← Chapters

#‌ကြောက်မက်ဖွယ်ရာ မဟာဗျူဟာ#

Vol. 72 Ch. 1022

#‌ကြောက်မက်ဖွယ်ရာ မဟာဗျူဟာ#

Vol. 72 Ch. 1022

အမှောင်ယံညက ကောင်းကင်သေတ္တာကြီးကို ပိတ်ဖုံးပစ်သည်။ လရောင်ခြည်က တိမ်ကွက်လပ်များကြားကနေ ပြူထွက်လာပြီး အားနည်းကာ အေးစက်သည့်အဖြူရောင်အလင်းကို ဖြန့်ကြက်ပေးနေကာ ရွှံ့ဗွက်အိုင်ထဲသို့ အစက်အပျောက်လေးများအဖြစ် ကျရောက်နေ၏။ 

ဒီအမှောင်ဖုံးလုနီးပါး တိမ်အိပ်မက်ရွှံ့ဗွက်အိုင်၌ မိုလီက အနက်ရောင်၀တ်ရုံကို ၀တ်ဆင်ထားပြီး သူ့ဆံပင်ရှည်ကလည်း မှင်ကဲ့သို့ နက်လှသည်။ သူ့၏ နတ်အင်ပါယာနယ်ပယ် နောက်ပိုင်းအဆင့်ခွန်အားက ရုတ်‌တရက် ပေါက်ကွဲလာခဲ့သည်။ 

ထိုးထွက်လာသည့် နတ်ဆိုးချီက မိုလီ၏ ခန္ဓာကို အရူးအမူးရစ်ပတ်က တစ္ဆေကဲ့သို့ အရိပ်များကို ဖန်တီးနေစဉ် ထိုအရိပ်များက ကျယ်လောင်သည့် ဟစ်ကြွေးသံများကို ထုတ်လွှတ်သည်။ သူ့နောက်တွင် ထိုတစ္ဆေများကို ခပ်ရေးရေးမြင်နေရလေရာ လူတိုင်း၏ နှလုံးများကိုပင် ခုန်ပေါက်စေသည်။ ဒီတစ္ဆေများက ညအမှောင်ယံ၌ သရဲသဘက်ဆန်နေလေရာ သူတို့၏ နှလုံးသားများ၌ အရိုးခိုက်မတတ်အေးစက်မှုကို ပေါ်လာစေသည်။ 

ဒီအော်ရာကိုခံစားမိသောအခါ ပတ်၀န်းကျင်ကလူများ နောက်ဆုတ်လိုက်မိကြပြီး သူတို့၏မျက်နှာများက ဖြူရော်သွားကြ၏။ 

မိုလီလက်ထဲတွင် ကျယ်ပြောသည့် စစ်ပုဆိန်သွားပါ လှံရှည်တစ်လက်ပေါ်လာစဉ် နတ်ဆိုးဝိဉာဉ်က ၎င်းကိုရစ်ပတ်ထားသည်။ သူရှောင်ဟိုင်အားကြည့်ရင်း ပြုံးသည်။ 

"ငါ့ကိုအပြစ်မတင်ပါနဲ့၊ အဓိကက မင်းရဲ့ပါရမီက အရမ်းကြောက်စရာကောင်းနေလို့ပဲ၊ မင်းမသေဘူးဆိုရင် ငါတို့အတွက် လွယ်ကူမှာမဟုတ်ဘူး"

ရှောင်ဟိုင်၏ အမူအရာက အေးစက်နေသည်။ 

နတ်ဆိုးဘုရင်သွေးကြော အရူးအမူးပေါက်ကွဲသွားစဉ် သူ့အော်ရာက ထိုးတက်လာပြီး သူ့မျက်လုံးများက တဖြည်းဖြည်း အေးစက်သွား၏။ သူမိုလီအား အထင်အမြင်သေးရွှံ့ရှာစွာ ကြည့်သည်။ 

ရှောင်ဟိုင်၏ အရေပြားကနေ နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ် ပေါ်ထွက်လာပြီး သူ့ကိုယ်ခန္ဓာကို လွှမ်းခြုံပစ်သည်။ 

"ငါသေမလား၊ မသေဘူးလားဆိုတာ မင်းအပေါ်မမူတည်ဘူး" ရှောင်ဟိုင်၏ အမူအရာက အလွန်အမင်းတည်ငြိမ်နေသည်။ သူ့မျက်လုံးများက ဓားကဲ့သို့ပင် ထက်ရှနေပြီး ဂုဏ်ကျက်သရေရှိနေသည်။ 

ရှောင်ဟိုင်၏လက်ရှိခွန်အားက မိုလီထက် အများကြီး နိမ့်ကျသော်လည်း အော်ရာကမူ သွေးဝံပုလွေဂိုဏ်းကလူများ၊ ဝံပုလွေဘုရင်၊ နတ်ဆိုးဘုရင်ပိုင်နက်က လူများနှင့် ယင်ရှီလျန်၊ ချင်းယောင်နှင့် ယန်ရွှမ်တို့ကိုပင် ထိတ်လန့်သွားစေသည်။ 

အော်ရာတွင် ရှောင်ဟိုင် မိုလီကို ရှုထောင့်အားလုံးကနေ ချေမွပစ်နိုင်သည်။ 

သို့စေကာမူ အဓိကနယ်ပယ်ကြီးတစ်ခုကွာခြားချက်ကို ပြင်ဆင်ရန်ဟူသည် မဖြစ်နိုင်။ ဒီရှုထောင့်၌ သူတို့နှစ်ဦးအကြား ကြီးမားသည့် ကွာခြားချက်တစ်ခုရှိနေသည်။ 

ထို့နောက် ရှောင်ဟိုင် နတ်ဆိုးဘုရင်ပိုင်နက်က တစ်ဦးချင်းစီထံ အကြည့်ပို့လွှတ်လိုက်၏။ သူ့သွေးကြောအော်ရာက လုံး၀ပေါက်ကွဲသွားခဲ့ပြီး ရှောင်ဟိုင်နှင့် ဆင်တူသည့် နတ်ဆိုးဘုရင်ပုံရိပ်ယောင်က သူ့နောက်တွင် ရုတ်တရက် သိပ်သည်းလာခဲ့သည်။ 

ရုတ်တရက် ရှောင်ဟိုင်ခေါင်းလှည့်ကာ နတ်ဆိုးဘုရင်ပိုင်နက်က လူများထံမှ အကြည့်ကို ရုပ်သိမ်းရင်း ကျယ်လောင်စွာ အော်ဟစ်သည်။ 

"နတ်ဆိုးအရှင်ကို တွေ့တာတောင် မင်းတို့ဘာလို့ ဒူးမထောက်ကြသေးတာလဲ"

သူ့အသံက မိုးကြိုးသံကဲ့သို့မြည်ဟီးကာ ပတ်၀န်းကျင်ကို တုန်ခါသွားစေသည်။ ဒီစကားလုံးအနည်းငယ်က နတ်ဆိုးဘုရင်ပိုင်နက်က ကျွမ်းကျင်သူများ၏ နှလုံးသားများထဲသို့ ထောင်ချီသောမြှားများပမာ ထိုးစိုက်သွား၏။ 

နတ်ဆိုးဘုရင်ပိုင်နက်က ကျွမ်းကျင်သူအများစုမှာ မိန်းမောတွေဝေနေကြပြီး တစ်ချို့မှာမူ သူတို့၏အမူအရာများကနေ ရုန်းကန်နေတာကို ပြသရင်း သူ့တို့ခြေများကို အနည်းငယ်ကွေးလိုက်မိကြသည်။ 

ဒါကိုမြင်သော် မိုလီ၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားပြီး ချက်ချင်းအော်ဟစ်သည်။ 

"မင်းက နတ်ဆိုးသခင်မဟုတ်တော့ဘူး"

ဝိဉာဉ်ချီထည့်သွင်းထားသည့် မိုလီ၏ ဒေါသတကြီးအော်သံအောက်တွင် နတ်ဆိုးဘုရင်ပိုင်နက်ကလူများ တုံ့ပြန်လာကြပြီး ချက်ချင်း ခြေများကို ဖြောင့်တန်းအောင် လုပ်လိုက်ကြ၏။ 

"ငါမင်းကို အသက်ဆက်ရှင်ခွင့် ပေးလို့မရတော့ဘူး"

မိုလီ မည်းမှောင်သည့်အမူအရာဖြင့် စကားပြောပြီးနောက် မြေကြီးကို ရုတ်တရက် တက်ဆောင့်လိုက်သည်။ ရွှံ့များက ပက်ဖြန်းသွားစဉ် လေတိုးသံတစ်သံက ရှောင်ဟိုင်ထံ တိုက်ရိုက်၀င်ရောက်သွားသည်။ 

မျက်စိတစ်မှိတ်အတွင်းမှာပင် သူရှောင်ဟိုင်ရှေ့သို့ရောက်သွားပြီး ထိုးနှက်လိုက်သည်။ 

နတ်အင်ပါယာနယ်ပယ် နောက်ပိုင်းအဆင့်စွမ်းအားက ဘယ်လောက်ပင် ကြောက်စရာကောင်းမည်နည်း။ 

တိမ်အိပ်မက်ရွှံ့ဗွက်အိုင်၏ လေဟာနယ်၌ အက်ကြောင်းများ ပေါ်လာသည်။ 

လက်သီးက ရှောင်ဟိုင့်မျက်နှာပေါ်သို့ မကျရောက်လာခင်မှာပင် သူ့မျက်နှာပေါ်က အရေပြားများ စတင်တုန်ယင်လာကြ၏။

လက်သီးအားနှင့် လေလက်သီးက ကမ္ဘာကြီးကို ဖျက်ဆီးမည့်စွမ်းအားရှိသည့် ကြမ်းကြုတ်သောသားရဲဟိန်းသံပမာ ဖြတ်သန်းသွားသည်။ 

တုံ့ပြန်သည့်အနေဖြင့် ရှောင်ဟိုင် ရှောင်တိမ်းခြင်းလည်းမရှိသလို ကြောက်သလိုလည်း မခံစားရပေ။ 

သူ့ကိုယ်ထဲက ဟိန်းကာထိုးထွက်လာသည့် သွေးက သူ့ကိုနောက်ဆုတ်ရန်ခွင့်မပြုပါ။ 

သူ့၏ ရေရှည်အခြေခံအုတ်မြစ်က သူ့ကို ကြောက်တတ်ရန် ခွင့်မပြုပါ။ 

လက်သီးတစ်ချက်နှင့်အတူ သူသွေးကြောစွမ်းအားကို သိပ်သည်းပြီး ထာ၀ရနတ်ဆိုးကိုယ်ထည်၏ အဆင့်ခြောက်ကို တိုက်ရိုက်ဖွင့်လှစ်ပေးခဲ့သည်။ နတ်ဆိုးချီက ပြည့်လျှံနေပြီး မိုလီ၏ လက်သီးနှင့် တိုက်မိသည်။ 

ဘန်း......!

မိုးနှင့်မြေပြိုကျသွားသည့်အလား နားကွဲလုနီးပါးအသံတစ်သံက လေထဲတွင် ပြင်းထန်သည့်လှိုင်းများကို ဖြစ်စေသည်။ 

ဆူညံသံက ကြီးမားသော်လည်း ရလဒ်ကိုတော့ စိတ်ကူးကြည့်၍ရပါသေးသည်။ 

တိုက်မိရာ၌ ရှောင်ဟိုင်နောက်သို့ အမြောက်ဆံတစ်ခုပမာလွင့်စင်သွား၏။ 

သူ့အောက်ခြေက ရွှံ့နွံက ကြောက်စရာကောင်းသည့် အားအောက်တွင် နှစ်ခြမ်းကွဲပြီး ဧရာမချိုင့်ခွက်ကြီးတစ်ခုကို ဖြစ်လာစေသည်။ 

မိုလီ ထိုနေရာတွင်ရပ်ကာ ရှောင်ဟိုင်လွင့်စင်ကျသွားသည့်နေရာသို့ ကြည့်ပြီး နှာခေါင်းရှုံ့သည်။ 

"ငါသာမင်းကို နောက်ထပ်နှစ်အနည်းငယ်လောက် ခွင့်ပြုပေးလိုက်မယ်ဆိုရင် ငါက မင်းပြိုင်ဘက် မဟုတ်လောက်တော့ဘူး၊ ဒါပေမယ့် အခုငါ့လက်ထဲမှာ မင်းရဲ့ အသက်ရှင်နိုင်မယ့်အခွင့်အလမ်းက သုညပဲရှိတယ်"

သူ့နောက်က ဝံပုလွေဘုရင်နှင့် သွေးဝံပုလွေဂိုဏ်းကလူများကလည်း ဒီမြင်ကွင်းကို မြင်သောအခါ နှာခေါင်းရှုံ့လိုက်ကြ၏။ 

ကျင့်ကြံခြင်းနယ်ပယ်ကြားက ကွာခြားချက်က ကြီးမားလွန်းသဖြင့် အလွယ်တကူပြင်၍မရပေ။ 

ထိုအရင်နတ်ဆိုးသခင်ဟု ခေါ်သောလူကလည်း သေချာပေါက်သေရမည်သာ။ 

ဗလုံ.....ဗလုံ......!

ရွှံ့နွံထဲတွင် ရှောင်ဟိုင်တွားတွားသွားပြီး သူ့လက်မောင်းကိုဖုံးထားသည်။ မိုလီနှင့် လက်သီးချင်းဖလှယ်ခဲ့သည့် သူ့လက်မောင်းအရိုးက ကျိုးသွားလေပြီ။ 

သို့စေကာမူ နတ်ဆိုးဘုရင်သွေးကြော၏ အစွမ်းထက်ကုသစွမ်းရည်နှင့်အတူ နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်ကနေ အပူလှိုင်းများထွက်လာသည်။ 

တစ်ချိန်တည်းမှာပင် ခရက်ခ်ဟူသော အသံများကို ကြားနေရပြီး ကျိုးကြေနေသည့် အရိုးများက အတူတကွပြန်လည် ကြီးထွားလာကြသလို သူ့အော်ရာကလည်း တဖြည်းဖြည်းမြင့်တက်လာသည်။ 

ဒီမြင်ကွင်းကိုမြင်သောအခါ လူတိုင်းထိတ်လန့်သွားကြ၏။ 

သူမိုလီရဲ့ အားအပြည့်တိုက်ခိုက်မှုကို ခံယူခဲ့တာတောင် မသေသေးဘူးလား!

မိုလီ၏ အမူအရာကလည်း မှောင်မိုက်လာပြီး သူ့မျက်လုံးထဲက သတ်ဖြတ်ခြင်းဆန္ဒက ပို၍ပင် ပြင်းထန်လာသည်။ 

သူစကားတစ်ခွန်းမှမပြောဘဲ ရှောင်ဟိုင်ထံ ဆက်လက်ပြေး၀င်သွား၏။ 

ရှောင်ဟိုင် မကြောက်မရွှံ့ပင် မိုလီအား တိုက်ခိုက်သည်။ 

ဒီမြင်ကွင်းကိုမြင်သောအခါ နောက်က ဖန်ချန်းမျက်မှောင်ကြုတ်သည်။ 

"အစ်ကိုကြီး၊ စီနီယာအစ်ကိုမု၊ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် စီနီယာအစ်ကိုရှောင်ဟိုင်က သူ့ပြိုင်ဘက်မဟုတ်လောက်ဘူး"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။ 

"သူတို့ကို တွန်းဖယ်ပစ်ဖို့အတွက် ငါတို့နည်းလမ်းတစ်ခု စဉ်းစားရမယ်"

သူတို့ သူတို့၏ဆရာပေးထားသည့် ပိုးချည်အိတ်လေးကို ချက်ချင်းသုံးရန် သို့မဟုတ် သူတို့ဆရာ၏ ကိုယ်ပွားကို တိုက်ရိုက်ဆင်းသက်လာစေရန်အတွက် ကျောက်စိမ်းဆွဲသီးကို တိုက်ရိုက်ပစ်ပေါက်ရန်ကို ချက်ချင်းမတွေးခဲ့ကြပါ။ 

အန္တရာယ်ရှိလာသည်နှင့် သူတို့ဆရာဆီက အကူအညီကို မျက်ကန်းပမာ အမြဲတောင်းဆိုနေပါက သူတို့၏ခွန်အားက မည်သောအခါမှ မြင့်တက်လာမည်မဟုတ်။ 

မုဖူရှန်း နတ်ဆိုးဘုရင်ပိုင်နက်နှင့် သွေးဝံပုလွေဂိုဏ်းက လူများအား စိုက်ကြည့်လိုက်၏။ 

"နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ကျွမ်းကျင်သူသုံးယောက်၊ နတ်အင်ပါယာနယ်ပယ်နောက်ပိုင်းအဆင့်က မိုလီအပြင် နတ်ဘုရင်နယ်ပယ်ကျွမ်းပယ်ကျွမ်းကျင်သူအများကြီး၊ လက်ရှိအခြေအနေက ငါတို့အတွက် အတော်လေးကို ဆိုးရွားတယ်"

လူများစွာရှိနေသလို တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ကိုပါ ပေါင်းစပ်လိုက်ပါက သူစွမ်းအားဖြင့် ပေါက်ကွဲစေလျှင်ပင် သတင်းများကို ပိတ်ဆို့ထားရန်ဟူသည် ခက်ခဲသည်။ 

ဒီအချိန်မှာပင် ယဲ့ချိုးပိုင် ဖန်ချန်းအား ကြည့်လိုက်၏။ 

"ဂျူနီယာညီလေးဖန်၊ မင်းသူတို့ကို စက္ကန့်အနည်းငယ်လောက် အချိန်ဆွဲဖို့အတွက် တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ထဲက ပုံရိပ်ယောင်အော်ရာနဲ့ ပူးပေါင်းဖို့ မင်းရဲ့အင်မော်တယ် တွေ့ဆုံခြင်းပုံရိပ်ယောင်အစီအရင်ကို သုံးနိုင်လား"

ဖန်ချန်းအနည်းငယ် ကြက်သေသေသွားပြီးနောက် လေးနက်စွာခေါင်းညိတ်သည်။ 

"ကျွန်တော်ကြိုးစားကြည့်လို့ရတယ်"

မုဖူရှန်းဆက်ပြောသည်။ 

"ဒါဆိုရင် သူတို့ကိုစက္ကန့်အနည်းငယ်လောက် အချိန်ဆွဲထားပေး၊ ငါတို့ တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ရဲ့ အလယ်ကို ထွက်ပြေးကြမယ်"

ယဲ့ချိုးပိုင် မိုလီနှင့်ကျန်သောသူများကို ကြည့်ပြီး အပြုံးဖြင့်ပြောသည်။ 

"ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ကိုပါ တွဲဖက်လိုက်မယ်ဆိုရင် ငါတို့သူတို့ကို ဒီမှာလုံး၀နေစေရအောင် လုပ်နိုင်လောက်တယ်မလား"

မုဖူရှန်းခေါင်းညိတ်သည်။ 

"ဒါကဖြစ်နိုင်ချေအရှိဆုံးပဲ"

တစ်ချိန်တည်းမှာပင် သူအနည်းငယ်စိတ်လှုပ်ရှားသွားသည်။ 

အရေးကြီးသောအချိန်တွင် အစ်ကိုကြီးက အစီအစဉ်ကောင်းတစ်ခုကို ကြံဆနိုင်ပါသေးသည်။ 

ယင်ရှီလျန်၊ ချင်းယောင်နှင့် ယန်ရွှမ်တို့ကမူ ဆွံအနေကြပြီး မုဖူရှန်းနှင့် ကျန်နှစ်ယောက် အကြံများရလာတာကို ကြည့်နေကြသည်။ 

ဒီလိုခွန်အားကွာဟချက်အောင်မှာတောင် သူတို့လက်လျှော့ဖို့ ဒါမှမဟုတ် အကူအညီတောင်းဆိုပြီး ဒီနေရာကနေ လုံး၀ထွက်ခွာသွားဖို့ကို မရွေးချယ်ကြဘူးလား!

အရမ်းရဲတင်းတာပဲ!

"ဒါပေမယ့် အလယ်ပိုင်းမှာ မှော်သားရဲတွေနဲ့ ပုံရိပ်ယောင်မြူတွေ...." ချင်းယောင် တုံ့ဆိုင်းနေသည်။ 

ယဲ့ချိုးပိုင်ပြုံးရင်း ကြားဖြတ်သည်။ 

"ဒါဆိုပိုကောင်းတာပေါ့၊ ငါတို့ဒါတွေကို သုံးဖို့လိုတယ်"

မုဖူရှန်း ဖန်ချန်းကိုကြည့်လိုက်၏။ 

"ဂျူနီယာညီလေးဖန်၊ စကြရအောင်"

တစ်ချိန်တည်းမှာပင် သူအဆောင်များကို ထုတ်ယူလိုက်၏။ 

ယဲ့ချိုးပိုင် သူတို့၏အစီအစဉ်ကို ရှောင်ဟိုင်ထံသို့ အသံပို့လွှတ်သည်။ 

သူတို့ထွက်ပြေးလွတ်မြောက်ချင်သည်သာမက မိုလီနှင့်ကျန်သောသူများကို ဒီတိမ်အိပ်မက်ရွှံ့ဗွက်အိုင်ကနေ လုံး၀ရှင်းလင်းပစ်ချင်သည်။ 

အပိုင်း(1023) coming။ 

All Chapters