#မုဖူရှန်း၊ မီးကို မင်းကိုယ်ပေါ်မှာ သယ်လိုက်#
Vol. 72 Ch. 1009
နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်၊ နဂါးသွေးကြောနှင့် လုချန်ရှန်း၏ သွေးအဆီအနှစ်တို့ သူ့နှလုံးကို အားဖြည့်ပြီးနောက် ရှောင်ဟိုင်၏ ခွန်အားက အဆင့်သစ်တစ်ခုကို ရောက်သွားခဲ့သည်။
ရှောင်ဟိုင် ကိုးသွယ်ကောင်းကင်ဘုံနတ်ဆိုးတင်းပုတ် သို့မဟုတ် နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်ကို အသုံးမပြုလျှင်ပင် သူ့ရုပ်ခန္ဓာက သာမန်လက်နက်များ ယှဉ်နိုင်သည့် အရာတစ်ခုမဟုတ်ဟု ဆို၍ရသည်။
သူ့ရုပ်ခန္ဓာကို အဆင့်တစ်ခုအထိ ကျင့်ကြံသောအခါ သူ့အရေပြား၊ ခြေလက်အင်္ဂါများနှင့် ဆံပင် တစ်လက်မတိုင်းစီက ထက်ရှကာ မာကျောသည့်လက်နက်များ ဖြစ်လာကြသည်။
ထို့ကြောင့် ကျန်းထောင်နှင့် ကျန်နှစ်ယောက်၏ ဆေဘာဓားများက ရှောင်ဟိုင်၏ ပြင်းထန်သည့်လက်သီးချက်နှင့် တိုက်မိသောအခါ တိုက်ရိုက်ကြေမွပျက်စီးသွားရခြင်းပင်။
ဒါက ကျန်းထောင်နှင့် ကျန်နှစ်ယောက်ကို သာမက သူတို့နောက်က ယင်ရှီလျန်ကိုပါ အလွန်အမင်းထိတ်လန့်စေသည်။
ဒါက နတ်ဘုရင်နယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် လုပ်နိုင်တဲ့အရာလား!
အကယ်၍ ရှောင်ဟိုင်၏ခွန်အားကိုပါ မသိပါက ဒါက နတ်အင်ပါယာနယ်ပယ်တစ်ဦး၏ လက်သီးချက်ဟုပင် သူတို့ တွေးမိကြပေလိမ့်မည်။
ဆေဘာဓားကြေမွသွားသောအခါ ကျန်ရှိနေသည့် လက်သီးအားက သူတို့ကိုယ်များထဲသို့ တိုက်ရိုက်ကူးပြောင်းသွား၏။
ဆေဘာဓားက အားအများစုကို ခံထားပြီဟု ဆို၍ရသော်လည်း ကျန်ရှိနေသည့် လက်သီးအားက သူတို့သုံးယောက်ကို ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားစေသည်။
ကျန်းထောင်ထိတ်လန့်သွား၏။
"မင်းဘယ်လိုလုပ်နိုင်....."
သို့စေကာမူ သူစကားပြော၍ မပြီးနိုင်သေးခင်မှာပင် ရှောင်ဟိုင်ပြုံးရင်း သူတို့ရှေ့သို့ ပြေး၀င်လာသည်။
"ငါ့ကိုစိတ်မပျက်စေနဲ့၊ မင်းတို့မှာရှိတာ ဒါအကုန်ပဲလား"
လက်သီးချက်နှစ်ချက်က နတ်ဘုရင်နယ်ပယ် အလယ်အလတ်အဆင့်က တခြားနှစ်ယောက်၏ ရင်ဘတ်ကို တိုက်မိသည်။
လူထွားကြီးနှစ်ယောက်၏ အမူအရာက အကြီးအကျယ်ပြောင်းလဲသွား၏။ သူတို့ဆေဘာဓားများက ကျိုးသွားလေပြီ။
ဒီလိုဆိုပါက သူတို့အသုံးပြု၍မရနိုင်ပါ။ သူတို့ဆေဘာဓားကို စွန့်ပစ်ကာ လက်နှစ်ဖက်နှင့် ရင်ဘတ်ကို ကာကွယ်ရုံသာ တတ်နိုင်တော့သည်။
ဧရာမသွေးနီရောင်ဝံပုလွေက သူတို့ရှေ့၌ တားဆီးပေးထားသည်။
သူတို့ ရှောင်ဟိုင်၏ ကြောက်မက်ဖွယ်ရာ လက်သီးချက်ကို ပိတ်ဆို့ရန်အတွက် အစွမ်းကုန်အသုံးပြုလိုက်၏။
လက်သီးဖြတ်သန်းသွားသည့်နေရာတိုင်း၌ လေဟာနယ်က အဆက်မပြတ်ပုံပျက်သွားသည်။
လက်သီးလေအောက်တွင် ပတ်ပတ်လည်က မြေကြီးက အနည်းငယ်မြင့်လာခဲ့သည်။
လက်သီးချက်နှစ်ချက်က ဧရာမသွေးဝံပုလွေကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သည်။
ဘန်း.....!
ကျယ်လောင်သည့်အသံတစ်ချက်နှင့်အတူ ဧရာမသွေးဝံပုလွေ၏ကိုယ်၌ အပေါက်နှစ်ပေါက်ပေါ်လာပြီး ထိုအပေါက်နှစ်ပေါက်က သွေးချီအဖြစ် ပြောင်းလဲကာ လေဟာနယ်ထဲတွင် ပြန့်ကြဲသွား၏။
တစ်ချက်ညည်းညူရင်း သွေးရောင်ဝံပုလွေကလည်း ပျောက်ကွယ်သွားသည်။
သို့စေကာမူ ရှောင်ဟိုင်၏ တိုက်ခိုက်မှုများက ဒီအတွက်ကြောင့် မရပ်သွားခဲ့ပေ။
ရှောင်ဟိုင်အော်ဟစ်သည်။
သူရုတ်တရက် မြေကြီးကိုတက်နင်းပြီး သူ့တစ်ကိုယ်လုံးက ရှေ့သို့ပြေးသွားသည်။ လက်သီးအားနှင့် လေက လျော့ကျမသွားဘဲ ယင်းအစားတိုးလာခဲ့ပြီး သူတို့၏ ရင်ဘတ်ကို တည့်တည့်ထိမှန်သည်။
ခရက်ခ်..! ခရက်ခ်......!
လက်သီးချက်တစ်ခုစီက အသားကို ထိမှန်သည်။ အရိုးကျိုးပဲ့နေသည့်အသံများက လေဟာနယ်အတွင်း မြည်ဟီးလာသည်။
သူတို့နှစ်ယောက် မအော်ဟစ်နိုင်သေးခင်မှာပင် ရှောင်ဟိုင်၏လက်သီးအားကြောင့် သူတို့ကိုယ်ခန္ဓာများက ကြေမွသွားပြီး ဖုန်မှုန့်များအဖြစ် ပြောင်းသွား၏။
သူတို့အရေပြားသာကျန်ခဲ့သည်။ အရိုးများနှင့် အတွင်းအင်္ဂါများနှင့် အထောက်အကူနှင့်အတူ သူတို့ခန္ဓာမဲ့လူသားများပမာ မြေပေါ်သို့ လဲကျသွားကြသည်။
ကျန်းထောင် အမှန်တကယ်ပြေးလွှားနေရလေပြီ။
သူ့လက်အောက်ငယ်သားနှစ်ယောက်ကို မကယ်တင်နိုင်တော့တာကို သူသိသဖြင့် သူတို့အသက်ကို ငါးစာအဖြစ် အသုံးပြုလိုက်၏။ သူ့လက်သီးကျစ်ကျစ်ဆုပ်ရင်း ရှောင်ဟိုင်၏ ကျောကို တူမကြီးတစ်ခုပမာ ရိုက်ချလိုက်သည်။
ခရက်ခ်.....!
ရှောင်ဟိုင်ကျောက အရိုးများက စတင်ကျိုးကြေလာသည်။ သွေးများက သူ့ကျောက အရေပြားကနေ စတင်စိမ့်ထွက်လာပြီး သူ့၀တ်စုံက ရဲရဲနီသွားသည်။
သူရှေ့သို့ခုန်အုပ်လိုက်၏။
ယင်ရှီလျန်စိုးရိမ်ပူပန်နေပုံရသည်။
"မြန်မြန်သူ့ကိုကယ်လိုက်"
မျှော်လင့်ထားသည့်အတိုင်းပင် လူတစ်ယောက်အတွက် သုံးယောက်ကို ကိုင်တွယ်ရန်ဟူသည် ခက်ခဲနေဆဲပင်။
ဒါ့အပြင် နယ်ပယ်ဖိနှိပ်မှုကလည်း ရှိသေးသည်။
သုံးယောက်တစ်ယောက်အခြေအနေတွင် နှစ်ယောက်ကို သတ်နိုင်ခြင်းကပင် အတော်လေး ကြောက်စရာကောင်းနေလေပြီ။
ယဲ့ချိုးပိုင်ခပ်ရေးရေးပြုံးရင်း ခေါင်းခါယမ်းသည်။
"ကူညီစရာမလိုပါဘူး၊ စောင့်ကြည့်နေ"
ဒီအခြေအနေမှာတောင် သူအကူအညီ မလိုဘူးလား!
ဘယ်သူမှ မကယ်ဘူးဆိုရင် သူမကြာခင် သေရလိမ့်မယ်!
ယင်ရှီလျန် အတော်လေးစိုးရိမ်ပူပန်နေသော်လည်း သူ့လက်ရှိအခြေအနေအရ ဒီနေရာ၌နေပြီး စိုးရိမ်နေရုံသာ တတ်နိုင်သည်။
ကျန်းထောင် မြေပေါ်သို့ လဲကျသွားသည့် ရှောင်ဟိုင်ကို ကြည့်ပြီး ကျယ်လောင်စွာ ရယ်မောသည်။
"ကြည့်ရတာ မင်းလည်းဒီလောက်ပါပဲ"
"မင်းက သေခြင်းရှင်ခြင်းအတွေ့အကြုံတွေကို မခံစားဖူးသေးတဲ့ ဖန်လုံအိမ်ထဲက ပန်းတစ်ပွင့်သာသာပါပဲ၊ မင်းပတ်၀န်းကျင်ကို အာရုံစိုက်နေတာမလား"
"ဒါပေမယ့် မင်းငါတို့ကို ရန်စရဲမှတော့ ငရဲကိုပဲသွားလိုက်တော့"
ကျန်းထောင်၏မျက်နှာ၌ ဆိုးယုတ်သည့် အပြုံးတစ်ပွင့်ရှိနေပြီး ရှောင်ဟိုင်ခေါင်းကို ဖမ်းကိုင်ကာ ရှောင်ဟိုင်၏ ဝိဉာဉ်ကိုပင် ချေမွပစ်ချင်နေသည်။
သို့စေကာမူ ဒီအခိုက်အတန့်မှာပင် ရှောင်ဟိုင်ထရပ်ကာလှည့်လာပြီး ကျန်းထောင်လက်ကို ဖမ်းကိုင်လိုက်၏။
ကျန်းထောင်၏မျက်နှာက တောင့်တင်းသွားသည်။ သူလက်မောင်းကို ဆက်လက်လှုပ်ရှားကာ ရုန်းကန်ရန် ကြိုးစားသော်လည်း ရှောင်ဟိုင်၏ လက်ဖဝါးက သံမဏတူတစ်စုံနှင့်တူသည်။
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ သူရှောင်ဟိုင်ကျောကို အစွမ်းကုန်ရိုက်မိတာပဲလေ!
သူမသေဘူးဆိုရင်တောင် တိုက်ပွဲကို ရှေ့ဆက်ဖို့အတွက် သေချာပေါက် ဖြစ်နိုင်ချေမရှိဘူးမလား!
ကျန်းထောင်၏မျက်နှာက မယုံနိုင်မှုများနှင့် ပြည့်နှက်နေပြီး ရှောင်ဟိုင်ဖြည်းဖြည်းချင်း ရပ်လာတာကို ကြည့်နေသည်။
ရှောင်ဟိုင်ကျော၌ အက်ကွဲသံတစ်သံရှိသော်လည်း ဒါကအရိုးများကြေမွသည့် အသံမဟုတ်ဘဲ အရိုးများကြီးထွားကာ ပြန်ပြုပြင်နေသည့်အသံပင်။
ရှောင်ဟိုင်၏ ကျောကနေ အဖြူရောင်အငွေ့စများ စတင်ထုတ်လွှတ်သည်။
ဒီမြင်ကွင်းကိုမြင်သောအခါ ကျန်းထောင် မယုံကြည်နိုင်ဖြစ်လွန်းပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"မင်းကတကယ်ပဲ ဘယ်သူလဲ"
သူဒါကိုဘယ်လိုလုပ်နိုင်ခဲ့တာလဲ!
၀မ်းနည်းစရာကောင်းစွာပင် နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသက သတင်းများက သူတို့နားထဲကို မရောက်နိုင်ခဲ့ပေ။
ရှောင်ဟိုင် မည်သည့်စကားမှမဆိုဘဲ ယင်းအစား ခေါင်းမော့ကာ ပြုံးလိုက်၏။
ကျန်းထောင်၏မျက်လုံးထဲတွင် ရှောင်ဟိုင်အပြုံးက အသူရာချောက်ထဲကနေ တွားတွားတက်လာသည့် နတ်ဆိုးအပြုံးအလားပင်။
ဒါက နှလုံးစူးဖွယ်ကောင်းလှသည်။
"ခွန်အားကအဆင်ပြေတယ်"
ရှောင်ဟိုင်ပြုံးသည်။
"ဒါပေမယ့် ငါ့ကိုသတ်ဖို့ဆိုတာကတော့ အရမ်းဝေးပါသေးတယ်"
ဒီနေရာ၌ ရှောင်ဟိုင် လက်ကောက်၀တ်ကို လိမ်ချိုးလိုက်၏။
ကျန်းထောင်၏ နာကျင်တကြီး အော်ဟစ်သံနှင့်အတူ သူ့လက်မောင်းက ဂျုံ့မှုန့်တစ်ချပ် ချိုးခံလိုက်ရသည့်အလား ကျိုးသွားသည်။
ဂျုံ့မှုန့်တစ်ချပ်ပမာ ချိုးခံထားရသည့် ကျန်းထောင်၏ လက်မောင်းက ရှောင်ဟိုင်၏ အတင်းတွန့်လိမ်ခြင်းကို ခံလိုက်ရပြန်သည်။
ကျန်းထောင် ကျိုးနေသည့်လက်မောင်းကို ဖုံးရင်း အဆက်မပြတ်နောက်ဆုတ်နေသည်။ သူကြောက်လန့်နေပုံရပြီး တစ်ဘက်လှည့်ကာ ထွက်ပြေးချင်နေသည်။
သို့စေကာမူ ရှောင်ဟိုင်သူ့ကို ဘယ်လိုလုပ် ဒီအခွင့်အရေးကို ပေးမည်နည်း။
ကျယ်လောင်သောခြေသံတစ်ချက်နှင့်အတူ ရှောင်ဟိုင် ကျန်းထောင်ရှေ့သို့ပြေးသွားပြီး မျက်နှာအား ထိုးနှက်ပစ်သည်။
ခွပ်.......!
လတ်ဆတ်သည့်သွေးများ စီးကျလာပြီး မျက်နှာက ပေါက်ကွဲသွား၏။
ဒီလက်သီးချက်အောက်တွင် ကျန်းထောင်၏ ဝိဉာဉ်ပင်လျှင် ပျောက်ကွယ်သွားရသည်။
ခေါင်းမဲ့နေသည့်အလောင်းတစ်လောင်းက အကူအညီမဲ့စွာ ပြိုလဲကျသွားသည်။
ဒါကအဆုံးသတ်ဖြစ်သည်။
ယင်ရှီလျန် ဒီမြင်ကွင်းကိုမြင်သောအခါ ထိတ်လန့်တုန်လှုပ်သွား၏။
"မင်း....မင်းတို့ကကဘယ်သူလဲ၊ မင်းတို့လိုလူတွေ တိမ်အိပ်မက်မြို့မှာ ရှိနေတယ်ဆိုတာ မဖြစ်နိုင်ဘူး...."
ရှောင်ဟိုင် လက်နှစ်ဖက်သပ်လိုက်၏။
"ငါတို့ဘယ်သူလဲဆိုတာ မင်းဂရုစိုက်စရာမလိုဘူး၊ ငါတို့ မင်းကိုကယ်တင်ခဲ့တယ်ဆိုတာကို သတိရနေရင်ရပြီ"
ယင်ရှီလျန်ခေါင်းညိတ်သည်။
"သေချာတာပေါ့၊ ကျေးဇူးပြုပြီး ငါနဲ့အတူ တိမ်အိပ်မက်မြို့ကို လိုက်ခဲ့ပါ၊ ငါတို့ကြာကြာနေပြီး သွေးဝံပုလွေဂိုဏ်း တုံ့ပြန်လာရင် ပြဿာနာထဲ ကျရောက်သွားလိမ့်မယ်"
ရှောင်ဟိုင်နှင့် ကျန်သောသူများခေါင်းညိတ်သည်။
သို့စေကာမူ ချင်းယောင်က သတိမေ့မြောနေသည်။ ဆေးလုံးအကူအညီအောက်တွင် သူမသက်သာလာသော်လည်း အလွန်အမင်း မောပန်းနေပြီဖြစ်ကာ ကိုယ်တိုင်လမ်းမလျှောက်နိုင်တော့ပါ။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။
ယဲ့ချိုးပိုင် အရင်ဆုံးလက်မြှောက်သည်။
"ငါ့မှာ မိသားစုရှိတယ်၊ မင်းတို့ကြိုက်သလို လုပ်လို့ရတယ်"
ရှောင်ဟိုင်နောက်တစ်လှမ်းဆုတ်သည်။
ဖန်ချန်းပြုံးလိုက်၏။
"စီနီယာအစ်ကိုမု၊ အစ်ကိုပဲလုပ်တော့"
မုဖူရှန်း၏ မျက်လုံးများက ပြူးကျယ်သွား၏။
"ငါလား" သူ့ကိုယ်သူလက်ညိုးထိုးပြရင်း သူမေးလိုက်မိသည်။
မင်းတို့နောက်နေတာမလား!
ငါ့ကိုယ်ငါ ပြဿာနာထဲ ဆွဲမသွင်းချင်ဘူးဟ!
သို့စေကာမူ ထိုသုံးယောက်က သူ့ကို တစ်စိတ်တစ်၀မ်းတည်းဆုံးဖြတ်ချက်တစ်ခုနှင့် တွန်းအားပေးသည်။
မုဖူရှန်း ခုခံနိုင်စွမ်းမရှိတော့သဖြင့် ချင်းယောင်ကို ကျောပေါ် သယ်သွားရုံသာ တတ်နိုင်ပြီး သူ့မျက်နှာက စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေသည်။
ဒါကိုမြင်သော် ယင်ရှီလျန်ဆွံအနေသည်။
ချင်းယောင်က ယွန်မန်မြို့ရဲ့ နံပါတ်တစ်အလှလေးဖြစ်သလို မိသားစုကောင်းတစ်ခုက ဆင်းသက်လာတာလေ!
ဒါတောင် မင်းတို့အားလုံး ဘာလို့ အရမ်းရွှံရှာနေတဲ့ပုံပေါက်နေရတာလဲ!
အပိုင်း(1010) coming။