#မုဖူရှန်း၊ ဆက်ဆံရေးလား#
Vol. 72 Ch. 1011
ယင်ရှီလျန် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို တိမ်အိပ်မက်မြို့သို့ ခေါ်ဆောင်သွားသည်။
မ၀င်လာခင်မှာပင် ချင်းယောက်ကလည်း ခွန်အားတစ်ချို့ ပြန်ရလာသဖြင့် မုဖူရှန်း သူမကို ဆက်လက်ကျောပိုးထားစရာမလိုတော့ပါ။
ဒါက မုဖူရှန်းကို စိတ်သက်သာရာရစွာ သက်ပြင်းချစေသည်။
ချင်းယောင်က တိမ်အိပ်မက်မြို့ရဲ့ နံပါတ်တစ်အလှလေးဖြစ်ပြီး မြို့တော်၀န်ရဲ့ သမီးလို့ ပြောခဲ့တယ်မလား!
ဒီလိုအာဏာ၊ ဂုဏ်သတင်းမျိုးနဲ့ဆိုရင် တခြားသူတွေက သူ့ကိုတချက်တည်းနဲ့ ဒါက ချင်းယောင်ဆိုတာ သိမှာပဲ!
အကယ်၍ မုဖူရှန်းသာ သူမကို မြို့ထဲသို့ ဆက်လက်ကျောပိုးသွားရပါက သူနာမည်ကြီးလာပေလိမ့်မည်။
ဒါမုဖူရှန်း မြင်ချင်သည့်အရာတစ်ခုမဟုတ်ပါ။
တိမ်အိပ်မက်ကြယ်ဒေသကဲ့သို့ ပတ်၀န်းကျင်၌ ကြွယ်၀လွန်းသည့် မြို့တစ်မြို့ တည်ဆောက်ရန်အတွက် သူတို့တွင် စွမ်းအင်မရှိကြသော်လည်း ကွာခြားချက်က မြို့ပြင်ပမြင်ကွင်းနှင့်ယှဉ်ပါက မိုးနှင့်မြေပမာဖြစ်သည်။
တိမ်အိပ်မက်မြို့တွင် အခြေအနေ၏ သက်ရောက်မှုကြောင့် သာမန်လူမရှိပါ။
အခြေခံအားဖြင့် လူတိုင်း၏မျက်နှာပေါ်၌ လေးနက်နေသည့် အမူအရာများရှိကြပြီး သူတို့၏ ခြေလှမ်းများက တခြားနေရာက လူများထက် အများကြီးပိုမြန်နေကြသည်။ သူတို့အင်မတန်စိုးရိမ်ပူပန်နေကြပုံပင်။
ကောင်းကင်ကို တိမ်မည်းများဖုံးလွှမ်းထားသဖြင့် သံမဏိနံရံတစ်ခုပုံပေါ်ကနေသည့် တိမ်အိပ်မက်မြို့ကို အလွန်အမင်း လေးနက်သည့်ပုံပေါ်စေသည်။
ဒီအခိုက်အတန့်မှာပင် ငွေသံချပ်ကာ၀တ်ဆင်ပြီး စစ်သားများနှင့်တူသည့် ကျင့်ကြံသူအုပ်စုတစ်စု လူအုပ်စုရှေ့သို့ အလျင်အမြန် ချီတက်လာကြသည်။
မုဖူရှန်းနှင့် ကျန်သောသူများ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြ၏။
ယင်ရှီလျန်ပြောသည်။
"မစိုးရိမ်ပါနဲ့၊ သူတို့က မြို့တော်၀န်ရဲ့ လက်ရွေးစင်အစောင့်တွေပါ"
လက်ရွေးစင်အစောင့်များ ချင်းယောက်ရှေ့သို့ လျှောက်သွားကြပြီးနောက်တွင် အလယ်၌ လမ်းကြောင်းတစ်ခုပွင့်သွားသည်။
တိမ်ဖြူများကို ထွင်းကာ ရွှေခြယ်သထားသည့် ၀တ်ရုံကို ၀တ်ဆင်ထားသော လူတစ်ယောက် ရှေ့သို့ထွက်လာပြီး သူအလွန်အမင်း စိုးရိမ်ပူပန်နေပုံရကာ ချင်းယောင်အား ပူပန်စွာမေးသည်။
"ယောင်အာ၊ သမီးအဆင်ပြေလား၊ သွေးဝံပုလွေဂိုဏ်းက သမီးကိုတစ်ခုခု လုပ်ခဲ့သေးလား"
ချင်းယောင်၏ မျက်လုံးများက နီရဲသွားပြီး ခေါင်းခါယမ်းသည်။
"သမီးအဆင်ပြေပါတယ်အဖေ၊ ကျေးဇူးရှင်တွေက သမီးတို့ကိုကူညီခဲ့ပါတယ်"
"အိုး"
ထို့နောက် ယင်ရှီလျန်ရှေ့တိုးပြီး ဇာတ်လန်းတစ်ခုလုံးကို ပြောပြလိုက်၏။
တိမ်အိပ်မက်မြို့တော်၀န် ခေါင်းညိတ်ရင်း ယင်ရှီလျန်ကို ကြည့်လိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် ရှီလျန်"
ထို့နောက် သူမုဖူရှန်းနှင့် ကျန်သောသူများအား ကြည့်ပြီး လေးနက်စွာခေါင်းညိတ်သည်။
"ညီလေးတို့၊ ငါ့သမီးကိုကူညီပေးတဲ့အတွက် ကျေးဇူးပါ၊ မင်းတို့သာမရှိဘူးဆိုရင် အကျိုးဆက်တွေကတော့ မတွေးရဲစရာပဲ"
မုဖူရှန်းနှင့် ကျန်သောသူများ လက်ဝှေ့ယမ်းပြကြသည်။
"ငါဘာအခမ်းအနားမှ လုပ်နေမှာမဟုတ်ဘူး၊ မင်းတို့အနာဂတ်မှာ တစ်ခုခုကြုံကြိုက်လာခဲ့ရင် ငါ့ကို လွတ်လွတ်လပ်လပ်ပြောလို့ရတယ်" မြို့တော်၀န် ရင်ဘတ်ပုတ်ပြရင်း ယင်ရှီလျန်ကို ကြည့်သည်။
"ပြီးတော့ ငါတို့အဆောင်သခင်မဟာမိတ်ကို ရှင်းလင်းဖို့လိုတယ်"
ဒါကိုကြားသော် ယင်ရှီလျန်၏ အမူအရာက တင်းကြပ်သွားသည်။
သူသံသယကို မပြောရသေးခင်မှာပင် သူတို့စကားလုံးများကနေ အဆောင်သခင်မဟာမိတ်ထဲတွင် သွေးဝံပုလွေဂိုဏ်းက သူလျှိုရှိနေတာကို မြို့တော်၀န် အတည်ပြုခဲ့သည်။
မြို့ပြင်ပက မရေမတွက်နိုင်လောက်သည့် ဥပဒေမဲ့များ၏ ခြိမ်းခြောက်မှုအောက်ကနေ တိမ်အိပ်မက်မြို့ကို နှိပ်စက်မည့် ရန်မှ ကာကွယ်ပြီး မြို့တော်၀န်နေရာတွင် ထိုင်နိုင်သည့် အာဏာရှင်တစ်ဦး ပီသပါသည်။
"ကောင်းပြီ၊ အားလုံးပဲ၊ ငါ့သမီးကို အားပြန်ဖြည့်ဖို့အတွက် မြို့တော်၀န်စံအိမ်ကို ခေါ်သွားရဦးမယ်၊ မင်းတို့စိတ်မရှိဘူးဆိုရင် ကျေးဇူးပြုပြီး မြို့တော်၀န်စံအိမ်ကို လာအနားယူပါဦး၊ ငါ့သမီးကို အားပြန်ဖြည့်ပြီးတာနဲ့ မင်းတို့အတွက် ငါကိုယ်တိုင် လာပြီး ဖျော်ဖြေပေးပါမယ်၊ ကျေးဇူးပြုပြီး နားလည်ပေးကြပါ"
ချင်းယောင်ကလည်း မုဖူရှန်းကို ကြည့်လိုက်၏။ မုဖူရှန်းသူမအကြည့်ကို ခံစားမိသော်လည်း ပြန်မကြည့်ပါ။
ယဲ့ချိုးပိုင်လက်သီးဆုပ်သည်။
"ကျွန်တော်တို့လည်း သတင်းအချက်လက်တွေရဖို့ လိုသေးတယ်၊ ဒီကိစ္စကို ဖြေရှင်းပြီးသွားပြီဆိုမှတော့ ကျွန်တော်တို့လည်း ကိုယ့်အလုပ်ကိုယ်သွားလုပ်ပါတော့မယ်"
မြို့တော်၀န် ဒါကိုကြားသော် ယဲ့ချိုးပိုင်အား လေးစားစွာကြည့်သည်။
တခြားတစ်ယောက်သာဆိုပါက သူ့ဆီက သေချာပေါက် အကျိုးအမြတ်တစ်ချို့ ရယူပေလိမ့်မည်။
ဒီလိုဖြစ်သင့်သော်လည်း ယဲ့ချိုးပိုင်တို့က ဒါကိုမလုပ်ဘဲ ယင်းအစား ဒီကိစ္စကို ဖြေရှင်းပြီးပြီဟုသာ ဆိုခဲ့သည်။ ဒါက မြို့တော်၀န်၏ မျက်နှာသာရမှုကို ရရန် ပို၍ လွယ်ကူစေသည်။
ဒါက အကျိုးခံစားခွင့်များကို တိုက်ရိုက်တောင်းဆိုခြင်းထက် အများကြီးပိုကောင်းသည်။
အကျိုးခံစားခွင့်များကို တိုက်ရိုက်ရယူပါက သူတို့က တခြားသူများနှင့်အတူတူသာ။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက အရမ်းဉာဏ်ကောင်းသောသူများဆိုတာ မြင်နိုင်သည်။
သို့စေကာမူ မြို့တော်၀န်ယွန်မန် မှားသွားခဲ့သည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက နောက်ထပ်အကျိုးအမြတ်များမလိုချင်ကြတော့ပါ။
ဒါ့အပြင် မုဖူရှန်း၏ ရည်ရွယ်ချက်အရ သူတို့ပါ၀င်သည့်အင်အားစုပိုနည်းလေလေ၊ ပို၍ပါ၀င်နိုင်လေလေပင်။
မဟုတ်ပါက အရင်ကဲ့သို့ပင် လျှို့ဝှက်ရတနာလေးတတစ်ခုအတွက် ကြယ်ဒေသက အဓိကဂိုဏ်းအားလုံးက အရူးအမူးတိုက်ပွဲတစ်ခုကို စတင်သည့်အဖြစ်ကို ပြန်ရောက်သွားပေလိမ့်မည်။
ထို့နောက် မြို့တော်၀န်ယွမ်နန် ချင်းယောင်ကို မြို့တော်၀န်စံအိမ်သို့ ပြန်ခေါ်သွား၏။
ယင်ရှီလျန်ကလည်း လူအုပ်စုကို အဆောင်သခင်မဟာမိတ်သို့ ဦးဆောင်သွားသည်။
လမ်းတွင် ယင်ရှီလျန် မုဖူရှန်းကို ကြည့်ပြီး အပြုံးဖြင့်ပြောသည်။
"ညီအစ်ကိုမု၊ အမှန်ပြောရရင် ငါမင်းကို အရမ်းအားကျမိတယ်၊ မင်းက ချင်းယောင်ကို မင်းကို ဒီလိုကြည့်စေအောင် လုပ်နိုင်တဲ့ ပထမဆုံးလူပဲ၊ သူမင်းကို စိတ်၀င်စားနေတယ်ဆိုတာ ငါပြောနိုင်တယ်"
မုဖူရှန်းထိတ်လန့်သွားပြီး အလျင်အမြန်ပင် လက်ဝှေ့ယမ်းသည်။
"မင်းဘာကိုဆိုလိုချင်တာလဲ၊ သေချာပေါက်မဟုတ်ဘူးပေါ့၊ ငါတို့တွေ့တာ ဘယ်လောက် ကြာသေးလို့လဲ"
"ဒါ့အပြင် မင်းမှာ ချင်းယောင်အတွက် ဘာခံစားချက်မှ မရှိဘူးလား"
ယင်ရှီလျန်ခါးသီးစွာပြုံးသည်။
"အမျိုးသားတိုင်းလိုလိုက ချင်းယောင်ရဲ့ လက်တွဲဖော်ဖြစ်ချင်ကြပေမယ့် ချင်းယောင်ရဲ့စံနှုန်းတွေက အရမ်းမြင့်လွန်းတယ်၊ ငါဒါကို ကြိုမခန့်မှန်းနိုင်ဘူ"
"ဒါပေမယ့် မင်းက....."
ယင်ရှီလျန်မပြီးသေးခင်မှာပင် မုဖူရှန်းကြားဖြတ်ပြောလာသည်။
"ငါမိန်းမတွေကို စိတ်မ၀င်စားဘူး"
"???"
ယင်ရှီလျန် ရုတ်တရက် မုဖူရှန်းကို အထိတ်တလန့်ကြည့်လိုက်ပြီး ချက်ချင်းဆိုသလို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ရင်း မုဖူရှန်းနှင့် အကွာအဝေးတစ်ခုတွင် နေလိုက်ကြသည်။
ယဲ့ချိုးပိုင်နှင့်ကျန်နှစ်ယောက်တို့ကမူ အမူအရာကင်းမဲ့နေကြ၏။ သူတို့ မုဖူရှန်း၏ စရိုက်ကိုသိသည်မဟုတ်ပေလော။ သို့သော် သူတို့ ခြေလှမ်းအနည်းငယ် တိတ်တဆိတ် ဆုတ်လိုက်မိကြသည်။
မုဖူရှန်းနှာခေါင်းရှုံ့သည်။
"ငါကအခြောက်တစ်ယောက်ဟုတ်မဟုတ်ကို မပြောနဲ့ဦး၊ ငါအခြောက်တစ်ယောက် ဖြစ်နေရင်တောင် မင်းကို မကြိုက်ဘူး"
ယင်ရှီလျန် သူ့နှလုံးသားက ဓားနှင့် ထိုးစိုက်ခံထားရသည့်ပမာ ခံစားနေရသည်။ သူပျော်နေသော်လည်း တကယ်တမ်းတွင် နာကျင်နေသည်။
အဆောင်သခင်မဟာမိတ်က တိမ်အိပ်မက်မြို့၏ အကြွယ်၀ဆုံးနေရာများအနက် တစ်ခုဖြစ်သည့် မြောက်ဘက်တွင်တည်ရှိသည်။
တခြားတစ်ခုက အစီအရင်ဆရာမဟာမိဆ်ပင်။
ဒီကျင့်ကြံခြင်းလမ်းစဉ်နှစ်ခုက တကယ်တမ်း၌ အဂ္ဂိရတ်ဆရာများနှင့်တူပြီး နက်ရှိုင်းသည့် အခြေခံအုတ်မြစ်များရှိသည်။
သူတို့ရှေ့၌ အတော်လေးမြင့်မားသည့် ဆလင်ဒါပုံကျောက်မျှော်စင်တစ်ခုရှိသည်။
၎င်းက တိမ်များထဲသို့ ထိုး၀င်နေပြီး အဆင့်တစ်ဆင့်စီ၌ အဆောင်တစ်ခုစီ ကပ်ထားသည်။
အဆောင်များက အလွန်အမင်းပြင်းထန်သည့် အော်ရာကို ထုတ်လွှတ်နေကာ အတော်လေးရှေးဆန်ပုံရသည်။
ဒီအချိန်မှာပင် ယင်ရှီလျန် ဂုဏ်ယူ၀င့်ကြွားစွာပြောသည်။
"ဒီအဆောင်တွေက တောင်နတ်အဆောင်တွေပဲ၊ ဒါတွေက တစ်ကြိမ်ပဲခံနိုင်ရည်ရှိတယ်ဆိုပေမယ့် နတ်သခင်တစ်၀က်အဆင့်ရဲ့ အားအပြည့်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိတယ်"
မုဖူရှန်းပြုံးရင်းခေါင်းညိတ်သည်။
"အတော်လေးအထင်ကြီးစရာပဲ၊ ဒီအဆောင်ရဲ့ တည်ဆောက်ပုံကို ငါတကယ်မမြင်နိုင်ဘူး"
သူ့နောက်က ဖန်ချန်းတီးတိုးပြောသည်။
"စီနီယာအစ်ကိုမုက ဒါကိုတကယ်မြင်နိုင်တယ်လို့ ကျွန်တော်ဘာလို့ခံစားနေရတာလဲ၊ သူက အပေါ်ယံဟန်ဆောင်နေတာမလား"
ယဲ့ချိုးပိုင်နှင့် ရှောင်ဟိုင်တို့ တစ်ချိန်တည်းတွင် ပြောသည်။
"သူအာရုံတွေကို ဆုံးရှုံးသွားတာနေမှာပေါ့"
"ကောင်းပြီ၊ ညီအစ်ကိုမု၊ ငါနဲ့အတူလိုက်ခဲ့၊ ငါမင်းကို အကဲဖြတ်တဲ့နေရာကို ခေါ်သွားပေးမယ်"
မုဖူရှန်းခေါင်းညိတ်သည်။
လမ်းတွင် ယင်ရှီလျန် မုဖူရှန်းကို စည်းမျဉ်းများအား အသိပေးသည်။
အဆောင်သခင်မဟာမိတ်၏ အကဲဖြတ်ချက်အတွက် ကန့်သတ်ချက်က အတော်လေးမြင့်မားသည်။
ပထမဆုံးအနေနှင့် အကဲဖြတ်ချက်ကို နှစ်မျိုးခွဲခြားထားသည်။ တစ်ခုက အဆောင်သခင်မဟာမိတ်၏ ကျောရိုးဖြစ်လာမည်ဖြစ်ကာ ကျန်တစ်ခုက လွတ်လပ်သည့် အဖွဲ့ဝင်ဖြစ်လာမည်။
မုဖူရှန်းဒုတိယအမျိုးအစား၌ ပါ၀င်ခဲ့သည်။
ဒီအဆင့်တွင် ဒါကို ကောင်းကင်၊ မြေ၊ အနက်နှင့်အဝါဟူ၍ အဆင့်များခွဲခြားထားသည်။
အဝါရောင်အဆင့်က နတ်စစ်သည်နယ်ပယ် အဆောင်များကို ရေးထွင်းရန်လိုအပ်သည်။
အနက်အဆင့်က နတ်ဗိုလ်ချုပ်နယ်ပယ်အဆောင်၊ မြေအဆင့်က နတ်ဘုရင်နယ်ပယ်အဆောင်နှင့် ကောင်းကင်အဆင့်က နတ်အင်ပါယာနယ်ပယ် အဆောင်တို့ဖြစ်သည်။
အပိုင်း(1012) coming။