← Chapters

#‌နှိမ့်ချကာ သပ်ရပ်ကျနသည့် မုဖူရှန်း#

Vol. 72 Ch. 1010

#‌နှိမ့်ချကာ သပ်ရပ်ကျနသည့် မုဖူရှန်း#

Vol. 72 Ch. 1010

တိမ်အိပ်မက်မြို့တွင် မြို့တော်၀န်စံအိမ်၊ အဆောင်သခင်မဟာမိတ်နှင့် အစီအရင်ဆရာမဟာမိတ်တို့က အဓိကဂိုဏ်းသုံးဂိုဏ်းဖြစ်သည်။ 

မြို့တော်၀န်၏ သမီးက လက်ရှိ မုဖူရှန်းကျောပေါ်ရောက်နေသည့် ချင်းယောင်ဖြစ်သည်။ 

ချင်းယောင်က မြို့ထဲတွင်ဖြစ်စေ တိမ်အိပ်မက်မြို့အပြင်၌ဖြစ်စေ အတော်လေးကျော်ကြားသည်။ သူမ၏ အလှနှင့် အဆောင်ပါရမီက ပြိုင်ဘက်ကင်းသည်။ 

မရေမတွက်နိုင်လောက်သည့် ကျင့်ကြံသူများက ချင်းယောင်ကို သဘောကျနှစ်ခြိုက်ကြသည်။ 

ဒီနှစ်များအတွင်း ချင်းယောင် ဖော်ရွေတတ်ပြီး လူတိုင်းကို ပြုံးပြသော်လည်း မည်သူ့အနားကိုမှ အနီးကပ်ဖူးခြင်းမရှိပါ။ 

ဒဏ်ရာသာမရထားပါက ယင်ရှီလျန် ဒီအခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်။ 

သို့သော် မုဖူရှန်းနှင့် ကျန်သုံးယောက်ကတော့....!

ဟူး၊ ဒီအကြောင်းကို မပြောတော့ဘူး!

လမ်းတစ်လျှောက်၌ ချင်းယန် တဖြည်းဖြည်း အသိစိတ်ပြန်ရလာသည်။ 

သူမ အမျိုးသားတစ်ယောက်၏ နောက်ကျော၌ ကျောပိုးထားခြင်းခံရတာကို မြင်ရသောအခါ ချင်းယောင်၏ မျက်နှာ ချက်ချင်းနီမြန်းသွား၏။ သူမက အလွန်အမင်း လှပသည်။ 

ချင်းယောင် စကားမပြောတာကို မြင်ရသောအခါ မုဖူရှန်း စိတ်သက်သာရာရစွာ သက်ပြင်းချသည်။ 

ဒါအကောင်းဆုံးပဲ၊ ကျေးဇူးပြုပြီး ငါနဲ့ စကားမပြောပါနဲ့!

တိမ်အိပ်မက်မြို့သို့ အပြန်လမ်း၌ ယဲ့ချိုးပိုင် တိမ်အိပ်မက်မြို့၏ အခြေခံအချက်အလက်များကို မေးမြန်းခဲ့သည်။ 

ဥပမာအားဖြင့် အဓိကဂိုဏ်းသုံးဂိုဏ်းဖြစ်သည်။ 

နောက်ထပ်ဥပမာတစ်ခုက မည်သည့်အတွက်ကြောင့် အဆောင်သခင်မဟာမိတ်နှင့် အစီအရင်ဆရာမဟာမိတ်တို့က ယခုလို လွန်ကဲလှသည့် ပတ်၀န်းကျင်၌ တိမ်အိပ်မက်မြို့က ထွက်သွားရန်ကို မရွေးချယ်ရသည့် အချက်ဖြစ်သည်။ 

အကြောင်းရင်းက တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ထဲက အရင်းအမြစ်များကြောင့်ပင်။ 

ထိုနေရာ၌ တိမ်အိပ်မက်စိတ်ဝိဉာဉ်သစ်သီးဟု ခေါ်သော ဝိဉာဉ်ရတနာတစ်ခုရှိသည်ဟု ဆိုကြသည်။ 

တိမ်အိပ်မက်စိတ်ဝိဉာဉ်သစ်သီးကို စားသုံးပြီးနောက်တွင် ပုံရိပ်ယောင်လှည့်စားမှု အားလုံးက ဒီလူအပေါ် သက်ရောက်နိုင်တော့မည်မဟုတ်။ 

တစ်ချိန်တည်းမှာပင် ဝိဉာဉ်စွမ်းအားကလည်း အကြီးအမားတိုးတက်လာပေလိမ့်မည်။ 

ဒါကအဆောင်သခင်တစ်ဦးအတွက်ရော အစီအရင်ဆရာတစ်ဦးအတွက်ပါ သေစေလောက်သည့် သွေးဆောင်မှုတစ်ခုဖြစ်သည်။ 

တိမ်အိပ်မက်စိတ်ဝိဉာဉ်သစ်သီးတင်မဟုတ်ဘဲ အထဲက ကောင်းကင်ဘုံရတနာများကလည်း အဆောင်သခင်များနှင့် အစီအရင်ဆရာများအတွက် အတော်လေးသင့်တော်သည်။ 

ဒီခရီး၌ ယင်ရှီလျန်နှင့် ချင်းယောင်တို့က အဆောင်များ ရေးထွင်းရန်အတွက် ပစ္စည်းတစ်ခုကို ရှာဖွေရန် တိမ်အိပ်မက်ရွှံ့ဗွက်အိုင် အစွန်အဖျားကို သွားလိုခြင်းပင်။ 

ကံဆိုးစွာပင် သွေးဝံပုလွေဂိုဏ်းက လူများ ဒီသတင်းကိုရသွားကြပြီး သူတို့အား ဝိုင်းရံပစ်ခဲ့သည်။ 

ယဲ့ချိုးပိုင်မေးသည်။ 

"မင်းတို့လှုပ်ရှားမှုတွေကို အသေအချာ ဖုံးကွယ်ထားတယ်ဆိုပေမယ့် တစ်ဘက်လူက ကြားဖြတ်ပြီး လမ်းတစ်လျှောက် မင်းတို့ကို ချုံခိုတိုက်ခိုက်နိုင်တာပဲ၊ ဆိုလိုတာက အဆောင်သခင်မဟာမိတ်မှာ သွေးဝံပုလွေဂိုဏ်းက လူတွေရှိလောက်တယ်"

ယင်ရှီလျန် လေးနက်သည့်အမူအရာဖြင့် ခေါင်းညိတ်သည်။ 

"ငါ့မှာလည်း ဒီလိုအတွေးမျိုးရှိတယ်၊ လူအများစုက ငါတို့လမ်းကြောင်းကို မသိကြဘူး၊ ငါပြန်သွားတဲ့အခါကျရင် စစ်ကြည့်လိုက်မယ်"

အဆောင်သခင်မဟာမိတ်တွင် သွေးဝံပုလွေဂိုဏ်းက ဒီလျှိုသာရှိမည်ဆိုပါက ဒါက ကြီးမားသည့်ရိုက်ခတ်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။ 

အနာဂတ်လှုပ်ရှားမှုအားလုံးကို သွေးဝံပုလွေဂိုဏ်းက ကြိုသိနေမည်ဖြစ်ကာ ကြိုတင်အစီအစဉ်များ ချကြပေလိမ့်မည်။ 

ရုတ်တရက် ယင်ရှီလျန် မုဖူရှန်းကို ကြည့်ရင်းမေးသည်။ 

"ညီအစ်ကိုမု၊ မင်းကလည်း အဆောင်သခင်တစ်ယောက်ဆိုတာ ငါမြင်ပါတယ်၊ မင်းငါတို့ရဲ့ အဆောင်သခင်မဟာမိတ်ကို ၀င်ချင်လား"

မုဖူရှန်းသူ့ကို ငြင်းလိုက်မည်ကို စိုးရိမ်နေသည့်အလား ယင်ရှီလျန်ဆက်ပြောသည်။ 

"မစိုးရိမ်ပါနဲ့၊ အဆောင်သခင်မဟာမိတ်က အစဉ်အလာသဘောအရဆိုရင် ဂိုဏ်းတစ်ဂိုဏ်းမဟုတ်ပါဘူး၊ ဒီတော့ ဒါက လူတစ်ယောက်ရဲ့ လွတ်လပ်မှုကို မကန့်သတ်ထားဘူး၊ တစ်နည်းအားဖြင့် စင်မြင့်တစ်ခုဖန်တီးပေးရုံပဲ"

"မင်းအဆင်ပြေနေသရွေ့ တာ၀န်အားလုံးကို လက်ခံလို့ရတယ်၊ အဲဒါတွေကို ပြီးမြောက်တဲ့အခါကျရင် ရက်ရောတဲ့ ဆုလာဘ်တွေရမယ်၊ တချိန်တည်းမှာပဲ အဆောင်သခင်မဟာမိတ်မှာ အဆောင်သခင်တွေအတွက် အရမ်းအသုံး၀င်တဲ့ ပစ္စည်းတွေလည်း အများကြီးရှိပါတယ်"

"ဒါ့အပြင် ညီအစ်ကိုမုရဲ့ အဆောင်စွမ်းအားအရဆိုရင် မဟာမိတ်ထဲက အကြီးအကဲတွေရဲ့ အာရုံစိုက်မှုကို မကြာခင်မှာ ဆွဲဆောင်နိုင်လိမ့်မယ်"

မုဖူရှန်းအနည်းငယ်တုံ့ဆိုင်းနေသည်။ 

သူ့စရိုက်ကို အခြေခံရမည်ဆိုပါက ဒီလိုအင်အားစုမျိုးတွင် သူသေချာပေါက် ၀င်မည်မဟုတ်။ 

လူတစ်ယောက်၏ လွတ်လပ်မှုကို ကန့်သတ်ထားခြင်းမရှိသော်လည်း တစ်ခုခုဖြစ်ပျက်လာပါက သူတို့ဒါကို စောင့်ထိန်းနိုင်ကြမည်မဟုတ်ပါ။ 

သို့သော် အဆောင်သခင်မဟာမိတ်နှင့် အစီအရင်ဆရာမဟာမိတ်တို့တွင် တိမ်အိပ်မက်ရွှံ့ဗွက်အိုင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များရှိသည်။ 

တစ်ချိန်တည်းမှာပင် သူတို့တိမ်အိပ်မက်ရွှံ့ဗွက်အိုင်၌လည်း စစ်ဆင်ရေးတစ်ခု စတင်ခဲ့ကြသေးသည်။ 

သူသာဂိုဏ်းတစ်ဂိုဏ်းကို ၀င်ပါက အနာဂတ်တွင် သူ့အတွက် တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ကို သွားဖို့က ပိုအဆင်ပြေသွားပေလိမ့်မည်။ 

တစ်ခဏမျှတွေးပြီးနောက် မုဖူရှန်းခေါင်းညိတ်သည်။ 

"ကောင်းပြီ၊ ငါ၀င်မယ်"

ယင်ရှီလျန်၏ မျက်လုံးများက လင်း၀င်းသွားပြီး ကျယ်လောင်သောအသံဖြင့် ပြောသည်။ 

"ငါတို့ပြန်ရောက်တဲ့အခါကျရင် ဆရာ့ဆီမှာ မင်းအတွက် အကြံပေးပေးမယ်၊ သူမင်းကို အဆောင်သခင်မဟာမိတ်ကို ၀င်ခွင့်ပေးဖို့အတွက် သေချာပေါက် အတော်လေးကို ပျော်သွားမှာ"

သို့စေကာမူ မုဖူရှန်းခေါင်းခါယမ်းသည်။ 

"မလိုပါဘူး၊ သူအကဲဖြတ်စမ်းသပ်မှုမှာ ကိုယ်တိုင်ပါ၀င်နိုင်ပါတယ်"

ယင်ရှီလျန် အနည်းငယ် ကြက်သေသေသွား၏။ 

မုဖူရှန်းပြုံးသည်။ 

"ဒါကအရမ်းကြွားဝါလွန်းရာကျတယ် ဆိုပေမယ့် အကဲဖြတ်စမ်းသပ်မှုကိုတောင် မအောင်မြင်ဘူးဆိုရင် အဆောင်သခင်မဟာမိတ်မှာ ၀င်တာက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ၊ တခြားသူတွေဝေဖန်တာကိုပဲ ခံရမှာပေါ့"

မုဖူရှန်းကျော၌ တိတ်တဆိတ် နားထောင်နေသည့် ချင်းယောင်၏ မျက်လုံးများကလည်း လင်း၀င်းသွားခဲ့သည်။ 

ယင်ရှီလျန် ဒါကိုကြားသော် ခေါင်းညိတ်သည်။ 

"မှန်တယ်၊ ညီအစ်ကိုမုရဲ့ ခွန်အားအရဆိုရင် စမ်းသပ်မှုကိုဖြတ်ကျော်ဖို့ဆိုတာက အရမ်းလွယ်မှာပါ"

"ဒီကိစ္စမှာ ညီအစ်ကိုမုရဲ့ ဆုံးဖြတ်ချက်ကို ငါလေးစားပါတယ်"

မုဖူရှန်းခေါင်းညိတ်သည်။ 

ဘေးက ဖန်ချန်းရုတ်တရက်ပြောသည်။ 

"ဒါဆို ငါအစီအရင်ဆရာမဟာမိတ်ကို သွားသင့်လား"

ယင်ရှီလျန် အံ့ဩသင့်တကြီးမေးသည်။ 

"ညီအစ်ကိုဖန်က အစီအရင်ဆရာလား"

ဖန်ချန်းခေါင်းညိတ်သည်။ 

"ဒါကို ၀င်နိုင်မယ်ဆိုရင် အကောင်းဆုံးပဲပေါ့" ဖန်ချန်း၏ အစီအရင်စွမ်းအားကို ယင်ရှီလျန် တခါမှမမြင်ဖူးပါ။ 

သို့စေကာမူ အစီအရင်ဆရာမဟာမိတ်၏ ကန့်သတ်ချက်က အတော်လေးမြင့်မားသည်။ အစီအရင်ဆရာတိုင်း မ၀င်နိုင်ပေ။ 

ဒါက အဆောင်သခင်မဟာမိတ်၏ ကန့်သတ်ချက်က အရမ်းမြင့်မားသည်ဟု ဆိုလိုနေခြင်းတော့မဟုတ်။ 

သို့စေကာမူ မုဖူရှန်းထုတ်ဖော်ပြသခဲ့တာက အရမ်းကြောက်စရာကောင်းလွန်းသည်။ 

ထို့ကြောင့်လည်း ယင်ရှီလျန် ယခုလိုပြောခဲ့ခြင်းပင်။ 

ယဲ့ချိုးပိုင်ပြုံးသည်။ 

"ဂျူနီယာညီလေးဖန် ပြောလာမှတော့ သူ၀င်နိုင်မှာပါ"

အစီအရင်များ၌ လူအတော်များများက ဖန်ချန်း၏ ပါရမီကို မယှဉ်နိုင်ပေ။ 

ယင်ရှီလျန် မယုံနိုင်စွာခေါင်းညိတ်သည်။ 

"စီနီယာအစ်ကိုတို့ရော ဘယ်လိုလုပ်ကြမလဲ" ဖန်ချန်းနှင့်မုဖူရှန်းတို့ ယဲ့ချိုးပိုင်နှင့် ရှောင်ဟိုင်အား ကြည့်လိုက်ကြ၏။ 

ဘေးက ယင်ရှီလျန် ရုတ်တရက်ပြောသည်။ 

"အဆောင်သခင်တွေနဲ့ အစီအရင်ဆရာတွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အတော်လေးအားနည်းတော့ အစောင့်အကြပ်တွေကို ခွင့်ပြုထားတယ်....."

တစ်တည်းအားဖြင့် ယဲ့ချိုးပိုင်နှင့် ရှောင်ဟိုင်တို့က အဆောင်သခင်မဟာမိတ်နှင့် အစီအရင်ဆရာမဟာမိတ်တို့ကို သူတို့၏ အစောင့်များအဖြစ် ၀င်နိုင်သည်။ 

မုဖူရှန်း ရုတ်တရက် ဆိုးယုတ်စွာ ရယ်မောရင်း ယဲ့ချိုးပိုင်ကို ကြည့်လိုက်၏။ 

"အစ်ကိုကြီး၊ စီနီယာအစ်ကိုရှောင်ဟိုင်၊ ကျွန်တော်အရင်ဆုံးအမှားလုပ်လို့ရပြီနော်"

ယဲ့ချိုးပိုင် "....."

ရှောင်ဟိုင် "....."

မုဖူရှန်းစိတ်သက်သာရာရစွာ သက်ပြင်းချသည်။ 

"အိုက်ယား၊ အစောင့်တွေက ငါ့စကားကို နားထောင်သင့်တယ်မဟုတ်လား၊ သူတို့လုပ်ချင်သလို လုပ်လို့မရတော့ဘူးလေ"

ယဲ့ချိုးပိုင်နှင့် ရှောင်ဟိုင် "....."

"ဟူး၊ အစ်ကိုတို့သာ နားမထောင်ဘူးဆိုရင် ကျွန်တော်ထပ်ပြီး ခေါင်းကိုက်ရဦးမှာ"

ယဲ့ချိုးပိုင် နောက်ထပ်မချုပ်တည်းနိုင်တော့သဖြင့် မည်းမှောင်စွာပြုံးသည်။ 

"ညီလေးမု၊ ငါမင်းကို မင်းရဲ့စီနီယာအစ်ကို ရှောင်ဟိုင်ချက်ပြုတ်ထားတဲ့ အစားအစာကို စားခွင့်ပေးမယ်လေ"

မုဖူရှန်း၏မျက်နှာက ချက်ချင်းပင် သွေးဆုတ်ဖြူရော်သွားခဲ့သည်။ 

ရှောင်ဟိုင် မျက်မှောင်ကြုတ်ရင်း လက်သီးကို ပွတ်သပ်သည်။ 

"ငါ့အစားအစာကို မင်းဘာလို့ဒီလောက် စက်ဆုပ်နေသလဲဆိုတာ ငါမသိပေမယ့် မင်းအတွက် ငါချက်ပြုတ်ဖို့တော့ ၀န်မလေးဘူး"

"ဘာပဲဆိုဆို အခုလေးတင်ဖြစ်သွားတာတွေကို ငါဖွင့်ဟချင်နေတာနဲ့ အတော်ပဲ"

မုဖူရှန်း လက်ကိုပင်မဝှေ့ယမ်းနိုင်တော့။ သူချင်းယောင်ကို လက်နှစ်ဖက်နှင့်ကိုင်ပြီး အလျင်အမြန် ခေါင်းခါယမ်းသည်။ 

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ အစ်ကိုတို့၊ အစ်ကိုတို့ကို ရန်စမိတာ ကျွန်တော်မှားပါတယ်၊ ကျွန်တော်တကယ်တောင်းပန်ပါတယ်၊ ကျွန်တော်ထပ်ပြီး မလုပ်ရဲတော့ပါဘူး"

‌သူ့နောက်က ချင်းယောင်တစ်ယောက် အူလှိုက်သည်းလှိုက် ရယ်မောလေတော့သည်။ 

သူမ၏ရယ်သံက နူးညံ့ပြီး ကြည်လင်သည့် နွေဦးသံတစ်သံအလား ထင်ရသည်။ 

မုဖူရှန်းဒါကိုကြားသော် ပျော်ရွှင်မှုကို မခံစားရရုံတင်မက ယင်းအစား သူထိတ်လန့်သွား၏။ 

ဒါက အရမ်းအရမ်းအရမ်းဆိုးတယ်၊ ငါထပ်ပြီး စကားပြောလို့မရတော့ဘူး!

ဒီအကြံက အတ္တဆန်လွန်းသည့်တိုင် မုဖူရှန်း ချင်းယောင်ကို လမ်းတစ်လျှောက်၌ ဖြစ်ပျက်ခဲ့သည့်အရာများကြောင့် ဒီအကြောင်းကို မတွေးတောစေချင်ပါ။ 

သူမက သေစေလောက်လောက် သွေးဆောင်နိုင်တဲ့ အမျိုးသမီးတစ်ယောက်ပဲ!

အပိုင်း(1011) coming။ 

All Chapters