← Chapters

#‌ဘယ်လိုအပြစ်မျိုးလဲ#

Vol. 72 Ch. 1015

#‌ဘယ်လိုအပြစ်မျိုးလဲ#

Vol. 72 Ch. 1015

အဝါရောင်အဆင့်အကဲဖြတ်မှု ပြီးဆုံးပြီးနောက် တစ်ယောက်ယောက်က အနက်ရောင်အဆင့်အကဲဖြတ်မှုကို ဆက်ရန် အကြံပြုလာလေရာ ယေဘုယျအားဖြင့် ‌အမွေးတိုင်နှစ်တိုင်စာ အနားယူချိန်ပေးသည်။ 

ဒီအနားယူချိန်အတွင်း မုဖူရှန်း ချင်းယောင်ဆီကနေ ချက်ချင်းပြေးလေတော့သည်။ 

သူသူမကို ဘာအခွင့်အရေးမှ ပေး၍မရပေ။ 

ထို့နောက် သူရှောင်ဟိုင်အားကြည့်ရင်း မကျေချမ်းစွာပြောသည်။ 

"အစ်ကိုရှောင်ဟိုင်၊ ဒီတစ်ကြိမ် ကျွန်တော် အစ်ကို့အတွက် တန်ဖိုးကြီးတစ်ခုပေးဆပ်ခဲ့ရတယ်"

ရှောင်ဟိုင်ခေါင်းကုတ်ရင်းပြုံးသည်။ 

"ဒါဆို ငါမင်းကိုလျော်ကြေးပေးမယ်လေ"

"ဘယ်လိုမျိုးလဲ"

"မင်းအတွက်ချက်ပြုတ်ပေးတာလိုမျိုးပေါ့"

မုဖူရှန်း၏အမူအရာက ချက်ချင်းပင် ပြောင်းလဲသွားပြီး သူ့ရင်ဘတ်ကို အပြင်းအထန်ပုတ်ရင်း ရှောင်ဟိုင်လက်မောင်းကိုဖက်ကာ ကျယ်လောင်စွာ ရယ်မောသည်။ 

"ဟားဟားဟား၊ စီနီယာအစ်ကို၊ ကျွန်တော််တို့က ညီအစ်ကိုတွေပဲလေ၊ အရမ်းယဉ်ကျေးနေစရာမလိုပါဘူး၊ ကျွန်တော် စီနီယာအစ်ကိုကို စနောက်လိုက်တာပါ၊ ကျွန်တော်တို့က အရမ်းနီးစပ်တဲ့လူတွေလေ၊ ဘယ်လိုလုပ် 'လျော်ကြေးပေးတယ်' ဆိုတဲ့စကားကို သုံးနေရမှာလဲ၊ ဒါက အရမ်းအလှမ်းဝေးသွားသလိုပဲ"

အသက်ရှင်ရန်အတွက် မုဖူရှန်း၏ဆန္ဒက အတော်လေးရှည်လျားသည်ဟု ဆို၍ရသည်။ 

ယင်ရှီလျန်မေးသည်။ 

"ညီအစ်ကိုမု၊ အနက်ရောင်အဆင့်အကဲဖြတ်မှုအတွက် မင်းမှာ ယုံကြည်ချက်ရှိလား"

ထို့နောက် သူတစ်ခဏမျှ စဉ်းစားလိုက်သည်။ 

"ငါဆရာကိုပြောမယ်ဆိုရင်ရော၊ ဒါဆို မင်းအတွက် အနက်ရောင်အဆင့်အဆောင်သခင်ဖြစ်လာဖို့ဆိုတာ မခက်ခဲတော့ဘူး"

ယင်ရှီလျန်၏ဆရာက အဆောင်သခင်မဟာမိတ်၌ အစစ်အမှန်စွမ်းအားရှိသည့် လက်ရွေးစင်တစ်ဦးဖြစ်သည်။ 

အနက်ရောင်အဆင့်အဆောင်သခင်တစ်ဦးက မည်သို့ပင်ဆိုစေကာမူ ဘာကိုမှ မသက်ရောက်နိုင်ပါ။ 

မုဖူရှန်းခေါင်းခါယမ်းသည်။ 

"ငါဒီလိုပြောခဲ့မှတော့ ငါ့မှာအကြောင်းရင်းရှိပါတယ်၊ မင်းရဲ့ကြင်နာတတ်တဲ့ ရည်ရွယ်ချက်အတွက် ကျေးဇူးပါ၊ ညီအစ်ကိုယင်"

ယင်ရှီလျန်ခါးသီးစွာပြုံးသည်။ 

နတ်စစ်သည်အဆင့်ကိုအဆောင်ကိုပင် ရေးထွင်းရန်အတွက် မုဖူရှန်းအတွက် အတော်လေးခက်ခဲနေလေပြီ။ သူနတ်ဗိုလ်ချုပ်အဆင့်အဆောင်ကို ဘယ်လိုလုပ် ရေးထွင်းနိုင်မည်နည်း။ 

သို့စေကာမူ မုဖူရှန်းထိုသို့ပင် ပြောလာပြီဖြစ်လေရာ ယင်ရှီလျန်ကလည်း တခြားဘာတစ်ခုမှ မပြောနိုင်တော့ပါ။ 

.....

အမွေးတိုင်နှစ်တိုင်ခန့်အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့၏။ 

သက်လတ်ပိုင်းအရွယ်လူက မျက်လုံးဖွင့်ရင်း ရှင်းလင်းသည့်အသံဖြင့်ပြောသည်။ 

"အနက်ရောင်အဆင့်အကဲဖြတ်မှုကို ဆက်သွားချင်တဲ့သူတွေ စတင်နိုင်ပြီ"

"စည်းမျဉ်းတွေ: နတ်ဗိုလ်ချုပ်အဆင့်အဆောင်ကို သုံးရက်အတွင်း ရေးထွင်းရမယ်"

နတ်ဗိုလ်ချုပ်အဆင့်အဆောင်များက နတ်စစ်သည်အဆင့်အဆောင်များထက် အများကြီးပိုခက်ခဲသည်။ 

နောက်ထပ်တစ်ရက်ပိုပေးတာကလည်း အဓိပ္ပာယ်ရှိပါသည်။ 

ယန်ရွှမ်၊ ချင်းယောင်နှင့် မုဖူရှန်းတို့သာ အနက်ရောင်အဆင့်အကဲဖြတ်မှု၌ ပါ၀င်လိုကြသည်။ 

ကြည့်ရှုသူအရေအတွက်ကမူ မလျော့ကျသွားပေ။ 

မုဖူရှန်း အနက်ရောင်အဆင့်အကဲဖြတ်မှု၌ ပါ၀င်ရန်အတွက် ကနဦးခြေလှမ်းလှမ်းရဲသည်အထိ သူ့တွင် ဘယ်လိုယုံကြည်မှုမျိုး ရှိသလဲဆိုတာ သူတို့သိချင်မိကြ၏။ 

စပြီးမရေးထွင်းသေးခင် ချင်းယောင် မုဖူရှန်းကို စိုးရိမ်တကြီးကြည့်လိုက်သည်။ 

သူမအတွက် နတ်ဗိုလ်ချုပ်အဆင့်အဆောင်ကို ရေးထွင်းခြင်းက မခက်ခဲတော့ပါ။ 

ယန်ရွှမ် ယုံကြည်မှုအပြည့်ဖြင့်ပြုံးသည်။ 

အဆောင်များ၌ သူ့ပါရမီကလည်း အတော်လေးမြင့်မားပါသည်။ 

ထို့နောက် သူမုဖူရှန်းကို လှောင်ပြောင်နေသည့်အကြည့်ဖြင့် ကြည့်လိုက်၏။ 

မုဖူရှန်းတွင် သူ့အားနည်းချက်ကို အမှန်တကယ်ဖုံးကွယ်ရန် စွမ်းရည်ရှိသည်လား သို့မဟုတ် သူက ဇာတ်ကွက်တစ်ခုပြသရန် ကြိုးစားနေသလားဆိုတာကို သူမြင်ချင်သည်။ 

မုဖူရှန်းစတင်ရေးထွင်းသည်။ 

ဒီတစ်ကြိမ်တွင် သူအရင်ကကဲ့သို့ အဆောင်စာရွက်ကို တိုက်ရိုက်စုတ်ပြဲသွားစေသည်အထိ အမှားမျိုးမလုပ်တော့ပါ။ 

ဒီလိုသာဆက်ဖြစ်နေပါက ဒါက အရမ်း ဟန်ဆောင်လွန်းရာကျသွားပေလိမ့်မည်။ 

သူတခြားသူများကို နတ်ဗိုလ်ချုပ်အဆင့်အဆောင်ကို ရေးထွင်းရာ၌ အမှန်တကယ် စွမ်းရည်ရှိတယ်ဆိုတာကို ပြသရန်အတွက် စွမ်းအားအနည်းငယ်ကို ပြသရုံသာ တတ်နိုင်သည်။ 

သို့စေကာမူ သူအရမ်းကြီးမြန်မြန်လုပ်၍ မရပေ။ ဒီနေရာ၌ ရပ်တန့်ပစ်တာက ပိုကောင်းသည်။ 

အကယ်၍ သူသာဆက်လက်ဟန်ဆောင်နေပါက နတ်ဗိုလ်ချုပ်အဆင့်အဆောင်များက သူ့အစစ်အမှန်စွမ်းအားမဟုတ်လောက်ဟု တခြားသူများ တွေးထင်ကြပေလိမ့်မည်။ 

ဒီတစ်ကြိမ်တွင် လူတိုင်းမျက်လုံးထဲက မုဖူရှန်းက အကြိမ်တိုင်း အမှားများလုပ်သည့် အဆောင်သခင်တစ်ယောက်မဟုတ်တော့ပါ။ 

ယင်းအစား သူ့တွင် တည်ငြိမ်သည့် ချဉ်းကပ်မှုတစ်ခုရှိသည်။ 

ရေးထွင်းသည့်နှုန်းက မမြန်သော်လည်း စုတ်ချက်တိုင်းက အင်မတန်တည်ငြိမ်သည်။ 

ဒါက လူတိုင်း၏မျက်လုံးများကို လင်း၀င်းသွားစေသည်။ 

"ဒီလူက....အစောပိုင်းက သူ့စွမ်းအားကို ဖုံးကွယ်ထားခဲ့တာပဲ"

"ဒီလိုဖြစ်ရမယ်၊ ဒီအဆင့်ကိုမရောက်နေဘူးဆိုရင် ဒီအဆောင်ကို တည်တည်ငြိမ်ငြိမ်နဲ့ ရေးထွင်းနိုင်မှာမဟုတ်ဘူး"

"သူကအတော်လေး နိမ့်ချနေတာပဲ"

"ဒါပေမယ့် ကြည့်ရတာတော့ သူ့ရဲ့ဖုံးကွယ်ထားတဲ့စွမ်းအားက နတ်ဗိုလ်ချုပ်အဆင့်အဆောင်မှာ ရပ်သွားလောက်တယ်၊ မဟုတ်ဘူးဆိုရင် သူအရမ်းနှေးနေမှာမဟုတ်ဘူး"

ဒါကိုမြင်ရသောအခါ ယင်ရှီလျန်ကလည်း အနည်းငယ်အံ့ဩသင့်သွားခဲ့သည်။ 

အနက်ရောင်အဆင့်အကဲဖြတ်မှု၌ ဆက်လက်ပါ၀င်ရန်အတွက် မုဖူရှန်း ကနဦးခြေလှမ်းလှမ်းခဲ့သည်မှာ အံ့ဩသင့်စရာမရှိတော့။ 

သက်လတ်ပိုင်းအရွယ်လူပင်လျှင် အနည်းငယ် ခေါင်းညိတ်လိုက်မိသည်။ 

အဆောင်းထွင်းထုရာ၌ အလယ်အလတ်တွင် ရှိနေသည့် ချင်းယောင်မှာ တစ်ချက်စိုက်ကြည့်လိုက်စဉ် မုဖူရှန်း၏ လုပ်ဆောင်ချက်ကို မြင်ရသောအခါမှသာ သူမစိတ်သက်သာရာရသွားသည်။ သူမနှုတ်ခမ်းထောင့်စွန်းက အနည်းငယ်ကွေးညွတ်သွားပြီး ဆက်လက်ရေးထွင်းနေသည်။ 

ယန်ရွှမ်မျက်မှောင်ကြုတ်သည်။ 

မင်းစွမ်းအားကို ဖုံးကွယ်ထားတော့ရော ဘာအရေးလဲ၊ မင်းရဲ့ရေးထွင်းနှုန်းက အရမ်းနှေးနေသေးတယ်၊ ဒါ့အပြင် မင်းရဲ့စွမ်းအားနဲ့ ပါရမီက ငါ့လောက် မမြင့်မားသေးပါဘူးကွာ!

ယန်ရွှမ် သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်ပြီး ရေးထွင်းရာ၌ အာရုံစိုက်လိုက်သည်။ 

သူ့လက်ထဲက အဆောင်စုတ်တံ၏ အမြန်နှုန်းက မြန်သထက်ပို၍မြန်ဆန်လာပြီး သူစတင် အရှိန်မြှင့်တင်ပစ်သည်။ 

ဒါက လူတိုင်းကို ယန်ရွှမ်၏စွမ်းအားအပေါ် သက်ပြင်းချစေသည်။ 

......

တစ်ရက်အကြာတွင် ချင်းယောင်နှင့် ယန်ရွှမ်တို့ တစ်ချိန်တည်းမှာပင် ရေးထွင်း၍ ပြီးသွားခဲ့သည်။ 

သက်လတ်ပိုင်းအရွယ်လူ စစ်ဆေးကြည့်ပြီးသောအခါ ခေါင်းညိတ်ရင်း ချင်းယောင်နှင့် ယန်ရွှမ်တို့အား အနက်အဆင့်ဆုတံဆိပ်နှစ်ခုပေးသည်။ 

ထို့နောက် လူတိုင်း၏အကြည့်က မုဖူရှန်းပေါ်သို့ ကျရောက်သွား၏။ 

ဒါကနှေးနေသေးသော်လည်း အမှားအယွင်းဟူ၍ မရှိပါ။ 

အဆောင်အော်ရာက စတင်လင်း၀င်းလာခဲ့သည်။ 

ဒါက နတ်ဗိုလ်ချုပ်အဆင့်အဆောင်အော်ရာပေတည်း။ 

တတိယနေ့ပြီးဆုံးရန်အတွက် ဆယ့်ငါးမိနစ်သာ လိုတော့သည်။ 

မုဖူရှန်းလက်ထဲက မြင့်မြတ်အက္ခရာဆန်းကြယ်မိုးကြိုးစုတ်တံက အနည်းငယ် လှုပ်ရှားသွားပြီး အဆောင်စာရွက်ပေါ်က နောက်ဆုံးမျဉ်းက ပြီးစီးသွားခဲ့သည်။ 

အဆောင်အော်ရာကလည်း စတင်တဖျပ်ဖျပ်လင်း၀င်းလာခဲ့သည်။ 

နတ်ဗိုလ်ချုပ်အဆင့်အဆောင်က နောက်ဆုံးတော့ ပြီးစီးသွားခဲ့လေပြီ။ 

အနည်းဆုံးတော့ အပြင်လူများအတွက် ဒီအတိုင်းဖြစ်သည်။ 

မုဖူရှန်းသက်ပြင်းတစ်ချက်ရှုရင်း ပုံမှန်ကဲ့သို့ နဖူးကချွေးများကိုသုတ်ပြီး အဆောင်ကို သက်လတ်ပိုင်းအရွယ်လူအား ပေးလိုက်သည်။ 

သက်လတ်ပိုင်းအရွယ်လူ စစ်ဆေးပြီးနောက် ခေါင်းညိတ်သည်။ 

"မင်းအောင်မြင်တယ်၊ မင်းမဆိုးဘူးဘဲ၊ မင်း အဆောင်သခင်မဟာမိတ်ကို၀င်ပြီး အဓိကတပည့်တစ်ယောက် ဖြစ်လာချင်လား"

မုဖူရှန်းအပြုံးဖြင့် ခေါင်းခါယမ်းသည်။ 

"ကျွန်တော်လွတ်လပ်မှုကို ပိုသဘောကျပါတယ်"

ထိုလူခေါင်းညိတ်သည်။ 

"ဒါဆိုငါမင်းကို တွန်းအားမပေးတော့ဘူး၊ ဒါပေမယ့်တစ်ခါတစ်လေ လွတ်လပ်မှုကို အရင်းအမြစ်တွေနဲ့ လှဲလှယ်တာက တိမ်အိပ်မက်ကြယ်ဒေသမှာ ပိုသင့်တော်တယ်"

ထို့နောက် သူမုဖူရှန်းကို အနက်အဆင့်ဆုတံဆိပ်တစ်ခုပေးသည်။ 

မုဖူရှန်းမ၀င်တာကို ကြားသောအခါ ချင်းယောင် သက်လတ်ပိုင်းအရွယ်လူကို ကြည့်သည်။ 

"စီနီယာ၊ ဒီလိုဆိုမှတော့ ကျွန်မလည်း မ၀င်တော့ပါဘူး"

သက်လတ်ပိုင်းအရွယ်လူကြီးမှာ နှလုံးသားထဲ၌ ခါးသီးစွာသာပြုံးရင်း အကူအညီမဲ့စွာ ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။ 

ဒီမြင်ကွင်းကိုမြင်ရသောအခါ ပတ်၀န်းကျင်ကလူများမှာ ငိုရမလားရယ်ရမလား မသိတော့ပါ။ ယန်ရွှမ်၏ အမူအရာက အလွန်အမင်း မည်းမှောင်နေသည်။ 

ဒီတစ်ကြိမ်တွင် သူချင်းယောင်၏ ဆုံးဖြတ်ချက်ကို နောက်ထပ်ဂရုမစိုက်တော့ဘဲ ယင်းအစား သက်လတ်ပိုင်းအရွယ်လူကို ခိုင်မာစွာကြည့်သည်။ 

"စီနီယာ၊ ကျွန်တော်၀င်မယ်"

တိမ်အိပ်မက်ကြယ်ဒေသတွင် အရင်းအမြစ်များချို့တဲ့သည်။ 

ချင်းယောင် သူ့ကိုအခုအထင်အမြင်သေးနိုင်ပါသည်။ 

ယန်ရွှမ် အဆောင်သခင်မဟာမိတ်က အရင်းအမြစ်များနှင့် သူ့ပါရမီတို့ကို မုဖူရှန်အား သူ့ခြေထောက်အောက်တွင် နင်းချေပစ်ရန်အတွက် အသုံးပြုရန် စီစဉ်ထားသည်။ 

သက်လတ်ပိုင်းအရွယ်လူ မျက်ခုံးပင့်လိုက်မိသည်။ 

"အိုး၊ ကောင်းပြီ၊ ဒါဆိုငါနဲ့အတူ ကျောက်မျှော်စင်ရဲ့ ဆဌမထပ်ကို လိုက်ခဲ့ပါ"

ကျောက်မျှော်စင်၏ ပထမထပ်က အကဲဖြတ်မှုကျင်းပသည့်နေရာဖြစ်သည်။ 

ဒုတိယအထပ်က အဝါရောင်အဆင့်အဆောင်သခင်များကိုသာ ၀င်ခွင့်ပေးသည့်နေရာဖြစ်သည်။ 

အနက်အဆင့်က တတိယထပ်ကို၀င်နိုင်ပြီး ကျန်အဆင့်များကလည်း အစဉ်လိုက်ပင်။ အဆောင်သခင်မဟာမိတ်က အဓိကအဖွဲ့၀င်များသာ ဆဌမထပ်ကို၀င်နိုင်သည်။ 

မုဖူရှန်း သူ့ကိုလျစ်လျူရှုထားသည်။ 

သူခေါင်းကိုက်ဝေဒနာကိုတော့ ခံစားနေရသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ဆွဲဆောင်နိုင်စွမ်းရှိသည့် မြေခွေးမများက ဘာတစ်ခုမှမဖြစ်ပျက်လာလျှင်ပင် ရန်သူအစုအပြုံကို ရန်စနိုင်ပေသည်။ 

အကဲဖြတ်မှုအဆုံးသတ်သွားပြီးနောက် မုဖူရှန်း ယဲ့ချိုးပိုင်နှင့် ကျန်သောသူများဘေးကို ရောက်လာသည်။ 

"ဂျူနီယာညီလေးဖန်၊ မင်းရောအကဲဖြတ်မှုအတွက် သွားချင်လား"

ဖန်ချန်းပြုံးရင်းခေါင်းညိတ်သည်။ 

"ဒါကအတိအကျ ကျွန်တော်တွေးနေတဲ့အရာပဲ၊ အချိန်ကျလာတဲ့အခါကျရင် ကျွန်တော်တို့ တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ကို နှစ်ဘက်စလုံးကနေ စုံစမ်းစစ်ဆေးလို့ရပြီ"

ယင်ရှီလျန် ဝေခွဲမရဖြစ်နေသည်။ 

"ညီအစ်ကိုဖန်၊ မင်းယုံကြည်ချက်ရှိလား"

ဖန်ချန်းပြုံးသည်။ 

"ဒါကပြဿာနာကြီးမဟုတ်ပါဘူး"

ဒီအချိန်တွင် ချင်းယောင် နှင်းကိုပင် အရည်ပျော်သွားစေနိုင်သည့် အပြုံးတစ်ပွင့်နှင့်အတူ တစ်လှမ်းချင်းလျှောက်လာပြီးနောက် မေးသည်။ 

"ရှင့်နောက်ထပ်ဘာဆက်လုပ်ချင်လဲ၊ ရှင့်တာ၀န်တွေကို လက်ခံချင်လား၊ ကျွန်မရော ပါ၀င်လို့ရမလား"

မုဖူရှန်း "......"

ဒါဘယ်လိုအပြစ်ဒဏ်မျိုးလဲ!

အပိုင်း(1016) coming။ 

All Chapters