← Chapters

#‌ကံပါသော်လည်း ကံကြမ္မာမရှိ#

Vol. 72 Ch. 1019

#‌ကံပါသော်လည်း ကံကြမ္မာမရှိ#

Vol. 72 Ch. 1019

သူ့နောက်က ဥပဒေမဲ့တပည့်ဆယ့်တစ်ယောက်မှာ ဒီမြင်ကွင်းကိုမြင်သောအခါ ထိတ်လန့်သွားကြ၏။ 

ဒီခွန်အားက နတ်အင်ပါယာနယ်ပယ်ကို လုံး၀ရောက်နေသည်။ 

ဒါကသူတို့ရန်စစော်ကား၍မရနိုင်သည့် တည်ရှိမှုတစ်ခုလည်းဖြစ်သည်။ 

သို့စေကာမူ သူတို့လင်းယုန်ဧကရာဇ်ချန်ရှုကို ကြည့်သောအခါ စိတ်သက်သာရာရသွားကြ၏။ 

လင်းယုန်ဧကရာဇ်ချန်ရှုသာရှိမနေပါက သူတို့အနိုင်မယူနိုင်လျှင်ပင် ဘေးကင်းစွာ လွတ်မြောက်နိုင်ပါသေးသည်။ 

ချန်ရှုခေါင်းမော့ပြီး မုဖူရှန်းကို နက်မှောင်သည့်အမူအရာဖြင့် ကြည့်သည်။ 

"ဒီမှာ နတ်အင်ပါယာနယ်ပယ် ကျွမ်းကျင်သူတစ်ယောက် ပုန်းနေလိမ့်မယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး"

"ငါတို့နှစ်ယောက်သာ တိုက်ခိုက်မယ်ဆိုရင် ငါတို့တန်ဖိုးကြီးတစ်ခုကို ပေးဆပ်ရလောက်တယ် ဆိုပေမယ့် မင်းကတော့ သေချာပေါက် ပိုကြီးမားတဲ့တန်ဖိုးကို ပေးဆပ်ရမှာပဲ..."

ယင်ရှီလျန် အောက်ကနေရှင်းပြသည်။ 

"စီနီယာ..... စီနီယာမု၊ သတိထားပါ၊ လင်းယုန်ဧကရာဇ်ချန်ရှုရဲ့ နည်းစနစ်တွေက အရမ်းရက်စက်တယ်၊ သူ့ရဲ့အဆိပ်မြွေတွေကို အချိန်မရွေးဆင့်ခေါ်နိုင်ပြီး ဒါတွေကို ခုခံကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ အခုစီနီယာက နတ်အင်ပါယာနယ်ပယ်ဆိုရင်တောင် အဆိပ်မြွေရဲ့အဆိပ် ကူးစက်ခံလိုက်ရရင် စွမ်းအားက ကျဆင်းသွားလိမ့်မယ်"

မုဖူရှန်းခေါင်းညိတ်ပြီးနောက် ချန်ရှုကို ကြည့်လိုက်သည်။ 

ချန်ရှုနှာခေါင်းရှုံ့သည်။ 

"အဲဒီကလေးပြောတာမှန်တယ်၊ မင်းတိုက်ရိုက်ထွက်သွားပြီး ချင်းယောင်ကလွဲ ကျန်တဲ့သူတွေကို ခေါ်သွားလို့ရတယ်၊ ဘယ်လိုလဲ"

မုဖူရှန်းမည်သည့်စကားမှမဆိုဘဲ ယင်းအစား သူ့လက်ထဲကအဆောင်ကို ပစ်လွှတ်လိုက်၏။ 

အဆောင်နှစ်ခုကိုပစ်လွှတ်လိုက်သောအခါ အဆောင်များက အုပ်စုဖွဲ့ပြီး ချန်ရှုကို ဝန်းရံပစ်သည်။ 

ချန်ရှု၏ ထိတ်လန့်နေသည့်အကြည့်အောက်တွင် ဒီအဆောင်များက ပင့်ကူအိမ်ကဲ့သို့ ချန်ရှုကို လုံး၀လွှမ်းခြုံထားပြီဖြစ်သည်။ 

ဒါ့အပြင် ဒီအဆောင်များက နတ်အင်ပါယာအဆင့်အဆောင်များဖြစ်သည်။ 

မုဖူရှန်း ချန်ရှူကို နလန်ပြန်ထူနိုင်ရန်အတွက် ဘာအခွင့်အရေးမှ မပေးချင်သည်မှာ သိသာထင်ရှားနေသည်။ 

အဆောင်များသူ့ကို ၀န်းရံပြီးနောက် မုဖူရှန်း လက်တံဆိပ်များဖန်တီးကာအော်ဟစ်သည်။ 

"မိုးကြိုးအကျဉ်းထောင်တုန်ခါခြင်းအဆောင်၊ ပေါက်ကွဲစမ်း"

မိုးကြိုးအကျဉ်းထောင်တုန်ခါခြင်းအဆောင်က စည်းတံဆိပ်စာအုပ်၏ စတုတ္ထမြောက်အဆောင်ဖြစ်သည်။ 

ပထမက ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်၊ ဒုတိယက ကိုးလွှာမိုးကြိုးဒိုင်းအဆောင်နှင့် တတိယက ဖန်တီးခြင်းနတ်အဆောင်တို့ဖြစ်သည်။ 

မိုးကြိုးအကျဉ်းထောင်တုန်ခါခြင်းအဆောင်က အစစ်အမှန်သတ်ဖြတ်ခြင်းအဆောင်ဖြစ်သည်။ 

(မှတ်ချက်- စည်းတံဆိပ်စာအုပ်နဲ့ အဆောင်စာအုပ်တို့ကမတူပါ၊ စည်းတံဆိပ်စာအုပ်က အဆောင်များနဲ့ အဆောင်စာအုပ်က အဆောင်များလည်း မတူကြပါ)

ရုတ်ချည်းဆိုသလို အပြာရောင်လျှပ်စီးများက အဆောင်ထဲကနေ ဖြာထွက်လာကြ၏။ 

ချန်ရှု၏အော်ဟစ်သံကိုလည်း ကြားရသည်။ 

"မင်းကတကယ်ပဲဘယ်သူလဲ"

သို့စေကာမူ သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် မုဖူရှန်း သူ့ကို လုံး၀လျစ်လျုရှုပြီး မိုးကြိုးအကျဉ်းထောင်တုန်ခါခြင်းအဆောင်၏ ပေါက်ကွဲမှုကို တိုက်ရိုက် အသက်သွင်းပစ်သည်။ 

မိုးကြိုးများက လင်း၀င်းသွားပြီး ချန်ရှုကို အဆုံးမဲ့အကျဉ်းထောင်တစ်ခုပမာ ဝိုင်းရံပစ်သည်။ 

သို့စေကာမူ ထူးဆန်းသည့်အရာက အဆောင်ပေါက်ကွဲသွားစဉ် ဘာအသံမှ ရှိအနေခြင်းပင်။ 

မိုးကြိုး၏ ကြောက်မက်ဖွယ်ရာစွမ်းအားက ပတ်၀န်းကျင်က အသံအားလုံးကို ဖျက်ဆီးပစ်သည့်အလားပင် ထင်ရသည်။ 

မိုးကြိုးတစ်ချက်လင်း၀င်းသွားသောအခါ ချန်ရှု၏အော်ရာကလည်း မိုးကြိုးပင်လယ်ထဲတွင် လုံး၀ပျောက်ကွယ်သွားသည်။ 

မိုး‌ကြိုးကြောင့် ပတ်၀န်းကျင်က ကျောက်နံရံများနှင့် သူတို့ခြေထောက်အောက်က တောင်တက်လန်းကလေးကလည်း ဖုန်မှုန့်များအဖြစ် တိတ်တဆိတ် ပြောင်းသွားခဲ့သည်။ 

ကံကောင်းချင်တော့ မုဖူရှန်း ပေါက်ကွဲမှုအတိုင်းအတာကို ထိန်းချုပ်ခဲ့သည်။ မဟုတ်ပါက တောင်တက်လမ်းလေးတစ်ခုလုံးက မုဖူရှန်း၏အဆောင်အောက်တွင် လုံး၀ပျောက်ကွယ်သွားရပေလိမ့်မည်။ 

တိမ်အိပ်မက်ကြယ်ဒေသတစ်ခုလုံး၌ နာမည်ဆိုးနှင့် ကျော်ကြားသည့် နတ်အင်ပါယာနယ်ပယ်ကျွမ်းကျင်သူဖြစ်သော လင်းယုန်ဧကရာဇ်ချန်ရှုမှာ ယခုလိုသေဆုံးသွားခဲ့ရသည်။ 

ခုခံရန်အတွက် အခွင့်အရေးလုံး၀မရှိခဲ့။ 

ဒါကခွန်အားအရာ၌ လုံး၀ဖိနှိပ်မှုပေတည်း။ 

မုဖူရှန်း ဒီအရာအားလုံးကို လုပ်ပြီးနောက် ရပ်မသွားဘဲ ယင်းအစား သူ့အကြည့်က ရှေ့က လူဆယ့်တစ်ယောက်ထံ ကျရောက်သွား၏။ 

ချန်ရှုသေသည်အထိ ချေမွဖျက်ဆီးခံရတာကို မြင်သောအခါ ဥပဒေမဲ့ဆယ့်တစ်ယောက်မှာ ကြက်သေသေသွားကြသည်။ သူတို့မတုံ့ပြန်နိုင်ခင်မှာပင် မုဖူရှန်းသူတို့ကို ကြည့်လာတာကို တွေ့လိုက်ရသည်။ 

"စီနီယာ၊ မစိုးရိမ်ပါနဲ့၊ ကျုပ်တို့တိုက်ရိုက်ထွက်သွားပြီး နောက်တစ်ခါ စီနီယာကို မစော်ကားရဲ....."

သို့စေကာမူ သူတို့စကားပြော၍ မပြီးသေးခင်မှာပင် မုဖူရှန်းလက်ထဲက ခရမ်းရောင်မိုးကြိုးက မိုးကြိုးလှံဆယ့်တစ်ချောင်းအဖြစ်ပြောင်းလဲသွားပြီး သူတို့ဆယ့်တစ်ယောက်ထံ ပစ်၀င်သွားသည်။ 

သံသယမရှိ နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူဆယ့်တစ်ဦးမှာ ဆန်းကြယ်ယင်ခရမ်းမိုးကြိုးကနေ သိပ်သည်းထားသည့် မိုးကြိုးလှံအောက်တွင် ခုခံရန်အတွက်ပင် အခွင့်အရေးမရှိဘဲ သူတို့၏ကိုယ်များကို ထိုးဖောက်သွားသည်။ 

သူတို့၏ကိုယ်ကနေ ဆန်းကြယ်ယင်ခရမ်းမိုးကြိုးက တောက်ပစွာ ပေါက်ကွဲသွားပြီး သူတို့၏ကိုယ်ခန္ဓာများနှင့် ဝိဉာဉ်များကို လုံး၀ဖျက်ဆီးပစ်ကာ မည်သည့်ခြေရာမှ မကျန်ရှိခဲ့ပါ။ 

ထို့နောက် မုဖူရှန်းရပ်မသွားသေးဘဲ ယင်းအစား ပတ်၀န်းကျင်ကို ဂရုတစိုက်လေ့လာစောင့်ကြည့်ပြီး အော်ရာရှိနိုင်သည့် နေရာများကို သုတ်သင်ရှင်းလင်းပစ်သည်။ 

မည်သည့်သဲလွန်စခြေရာမှ မကျန်သောအခါ မုဖူရှန်းအော်ရာကို ရုပ်သိမ်းပြီးနောက် ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက်ထံ ပြန်သွားသည်။ 

ယဲ့ချိုးပိုင်ပြုံးရင်း မုဖူရှန်းပခုံးကိုပုတ်သည်။ 

"မဆိုးဘူး၊ မင်းကောင်းကောင်းဖုံးကွယ်ထားတာပဲ"

ရှောင်ဟိုင်ခေါင်းညိတ်ကာ မုဖူရှန်းကို ကြည့်ရင်း သူ့မျက်လုံးများက တိုက်ခိုက်ရေးစိတ်ဓာတ်နှင့် ပြည့်နှက်နေသည်။ 

"ဒါဆိုငါနဲ့လာတိုက်ခိုက်"

မုဖူရှန်း "....."

သူဆွံအနေသည်။ 

ဖန်ချန်း မုဖူရှန်းကို မိန်းမောတွေဝေစွာ ကြည့်နေမိသည်။ 

"စီနီယာအစ်ကိုမု၊ ကျွန်တော် အစ်ကိုကြီးတို့ဆီက ကြားခဲ့တာက ဒါက အစ်ကိုရဲ့ အစစ်အမှန်ခွန်အားမဟုတ်ဘူးဆို"

မုဖူရှန်း၏ အမူအရာက အေးခဲသွားပြီး အလျင်အမြန်ဆိုသလို ဖန်ချန်းပါးစပ်ကို ဖုံးကာ ဘေးပတ်၀န်းကျင်ကို ကြည့်လိုက်သည်။ 

"တိုးတိုးလေးပြော၊ ဒီမှာအပြင်လူတွေရှိတယ်"

ယင်ရှီလျန်နှင့် ကျန်နှစ်ယောက်မကြားခဲ့သော်လည်း သူသတိထားရပေမည်။ 

"ကောင်းပြီ၊ ရှေ့ဆက်ကြရအောင်" ယဲ့ချိုးပိုင်ပြုံးလိုက်၏။ 

"ငါတို့အချိန်အများကြီး ဖြုန်းတီးခဲ့မိပြီ"

"ခနလေး"

မုဖူရှန်းပြောသည်။ 

"နောက်တစ်ခုကျန်သေးတယ်"

"ဘာများလဲ" ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက် မုဖူရှန်းကို သိချင်စိတ်ဖြင့် ကြည့်ကြသည်။ 

မုဖူရှန်း ယင်ရှီလျန်၊ ချင်းယောင်နှင့် ယန်ရွှမ်တို့ထံလျှောက်သွားပြီး သိုလှောင်လက်စွပ်ထဲကနေ သေမင်းနက်ချီနှင့် မိုးကြိုးစွမ်းအားပါ၀င်သည့် အဆောင်သုံးခုကို ထုတ်ယူလိုက်၏။ 

"ဒီအဆောင်တွေကို မင်းတို့မျက်ခုံးကြားမှာ ကပ်ထားလိုက်"

ယင်ရှီလျန် အနည်းငယ်ကြက်သေသေသွားပြီးနောက် မေးသည်။ 

"ဒါဘာလဲ"

မုဖူရှန်းတည်ငြိမ်စွာပြောသည်။ 

"မိုးကြိုးသတ်ဖြတ်ခြင်းအဆောင်၊ ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကို မင်းတို့တစ်ယောက်ယောက်ကို ပြောမယ်ဆိုရင် ငါအတွေးတစ်ချက်တည်းနဲ့ မင်းတို့ဝိဉာဉ်တွေကို ဖျက်ဆီးပစ်နိုင်တယ်"

ယင်ရှီလျန်၊ ချင်းယောင်နှင့် ယန်ရွှမ်တို့၏ မျက်နှာများက ဖြူရော်သွားကြ၏။ 

ယန်ရွှမ်မျက်မှောင်ကြုတ်သည်။ 

"မင်းငါတို့ကိုအဲလောက်တောင် မယုံတာလား"

"ငါဘာလို့မင်းတို့ကို ယုံရမှာလဲ"

မုဖူရှန်းရက်စက်စွာ ပြန်ဖြေလေရာ ယင်ရှီလျန်နှင့် ကျန်နှစ်ယောက်ကို အေးခဲသွားစေသည်။ 

"မင်းတို့နဲ့ ဆက်ဆံရေးတစ်ခုခုရှိဖို့ထား၊ မင်းတို့နဲ့ ငါသိတာတောင် မကြာသေးဘူး၊ မင်းတို့ကို ငါဘယ်လိုယုံနိုင်မှာလဲ"

ကျင့်ကြံခြင်းကမ္ဘာတွင် လူသားများ၏ နှလုံးသားများက ခန့်မှန်း၍မရပါ။ 

ထို့ကြောင့် ယခုလိုကိစ္စသေးသေးလေးအတွက်ပင် မုဖူရှန်း သူ့ကို ခြိမ်းခြောက်လာနိုင်မည့် မည်သည့်ဖြစ်နိုင်ချေကိုမှ လက်လွှတ်မည်မဟုတ်။ 

ချင်းယောင်က သူ့ကို သဘောကျနေလျှင်ပင် ဒါကအတူတူဖြစ်သည်။ 

သေခြင်းရှင်ခြင်းအတွေ့အကြုံများကို မကြုံဖူးသေးသည့် သာမန်ကောင်းမွန်သည့် ခံစားချက်များက စိစစ်မှုကို ခံနိုင်ရည်မရှိပါ။ 

ဒါ့အပြင် ဒါက ချင်းယောင်၏ အတွေးများကိုလည်း လုံး၀ဖယ်ရှားနိုင်လောက်သည်။ 

ဘာလို့မဖြစ်နိုင်ရမှာလဲ!

ချင်းယောင်၏ အမူအရာကလည်း အနည်းငယ် ပြောင်းလဲသွားပြီးနောက် ပြုံးကာ မုဖူရှန်းလက်ထဲကနေ မိုးကြိုးသတ်ဖြတ်ခြင်းအဆောင်တစ်ခုကို ယူပြီး မျက်ခုံးကြား၌ ကပ်လိုက်သည်။ 

မကြာမီ အဆောင်က သူမမျက်ခုံးကြား၌ ပေါင်းစပ်သွားခဲ့သည်။ 

ချင်းယောင် သက်တောင့်သက်သာမရှိသလို မခံစားရဘဲ မုဖူရှန်းအားကြည့်ပြီး ပြုံးသည်။ 

"ကျွန်မတို့က ခဏတာပဲဆုံဖူးသေးတော့ ရှင့်မှာ ဒီလိုအတွေးမျိုးရှိတာ ပုံမှန်ပါပဲ၊ မစိုးရိမ်ပါနဲ့၊ ကျွန်မရှင့်ကို အပြစ်မတင်ပါဘူး"

မုဖူရှန်းအနည်းငယ်ခေါင်းညိတ်သည်။ 

ယင်ရှီလျန်နှင့် ယန်ရွှမ်တို့ တစ်ဦးကိုတစ်ဦးကြည့်ပြီးနောက် ညင်သာစွာ သက်ပြင်းချရင်း အဆောင်များကို မျက်ခုံးကြား၌ ကပ်ထားလိုက်ကြ၏။ 

ဒါကိုမြင်သော် မုဖူရှန်းပြောသည်။ 

"မင်းတို့ ငါတို့ကို ထိခိုက်အောင် မလုပ်သရွေ့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး"

ထို့နောက် မုဖူရှန်းတစ်ဘက်လှည့်ပြီး ယဲ့ချိုးပိုင်နှင့်အတူ ရှေ့ဆက်သည်။ 

မုဖူရှန်း၏ကျောက သူမကိုမျက်နှာမူနေတာကို မြင်ရသောအခါ ချင်းယောင်ခါးသီးစွာ ပြုံးမိသည်။ 

သူတို့က ကံပါသော်လည်း ကံကြမ္မာက သတ်မှတ်ထားခြင်းမရှိပါ။ 

အပိုင်း(1020) coming။ 

All Chapters