"ကျွန်တော် အိမ်ပြန်ချင်တယ်.."
ရွှီယန်က လေးစားစွာပြော၏။
"ကောင်းပြီ.."
လီရွှမ်က ခေါင်းငြိမ့်သည်။ သူ၏ပုံစံက မပြောင်းလဲပဲရှိနေ၏။
"အလွန်ဆုံး လဝက်အတွင်းမှာ တပည့်ပြန်လာခဲ့ပါမယ်.." ရွှီယန်က စိတ်သက်သာရာ ရသွားပြီး ပြောလိုက်ပြန်၏။
လီရွှမ်က ခေါင်းငြိမ့်ကာ ဆက်လက်ပြောသည်။
"ငါစကားတွေ အများကြီးမပြောတော့ဘူး.. ဒါပေမယ့် ငါက နှိမ့်ချတာကို သဘောကျတယ်.. မင်းနားလည်တယ်မလား.."
"ဟုတ်ကဲ့ပါဆရာ.. ကျွန်တော်နားလည်ပါတယ်.."
ရွှီယန်က လေးနက်စွာ ခေါင်းငြိမ့်သည်။ အချိန်၏ မစောတော့ပုံကို တွေ့ရပြီးနောက် လီရွှမ်က ဖြေညှင်းစွာပြော၏။
"ကျားဆိုတာ သန်မာတဲ့ သွေးနဲ့ချီရှိတဲ့ သားရဲရိုင်းမျိုးပဲ။ သူတို့က ခန္ဓာကိုယ်ကို အားဖြည့်ရာမှာ ကောင်းမွန်တဲ့ အစားအသောက်တွေဖြစ်ပြီး ကျင့်ကြံခြင်းအတွက် အကျိုးရှိတယ်.."
ရွှီယန်၏မျက်လုံးများက လင်းလက်သွားပြီးချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။
'အသေအချာပဲ။ ရွှေအရိုးကို သန့်စင်တာက စွမ်းအင်တွေအများကြီးကို ကုန်ကျမှာ။ ဆရာက ငါ့ကို အဖိုးတန်ဆေးပင်တွေအပြင် ကျားနဲ့သားရဲရိုင်းတွေရဲ့ အသားနဲ့သွေးကလည်း အရမ်းကိုအာဟာရဖြစ်ပြီး ကျင့်ကြံခြင်းမှာ ကူညီနိုင်တယ်လို့ သတိပေးနေတာ..'
သူကစိတ်လှုပ်ရှားစွာဖြင့် ခေါင်းငြိမ့်ပြီးနောက် ပြောသည်။
"ဆရာ.. ကျွန်တော် နားလည်ပါပြီ.."
လီရွှမ်က ရွှီယန်၏စိတ်လှုပ်ရှားမှုကို မျှော်လင့်ထားပြီးဖြစ်၏။ နှလုံးသားထဲတွင် သက်ပြင်းချသည်။
'ဒီငတုံးတပည့်တော့ မျှော်လင့်ချက်ကို ထပ်တွေ့သွားပြန်ပြီ။ သူတော်တော်လေး ပျော်သွားလောက်တယ်..'
'ကံဆိုးစွာပဲ အဲ့ဒီ့အထောက်အပံ့ ပစ္စည်းတွေက ကောင်းပေမယ့် ကျင့်ကြံခြင်းမှာ စတင်ချင်တယ်ဆိုရင် အဲ့ဒီ့အပေါ်ကို မှီခိုဖို့ စဥ်းတောင်မစဉ်းစားနဲ့..'
လီရွှမ်က သူ့ကို အသာသတိပေးဟန်ဖြင့် ပြောသည်။ "မကောင်းဆိုးဝါးတောရဲ့ မိုင်၃၀မှာ ကျားရဲကြီး ရှိတယ်။ အဲ့ဒီ့ကို ရောက်တဲ့အခါ မင်းပိုပြီးတော့ ဂရုစိုက်ဖို့လိုအပ်တယ်.."
နောက်ဆုံးတွင် သူကထပ်ပေါင်းပြော၏။
"ဆရာက တိတ်ဆိတ်မှုကို နှစ်သက်ပြီး အနှောင့်အယှက်ခံရတာကို မကြိုက်ဘူး။ အဲ့ဒါကြောင့် ဆူဆူညံညံတွေ အရမ်းမလုပ်နဲ့.."
မကောင်းဆိုးဝါး တောအုပ်အတွင်းတွင် ကျားကြီးရှိသည်။ ၎င်း၏ အသားနှင့်သွေးဟာ ကျင့်ကြံခြင်းကို အကျိုးရှိ၏။
ရွှီယန်သာ ဒီတစ်ကြိမ်တွင် တောကိုအောင်မြင်စွာ ဖြတ်ကျော်ပြီးပါက သူ၏နောက်ခံနှင့် သေချာပေါက် အမဲလိုက်သူများကို ဦးဆောင်ကာ မကောင်းဆိုးဝါး တောအတွင်းရှိ ကျားရဲကြီးကို အမဲလိုက်မှာ ဖြစ်သည်။
လီရွှမ်က သူ့ကို ရွာငယ်ဆီသို့ မည်သူ့ကိုမှ ခေါ်လာခြင်းမပြုဘဲ သူ၏ အေးချမ်းတည်ငြိမ်သည့် ဘဝကို နှောက်ယှက်ခြင်းမရှိရန် ကြိုတင်ကာ သတိပေးခြင်း ဖြစ်သည်။
မည်သည့် အပြင်လူမှ မလာပါက အလိမ်ပေါ်သွားမည့်အရေးဟာ များစွာလျော့ကျသွားပြီး သူလိမ်ထားသည့် အကြောင်းများဟာ ပေါ်သွားမှာ မဟုတ်ပေ။
မကောင်းဆိုးဝါး တောအုပ်အတွင်းရှိ အန္တရာယ်ကို ရှင်းလင်းပြီးပါက လီရွှမ်သည် ဒီရွာငယ်မှ အချိန်မရွေး ထွက်ပြေးနိုင်ပါသည်။
လိမ်လည်လှည့်ဖြားထားသည့် အကြောင်းများ ပေါ်သွားမည်ကို တွေ့လိုက်ရသည်နှင့် သူက လျှင်မြန်စွာ ထွက်ပြေးပြီး မည်သည့်နေရာမှ သွားစရာမရှိသည့် ဒီရွာတွင် ပိတ်မိနေမည် မဟုတ်တော့ပေ။
ဒီအချိန်၌ ရွှီယန်တစ်ယောက် အလွန်စိတ်လှုပ်ရှားနေပါပြီ။
'ဆရာက ငါ့ကို ကျားတွေကို အမဲလိုက်စေချင်တာဖြစ်မယ်.."
'လက်ရှိ ငါ့ရဲ့ခွန်အားနဲ့ အဲလိုမျိုး သားရဲရိုင်းတွေကို အမဲလိုက်ဖို့ အရည်အချင်းရှိနေပြီ ထင်တယ်..'
'သားရဲတွေ ထွက်ပြေးပြီး ဆရာ့ကို အနှောင့်အယှက်ဖြစ်စေလို့ မဖြစ်ဘူး။ ဒါကြောင့် လျှင်လျှင်မြန်မြန် ပြတ်ပြတ်သားသားနဲ့ ဆူဆူညံညံမဖြစ်အောင် သုတ်သင်ရမယ်..'
ထို့နောက် သူကတွေးမိပြန်၏။
'ဒီအကြိမ်မှာ.. ဆရာငါ့ကို သားရဲရိုင်းတွေကို အမဲလိုက်ခိုင်းတာက ငါ့အတွက် လေ့ကျင့်ပေးမှုတစ်ခု ဖြစ်မယ်..'
'အဲ့ဒါက ငါ့ရဲ့သွေးနဲ့ချီကို အသုံးပြုပြီး ခွန်အားကို ကျင့်ကြံနိုင်တယ်။ သားရဲတွေနဲ့ တိုက်ခိုက်တဲ့အချိန်မှာ ငါ့ရဲ့ကိုယ်ပိုင်ခွန်အားအပေါ် ထိန်းချုပ်နိုင်မှုက အများကြီးတိုးတက်လာမှာ..'
ရွှီယန်က လက်သီးများကိုဆုပ်ကာ မတ်တပ်ရပ်၏။ စိတ်လှုပ်ရှားစွာ ပြောသည်။
"ဆရာ.. စိတ်မပူပါနဲ့ ကျွန်တော်ဘယ်တော့မှ ဆူဆူညံညံ မဖြစ်စေရပါဘူး။ ဆရာ့ရဲ့ အေးချမ်းမှုကို အနှောင့်အယှက် မပေါ်စေရပါဘူး.."
"ကောင်းပြီ.. အရမ်းကောင်းတယ်.. ဆရာမင်းကို ယုံပါတယ်.."
လီရွှမ်က ကျေနပ်စွာ ခေါင်းငြိမ့်သည်။ သူ၏ ဒီတုံးအသည့် တပည့်က အလွန်နာခံပြီး သူဆိုလိုသည့် အရာကို နားလည်နိုင်ပါသည်။
ရွှီယန်မှာ အလွန်စိတ်လှုပ်ရှားနေ၏။ ဒီတစ်ကြိမ်တွင် သူသည် ဆရာ့စကား၏နောက်ရှိ အဓိပ္ပါယ်ကို တစ်ခါတည်း နားလည်နိုင်ခဲ့လေပြီ။
မကောင်းဆိုးဝါးတောသို့ ဒီခရီးစဉ်တွင် တစ်ခုခုရရှိမှာ သေချာ၏။ ဖြစ်နိုင်တာက တစ်လတောင် မကြာဘဲ သူ၏အရိုးများကို ရွှေအဆင့်သို့ သန့်စင်နိုင်လောက်ပါသည်။
...
ရွှီယန်၏ ထွက်ခွာသွားမှုကို ကြည့်ကာ လီရွှမ်သည် စိုးရိမ်စွာ ခံစားရ၏။
'ငါ့ရဲ့ငတုံးတပည့် ဒီတစ်ကြိမ်လည်း မကောင်းဆိုးဝါးတောကို လုံလုံခြုံခြုံ ဖြတ်ကျော်နိုင်ဖို့ မျှော်လင့်တယ်..'
'ပြီးရင် မုဆိုးတွေကို ဦးဆောင်ပြီး အထဲကကျားကြီးကိုလည်း သတ်ဖြတ်နိုင်ပါစေကွာ..'
'အဲ့လိုဆိုရင် ငါလည်း ဆိုးဆိုးရွားရွား သေဆုံးခဲ့ရတဲ့ ရွာသားတွေအတွက် လက်စားချေပေးနိုင်ပြီ..'
မကောင်းဆိုးဝါး တောအတွင်းရှိ ကျားနှင့်သားရဲများသာ သေဆုံးပြီးပါက ရွာမှထွက်ခွာမည့် လမ်းကြောင်းဟာ လုံခြုံသွားမှာ ဖြစ်သည်။
လိမ်ညာမှုများ ပေါ်သွားနိုင်သည့် အန္တရာယ်ကို ခံစားရသည်နှင့် ချက်ချင်းထွက်ပြေးနိုင်၏။
သူသည် ဝူနိုင်ငံကို တစ်ခါတည်း ထွက်ပြေးမည်ဖြစ်သည်။ အဝေးတွင် နေထိုင်ကာ ရွှီယန်က ပေးဆောင်ခဲ့သည့် လက်ဆောင်များနှင့် ကောင်းမွန်သည့် ဘဝတွင် နေထိုင်နိုင်ပါသည်။
ရွှီယန်သည် နောက်ကျောတွင် ဓားရှည်တစ်ခုကို သယ်ဆောင်ကာ စိတ်လှုပ်ရှားစွာ ရှိနေ၏။ ခြေလှမ်းများက ပိုမိုပိုမိုကာ မြန်ဆန်လာပြီး နောက်ဆုံးတွင် မကောင်းဆိုးဝါး တောအုပ်ဆီသို့ ရောက်ရှိသွားသည်။
ဤသည်မှာ သူ၏ မိုင်၃၀တောအုပ်ကို ပထမဆုံး ဖြတ်ကျော်ခြင်းမဟုတ်ပါ။ သူသည် သားရဲရိုင်းများ၏ တစ်ဝက်တစ်ပျက် စားသောက်ထားသည့် အလောင်းများကို တစ်ကြိမ်မက မြင်ဖူးပါသည်။
ရွှီယန်သည် မည်သည့်အန္တရာယ်ကိုမှ ကြုံတွေ့ခြင်းမရှိဘဲ ဒီတောကို အသွားအပြန် အကြိမ်ပေါင်းများစွာ ဖြတ်သန်းခဲ့၏။
ဒီတစ်ကြိမ်တွင် မကောင်းဆိုးဝါး တောအတွင်းသို့ ခြေလှမ်းလိုက်သည်နှင့် အခါတိုင်းကဲ့သို့ လမ်းကို လျှင်မြန်စွာ ဖြတ်ကျော်မသွားပါ။ ထူထဲသည့် တောအုပ်အတွင်းတွင် စတင်ရှာဖွေ၏။
'ဆရာက ဒီလို ပြောခဲ့ကတည်းက ငါ့ရဲ့လက်ရှိခွန်အားက ကျားတစ်ကောင်ကိုသတ်ဖို့ ပြဿနာမရှိဘူးလို့ ဆိုလိုတာပဲ..'
ရွှီယန်၏ အသက်ဓာတ်စွမ်းအင်ကို လှည့်ပတ်မှုနှင့်အတူ သူ၏ကြွက်သားများ တင်းမာလာပြီး အာရုံခံမှုဟာ ထက်မြလာခဲ့သည်။ ပတ်ဝန်းကျင်ကို သတိမပြတ်ကြည့်ကာ တောထဲတွင် စတင်ရှာဖွေ၏။
'အရှေ့မှာပဲ..'
ရုတ်တရက် ရွှီယန် နှာမှုတ်သံတစ်ခုကို အနည်းငယ် ကြားလိုက်ရသည်။
ပေါ့ပါးစွာဖြင့် လျှောက်သွားကာ သတိဖြင့်ချဥ်းကပ်၏။ နောက်ဆုံးတွင် မြက်ထဲတွင် လဲလျောင်းကာ အနားယူနေသည့် ကျားတစ်ကောင်ကို တွေ့လိုက်ရသည်။
သူတို့အကြားတွင် ပေပေါင်းများစွာ ဝေးကွာနေပေမယ့် သူသည် ကျား၏ကြမ်းကြုတ်သည့် အငွေ့အသက်ကို ခံစားနိုင်ဆဲရှိသည်။ ၎င်းသည် သန်မာသည့် ခန္ဓာကိုယ်နှင့် ကြွယ်ဝလှသည့် သွေးချီများနှင့် ထည်ဝါစွာရှိနေ၏။
"ဟစ်.."
သူက ကျားကို တွေ့လိုက်ရသည်နှင့် ချက်ချင်းပင် အံ့သြသွားသည်။
'ဒီကျားက ဘာလို့အရမ်းကြီးရတာလဲ..'
ရွှီယန်သည် ချမ်းသာသည့် မိသားစုတွင် မွေးဖွားခဲ့ပြီး ငယ်စဉ်ကတည်းက သိုင်းပညာအပေါ် နှစ်သက်ခဲ့သည်။
ထို့ကြောင့် မိသားစုရှိ အစောင့်များနှင့် မုဆိုးအချို့နှင့်အတူ ကျားများကို တစ်ကြိမ်မက အမဲလိုက်ခဲ့ဖူး၏။
သို့ရာတွင် သူအမဲလိုက်ခဲ့သည့် မည်သည့်ကျားကမှ ရှေ့ရှိတစ်ကောင်လောက် ကြမ်းကြုတ်ထည်ဝါခြင်း မရှိပါ။
မကောင်းဆိုးဝါး တောအတွင်းရှိ ဒီကျားကြဟာ အခြားကျားများထက် နှစ်ဆကျော် ပိုမိုကြီးမားနေ၏။ သူ၏အရောင်စုံသည့် အမွှေးများက ကြည့်ရတာ ပိုမိုကြမ်းကြုတ်စေသည်။
'ဆရာငါ့ကို မကောင်းဆိုးဝါး တောကိုလာပြီး အမဲလိုက်ခိုင်းတာ အံ့သြစရာမရှိဘူး။ လက်စသတ်တော့ ဒီကျားက သာမန်ကျားတစ်ကောင် မဟုတ်ပဲကို။ သူ့ရဲ့သွေးနဲ့ချီက ပိုပြီးတော့တောင် စွမ်းအားကြီးနေတယ်..'
'အသွေးအသားနဲ့ အရိုးတွေအားလုံးက ကောင်းမွန်တဲ့ အာဟာရဓာတ်တွေပဲ။ ငါ့ရဲ့ရွှေအရိုးကို သန့်စေခြင်းမှာ အများကြီးအကျိုးပြုမှာ..'
ရွှီယန်၏ မျက်လုံးများ၌ စိတ်လှုပ်ရှားမှုတို့ ပေါ်လာ၏။ နှလုံးသားထဲတွင် သက်ပြင်းချသည်။
ဆရာက သူ့ကို မကောင်းဆိုးဝါးတောအတွင်း၌ ကျားများအား အမဲလိုက်ခိုင်းခြင်းမှာ အံ့သြစရာမဟုတ်ပေ။
လက်စသတ်တော့ ဒီကျားက သာမန်မဟုတ်ဘဲ ရှိနေ၏။
'ဒီကျားရဲ့ အသွေးအသားနဲ့ အရိုးတွေကို အဖိုးတန်ဆေးပင်တွေနဲ့ ရောပြီး ချက်လိုက်ရင်တော့ အာနိသင်က သေချာပေါက် ပိုပြီးသန်မာလာမှာ။ ငါ့ရဲ့အရိုးကို သုံးကြိမ်သို့မဟုတ် ပိုပြီးတော့ ပြောင်းလဲဖို့ လုံလောက်လောက်တယ်..'
ရွှီယန်၏စိတ်ထဲတွင် အတွေးများစွာတို့ ဖြတ်သန်းနေ၏။ ဒီကျားကိုသာ အမဲလိုက်ကာ ပြန်ယူသွားပါက အိမ်ရှိဆေးပညာရှင်များကို အဖိုးတန်ဆေးပင်များနှင့် ပေါင်းခိုင်းရပေမည်။
ထိုအခါ အရိုးသန့်စင်ခြင်းကို ကူညီနိုင်မည့် သက်ရောက်မှုဟာ သေချာပေါက် မြင့်တက်လာမှာဖြစ်၏။
'ဂရုမစိုက် လုပ်လို့မရဘူး။ အခုက ငါ့ရဲ့အခွင့်အရေးပဲ။ အဲ့ဒါကို ကောင်းကောင်းဖမ်းဆုပ်ပြီး ကျားကိုချက်ချင်းသတ်ရမယ်..'
'ဆူညံလို့လည်း မဖြစ်ဘူး။ ကျားကို တောအုပ်ထဲကနေပြီးတော့ ထွက်ပြေးသွားစေလို့ ပိုပြီးတော့တောင် မဖြစ်ဘူး..'
ရွှီယန်၏သွေးများက ဆူပွတ်နေ၏။ သူ၏နှလုံးသားက အခုန်မြန်နေပြီး စွမ်းအားကြီးမားသည့် သွေးချီက ခန္ဓာကိုယ်တစ်ခုလုံးတွင် လှည့်ပတ်လာခဲ့သည်။
သူ၏ကြွက်သားများက တင်းမာကာ ထိုးနှက်မှုပြုရန်အတွက် အဆင်သင့်ဖြစ်နေပါပြီ။ သူက ဓားကို ဖြေညှင်းစွာဆွဲထုတ်ပြီး ခြေလှမ်းများကို ဖွလိုက်သည်။
ဖြေးညင်းစွာ ချဥ်းကပ်၏။
သူက အလစ်အငိုက် တိုက်ခိုက်ရန် ပြင်ဆင်ထားပါသည်။ ကျားကိုတစ်ချက်တည်းနှင့် သတ်ဖြတ်လို၏။
'ဓားကို အသုံးပြုလို့မဖြစ်ဘူး..'
ရွှီယန်သည် ရုတ်တရက် တစ်ခုခုကို တွေးမိလိုက်သည်။
'ငါသာ ဒီကျားကို ဓားနဲ့သာသတ်လိုက်ရင် ကျားရဲ့အရေပြားကို ထိခိုက်သွားမှာပေါ့..'
'ဒီကျားရဲ့အရေပြားက ကြည့်ရတာ အရမ်းလှတယ်။ အဲ့ဒါကိုခွာပြီး ဆရာကိုပေးလို့ရတယ်..'
ထိုကဲ့သို့ တွေးမိပြီးနောက် ဓားကိုဖြေညှင်းစွာချပြီး လက်သီးများကိုဆုပ်သည်။
သူ၏သွေးချီများကို လှည့်လည်ကာ ကျားကိုလက်ဗလာနှင့် တိုက်ခိုက်ရန် အဆင်သင့်ပြင်၏။ အကွာအဝေးဟာ တဖြည်းဖြည်းနှင့် နီးကပ်လာခဲ့သည်။
လဲလျောင်းကာ အနားယူနေသည့် ကျားက ရုတ်တရက် နှာခေါင်းကို အကြိမ်အနည်းငယ် ရှုံ့၏။ ရုတ်တရက် ခေါင်းကိုမော့ကာ နောက်သို့လှည့်ကြည့်သည်။ လူသားတစ်ယောက်၏ ပုံရိပ်ဟာ မြင်ကွင်းထဲတွင် ပေါ်လာခဲ့၏။
"ဝေါင်း.."
ကျယ်လောင်သည့် အသံတစ်ခုကို ဟိန်းလိုက်ပြီးနောက် ခုန်ထတော့မှာပါ။
သို့ပေမယ့် ထိုအချိန်၌ ရွှီယန်က ကျား၏ လှည့်ကြည့်လာမှုကို တွေ့ရ၏။ ၎င်း၏ မျက်လုံးများက ကြက်သွေးရောင်ရှိနေပြီး ရက်စက်မှုနှင့် သွေးလွှမ်းနေပါသည်။
'မျက်လုံးနီကျား..'
သူ၏နှလုံးသားက လေးလံသွားသည်။ ဒီကျားဟာ အလွန်ကြီးမားတာ အံ့သြစရာမဟုတ်ပေ။ ပုံမှန်ကျားတစ်ကောင်ထက် ၂ဆကျော် ပိုမိုကြီးမား၏။
လက်စသတ်တော့ ဒဏ္ဍာဆန်သည့် ကျားများ၏ဘုရင် မျက်လုံးနီကျားတစ်ကောင် ဖြစ်နေပါသည်။
သူပုံပြင်စာအုပ်တစ်အုပ်တွင် ဖတ်ခဲ့ဖူး၏။ နီရဲသည့် မီးတောက်များကဲ့သို့ မျက်လုံးများနှင့် ကျားဟာ ကြမ်းကြုတ်ကာ ရက်စက်ပြီး လူများကိုစားသုံးခြင်းအား နှစ်သက်ပါသည်။
လူပေါင်းရာချီသည့် မုဆိုးအဖွဲ့တစ်ခုပင် ၎င်းကိုကြုံတွေ့လျှင် သေချာပေါက် ကြီးမားသည့် အထိအခိုက် အကျအရှုံးများ ဖြစ်ပွားရ၏။
မကောင်းဆိုးဝါး တောအတွင်းရှိ ဒီကြမ်းကြုတ်သည့်ကျားဟာ ဒဏ္ဍာရီဆန်သည့် ကျားများ၏ဘုရင် မျက်လုံးနီကျား ဖြစ်နေလေသည်။
ဒီအချိန်၌ ၎င်းကသူ့ကို ရှာဖွေတွေ့ရှိသွားပြီ ဖြစ်ရာ ရွှီယန်၏ သွေးများက ဆူပွတ်လာခဲ့သည်။ မျက်လုံးနီကျား၏ ခုန်ထမှုကိုစောင့်မနေဘဲ ကျား၏အပေါ်သို့ ခုန်အုပ်လိုက်၏။