#ကြည့်ကြ၊ ဘာလို့ဒီမှာ ခွေးတစ်ကောင် ရှိနေရတာလဲ#
Vol. 72 Ch. 1013
အဝါရောင်အဆင့်အကဲဖြတ်မှုက အရမ်းရိုးရှင်းသည်။
သူတို့က ထိုနေရာ၌ နတ်စစ်သည်အဆင့် အဆောင်တစ်ခု ရေးထွင်းရန်လိုအပ်သည်။
မုဖူရှန်းအတွက်မူ ဒီထက်ပိုပြီးရိုးရှင်းတာ မရှိတော့ပါ။
ဒီအခိုက်အတန့်မှာပင် သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ပါ၀င်သူများရှေ့သို့ လျှောက်လာပြီးပြောသည်။
"ငါက ဒီအကဲဖြတ်မှုအတွက် စစ်ဆေးသူပဲ၊ မင်းတို့စည်းမျဉ်းတွေကို သိကြလိမ့်မယ်လို့ ငါယုံကြည်တယ်"
"မင်းတို့နှစ်ရက်အတွင်း နတ်စစ်သည်အဆင့်အဆောင်တစ်ခုကို ရေးထွင်းနိုင်သရွေ့ အောင်မြင်တယ်လို့ ယူဆလို့ရတယ်"
"အခုမင်းတို့စလို့ရပြီ"
နောက်က ကြည့်ရှုနေသည့် အဆောင်သခင်တစ်ယောက် ပြုံးပြသည်။
"နတ်စစ်သည်အဆင့်အဆောင်ကို နှစ်ရက်အတွင်း ရေးထွင်းဖို့ဆိုတာက နည်းနည်းတော့ ခက်တယ်"
"ဒါကြောင့် သူတို့အတွက် နည်းနည်းတော့ ခက်မှာပဲ၊ အရင်က ငါတို့အဝါရောင်အဆင့် အဆောင်သခင်စာမေးပွဲဖြေတော့ အမြန်ဆုံးက ရက်တစ်၀က်ကြာခဲ့တယ်"
"ဒီတစ်ကြိမ် တစ်ယောက်ယောက် ဒီစံချိန်ကို ချိုးဖျက်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့"
ယင်ရှီလျန်ဒါကိုမြင်သော် ပြုံးသည်။
"နတ်စစ်သည်အဆင့်အဆောင်တစ်ခုက ညီအစ်ကိုမုအတွက် မခက်ခဲလောက်ပါဘူး"
မုဖူရှန်းအဆောင်ရေးထွင်းတာကို သူတစ်ခါမှ မမြင်ဖူးသော်လည်း မုဖူရှန်းအသုံးပြုခဲ့သည့် ကြောက်မက်ဖွယ်ရာ နည်းလမ်းကနေတဆင့် ပြောနိုင်ပါသည်။
ဒီအဝါရောင်အဆင့်အကဲဖြတ်မှုကို အောင်မြင်ရန်ဟူသည် ခက်ခဲမည်မဟုတ်။
"ဒါက ညီအစ်ကိုမု ဘယ်လောက်ကြာကြာလုပ်နိုင်မလဲဆိုတဲ့အပေါ် မူတည်တယ်၊ တစ်ရက်က လုံလောက်မယ်လို့ ငါယုံကြည်တယ်"
ယဲ့ချိုးပိုင်ပြုံးသည်။
"တစ်ရက်က မလုံလောက်မှာကို ငါစိုးရိမ်မိတယ်"
ရှောင်ဟိုင်နှင့် ဖန်ချန်းတို့ကလည်း သဘောတူသည့်အသွင် ခေါင်းညိတ်ကြသည်။
ဟမ်!
ယင်ရှီလျန် ပဟေဠိဖြစ်သွားရသည်။
မုဖူရှန်း အဆောင်ထွင်းထုရာမှာ အားနည်းတာများလား!
သို့စေကာမူ သူမျှော်လင့်မထားတာက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ယခုလိုခံစားရသည့် အကြောင်းရင်းက မုဖူရှန်းက လုံလောက်အောင် အားမကောင်းသဖြင့် နတ်စစ်သည်အဆင့်အဆောင်ကို တစ်ရက်အတွင်း ရေးထွင်းနိုင်မှာမဟုတ်သည့်အတွက်ကြောင့်မဟုတ်ဘဲ မုဖူရှန်း၏ စရိုက်ကြောင့်ဖြစ်သည်။
ဤမျှနည်းသည့် အကျိုးအမြတ်အတွက် သူတခြားသူများ၏ အာရုံကို ဖမ်းစားမိစေရန် အဆောင်ကို သေချာပေါက် လျင်မြန်စွာ ရေးထွင်းမည်မဟုတ်။
တောင်းဆိုမှုက နှစ်ရက်ဖြစ်လေရာ မုဖူရှန်းနောက်ဆုံးအခိုက်အတန့်လေးကို ရေးထွင်းရန်အတွက် အသုံးပြုပေလိမ့်မည်။
မဟုတ်ပါက နတ်စစ်သည်အဆင့်အဆောင်ကို ရေးထွင်းရန်ဟူသည် မိနစ်အနည်းငယ်မျှသာ ကြာမြင့်သည်။
မုဖူရှန်း မြင့်မြတ်အက္ခရာဆန်းကြယ်မိုးကြိုးစုတ်တံကို ကိုင်ထားရင်း ဒါကို တွေးနေသည်။
သို့စေကာမူ သူအဆောင်ကို အချိန်မီ ရေးထွင်းပြီးရမည်သာမက တစ်ချိန်တည်းမှာပင် တခြားသူများ၏ အာရုံကို မဆွဲဆောင်မိစေရန်အတွက် ဘယ်အဆောင်ကို ရေးထွင်းရမလဲဆိုတာကို သူစဉ်းစားရပေမည်။
အဆောင်တာအိုစာအုပ်ထဲက အဆောင်များကို သေချာပေါက် ရေးထွင်း၍မရပေ။
ဒီလိုဆိုမှတော့ သူသာမန်သတ်ဖြတ်ခြင်းအဆောင်တစ်ခုကိုသာ ရေးထွင်းရပေတော့မည်။
ဒါကိုတွေးမ်သောအခါ မုဖူရှန်းလက်ထဲက အဆောင်ကို ဖြည်းဖြည်းလေး လှုပ်ရှားနေသည့်အသွင် ဟန်ဆောင်လိုက်၏။
ကျန်သောသူများကလည်း ချက်ချင်းဆိုသလို စတင်ရေးထွင်းကြသည်။
သူတို့ထဲတွင် တစ်ချို့က အများကြီးအာရုံစူးစိုက်ခံနေရသည်။
ချင်းယောင်က သူတို့ထဲမှတစ်ယောက်ပင်။
သူမက တိမ်အိပ်မက်မြို့၏ နံပါတ်တစ်အလှလေးတဖြစ်လဲ တာအိုအဆောင်၌ အလွန်အမင်း ကြောက်မက်ဖွယ်ရာပါရမီကို ပြသခဲ့သည်။
နောက်တစ်ယောက်က တိမ်အိပ်မက်မြို့၏ တစ်ကိုယ်တော်ကျင့်ကြံသူ ယန်ရွှမ်ဖြစ်သည်။
အဆောင်သခင်တစ်ဦးအဖြစ် ယန်ရွှမ်၏ ပါရမီက အတော်လေးမြင့်မားသည်။
တစ်ချိန်တည်းမှာပင် သူက နတ်ဗိုလ်ချူပ်အဆင့်အဆောင်များကို ရေးထွင်းနိုင်သည်မှာ အတော်ကြာမြင့်ခဲ့လေပြီ။ အဆောင်သခင်မဟာမိတ်ကပင် ယန်ရွှမ်ကို တစ်ခါဖိတ်ခဲ့ဖူးသည်။
သို့စေကာမူ ချင်းယောင် မပါ၀င်သရွေ့ သူလည်းပါ၀င်မည်မဟုတ်ဟု ယန်ရွှမ်ပြောခဲ့သည်။
မှန်ပေသည်။ ယန်ရွှမ်ကလည်း ချင်းယောင်ကို နှစ်သက်မြတ်နိုးသူများအနက်မှ တစ်ဦးဖြစ်သည်။
သို့စေကာမူ ယန်ရွှမ်၏ ပါရမီက ပိုမြင့်မားသည်။
"ဒီယန်ရွှမ်မှာ တကယ်ပဲစရိုက်တချို့ရှိနေတာပဲ၊ ချင်းယောင်ပါ၀င်လာတာကို စောင့်ပြီးမှ သူအတင်းပါ၀င်လာတယ်"
"ကံဆိုးချင်တော့ ချင်းယောင်က ဒီယန်ရွှမ်ကို ဂရုစိုက်ပုံတောင်မရဘူး"
"ဒါပေမယ့် ယန်ရွှမ်က အတော်လေး စွမ်းဆောင်နိုင်နေဆဲပဲ၊ သူစံချိန်ကို ချိုးဖျက်နိုင်မလားဆိုတာ ငါသိချင်မိတယ်"
အဆောင်သခင်အားလုံးက အဆောင်များကို အလျင်အမြန်ရေးထွင်းရန် အာရုံစိုက်နေစဉ် ဒါက ကြီးမားသည့် ဆူပူအုံကြွမှုနှင့် အံ့ဖွယ်အော်ရာတစ်ခုကို ဖြစ်စေသည်။
မုဖူရှန်းကရော!
သူအဆောင်စာရွက်ပေါ်၌ ပုံစံကွက်များကို ပထမဆုံးရေးလာသောအခါ ပုံစံကွက်များက မှားယွင်းသဖြင့် အဆောင်စာရွက်ကို တိုက်ရိုက်ကြေမွသွားစေသည်။
ဒါက ပတ်၀န်းကျင်က လူများအား ခေါင်းခါယမ်းစေသည်။
"ဘယ်လောက်တောင်ကြာနေပြီလဲ၊ သူကကျရှုံးနေတုန်းပဲ"
"ဒီလူမှာ နတ်စစ်သည်အဆင့်အဆောင်ကို ရေးထွင်းဖို့အတွက် စွမ်းအားမရှိဘူးဘဲ၊ သူကံတရားကို စမ်းကြည့်ဖို့အတွက် ဒီကို ရောက်နေတာဖြစ်ရမယ်"
"အကဲဖြတ်မှုတိုင်းမှာ ဒီလိုလူတွေက အမြဲရှိတယ်လေ၊ ဒါကအံ့ဩစရာမဟုတ်ပါဘူး၊ တခြားသူတွေကို ကြည့်ကြရအောင်"
ထို့နောက် သူတို့အကြည့်လွှဲလိုက်ကြ၏။ မည်သူကမှ မုဖူရှန်းကို နောက်ထပ် အာရုံမစိုက်ချင်ကြတော့ပါ။
ယင်ရှီလျန်ပင်လျှင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
မုဖူရှန်းက ဝိဉာဉ်စွမ်းအားမှာပဲ အောင်မြင်မှုတစ်ချို့ လုပ်နိုင်ခဲ့တာများလား!
တကယ်တမ်းမှာ သူက အဆောင်ရေးထွင်းရာမှာ အရမ်းပါရမီမပါတာလား!
သူ့နောက်က ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်နှင့် ဖန်ချန်းတို့ လက်မထောင်ပြလိုက်ကြသော်လည်း သူတို့ဆွံအနေကြ၏။
တခြားသူများရဲ့အာရုံကို လွှဲပြောင်းစေပြီး အာရုံစိုက်မှုကို မဆွဲဆောင်နိုင်အောင်ထိ လုပ်နိုင်တာဆိုတော့ မင်းကတကယ်ပဲ တစ်ခုခုတော့ တစ်ခုခုပဲ!
စက္ကန့်များကကုန်ဆုံးသွားပြီး ရက်တစ်၀က်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ကျောက်မျှော်စင်၏ ပထမထပ်တစ်ခုလုံးက ကြီးမားသည့်အဆောင်အော်ရာများနှင့် ပြည့်နှက်နေသည်။
ဒီအခိုက်အတန့်တွင် လူတိုင်း၏ ထိတ်လန့်နေသည့်အကြည့်များက တူညီသည့်နေရာတစ်ခုသို့ ကျရောက်နေကြ၏။
ယန်ရွှမ်လက်ထဲက အဆောင်စုတ်တံက အဆောင်စာရွက်ပေါ်၌ ဆက်လက်ရေးဆွဲနေပြီး နောက်ဆက်တွဲပုံရိပ်များက ဆက်တိုက်ပေါ်လာသည်။
အဆောင်စာရွက်ပေါ်က ပုံစံကွက်များက ပြီးပြည့်စုံလုနီးပါးပင်။
"ရက်တစ်၀က်၊ ကြည့်ရတာ ယန်ရွှမ်က စံချိန်နဲ့ တူညီတဲ့အဆင့်ကို ရောက်တော့မှာပဲ"
"ယန်ရွှမ်သဘောတူနေသရွေ့ သူ့ကို အထက်က အကြီးအကဲတွေရွေးချယ်ပြီး တပည့်အဖြစ် လက်ခံကြလိမ့်မယ်"
များမကြာမီ အဆောင်အော်ရာက ထိုးတက်လာခဲ့သည်။
ဒီအချိန်မှာပင် နတ်စစ်သည်အဆင့်တစ်ခုလုံးတွင် ထိပ်တန်းအဆင့်ဟု ယူဆ၍ရသည့် အဆောင်တစ်ခုကပြီးမြောက်သွားခဲ့သည်။
ထို့နောက် ယန်ရွှမ် အဆုံးသတ်လုနီးပါးဖြစ်နေပြီဖြစ်သည့် ချင်းယောင်ကို စိုက်ကြည့်ပြီး အဆောင်ကိုကိုင်ရာ သက်လတ်ပိုင်းအရွယ်လူအား လက်လွှဲပေးသည်။
ထိုလူခေါင်းညိတ်ရင်း တစ်ချက်ကြည့်လိုက်စဉ် သူ့၏လေးနက်သောမျက်နှာပေါ်၌ အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။
"ယန်ရွှမ်၊ ငါ့ရဲ့အဆောင်သခင်မဟာမိတ်ကို ၀င်ဖို့အတွက် မင်းစိတ်၀င်စားလား၊ ငါပြောနေတာက ကျောရိုးဖြစ်လာပေးဖို့ အကြောင်းပဲ"
အဓိကအဖွဲ့၀င်တစ်ဦးက အဆောင်သခင်မဟာမိတ်၏ အတွင်းပိုင်းစက်၀န်းထဲကို ၀င်တာနှင့်ညီမျှပြီး သူတို့လွတ်လပ်မှုတစ်ချို့ ဆုံးရှုံးရသော်လည်း အရင်းအမြစ်များ ပိုရနိုင်သည်။
သို့စေကာမူ အဆောင်သခင်မဟာမိတ်ကို ၀င်ခြင်းက အတော်လေးကောင်းမွန်သည့် ရွေးချယ်မှုတစ်ခုပင်။
သို့သော် ယန်ရွှမ်ခေါင်းခါယမ်းရင်း ချင်းယောင်ကို ကြည့်ပြီး ကျယ်လောင်စွာပြောသည်။
"ချင်းယောင်၀င်နေသရွေ့ ငါလည်း၀င်မယ်"
သက်လတ်ပိုင်းအရွယ်လူက သူဆိုလိုတာကို နားလည်သည့်အလား ခေါင်းညိတ်သည်။ သူက ထပ်ပြီး ဖိတ်ကြားခြင်းမရှိပါ။
ယန်ရွှမ်က အတော်လေးပါရမီရှိသော်လည်း အဆောင်သခင်မဟာမိတ်က ခေါင်းငုံ့ပြီး ဂျူနီယာလေးတစ်ယောက်ကို ၀င်ရန်အတွက် တောင်းပန်နေမည်မဟုတ်။
ယခုလိုအခြေအနေမျိုးသာရှိခဲ့ပါက အဆောင်သခင်မဟာမိတ်က အမည်သာလျှင် တည်ရှိပေတော့မည်။
နောက်ထပ်ရက်တစ်၀က်ကုန်ဆုံးသွားပြီးနောက် ချင်းယောင်ရေးထွင်းတာကို ပြီးစီးသွားခဲ့သည်။
သို့စေကာမူ ချင်းယောင်၏ရလဒ်က လူတိုင်းကို ပို၍ပင် ထိတ်လန့်သွားစေသည်။
အဘယ်ကြောင့်ဆိုသော် ချင်းယောင်တစ်ရက်အတွင်း ပေးခဲ့သည့် အဖြေစာရွက်က နတ်ဗိုလ်ချုပ်အဆင့်အဆောင်တစ်ခု ဖြစ်နေခြင်းပင်။
သက်လတ်ပိုင်းအရွယ်လူ၏ မျက်လုံးများက လင်း၀င်းသွားခဲ့သည်။
"ချင်းယောင်၊ မင်း...."
"ကျွန်မအရင်ဆုံးတစ်ချက်ကြည့်လိုက်ဦးမယ်၊ လူတိုင်း အကဲဖြတ်မှုကို ပြီးတဲ့အခါကျရင် ကျွန်မအဖြေတစ်ခုပေးပါမယ်" သူစကားပြော၍မပြီးသေးခင်မှာပင် ချင်းယောင် ခေါင်းခါယမ်းရင်းပြောသည်။
သက်လတ်ပိုင်းအရွယ်လူ၏ မျက်ခုံးများက ရှုံ့တွသွား၏။
သူအနည်းငယ်ဝေခွဲမရဖြစ်နေသည်။
တခြားသူတွေ သေမတတ်ရုန်းကန်နေရတဲ့ နေရာကို သူတို့နှစ်ယောက်ဘာလို့ ဒီလောက်အလွယ်တကူ လုပ်နေရတာလဲ!
ယန်ရွှမ် ချင်းယောင်ဆီသို့ လျှောက်သွားပြီး ပြုံးသည်။
"ဒါက ငါမ၀င်သေးလို့များလား"
ဒါကိုကြားသော် ချင်းယောင် ယန်ရွှမ်ကို စိုက်ကြည့်ရင်း ပြုံးသော်လည်း ဘာတစ်ခုမှမပြောပါ။
အကြောင်းရင်းကို သိသည့် ယင်ရှီလျန်၊ ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်နှင့် ဖန်ချန်းတို့မှာ ယန်ရွှမ်က နည်းနည်းသနားစရာကောင်းနေသည်ဟု ခံစားနေရသည်။
ဟေး၊ ဘာလို့ဒီမှာ ခွေးတစ်ကောင်ရှိနေရတာလဲ!
အပိုင်း(1014) coming။