#ဖန်ချန်း၏နာမည်က တိမ်အိပ်မက်မြို့ကို ထိတ်လန့်သွားစေခြင်း#
Vol. 72 Ch. 1016
အနက်အဆင့်အဆောင်သခင်တစ်ဦးက ကျောက်မျှော်စင်၏ ဒုတိယထပ်တွင် တာ၀န်များကို လက်ခံရန်အတွက် ၀င်နိုင်သည်။
ဒုတိယထပ်တွင် သူတိမ်အိပ်မက်ရွှံ့ဗွက်အိုင်က တာ၀န်များနှင့် စတင်ထိတွေ့နိုင်လာပြီဖြစ်သည်။
သို့စေကာမူ ဖန်ချန်း အစီအရင်ဆရာမဟာမိတ်ကနေ အနက်အဆင့်အစီအရင်ဆရာဆုတံဆိပ်ကို ရရန်လိုအပ်နေသေးသည်။
အဆောင်သခင်မဟာမိတ်ဖြစ်စေ အစီအရင်ဆရာမဟာမိတ်ဖြစ်စေ သူတို့က တာ၀န်များကို ထမ်းဆောင်ရာ၌ အစောင့်တစ်ဦးစီကိုသာ ခွင့်ပြုပေးထားသည်။
တစ်ချိန်တည်းမှာပင် ဖန်ချန်းသာ အစီအရင်ဆရာမဟာမိတ်ကို ၀င်ပါက သူတိမ်အိပ်မက်ရွှံ့ဗွက်အိုင်နှင့် ပတ်သက်၍ တခြားသတင်းအချက်အလက်များကို ရနိုင်လောက်သည်။
နှစ်ဘက်သွားချဉ်းကပ်နည်းက သက်ရောက်မှုကို အမြင့်ဆုံးထိပင် ရောက်စေနိုင်သည်။
နှစ်ရက်အကြာတွင် ဖန်ချန်းကလည်း အစီအရင်ဆရာမဟာမိတ်မှ အကဲဖြတ်မှုကို အောင်မြင်စွာ ပြီးပြည့်စုံခဲ့ပြီး မြေအဆင့်အစီအရင်ဆရာတစ်ဦး ဖြစ်လာခဲ့သည်။
မုဖူရှန်းနှင့်မတူတာက ဖန်ချန်းသူ့စွမ်းအားကို ဖုံးကွယ်ထားခြင်းမရှိပါ။
သူအမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်ကို ဆယ်မိနစ်အတွင်း အသက်သွင်းလိုက်သောအခါ ဒါက အစီအရင်ဆရာမဟာမိတ်တစ်ခုလုံးကို ထိတ်လန့်သွားစေသည်။
လက်ရှိအမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်၏ စွမ်းအားက နတ်ဘုရင်နယ်ပယ်ကိုပင် ရောက်နေလေပြီ။
အစီအရင်ဆရာမဟာမိတ်မှ တစ်ချို့အကြီးအကဲများပင်လျှင် နတ်ဘုရင်အဆင့်အစီအရင်ကို ဆယ်မိနစ်အတွင်း သိပ်သည်းအောင် မလုပ်နိုင်ပါ။
ဒါက အစီအရင်ဆရာမဟာမိတ်၏ ခေါင်းဆောင်ကိုပင် နိုးကြားသွားစေသည်။
မဟာမိတ်သခင်ပေါ်လာခဲ့ပြီး ဖန်ချန်းကို သူ့တပည့်အဖြစ် လက်ခံချင်ခဲ့သည်။
ဒါ့အပြင် သူအလွန်အမင်းရက်ရောသည့် အခြေအနေရပ်များကိုလည်း ကမ်းလှမ်းခဲ့သည်။
ဖန်ချန်းသာ နတ်အစီအရင်ဆရာတစ်ယောက်ဖြစ်လာပါက သူမဟာမိတ်သခင်ရာထူးကို ဖန်ချန်းအား ချက်ချင်း လွှဲပြောင်းပေးမည်ဖြစ်သည်။
သို့စေကာမူ ဖန်ချန်းသဘောမတူခဲ့ပေ။ ယင်းအစား ငြင်းပယ်ရန်အတွက် သူ့တွင် ဆရာတစ်ဦးရှိသည်ဟု ပြောခဲ့သည်။
ဒါက မဟာမိတ်သခင်ကို အတော်လေး နောင်တရသွားသော်လည်း သူသက်ပြင်းချသည်။
"ဘယ်သူက မင်းလိုအစီအရင်ဆရာမျိုးကို လေ့ကျင့်ပျိုးထောင်ပေးနိုင်သလဲဆိုတာ ငါတကယ်မြင်ချင်ပါတယ်"
ဖန်ချန်း၏ ဂုဏ်သတင်းက တိမ်အိပ်မက်မြို့တစ်ခုလုံးအတွင်း ပဲ့တင်ထပ်သွားသည်။
တိမ်အိပ်မက်မြို့တွင် လူများစွာက ဖန်ချန်းကဘယ်သူလဲ၊ သူတို့အရင်က ဒီလိုမွန်းစတားမျိုးကို ဘာလို့တစ်ခါမှ မကြားဖူးရတာလဲဆိုသည့်အကြောင်းကို သိချင်ကြသည်။
မုဖူရှန်းနှင့် ဖန်ချန်းတို့ ဆုတံဆိပ်များကို ရလာပြီးနောက် ယဲ့ချိုးပိုင်က မုဖူရှန်း၏ အစောင့်ဖြစ်လာပြီး ရှောင်ဟိုင်ကမူ ဖန်ချန်းနှင့်အတူ အစီအရင်ဆရာမဟာမိတ်၏ တတိယထပ်သို့ ခေါ်ဆောင်သွားသည်။
မုဖူရှန်း ယဲ့ချိုးပိုင်ကို အဆောင်သခင်မဟာမိတ်၏ ဒုတိယထပ်ကိုခေါ်သွားစဉ် ချင်းယောင်နှင့် ယင်ရှီလျန်တို့ကလည်း သူတို့နောက်က လိုက်လာကြ၏။
ဒါက မုဖူရှန်းကို အတော်လေး အကူအညီမဲ့သည့်ပမာ ခံစားရစေသည်။
သူက သူတို့အဖွဲ့၌ ပါ၀င်ရန်အတွက် တောင်းဆိုချက်ကို ငြင်းခဲ့သော်လည်း ချင်းယောင်က သူမလည်း ဒီနေရာတွင် တာဝန်လက်ခံရန်အတွက် ရှိနေသည်ဆိုသော ဆင်ခြေကို သုံးခဲ့သည်။
မုဖူရှန်းနှင့် ကျန်သောသူများ ဘယ်လိုတာ၀န်မျိုးကို ရွေးချယ်မလဲဆိုတာ ယင်ရှီလျန်မြင်ချင်သည်။
ဒုတိယထပ်တွင် လူအရေအတွက်က ပထမထပ်ထက် သိသိသာသာပင်နည်းလှသည်။
ဒီအထပ်တွင် လူတစ်ဒါဇင်မျှသာ လျှောက်နေတာကို တွေ့နိုင်သည်။ သူတို့ပတ်လည်၌ သစ်သားစားပွဲများရှိပြီး သစ်သားစားပွဲများပေါ်၌ အဆောင်များနှင့် ဆက်စပ်နေသည့် ကောင်းကင်ဘုံရတနာမျိုးစုံရှိသည်။
ဒီနေရာက အဆောင်သခင်များ ပစ္စည်းများ လဲလှယ်နိုင်သည့်နေရာဖြစ်သည်။
တာ၀န်ကြေညာချက်များကို ကျောက်ပြားတစ်ခုပေါ်၌ကပ်ထားပြီး တာ၀န်အများအပြားရှိသည်။
ဥပမာအားဖြင့် တိကျသည့်အဆောင်တစ်ခုကို ရေးထွင်းရန်တောင်းဆိုချက်၊ ပစ္စည်းတစ်ခုခုကို ရှာဖွေရန် တောင်းဆိုချက် သို့မဟုတ် အစောင့်အကြပ်တစ်ဦး တောင်းဆိုခြင်း၊ ဒီတာ၀န်သုံးခုက ကြိုဆိုမှုအများဆုံးဖြစ်ပြီး အန္တရာယ်ကလည်း အရမ်းကြီးမများပါ။
သို့စေကာမူ ကျောက်ပြားပေါ်တွင် အနည်းငယ်ဟောင်းနေပုံရသည့် ပုံကြမ်းများ၌ တာ၀န်များကို အမှတ်အသားပြုထားသည်။ ပုံကြမ်းထောင့်များပင်လျှင် အက်နေလေရာ ဘယ်သူမှ ဒါတွေကို စိတ်မ၀င်စားတာ ကြာနေပြီဆိုတာ ရှင်းနေသည်။
ဒီထဲကတာ၀န်တွေထဲက တစ်ခုမှတိမ်အိပ်မက်ရွှံ့ဗွက်အိုင်နှင့် မဆက်စပ်နေသည်မှာ သိသာထင်ရှားနေသည်။
ဒါကပုံမှန်သာ။
အနက်အဆင့်အဆောင်သခင်က နတ်ဗိုလ်ချုပ်နယ်ပယ်သာဖြစ်သည်။ တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ကဲ့သို့ အသက်တားမြစ်ဇုန်တစ်ခုထဲသို့ ၀င်ခြင်းက အစွန်ဆုံးဒေသဖြစ်လျှင် သေဆုံးမှုနှုန်းက အံ့ဩစရာကောင်းလောက်အောင် မြင့်မားလှသည်။
ဘယ်သူမှ ဒီတာ၀န်များကို လက်မခံတာက ပုံမှန်သာဖြစ်သည်။
ယင်ရှီလျန် တာ၀န်အနည်းငယ်ကို ကြည့်ပြီးနောက် အနည်းငယ်လေးနက်သည့် အမူအရာဖြင့်ပြောသည်။
"အနက်အဆင့်က လက်ခံနိုင်တဲ့ တိမ်အိပ်မက်ရွှံ့ဗွက်အိုင်နဲ့ ဆက်စပ်နေတဲ့ တာ၀န်တွေက အပြင်ပအကျဆုံးနေရာတွေမှာ ဆိုပေမယ့် အတော်လေးအန္တရာယ်များတယ်၊ ဒါ့အပြင် မြို့ပြင်ပက နယ်ပယ်ပိုမြင့်တံ့ အဲဒီတရားဥပဒေမဲ့အင်အားစုကလည်း စောင့်နေကြတော့ သေဆုံးမှုနှုန်းက ငါတို့အတွက် အတော်လေးမြင့်မားတယ်"
ချင်းယောင် ဘေးကနေခေါင်းညိတ်သည်။
"အဆောင်သခင်မဟာမိတ်နဲ့ အစီအရင်ဆရာမဟာမိတ်တို့ရဲ့ အရင်းအမြစ်အများစုကို တိမ်အိပ်မက်ရွှံ့ဗွက်အိုင်က ရယူဖို့ လိုအပ်တော့ အဲဒီအင်အားစုတွေက ရွှံ့ဗွက်အိုင်အပြင်ဘက်တွင်လည်း ပုန်းနေနိုင်တယ်"
မုဖူရှန်းနှင့် ယဲ့ချိုးပိုင် အနည်းငယ်ခေါင်းညိတ်ကြသည်။
ကြည့်ရမည်ဆိုပါက အဓိကခြိမ်းခြောက်မှုက လူသားများ၏လက်ချက်ဖြစ်နေဆဲပင်။
"ရှင့်ဘယ်တာ၀န်ကိုယူချင်လဲ" ချင်းယောင် သိချင်စိတ်ဖြင့်မေးသည်။
မုဖူရှန်းအဖြေမဘေးဘဲ ယင်းအစား တိမ်အိပ်မက်ရွှံ့ဗွက်အိုင်နှင့် ပတ်သက်သည့် တာ၀န်များကို ဂရုတစိုက်ဖတ်ရှုပြီး ကောင်းကျိုး၊ ဆိုးကျိုးများကို ချိန်ဆကြည့်သည်။ သူတိမ်အိပ်မက်ရွှံ့ဗွက်အိုင်နှင့် ဆက်စပ်သည့် ဘယ်တာ၀န်ကိုမဆို လက်ခံနိုင်သော်လည်း အန္တရာယ်နှင့် လက်တွေ့ကျမှုကို စဉ်းစားရပေဦးမည်။
ရုတ်တရက် မုဖူရှန်း တာ၀န်တစ်ခုကို တွေ့လိုက်သည်။
'တိမ်အိပ်မက်ရွှံ့ဗွက်အိုင်အပြင်ဘက်က နေရာလေးနေရာမှာ အာရုံခံအဆောင်တွေ တပ်ဆင်ဖို့လိုတယ်'
အောက်တွင်မြေပုံတစ်ခုရှိသည်။ မြေပုံပေါ်၌ အမှတ်အသားပြုရန် လိုအပ်သည့် နေရာများက အတော်လေးသိသာထင်ရှားသည်။
အာရုံခံအဆောင်၏ ရည်ရွယ်ချက်က တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ထဲက ပြောင်းလဲမှုများကို အမြဲမပြတ်စောင့်ကြည့်ရန်ပင်။
မည်သို့ပင်ဆိုစေကာမူ ဒီနေရာက အသက်တားမြစ်ဇုန်ဖြစ်သည်။ အန္တရာယ်က ကြီးလွန်းသည်။
ဒါ့အပြင် တိမ်အိပ်မက်ရွှံ့ဗွက်အိုင်၌ လေထဲတွင် လွင့်မြောနေသည့် စိတ်ချောက်ချားစေသည့် မြူခိုးများနှင့် ဝိဉာဉ်ချီများလည်း ရှိသလို တစ်ချိန်ပြီးတစ်ချိန် မှော်သားရဲများကလည်း အပြင်သို့ အစာရှာထွက်ကြသည်။
ထို့ကြောင့် အာရုံခံအဆောင်များက လိုအပ်သည်။
မုဖူရှန်း ဒီတာ၀န်ကိုလက်ညိုးထိုးပြပြီး ယဲ့ချိုးပိုင်အားမေးသည်။
"အစ်ကိုကြီး၊ ဒီတာ၀န်ဘယ်လိုလဲ"
ယဲ့ချိုးပိုင်တစ်ချက်ကြည့်ပြီးခေါင်းညိတ်သည်။
"သေချာတာပေါ့၊ တိုက်ဆိုင်စွာပဲ ငါတို့ကလည်း မြေပုံတစ်ခုကို အလိုအပ်ဆုံးဖြစ်နေတာ"
ဒါ့အပြင် မုဖူရှန်း အဆောင်ကိုအာရုံခံရန်အတွက် နည်းလမ်းတစ်ချို့ကိုလည်း သုံးနိုင်သည်။ ဥပမာအားဖြင့် သူ့ဝိဉာဉ်စွမ်းအားကို ထည့်သွင်းပြီး သူစူးစမ်းနိုင်သည်။
ယဲ့ချိုးပိုင်ကလည်း ဒါကိုတွေးမိသည်။
"မင်းဒီတာ၀န်ကို ယူချင်တာလား"
ရုတ်တရက် ယန်ရွှမ်ဘေးကနေ လျှောက်လာသည်။ သူက ရင်ဘတ်၌ 'အဆောင်'ဟူသော စာလုံးကို ရေးထွင်းထားသည့် အနက်ရောင်တာအို၀တ်ရုံတစ်ထည်ကို ၀တ်ဆင်ထားသည်။
ဒါက အဆောင်သခင်မဟာမိတ်၏ ကျောရိုးဖြစ်သည့် သင်္ကေတစ်ခုပင်။
မုဖူရှန်းနှင့်ယဲ့ချိုးပိုင်တို့ ယန်ရွှမ်ကို လျစ်လျုရှုပြီး ယင်းအစား အဆောင်ကိုယူကာ အလယ်က သစ်သားစားပွဲရှေ့တွင် ထိုင်နေသည့် အဖိုးအိုထံလျှောက်သွားကြ၏။
နှစ်ယောက်စလုံးက သူ့ကိုလျစ်လျုရှုထားသဖြင့် ယန်ရွှမ်၏မျက်နှာက အနည်းငယ် မည်းမှောင်သွား၏။ သူချင်းယောင်ကို ကြည့်သောအခါ သူမကလည်း သူတို့နောက်က လိုက်သွားတာကို မြင်ရသဖြင့် ဒါက သူ့ကိုပို၍ပင် စိတ်တိုစေသည်။
သူတာ၀န်ဘုတ်ပြားကို တုံ့ဆိုင်းနေသည့် အမူအရာဖြင့် ကြည့်ရင်း လက်ကိုဆန့်ထုတ်လိုက်စဉ် လေထဲတွင်ရပ်သွားသည်။
သို့စေကာမူ ချင်းယောင်၏ နောက်ခံအမြင်ကို တွေးမိသောအခါ သူနှလုံးသားကို ခိုင်မာအောင်လုပ်ပြီး တိမ်အိပ်မက်ရွှံ့ဗွက်အိုင်နှင့် ဆက်စပ်သည့် တာ၀န်တစ်ခုကို ဖော်ပြရန် ဆုံးဖြတ်လိုက်၏။
"စီနီယာ၊ ကျွန်တော်တို့ဒီတာ၀န်ကို လက်ခံချင်ပါတယ်" မုဖူရှန်း တာ၀န်ပုံကြမ်းကို အဖိုးအိုရှေ့တွင် ချပေးသည်။
အဖိုးအို မျက်ခုံးပင့်လိုက်မိပြီး နူးညံ့စွာမေးသည်။
"အန္တရာယ်ကို သိလား"
မုဖူရှန်းခေါင်းညိတ်သည်။
ဒါကိုမြင်သော် အဖိုးအိုမည်သည့်စကားမှမဆိုပါ။ သူမုဖူရှန်းအား အဆောင်လေးခုနှင့် မြေပုံစာလိပ်တစ်ခုပေးသည်။
"ပြီးသွားတဲ့အခါကျရင် မဟာမိတ်က အဆောင်အော်ရာကို အာရုံမိလိမ့်မယ်၊ ပြီးသွားတာနဲ့ ဆုလာဘ်ကို မင်းကိုကိုပေးပါမယ်"
မုဖူရှန်းတစ်ချက်ကြည့်ပြီး ယဲ့ချိုးပိုင်နှင့်အတူ ထွက်သွားရန်ပြင်နေစဉ် ချင်းယောင်ပြောလာသည်။
"ကျွန်မလည်း ရှင်တို့နဲ့အတူသွားမယ်လေ၊ အနည်းဆုံးတော့ တိမ်အိပ်မက်ရွှံ့ဗွက်အိုင်အပေါ် ကျွန်မရဲ့နားလည်မှုက ရှင့်တို့ထက် သေချာပေါက် ပိုနက်ရှိုင်းပါတယ်"
မည်သို့ပင်ဆိုစေကာမူ သူမက မြို့တော်၀န်၏ သမီးမဟုတ်ပေလော။
မုဖူရှန်းခေါင်းခါယမ်းသည်။
"မင်းလုံခြုံမှုကို ငါတို့အာမမခံပေးနိုင်ဘူး"
ထို့နောက် သူလှည့်ပင်မကြည့်ဘဲ ယဲ့ချိုးပိုင်နှင့်အတူ ထွက်သွားလေတော့သည်။
ဒါကိုမြင်သော် ချင်းယောင်၏ အမူအရာက မည်းမှောင်သွားခဲ့သည်။ ယန်ရွှမ်အနားသို့ လျှောက်လာသည်။
"ချင်းယောင်၊ သူတို့က အားမကောင်းကြတော့ မင်းကိုခေါ်မသွားရဲကြဘူးလေ၊ ငါနဲ့အတူ လာမယ်ဆိုရင်ရော"
ချင်းယောင်၏ စိတ်ပျက်နေသည့်အမူအရာက အလျင်အမြန်ပျောက်ကွယ်သွားပြီး ယန်ရွှမ်အားပြုံးပြရင်း ခေါင်းခါယမ်းသည်။
"မလိုပါဘူး"
ထို့နောက် သူမတိမ်အိပ်မက်ရွှံ့ဗွက်အိုင်ကနေ တာ၀န်တစ်ခုယူပြီး အဖိုးအိုကိုပေးပြီးနောက် ထွက်သွားတော့သည်။
ယန်ရွှမ် ချင်းယောင်၏နောက်ကျောကို ကြည့်ရင်း လက်ဖဝါးများကို တင်းတင်းဆုပ်ထားမိသည်။ သူ့မျက်လုံးများက လင်း၀င်းနေပြီး သူဘာတွေးနေသလဲဆိုတာကို ဘယ်သူမှမသိပါ။
အပိုင်း(1017) coming။