#အန္တရာယ်များသည့် လမ်းကြောင်းလေး၊ လင်းယုန်ဧကရာဇ်ချန်ရှူ#
Vol. 72 Ch. 1017
သူတို့လေးယောက်စုစည်းမည့်နေရာက တိမ်အိပ်မက်မြို့မြောက်ဘက်ဂိတ်ဖြစ်သည်။
မုဖူရှန်းနှင့် ယဲ့ချိုးပိုင်တို့က အရင်ဆုံး ရောက်လာကြ၏။
ဖန်ချန်းနှင့် ရှောင်ဟိုင်တို့မရောက်သေးတာကို သူတို့သတိထားမိကြသဖြင့် ဒီနေရာ၌ စောင့်နေခဲ့ကြသည်။
ဒီအချိန်မှာပင် ယဲ့ချိုးပိုင် မုဖူရှန်းကို ရုတ်တရက် ပြုံးပြရင်း မေးသည်။
"ဘာလို့လဲ၊ အဲဒီချင်းယောင်က မကောင်းလို့လား၊ သူ့ရဲ့စရိုက်ဖြစ်ဖြစ် ပါရမီ ဒါမှမဟုတ် ရုပ်ရည်သွင်ပြင်ဖြစ်ဖြစ် မင်းဆုံးဖြတ်လို့ မရဘူးလား"
မုဖူရှန်းမျက်လုံးလိမ့်လိုက်မိသည်။
"အစ်ကိုကြီး၊ အစ်ကိုကြီးက နာကျင်နေတဲ့နေရာကို ထိအောင်လုပ်နေတာပဲ၊ ကျွန်တော့်စရိုက်ကို အစ်ကိုကြီးမသိတာလည်းမဟုတ်ဘဲ၊ ကျွန်တော်တာအိုလက်တွဲဖော်ရှာလို့ရတယ်၊ ဒါပေမယ့် ဘယ်သူမှ ကျွန်တော့်ကို မခြိမ်းခြောက်နိုင်တော့တဲ့ အဆင့်တစ်ခုအထိကို ရောက်မှပါ"
ဒါက သူအင်မော်တယ်လမ်းစဉ်၏ အမြင့်ဆုံးအဆင့်ကို ရောက်သောအခါမှသာဖြစ်သည်။
"ဒါ့အပြင် အစ်ကိုကြီး ယောင်းမကို နောက်ဆုံးတခေါက်တွေ့တာ ဘယ်လောက်တောင် ကြာသွားပြီလဲ"
ယဲ့ချိုးပိုင် အကူအညီမဲ့စွာ ခေါင်းခါယမ်းသည်။
"ငါအဆင့်နိမ့်ကြယ်နယ်မြေကို ပြန်တုန်းက မုမိသားစုကို သွားခဲ့တယ်၊ အဲတုန်းက ဇီရှင်းက စွန့်စားဖို့အတွက် တခြားတစ်နေရာရာကို ထွက်သွားခဲ့ပုံပဲ"
"ဘာလို့သူတစ်ယောက်တည်း စွန့်စားထွက်သွားရတာလဲ" မုဖူရှန်း ဝေခွဲမရဖြစ်သွားသည်။
ယဲ့ချိုးပိုင်နောက်ကို လိုက်တာက ပိုကောင်းသည်မှာ ရှင်းနေသည်မဟုတ်ပေလော။
ယဲ့ချိုးပိုင်ခါးသီးစွာပြုံးသည်။
"အခုကွာခြားချက်က အရမ်းကြီးမားလွန်းသလို ခံစားရတော့ သူငါ့ကို အောက်ကို ဆွဲချသလိုဖြစ်နေမှာစိုးလို့ သူ တစ်ယောက်တည်းထွက်သွားပြီး ဘယ်နေရာကိုသွားသလဲဆိုတာ မပြောခဲ့တာပဲ"
မုဖူရှန်း ယဲ့ချိုးပိုင်၏ ပခုံးကိုပုတ်လိုက်၏။
"မစိုးရိမ်ပါနဲ့ အစ်ကိုကြီး၊ ယောင်းမက ကြီးမားတဲ့ ကံတရားကို လက်ကိုင်ထားတဲ့ လူတစ်ယောက်ပါ"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
သူတို့နှစ်ယောက် စကားပြောဆွေးနွေးနေစဉ် ဖန်ချန်းနှင့် ရှောင်ဟိုင်တို့ အတူတကွ ပြေးလာကြသည်။
သူတို့နှင့်မနီးမဝေးတွင် ချင်းယောင်၊ ယင်ရှီလျန်နှင့် ယန်ရွှမ်တို့ရှိနေသည်။
ဒါကိုမြင်သော် မုဖူရှန်း၏မျက်နှာက မျှော်လင့်ချက်ကင်းမဲ့သွား၏။
ချင်းယောင် နှုတ်ခမ်းများကို ကွေးညွတ်ရင်း တခစ်ခစ်ရယ်လိုက်သည်။
"ကျွန်မလည်း ကိုယ့်ကိုကိုယ် အရည်အသွေး မြှင်လို့ရအောင် တာ၀န်တစ်ခု လက်ခံခဲ့တယ်"
ကံကြမ္မာက သူတို့ကို ဒီနည်းလမ်းအတိုင်း ဆုံစေလေရာ မုဖူရှန်း ရယ်ရမလား၊ ငိုရမလားမသိတော့ပါ။
ယင်ရှီလျန်ပြုံးသည်။
"ဆရာငါ့ကို ချင်းယောင်ကို ဂရုစိုက်စောင့်ရှောက်ဖို့ ညွှန်ကြားခဲ့တယ်"
ယင်ရှီလျန်၏ ဆရာတဖြစ်လဲ အဆောင်သခင်မဟာမိတ်၏ အကြီးအကဲက မူလက မြို့တော်၀န်စံအိမ်ကဖြစ်သည်။ သူယခု မဆောင်သခင်မဟာမိတ်ကို ၀င်ထားသော်လည်း သူနှင့်မြို့တော်၀န်စံအိမ်ကြားက ဆက်ဆံရေးက အရမ်းကြီးမတိမ်ကောသေးပါ။
ထို့ကြောင့် သူချင်းယောင်ကို ဂရုစိုက်ရမည်သာ။
ယန်ရွှမ်၏မျက်နှာက မည်းမှောင်သွားသော်လည်း သူဘာတစ်ခုမှမပြောပေ။
"ကောင်းပြီ၊ သွားကြရအောင်" ယဲ့ချိုးပိုင်ပြုံးရင်း လက်ဝှေ့ယမ်းသည်။
ရှောင်ဟိုင်၊ မုဖူရှန်းနှင့် ဖန်ချန်းတို့ခေါင်းညိတ်ကြသည်။ သူတို့မြေပုံအတိုင်း လိုက်ပါဆောင်ရွက်ပြီး တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ဆီသို့ ပြေးသွားကြ၏။
ချင်းယောင်၏ မျက်လုံးများက အနည်းငယ် မှေးမှိန်သွားသော်လည်း သူမ မုဖူရှန်းနောက်က လိုက်နေဆဲပင်။
လမ်းတွင် မုဖူရှန်းနှင့် ယဲ့ချိုးပိုင်တို့က ဖန်ချန်းလက်ခံခဲ့သည့်တာ၀န်ကို သိလာခဲ့ရသည်။
သို့စေကာမူ ဒါက အရေးတကြီးတာ၀န်ဖြစ်လေရာ အခက်အခဲကလည်း အနည်းငယ် ပိုမြင့်မားသည်။
သူ အစီအရင်ဆရာမဟာမိတ်မှ မြေအဆင့်အစီအရင်ဆရာနှစ်ယောက်ကို ကယ်တင်ရန်အတွက် တိမ်အိပ်မက်ရွှံ့ဗွက်အိုင်၏ အလယ်ပိုင်းကို သွားရပေမည်။
ဒါက မုဖူရှန်းလက်ခံခဲ့သည့် တာ၀န်ထက် အဆပေါင်းများစွာ ခက်ခဲသော်လည်း ဖန်ချန်း၏ တာ၀န်က သူတို့အတွက် အတော်လေးသင့်တော်သည်ဟု ဆို၍ရသည်။
အကယ်၍သူသာ မြေအဆင့်အစီအရင်ဆရာနှစ်ယောက်ကို ကယ်တင်နိုင်ပါက သူတို့ပါးစပ်ကနေ သတင်းအချက်အလက်တွေကို ပိုရနိုင်မည်မဟုတ်ပေလော။
နောက်ဆုံးတာ၀န်၏ ဆုလာဘ်က တိမ်အိပ်မက်ရွှံ့ဗွက်အိုင်၏ အနက်ပိုင်းအကြောင်းနှင့် နတ်ဘုရင်နယ်ပယ်အစီအရင်ကို ဖန်တီးကာ သိပ်သည်းစေသည့် နည်းလမ်းတို့ဖြစ်သည်။
သတင်းအချက်အလက်များက ယခုယဲ့ချိုးပိုင်နှင့် ကျန်သောသူများ အများဆုံး လိုအပ်နေကြသည့်အရာပေတည်း။
တိမ်အိပ်မက်ရွှံ့ဗွက်အိုင်အကြောင်း သတင်းအချက်အလက်များက သာမန်လူများအတွက် သုံးခွင့်မရပါ။
ဒီထဲတွင် တိမ်အိပ်မက်ရွှံ့ဗွက်အိုင်၏ အရင်းအမြစ်အားလုံးနီးပါး ပါ၀င်လေရာ တိမ်အိပ်မက်ရွှံ့ဗွက်အိုင်အကြောင်း သတင်းအချက်အလက်များက တိမ်အိပ်မက်မြို့ရှိ အဓိကဂိုဏ်းသုံးဂိုဏ်းမှ အထက်အဆင့်ပုဂ္ဂိုလ်များ၏ လက်ထဲတွင်သာရှိသည်။
ဒါကကျင့်ကြံခြင်းအရင်းအမြစ်များကို လက်ဝါးကြီးအုပ်ရန်အတွက်မဟုတ်ဘဲ တိမ်အိပ်မက်မြို့အပြင်တွင်သာမက တိမ်အိပ်မက်မြို့ထဲက အဓိကဂိုဏ်းများတွင်ပင် သူလျှိုများ သေချာပေါက်ရှိနေတာကို သူတို့သိထားကြသောကြောင့်ပင်။
ဒါက တိမ်အိပ်မက်မြို့အပြင်ပက ဂိုဏ်းများအဖို့ အရင်းအမြစ်များပိုရရှိပြီး ခွန်အားတိုးမြှင့်အောင် လုပ်ခြင်းကနေ ကာကွယ်တားဆီးရန်အတွက်လည်းဖြစ်သည်။ သူတို့က တိမ်အိပ်မက်မြို့ကို လုံး၀ခြိမ်းခြောက်လာနိုင်သည် မဟုတ်ပေလော။
ဒီ့အတွက်ကြောင့်ပင် အဓိကဂိုဏ်းသုံးဂိုဏ်းက တိမ်အိပ်မက်ရွှံ့ဗွက်အိုင်၏ အရင်းအမြစ်သတင်းများကို ထိန်းချုပ်ထားရန်အတွက် ဆုံးဖြတ်ခဲ့ကြသည်။
သူတို့ရွေးချယ်သည့်လမ်းကြောင်းများကို အင်မတန်သတိထားရပြီး တစ်ချိန်တည်းမှာပင် ထိုဥပဒေမဲ့အပြင်ကလူများ၏ ပစ်မှတ်ထားခံရခြင်းကနေ ရှောင်တိမ်းရန်အတွက် အော်ရာကို ဖုံးကွယ်ထားရန် အဆောင်များကိုလည်း ကိုယ်ပေါ်၌ ကပ်ထားကြ၏။
သို့စေသည့်တိုင် တိမ်အိပ်မက်မြို့ကနေ တိမ်အိပ်မက်ရွှံ့ဗွက်အိုင်သို့ လမ်းကြောင်းသုံးခုတည်းသာရှိသည်။
ဒီလမ်းကြောင်းသုံးခုကိုလည်း ထိုဥပဒေမဲ့အပြင်လူများက သိထားသည်မှာ ကြာမြင့်နေလေပြီ။
သူတို့ဘယ်လောက်ပင် ဖုံးကွယ်နေပါစေ လုံး၀ရှောင်ရှားရန်ဟူသည် မဖြစ်နိုင်ပေ။
တောင်လမ်းကြောင်းပေါ်၌ ဒီလမ်းက အတော်လေးအန္တရာယ်များသည်။ ချောက်ကမ်းပါးများနှင့် မှော်သားရဲများက နေရာတိုင်းတွင်ရှိသည်။
ဒါကအန္တရာယ်အများဆုံးဖြစ်သော်လည်း အထိအခိုက်အနည်းဆုံးလမ်းကြောင်းဟု ဆို၍ရသည်။
သို့စေကာမူ အန္တရာယ်ကတော့ ရှောင်လွှဲ၍မရပါ။
လမ်းတစ်လျှောက်၌ အရှိန်တင်ပြီး သွားနေကြသောလူအုပ်စုရှေ့၌ ပုံရိပ်အနည်းငယ် ရုတ်တရက်ပေါ်လာခဲ့သည်။
သူတို့စုစုပေါင်းဆယ့်တစ်ယောက်၏ မျက်နှာထက်၀ယ် ဆိုးယုတ်သည့်အပြုံးများရှိနေကြသည်။ သူတို့လက်ထဲတွင် လက်နက်မျိုးစုံကို ကိုင်ဆောင်ထားကြပြီး မုဖူရှန်းနှင့် ကျန်သောသူများကို လောဘတကြီး ကြည့်လိုက်ကြ၏။
သူတို့က သားကောင်ကိုကြည့်နေသည့်အသွင်။
မုဖူရှန်းနှင့် ကျန်သောသူများက ကြောက်လန့်ခြင်းမရှိပါ။ မည်သို့ပင်ဆိုစေကာမူ သူတို့ တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ကို သွားလိုပါက ဒီလိုအရာမျိုးကို တွေ့ကြုံခံစားရမည်သာ။
သို့သော် ချင်းယောင်၊ ယင်ရှီလျန်နှင့် ယန်ရွှမ်တို့သာ မရှိပါက မုဖူရှန်းတန်ပြန်နည်းလမ်းတစ်ခုကို တွေးတောထားခဲ့သည်။ သူပြိုင်ဘက်ကို အလျင်အမြန်အဆုံးသတ်ပစ်ရန်အတွက် သိုလှောင်လက်စွပ်ထဲက အဆောင်များကိုသုံးပြီး ခြေရာများကို ရှင်းပစ်ကာ ရှေ့သို့ မြန်မြန်ဆန်ဆန်သွားနိုင်သည်။
သို့သော် ချင်းယောင်နှင့် ကျန်နှစ်ယောက်ပါ အတူတကွခရီးထွက်လာလေရာ မုဖူရှန်းဒါကို မလုပ်နိုင်ပါ။
တိမ်အိပ်မက်မြို့တွင်လည်း သူလျှိုများရှိနေလေရာ သူဝှက်ဖဲကို သိမ်းဆည်းထားရပေမည်။
"ငါကြီးကြီးတစ်ချို့ရှိနေတာပဲ"
ရှေ့ဆုံး၌ ရပ်နေသည့် နတ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်က လူက နှာခေါင်းရှုံ့သည်။
"အဲဒီသူခိုးအိုကြီး မြို့တော်၀န်ယွန်မန်ရဲ့ သမီးတောင် မြို့ထဲကထွက်လာတာလား"
"ဒီလိုဆိုမှတော့ အရင်းအမြစ်တွေကိုထားခဲ့ပြီး မင်းတို့ရဲ့သေခြင်းတရားကို နာနာခံခံနဲ့ လက်ခံလိုက်ကြ၊ ချင်းယောင်ကိုတော့ ငါတို့အတွက် ချန်ထားလိုက်၊ ငါတို့ပျော်ပြီးသွားတဲ့အခါကျရင် မြို့တော်၀န်ဆီက ပြန်ရွေးငွေတောင်းရမယ်"
"ဒီနည်းလမ်းနဲ့ ဒါကနာကျင်မှုကို နည်းနည်းတော့ လျော့နည်းစေနိုင်တာပေါ့"
ချင်းယောင်၏မျက်နှာက မည်းမှောင်သွားခဲ့သည်။
ယင်ရှီလျန်ကလည်း အလားတူပင် လေးနက်သွား၏။
သို့စေကာမူ ယန်ရွှမ် ချင်းယောင်ရှေ့တွင် ရပ်ပြီး အေးစက်စွာပြောသည်။
"မင်းတို့က အရည်အချင်းမပြည့်မီဘူး"
ယန်ရွှမ်က အဆောင်သခင်တစ်ဦးဖြစ်သော်လည်း နတ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်နေလေပြီ။
"အရည်အချင်းမပြည့်မီဘူး"
ရုတ်တရက် နှာခေါင်းချွန်ချန်နှင့် လူတစ်ယောက်သူတို့နောက်တွင် ပေါ်လာသည်။ သူ့တွင် ခုံးနေသည့်ကိုယ်ဟန်ရှိပြီး တုတ်တစ်ချောင်းကို လျှောက်ရန်အတွက် ကိုင်ထားသည်။
သူပေါ်လာစဉ် မည်သည့်အသံမှမရှိခဲ့ပါ။
ဒီလူကိုမြင်သောအခါ ယင်ရှီလျန် ထိတ်လန့်သွားသည်။
ယန်ရွှမ်၏ ယုံကြည်မှုအပြည့်အမူအရာကပင် တဖြည်းဖြည်းပျောက်ကွယ်သွားပြီး သူ့မျက်လုံးများက မည်းမှောင်နေသည့် အမူအရာကို ပြသသည်။
"လင်းယုန်ဧကရာဇ်ချန်ရှု၊ နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ကျွမ်းကျင်သူ..."
နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်!
သူက မဟာမိတ်က အကြီးအကဲတစ်ဦး၏ အဆင့်ကိုပင် ရောက်နေလေပြီ။
တစ်ချိန်တည်းမှာပင် လင်းယုန်ဧကရာဇ်က တိမ်အိပ်မက်မြို့အပြင်ဘက်တွင် ကျော်ကြားသည်သာမက မြို့တစ်ခုလုံးတွင်ပင် သူ့နာမည်ဆိုးက တွင်ကျန်နေသည်။
သူ့နည်းလမ်းများက ရက်စက်ကြမ်းကြုတ်သည်သာမက သူက နှလုံးသားကိုတိုက်ခိုက်ရာတွင်လည်း တော်ပြီး တိမ်အိပ်မက်မြို့ထဲက ပါရမီရှင်များ သို့မဟုတ် ကျွမ်းကျင်သူများကို ပုန်ကန်ရန်အတွက် အဆက်မပြတ် လှုံ့ဆော်ပေးတတ်သည်။
ချန်ရှုပါးစပ်ဟကာ ပြုံးရင်း သူ့၏ ကျန်ရှိနေသည့်အဝါရောင်သွားများကို ပြသသည်။ သူ့ပုံစံက အရမ်းရက်စက်ကြမ်းကြုတ်သည့်အသွင်။
"ငါကလည်း အဆင့်ချိုးဖျက်ဖို့အတွက် အရေးကြီးတဲ့ကာလမှာ ရှိနေတာနဲ့ ကွက်တိပဲ၊ မြို့တော်၀န်သမီးနဲ့သာ ညှိနှိုင်းငွေညှစ်လို့ရမယ်ဆိုရင် ငါတို့လဲလှယ်ရနိုင်မယ့် အရင်းအမြစ်တွေက လုံလောက်မှာပါ"
ထိုသို့ဆိုပြီးနောက် သူဘာမှမပြောတော့ပါ။ ချန်ရှု လက်ကိုင်တုတ်ကို အနည်းငယ် ဝှေ့ယမ်းလိုက်ပြီး ချက်ချင်းဆိုသလို ယန်ရွှမ်ရှေ့တွင် ပေါ်လာကာ သူ့၏အရိုးတင်နေသည့်လက်က ယန်ရွှမ်၏လည်ပင်းကို ဖမ်းကိုင်သည်။
"အကြာကြီးလိုက်လာခဲ့တာတောင် မင်းက မြို့တော်၀န်ရဲ့သမီးကို စိတ်၀င်စားပုံရပေမယ့် တစ်ဘက်ကတော့ မင်းကို မကြိုက်ပုံပဲ"
ချန်ရှု၏စကားလုံးများက သွေးဆောင်မှုများနှင့် ပြည့်နှက်နေသည်။
"ဘာလို့ငါတို့နဲ့ မပူးပေါင်းရတာလဲ၊ ငါတို့ ချင်းယောင်ကို ဖမ်းမိတဲ့အခါ မင်းကို ရက်အနည်းငယ်လောက် သူနဲ့ကစားခွင့်ပေးမယ်လေ"
"ဒီလိုဆိုရငါ မင်းသူ့ကို ယာယီပိုင်ဆိုင်နိုင်သွားပြီမလား"
ယင်ရှီလျန်နှင့် တခြားသူများ၏ အမူအရာများက ပြောင်းလဲသွားကြ၏။
မုဖူရှန်း၏မျက်လုံးများက တောက်ပသွားပြီး ယန်ရွှမ်ကို မထင်ရှားသည့်သတ်ဖြတ်ခြင်းဆန္ဒဖြင့် ကြည့်လိုက်သည်။
ယန်ရွှမ်က သူ့ကိုမုန်တီးနေသည်။ ဒီရက်အနည်းငယ်အကြာတွင် သူချန်းရှူ၏ သွေးဆောင်မှုကို အမှန်တကယ်ပင် သဘောတူလောက်သည်။
အကယ်၍ ယန်ရွှမ်သာ သဘောတူလိုက်ပါက တစ်ဘက်လူက နောက်ထပ်အဆောင်သခင်တစ်ယောက် ရသွားပေလိမ့်မည်။ ဒါက သူတို့အတွက် အတော်လေးကို ဆိုးဝါးသည့်အရာတစ်ခုပေတည်း။
ထို့ကြောင့် ဒီလိုဖြစ်လာနိုင်သည့် လက္ခဏာရှိနေသရွေ့ မုဖူရှန်း မိုးကြိုးကဲ့သို့ အမြန်နှုန်းနှင့် တိုက်ခိုက်ပြီး သူ့ကိုအရင် သတ်ပစ်မည်ဖြစ်သည်။
အပိုင်း(1018) coming။