← Chapters

#‌မုဖူရှန်း၏ ပထမဆုံးကပ်ဘေး#

Vol. 72 Ch. 1014

#‌မုဖူရှန်း၏ ပထမဆုံးကပ်ဘေး#

Vol. 72 Ch. 1014

ချင်းယောင်၏ အဆောင်ပါရမီက တိမ်အိပ်မက်မြို့တစ်ခုလုံးအတွင်း ပျံ့နှံ့ပြီးသားပင်။ 

ဒါကိုအပြင်ပလောက၌ အရမ်းကြီးမဖော်ထုတ်ခြင်းသာဖြစ်သည်။ 

ကြည့်မည်ဆိုပါက အဆောင်သခင်အဖြစ် ချင်းယောင်၏ ပါရမီက သူတို့စိတ်ကူးထားတာထက် ပိုမြင့်သည်။ 

အဆောင်သခင်မဟာမိတ်က အကြီးအကဲတစ်ဦး ချင်းယောင်ကို သူ့တပည့်အဖြစ် လက်ခံရန်အတွက် မြို့တော်၀န်စံအိမ်သို့ ကိုယ်တိုင်ကိုယ်ကျ သွားခဲ့သည်မှာ အံ့ဩသင့်စရာမရှိတော့။ 

သို့သော် ပြီးသွားပြီးနောက် တစ်ခုခုမှားနေတာကို လူတိုင်းသဘောပေါက်လိုက်ကြ၏။ 

ချင်းယောင်၏အကြည့်က အခြေခံအားဖြင့် အစက ကျရှုံးခဲ့သည့် အဆောင်သခင်ပေါ်၌ ကျရောက်နေသည်။ 

သူတို့ ချင်းယောင်ပြောခဲ့တာကို တွေးမိသွားပြီး သူတို့၏ အကြည့်များက အနည်းငယ် ထူးဆန်းလာကြသည်။ 

ချင်းယောင် ပါ၀င်သူတွေ မပြီးခင်အထိ စောင့်ပြီးမှ အဆောင်သခင်မဟာမိတ်ကို ၀င်မလား၊ မ၀င်ဘူးလားဆုံးဖြတ်မယ်ဆိုတာကို ပြောခဲ့တာက ဒီလူမပြီးသေးလို့လား!

ပြန်တွေးကြည့်သောအခါ ထိုအကြီးအကဲက မြို့တော်၀န်စံအိမ်သို့ တပည့်လက်ခံရန်အတွက် ကိုယ်တိုင်ကိုယ်ကျ သွားခဲ့သော်လည်း ချင်းယောင် ငြင်းခဲ့သည်။ 

ဒါကို ချင်းယောင် အခုအဆောင်သခင် မဟာမိတ်ရဲ့ အကဲဖြတ်မှုကို ပါ၀င်ဆင်နွှဲရတာက ဒီလူကြောင့်လား!

ယန်ရွှမ် တဖြည်းဖြည်းအသိ၀င်လာသည်။ 

သူ့အမူအရာက အနည်းငယ်မည်းမှောင်သွားပြီး မုဖူရှန်းအား ကြည့်လိုက်စဉ် အနည်းငယ် ထူးဆန်းနေသလိုခံစားရသည်။ ချင်းယောင် ဘာလို့ဒီလိုလူမျိုးကို ကြိုက်ရတာလဲ!

ဒီအချိန်တွင် လူတိုင်း၏ အာရုံစူးစိုက်မှုထဲတွင် ရှိနေသည့် မုဖူရှန်းမှာ သူ့ပတ်၀န်းကျင်က စိတ်အားထက်သန်သည့် အကြည့်များကို ခံစားမိသဖြင့် နှလုံးသားထဲကနေ ညည်းတွားလိုက်မိသည်။ 

တခြားသူတွေ ငါ့ကိုသတိမထားမိစေဖို့အတွက် ငါအရမ်းကြိုးစားခဲ့ရတယ်၊ အဆုံးမှာတော့ လူတိုင်းက အရင်ကထက် ငါ့ကို ပိုပြီးအာရုံစိုက်နေကြပြီ!

လှပသည့်မိန်းမတိုင်းက သေစေလောက်သည့် သွေးဆောင်နေတဲ့ မိန်းမတွေလို့ ငါမပြောခဲ့ဘူးလား!

မုဖူရှန်းငိုချင်သော်လည်း မျက်ရည်မကျလာခဲ့ပါ။ 

မင်းကို ငါ့ကိုဒီလိုကြည့်နေရစေအောင် ငါဘာများလုပ်ခဲ့လို့လဲ၊ မြန်မြန်ငါ့ကို ပြောလိုက်၊ မင်းပြောမယ်ဆိုရင် သူချက်ချင်းပြောင်းပစ်မယ်!

ယခုသူက လူများစွာ၏ စောင့်ကြည့်ခြင်းကို ခံနေသလို သူတို့အကြည့်များကိုလည်း မရှောင်ရှားနိုင်သဖြင့် မုဖူရှန်းစတင် သရုပ်ဆောင်လေတော့သည်။ 

ထို့ကြောင့် ပြီးခဲ့သည့်နှစ်ရက်အတွင်း မုဖူရှန်း အဆင့်နိမ့်နတ်စစ်သည်အဆင့်အဆောင်ကို အကြိမ်ပေါင်းများစွာ မှားယွင်းစွာ ရေးဆွဲခဲ့သည်။ 

နောက်ဆုံးအခိုက်အတန့်လေးတွင်သာ သူရေးထွင်းတာကို ပြီးစီးသွားသဖြင့် မုဖူရှန်း စာရွက်ကို ကောက်ကိုင်ပြီး နဖူးက ချွေးများကိုသုတ်ကာ အသက်ပြင်းပြင်းရှုသည်။ 

"နောက်ဆုံးတော့ပြီးသွားပြီ၊ ဒါကတကယ်တော့ မလွယ်လှဘူး"

ယဲ့ချိုးပိုင် "....."

ရှောင်ဟိုင် "....."

ဖန်ချန်း "....."

ဒါက အရှက်မဲ့လိုက်တာ!

ချင်းယောင်ကလည်း စိတ်သက်သာရာရစွာ သက်ပြင်းချသည်။ 

ချင်းယောင်၏ အမူအရာကိုမြင်ပြီးနောက် ယန်ရွှမ် မနာလိုစိတ်ဖြင့် တောက်လောင်နေသည်။ 

ဒီလိုလူမျိုးက မင်းနဲ့ ထိုက်တန်ရဲ့လား ချင်းယောင်!

သို့စေကာမူ ယန်ရွှမ်ဒါကို ကျယ်ကျယ်ပြောရလောက်သည်အထိ မတုံးအသေးပါ။ 

မည်သို့ပင်ဆိုစေကာမူ ချင်းယောင်က မုဖူရှန်းကို စိတ်၀င်စားပုံပေါ်နေသည် မဟုတ်ပေလော။ 

မုဖူရှန်း၏ ပါရမီက မကောင်းလျှင်ပင် ချင်းယောင်ရှေ့တွင် တစ်ဘက်လူကို မကောင်းပြောပါက ဒါက သူမအား သူ့အပေါ် ပို၍ မနှစ်မြို့ဖြစ်စေမည်သာ။ 

ဒါက မထိုက်တန်ပေ။ 

နောက်ပိုင်း ဘယ်သူ့ကို သူမတကယ် ယုံရမလဲဆိုတာ ချင်းယောင်ကို နားလည်စေရန်အတွက် သူ့ပါရမီနှင့်ခွန်အားကို တဖြည်းဖြည်းအသုံးပြုရပေမည်။ 

မုဖူရှန်းအဆောင်ကို သက်လတ်ပိုင်းအရွယ်လူအား ပေးပြီးနောက်တွင် ထိုလူက ဘာအမူအရာကိုမှ မပြသဘဲ အနည်းငယ်သာ ခေါင်းညိတ်သည်။ 

"အောင်မြင်တယ်"

ဒီနေရာ၌ အကဲဖြတ်မှုက ပြီးသွားသည်။ 

သူတို့ထဲက လူလေးယောက်က မအောင်မြင်ခဲ့ပေ။ 

ဒီအောင်မြင်သည့်နှုန်းက ပုံမှန်ဟု ယူဆ၍ရသည်။ 

ဒီအချိန်မှာပင် ချင်းယောင် မုဖူရှန်းဆီသို့ လျှောက်သွားသည်။ သူမ၏ ပါး၌ ပန်းရောင်တိမ်တိုက်လေးနှစ်ခုပေါ်လာပြီး ရှက်ရွှံ့စွာပြုံးရင်းပြောသည်။ 

"အဲဒီတုန်းက ကျွန်မဒဏ်ရာတွေက အရမ်းပြင်းထန်ခဲ့တော့ ရှင့်ကို သေချာကျေးဇူးမတင်နိုင်ခဲ့ဘူး၊ ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါ၊ သခင်လေးမု"

မုဖူရှန်း "....."

မလုပ်နဲ့၊ ငါ့ဆီကနေ ဝေးဝေးနေတာက ငါ့ကို ပြန်ပေးဆပ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းပဲ!

"မလိုပါဘူး၊ မင်းက ငါတို့လိုချင်တဲ့ သတင်းအချင်အလက်တွေကို ပေးခဲ့တာပဲလေ၊ ဒါက တန်းတူညီမျှပါပဲ" မုဖူရှန်းလက်ဝှေ့ယမ်းသည်။ 

တစ်နည်းပြောရရင် ငါ့မှာ မင်းနဲ့ဘာမှလုပ်စရာမရှိဘူး၊ ဒီတော့ ငါ့ဆီကဝေးဝေးနေပါ!

သို့စေကာမူ ချင်းယောင် နားလည်ပုံမပေါ်ဘဲ ယင်းအစားပြုံးသည်။ 

"သခင်လေးမု အရင်က တိမ်အိပ်မက်ရွှံ့ဗွက်အိုင်အကြောင်း မေးခဲ့တာမလား၊ မြို့တော်၀န်စံအိမ်က ဒီသတင်းကို အများကြီးမသိလောက်ဘူး၊ ဒါပေမယ့် အဆောင်သခင်မဟာမိတ်မှာတော့ တိမ်အိပ်မက်ရွှံ့ဗွက်အိုင်နဲ့ ပတ်သက်တဲ့ သတင်း‌ေတ္ အများကြီးရှိတယ်"

"သခင်လေးမုက ဆန်းကြယ်အဆင့်(အနက်အဆင့်)အဆောင်သခင်တစ်ယောက် ဖြစ်လာဖို့အတွက် ကြိုးစားဖို့ပဲလိုတာပါ၊ အဲဒါဆိုရင်တော့ တိမ်အိပ်မက်ရွှံ့ဗွက်အိုင်က တာ၀န်တစ်ချို့နဲ့ ထိတွေ့နိုင်ပါပြီ"

ဒါကိုကြားသော် မုဖူရှန်း၏မျက်နှာက ‌တောင့်တင်းသွား၏။ 

ဒါဘာအဓိပ္ပာယ်လဲ!

ဒီတော့ အချိန်အတော်ကြာ သရုပ်ဆောင်ပြီး အဝါရောင်အဆင့်အဆောင်သခင်ဘွဲ့ကို ရပြီးမှ ငါတိမ်အိပ်မက်ရွှံ့ဗွက်အိုင်အကြောင်း သတင်းကို မရနိုင်သေးဘူးပေါ့!

မုဖူရှန်း ယင်ရှီလျန်ကို ကြည့်ရဆိုးသည့် အမူအရာဖြင့် ကြည့်လိုက်သည်။ 

ယင်ရှီလျန် ခေါင်းကုတ်ရင်း ရှက်ကိုးရှက်ကန်းပြုံးသည်။ 

"သခင်လေးမုမှာ ဆန်းကြယ်အဆင့်အဆောင်သခင်ဖြစ်လာဖို့ စွမ်းရည်ရှိတယ်လို့ ငါထင်တယ်"

"မင်းက အနက်ရောင်အဆင့် အဆောင်သခင်ဖြစ်ချင်တာလား"

ဒီအချိန်တွင် ယန်ရွှမ်ဘေးကနေ နှာခေါင်းရှုံ့သည်။ 

"မင်းရဲ့လက်ရှိအဆောင်သခင်စွမ်းအားနဲ့ဆိုရင် မင်းဆယ်စုနှစ်အနည်းငယ်လောက် ငြိမ်းချမ်းစွာ ကျင့်ကြံသင့်တယ်၊ မဟုတ်ဘူးဆိုရင် နတ်စစ်သည်အဆင့်အဆောင်ကိုတောင် ရေးထွင်းဖို့ အတော်လေးခက်ခဲနေတဲ့ မင်းရဲ့လက်ရှိအခြေအနေမှာ အနက်ရောင်အဆင့်စာမေးပွဲကို အောင်မြင်ဖို့ဆိုတာက ရိုးရှင်းတဲ့ အိပ်မက်တစ်ခုသာသာပဲ"

ဒီနေရာတွင် ယန်ရွှမ် ချင်းယောင်ကို ထပ်မံကြည့်ပြီးနောက် ညင်သာစွာပြောသည်။ 

"ချင်ယောင်၊ မင်းစွမ်းအားအရဆိုရင် မင်းအနက်ရောင်အဆင့်အကဲဖြတ်မှုကို အောင်မြင်ဖို့ လုံလောက်ပါပြီ၊ ငါတို့ အနက်ရောင်အဆင့် အဆောင်သခင်စာမေးပွဲကို တိုက်ရိုက်ဖြေကြမယ်ဆိုရင်ရော"

ချင်းယောင် မုဖူရှန်းကို တစ်ချက်စိုက်ကြည့်ပြီးနောက် ခေါင်းခါယမ်းသည်။ 

"ကျွန်မစာမေးပွဲဖြေမှာ မဟုတ်ဘူး၊ သခင်လေးယန်၊ ကျေးဇူးပြုပြီးဆက်လုပ်ပါ"

ဒါကိုကြားသော် ယန်ရွှမ်အနည်းငယ် မျက်မှောင်ကြုတ်သည်။ 

သို့စေကာမူ ဒီအချိန်မှာပင် မုဖူရှန်းထရပ်ကာ သက်လတ်ပိုင်းအရွယ်လူကြီးကို ကြည့်ပြီးမေးသည်။ 

"အနက်ရောင်အဆင့်အဆောင်သခင်တွေကပဲ တိမ်အိပ်မက်ရွှံ့ဗွက်အိုင်က တာ၀န်တ္ကေို လက်ခံဖို့အတွက် အရည်အချင်းပြည့်မီတာလား"

သက်လတ်ပိုင်းအရွယ်လူက မုဖူရှန်းအား ထူးဆန်းစွာကြည့်ရင်း ခေါင်းညိတ်သည်။ 

"ဒီလိုဆိုရင်တောင် တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ကို ဘာကြောင့်အသက်ကန့်သတ်ဇုန်လို့ ခေါ်ရတာက အကြောင်းရင်းရှိတယ်၊ ငါမင်းကို အကြံပေးပါရစေ၊ လက်တွေ့မကျတဲ့ အကြံတွေမတွေးမိစေနဲ့"

"ကျေးဇူးပါ" မုဖူရှန်းခေါင်းညိတ်သည်။ 

"ဒါပေမယ့် ကျွန်တော်တို့အခု အနက်ရောင်အဆင့်အကဲဖြတ်မှုကို ဆက်လက်ဆောင်ရွက်လို့ရလား"

သက်လတ်ပိုင်းအရွယ်လူမှာ အနည်းငယ်ကြက်သေသေသွား၏။ 

ချင်းယောင်၊ ယင်ရှီလျန်၊ ယန်ရွှမ်နှင့် ပတ်၀န်းကျင်ကလူများလည်း မှင်သက်နေကြသည်။ 

ညီအစ်ကို၊ မင်းအဆင်ပြေရဲ့လား!

မင်းက နတ်စစ်သည်အဆင့်အဆောင်ကို ရေးထွင်းဖို့တောင် အတော်လေးခက်ခဲခဲ့တဲ့ လူတစ်ယောက်လေ၊ ဒါတောင် မင်းက အနက်ရောင်အဆင့်အကဲဖြတ်မှုမှာ ပါ၀င်ချင်သေးတာလား!

ဒီအဆင့်မှာ မင်းနတ်ဗိုလ်ချုပ်အဆင့် အဆောင်ကို ရေးထွင်းဖို့လိုတယ်ကွ!

ဒီနှစ်ခုကြားက ခက်ခဲမှုအဆင့်ကွာခြားချက်က မနည်းဘူးနော်!

ယန်ရွှမ် ဘေးကနေ အကြံပေးသည်။ 

"တာအိုမိတ်ဆွေလေး၊ အဆင်မခြင်မလုပ်နဲ့၊ မင်းနယ်ပယ်နဲ့ မသက်ဆိုင်တဲ့ အဆောင်တစ်ခုကို မင်းရေးထွင်းပြီး အမှားတစ်လုပ်မိရင် ဒါကို တန်ပြန်သက်ရောက်မှုတစ်ခုကို ဖြစ်စေလိမ့်မယ်၊ အဲဒီအချိန်ကျရင် အကျိုးအမြတ်တွေက ဆုံးရှုံးမှုတွေအတွက် ကာမိမှာမဟုတ်ဘူး"

ဒီလူက ကြောင်သူတော်ဟုတ်၊ မဟုတ်ဆိုတာကို မသိရသေးပါ။ 

သက်လတ်ပိုင်းအရွယ်လူ မုဖူရှန်းကို ကြည့်ပြီး ဘာတစ်ခုမှမပြောဘဲ ယင်းအစားမေးသည်။ 

"သေချာတာပေါ့၊ ဒါပေမယ့် မင်းသေချာလား"

မုဖူရှန်းခေါင်းညိတ်သည်။ 

တခြားနည်းလမ်းမရှိတော့ပါ။ 

သူဒါကို စီနီယာအစ်ကိုရှောင်ဟိုင်အတွက် လုပ်ရပေတော့မည်။ 

မဟုတ်ပါက ဒီအဆောင်သခင်မဟာမိတ်တွင်ပါ၀င်ခြင်းက အသုံးမ၀င်ပေ။ 

ဒီအချန်မှာပင် ချင်းယောင်ရှေ့တိုးလာသည်။ 

"ဒါဆို ကျွန်မလည်း အနက်ရောင်အဆင့်အကဲဖြတ်မှုမှာ ပါ၀င်ပါမယ်"

ယန်ရွှမ် "....."

မုဖူရှန်း "....."

ဒီနှစ်သက်မြတ်နိုးမှုက အရမ်းဘက်လိုက်လွန်းရာမကျဘူးလား!

ဝန်းရံနေသည့်ပရိသတ်များကမူ ကျယ်လောင်စွာ ရယ်မောလုနီးပါးပင်ဖြစ်နေပြီး ယန်ရွှမ်အတွက် စိတ်မကောင်းသလို ခံစားနေကြရသည်။ 

မုဖူရှန်း သူမကို စည်းရုံးရန် အကောင်းဆုံးကြိုးစားသည်။ 

"သခင်မလေးချင်းယောင်၊ အပြင်လောကက ကိစ္စတစ်ချို့ကြောင့် ကိုယ်မကြိုက်တဲ့ အရာတစ်ခုခုအတွက် စာမေးပွဲဖြေဖို့ ကိုယ့်ကိုကိုယ် တွန်းအားမပေးပါနဲ့"

အပြင်လောကဟူသည် မုဖူရှန်း သူ့ကိုယ်သူ ရည်ညွှန်းနေခြင်းပင်။ 

သို့စေကာမူ ချင်း‌ယောင် အပြုံးဖြင့် ခေါင်းခါယမ်းသည်။ 

"ကျွန်မမကြိုက်တာမဟုတ်ပါဘူး၊ ကျွန် အဆောင်လမ်းစဉ်ကို အရမ်းကြိုက်ပါတယ်"

မုဖူရှန်းအကူအညီမဲ့နေသည်။ 

ဒီမိန်းကလေးရဲ့ ဦးနှောက်က တစ်ခုခုမှားနေတာလား၊ ဒါကိုတောင် နားမလည်ဘူးလား!

မုဖူရှန်းတစ်ယောက် ဝါဂွမ်းကို လက်ဝှေ့ယမ်းထိုးနေရသည့်ပမာ ခံစားနေရသည်။ 

အပိုင်း(1015) coming။ 

All Chapters