← Chapters

#‌ရွှံ့ဗွက်အိုင်ထဲသို့ ၀င်ခြင်း၊ အနက်ရောင်ဒီရေ လိမ့်တက်လာခြင်း#

Vol. 72 Ch. 1020

#‌ရွှံ့ဗွက်အိုင်ထဲသို့ ၀င်ခြင်း၊ အနက်ရောင်ဒီရေ လိမ့်တက်လာခြင်း#

Vol. 72 Ch. 1020

တိမ်အိပ်မက်မြို့အပြင်ဘက် သွေးဝံပုလွေအခြေစိုက်စခန်း၌ ဝံပုလွေဘုရင် နက်မှောင်သည့် အမူအရာဖြင့် အဆင့်မြင့်လူများရှေ့တွင် ရပ်နေပြီးမေးသည်။ 

"မင်းတို့ရှာမတွေ့ကြဘူးလား"

အဆင့်မြင့်လူအနည်းငယ်က မျက်သူငယ်အိမ်များ တုန်ယင်စွာနှင့် ခေါင်းခါယမ်းကြသည်။ 

ခရက်ခ်.....!

ဝံပုလွေဘုရင်မှာ လက်ထဲက ရွှေရောင်ဆေဘာဓားအား လွှဲယမ်းလိုက်သောအခါ ချက်ချင်းဆိုသလို ပတ်ပတ်လည်က ကျောက်ထိုင်ခုံများနှင့် အိမ်များကို နှစ်ပိုင်းပြတ်သွားစေသည်။ 

ဖြတ်တောက်ထားသည့်မျက်နှာပြင်က မှန်တစ်ချပ်ကဲ့သို့ အတော်လေးချောမွေ့နေသည်။ 

"မင်းတို့ဘာများအသုံး၀င်ကြလဲ"

ဝံပုလွေဘုရင် ဒေါသထွက်နေသည်။ 

"ကျန်းထောင်နဲ့ ကျန်တဲ့သူတွေကို တစ်ယောက်ယောက် သတ်ပစ်ခဲ့ပေမယ့် မင်းတို့ရှာမတွေ့ခဲ့ဘူး၊ အခုငါမင်းတို့ကို ပုံတူတစ်ခုပေးခဲ့တာကိုလည်း မင်းတို့ဘယ်သူလဲဆိုတာ မရှာနိုင်ကြဘူးလား"

အကယ်၍သူတို့သာ ဘာတစ်ခုမှရှာမတွေ့ပါက မိုလီကို သူဘယ်လိုရှင်းပြရတော့မည်နည်း။ 

စကားပြောဖို့ဆိုတာက လွယ်သော်လည်း တစ်ဘက်လူကသာ မကျေမနပ်ဖြစ်သွားပါက မိုလီ သူ့၏ သွေးဝံပုလွေဂိုဏ်းတစ်ခုလုံးကို သွေးနှင့်ဆေးကြောပစ်လိမ့်မယ်ဆိုတာ ဝံပုလွေဘုရင်ယုံကြသည်။ 

အဆင့်မြင့်လူတစ်ယောက် ကြောက်လန့်တကြားပြောသည်။ 

"ဝံပုလွေဘုရင်၊ အရင်ကသာဆိုရင် ပုံတူနဲ့ တိမ်အိပ်မက်မြို့က တစ်စုံတစ်ယောက်ကို ရှာဖွေစစ်ဆေးဖို့ဆိုတာက မခက်ခဲပါဘူး"

"ဒါပေမယ့် ကျန်းထောင်သေပြီးနောက်မှာ တိမ်အိပ်မက်မြို့တစ်ခုလုံးက ပိုပြီးတောင် လုံခြုံတင်းကျပ်လာခဲ့တယ်၊ ကျွန်တော်တို့လူတွေ လုံး၀၀င်လို့မရဘူး၊ တစ်ချိန်တည်းမှာပဲ တိမ်အိပ်မက်မြို့အတွင်းပိုင်းမှာ အဓိဂိုးဏ်းသုံးဂိုဏ်းကလည်း သူလျှိုတွေကို ရှာဖွေဖို့အတွက် အကောင်းဆုံးကြိုးစားနေကြတယ်၊ ဒီလိုအရေးပါတဲ့အချိန်ကာလမှာ သူတို့လည်း ဘာတစ်ခုမှ မလုပ်နိုင်ပါဘူး"

"ကျွန်တော်တို့သာ ဒီသတင်းကို တိမ်အိပ်မက်မြို့ထဲကို ဘယ်လောက်ပဲကုန်ကျပါစေ ယူသွားမယ်ဆိုရင် ကျွန်တော်တို့ စိုက်ပျိုးထားတဲ့ ဘယ်သူလျှိုမှ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး...."

ဒါကိုကြားသော် ဝံပုလွေဘုရင်၏ အမူအရာက မည်းမှောင်သွားခဲ့သည်။ 

တိမ်အိပ်မက်မြို့၌ သွေးဝံပုလွေဂိုဏ်းက စိုက်ပျိုးထားသည့် သူလျှိုများက အတော်လေး အရေးပါသည်ဟု ဆို၍သည်။ 

အဘယ်ကြောင့်ဆိုသော် သူတို့က တိမ်အိပ်မက်မြို့ထဲက အဓိကအင်အားစုသုံးစု မြို့ကနေ ထွက်သွားရာ၌ အချိန်၊ လမ်းကြောင်းနှင့် ခွန်အားကို ကူညီပေးနိုင်သောကြောင့်ပင်။ 

ဒါကသူတို့အတွက် အတော်လေးအသုံး၀င်သည်။ ထို့ကြောင့် ဝံပုလွေဘုရင် သူလျှိုများကို စတေးရန်အတွက် အနည်းငယ်ဆန္ဒမရှိဖြစ်သည်။ 

ဒီအချိန်မှာပင် မိုလီရုတ်တရက် ဘေးတွင် ပေါ်လာပြီး ဝံပုလွေဘုရင်၏ပခုံးကို အပြုံးဖြင့်ပုတ်သည်။ 

"လျှို့ဝှက်သူလျှိုတွေကို ငါတို့ဆက်လက်ပျိုးထောင်ပေးလို့ရပါတယ်၊ ဒါ့အပြင် ဒီတာ၀န်ကို ပြီးသွားတဲ့အခါကျရင် အဲဒီလျှို့ဝှက်သူလျှိုတွေ မရှိတော့မှာမို့လား၊ သူတို့ကို ဒီလိုအရေးပါတဲ့ အချိန်ကာလအတွက် အသုံးပြုကြတာမလား"

ဝံပုလွေဘုရင်၏ ကိုယ်ကတောင့်တင်းသွား၏။ သူမလှည့်ကြည့်သော်လည်း သူ့ပခုံးပေါ်ရှိ လက်အနေတဆင့် သူ့ကိုယ်ထဲ၌ လိမ့်တက်လာသည့် အဆုံးမဲ့နတ်ဆိုးချီ စီးကြောင်းများကို သူခံစားနိုင်ပေသည်။ 

နတ်ဆိုးချီအမျှင်စများက ဝံပုလွေဘုရင်၏ကိုယ်ထဲတွင် လက်မည်းကြီးတစ်ခုအဖြစ် သိပ်သည်းကာ သူ့နှလုံးကို ညင်သာစွာ ဖျစ်ညစ်ထားသည်။ 

ဝံပုလွေဘုရင်၏ နောက်ထပ်အဖြေက မိုလီ၏ အတွေးများနှင့် မကိုက်ညီနေသရွေ့ လက်မည်းကြီးက ချက်ချင်းအားသုံးပြီး ဝံပုလွေဘုရင်၏ နှလုံးကို ချေမွဖျက်ဆီးပစ်ပေလိမ့်မည်။ 

"ဒီအကြောင်းကို သေချာလေးစဉ်းစားကြည့်ပါ" မိုလီ မျက်နှာ၌ အန္တရာယ်မရှိသည့် အပြုံးဖြင့် ခေါင်းမော့လိုက်၏။ 

ဒါကိုမြင်သော် ဝံပုလွေဘုရင်အံကြိတ်ရင်း အဆင့်မြင့်လူများကို ကြည့်လိုက်သည်။ 

"တိမ်အိပ်မက်မြို့ထဲက လူတွေကို ချက်ချင်းအသိပေးပြီး အဲဒီလူအကြောင်း သတင်းအချက်အလက်တွေကို ရှာဖို့ပြောလိုက်၊ ပြီးတော့ သတင်းကို ဘယ်လောက်ပဲ ကုန်ကျကုန်ကျ ယူလာခဲ့"

အဆင့်မြင့်လူများက အချင်းချင်း ကြည့်လိုက်ကြသော်လည်း အဆုံးတွင် ခေါင်းညိတ်ရုံသာ တတ်နိုင်ကြသည်။ 

ဒါကိုမြင်သော မိုလီလွှတ်ပေးပြီး ဝံပုလွေဘုရင်၏ ခေါင်းကို ထပ်မံပွတ်သပ်ရင်း ပြုံးသည်။ 

"မစိုးရိမ်ပါနဲ့၊ ဒါပြီးသွားတဲ့အခါကျရင် နတ်ဆိုးဘုရင်ပိုင်နက်က မင်းကို မနှိပ်စက်ပါဘူး"

ဝံပုလွေဘုရင် ငိုနေသည်ထက် ပိုကြည့်ရဆိုးသည့် အပြုံးတစ်ခုကို ဖော်ပြပြီး ခေါင်းညိတ်သည်။ 

"အစ်ကိုမိုလီအတွက် အလုပ်လုပ်ပေးရတာက ကျုပ်အတွက် ဂုဏ်ယူစရာပါ"

......

တိမ်အိပ်မက်ရွှံ့ဗွက်အိုင်က အတော်လေးရွှံ့ထူကာ လူသုကင်းမဲ့ပြီး အပေါက်များနှင့် ပြည့်နှက်နေသည်။ 

မျက်စိက မြင်နိုင်သလောက် ဒါကအဆုံးမဲ့နေသည်ဟုထင်ရသည်။ လူတစ်ယောက် နှစ်တစ်ရာခန့် လျှောက်မည်ဆိုလျှင်ပင် ဒီရွှံ့ဗွက်အိုင်ကို ဖြတ်သန်းနိုင်မည်မဟုတ်။

တစ်ယောက်ယောက် အထဲကို၀င်လိုက်သရွေ့ သူတို့၏အနာဂတ်က ရွှံ့ဗွက်တစ်ခုဖြစ်လာ်ည်ဖြစ်ပြီး ပို၍နက်ရှိုင်းစွာ နစ်မြှုပ်အောင် လုပ်ပစ်တော့မည့်အသွင်။ 

ထွက်ပေါက်ရှာတွေ့ရန်ကို မဆိုထားနဲ့၊ ကျသွားပါက ဘယ်တော့မှ ပြန်ထုတ်ယူနိုင်တော့မည်မဟုတ်ပါ။ 

ရွှံ့ဗွက်အိုင်အထက်တွင် တိမ်များနှင့် ဝန်းရံနေသည့် မြူထူထူနေရာတစ်ခုရှိသည်။ 

ရွှံ့ဗွက်အိုင်ကို ကြည့်ရန်အတွက် ခေါင်းသာ မငုံ့ပါက ဒါက အင်မော်တယ်နယ်မြေတစ်ခုဟုပင် ထင်ရသည်။ 

သို့စေကာမူ ယန်ရှီလျန်၊ ချင်းယောင်နှင့် ယန်ရွှမ်တို့မှာ ဒီလိုအင်မော်တယ်နယ်မြေကဲ့သို့ နေရာမျိုးကို လျှော့မတွက်ရဲကြဘဲ သူတို့၏ အမူအရာများက အတော်လေး လေးနက်နေကြ၏။ 

အငွေ့အသက်များက တိမ်များအဖြစ် သိပ်သည်းစုစည်းသွားကြပြီး အားကောင်းသော စိတ်ချောက်ချားစေသည့် သဘာ၀ကို ဖြစ်စေသည်။ 

အကယ်၍ ခွန်အားကသာ မလုံလောက်သလို စိတ်အခြေအနေကလည်း လုံလောက်အောင် မခိုင်မာပါက ဒီအငွေ့အသက်ကို ရှုမိပြီးနောက် ပုံရိပ်ယောင်ထဲကျသွားမည်ဖြစ်ကာ ရုန်းကန်နိုင်မည်မဟုတ်ပေ။ သူတို့၏ ကိုယ်က ရွှံ့ဗွက်အိုင်ထဲတွင် နစ်မြှုပ်သွားပြီး ဝိဉာဉ်ချီတဖြည်းဖြည်းကုန်ခမ်းကာ နောက်ဆုံး ပုံရိပ်ယောင်ထဲတွင် နစ်မြှုပ်သေဆုံးသွားကြရပေလိမ့်မည်။ 

ဒီအချိန်တွင် ယင်ရှီလျန်ပြောသည်။ 

"ငါတို့လက်ရှိခွန်အားနဲ့ ဒီအစွန်ပိုင်းမှာပဲ လှုပ်ရှားနိုင်တယ်၊ ဒါ့အပြင်ငါတို့အကြာကြီး မနေနိုင်ဘူး၊ ငါတို့သာ အကြာကြီးနေမယ်ဆိုရင် ပုံရိပ်ယောင်ထဲ ကျသွားလိမ့်မယ်"

"ဒီတော့ တာ၀န်ကိုသာပြီးမြောက်ဖို့ ဆန္ဒရှိရင် တစ်ရက်အတွင်းပြီးစီးရမယ်၊ မဟုတ်ဘူးဆိုရင် ထွက်လာနိုင်မှာမဟုတ်ဘူး"

"ဒါတောင် ရွှံ့ဗွက်အိုင်ထဲက မှော်သားရဲတွေရဲ့ ၀င်စွက်ဖက်တာကို မထည့်သွင်းထားသေးဘူး"

ထို့နောက် ယင်ရှီလျန် မုဖူရှန်းကို ကြည့်ရင်း ရှုပ်ထွေးနေသည့်အသံဖြင့်ပြောသည်။ 

"စီနီယာမုကတော့ စီနီယာ့ခွန်အားနဲ့ အလယ်အဆင့်ကိုတော့ သွားနိုင်မှာပါ"

မုဖူရှန်း ခေါင်းညိတ်ပြီး တာ၀န်မြေပုံကို ထုတ်ယူလိုက်၏။ 

"ငါ့တာ၀န်ကို အရင်ပြီးမြောက်အောင် လုပ်ပြီးမှ အလယ်ပိုင်းကို သွားကြတာပေါ့"

ထို့နောက် မုဖူရှန်းဖြစ်စေ၊ ယဲ့ချိုးပိုင်၊ ရှောင်ဟိုင် သို့မဟုတ် ဖန်ချန်းဖြစ်စေ သူတို့အားလုံး သိုလှောင်လက်စွပ်ထဲကနေ သန့်စင်သည့် ကျောက်စိမ်းပုလင်းတစ်ပုလင်းစီ ထုတ်ယူပြီး ဆေးလုံးတစ်လုံး ထုတ်ကာ ပါးစပ်ထဲထည့်လိုက်ကြ၏။ 

ဒါကိုမြင်သော် ချင်းယောင် သိချင်စိတ်နှင့် မေးသည်။ 

"အဲဒါဘာဆေးလဲ"

ယဲ့ချိုးပိုင်ပြုံးသည်။ 

"ငါတို့ရဲ့ ဂျူနီယာညီမလေးက သန့်စင်ထားတာပါ၊ ဒါကို ပုံရိပ်ယောင်တွေကို ခုခံဖို့အတွက် သုံးလို့ရတယ်"

(ပုံရိပ်ယောင်ဆိုတာက စိတ်လှည့်စားမှုအတွက် သုံးထားခြင်းပါ)

မှန်ပေသည်။ မု၀မ်အာကိုယ်တိုင် တီထွင်ထားသည့် ဒီဆေးလုံးကို တိမ်ပုံရိပ်ယောင်ဆေးလုံးဟုခေါ်ပြီး နတ်သခင်နယ်ပယ်အောက်က ဘယ်ပုံရိပ်ယောင်ကိုမဆို တားဆီးနိုင်သည်။ 

အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ထိုးဖောက်တောင်၌ အင်မော်တယ်တွေ့ဆုံခြင်း ပုံရိပ်ယောင်အစီအရင်ကို တွေ့ကြုံခံစားပြီးနောက် မု၀မ်အာ ပုံရိပ်ယောင်များကို တားဆီးနိုင်သည့် ဆေးလုံးတစ်လုံး သန့်စင်ရန်အတွက် ရုတ်တရက် စိတ်ကူးရလာခဲ့ခြင်းဖြစ်သည်။ 

ထို့နောက် ထိုဆေးက လက်ရှိ တိမ်ပုံရိပ်ယောင်ဆေးလုံးဖြစ်သည်။ 

ယဲ့ချိုးပိုင်၏ စကားလုံးများကို ကြားသောအခါ ယန်ရှီလျန်နှင့် ကျန်နှစ်ယောက် ထိတ်လန့်သွား၏။ ပုံရိပ်ယောင်များကို ဖယ်ရှားနိုင်သည့် ဆေးလုံးများရှိပါသည်။ 

သို့စေကာမူ ပုံရိပ်ယောင်များကို ကြိုတင်ပိတ်ဆို့ထားဆီးနိုင်သည့် ဆေးလုံးများကို သူတို့တစ်ခါမှ မကြားဖူးပါ။ 

ဒါ့အပြင် ဒီဆေးလုံးကို ဖန်တီးသူကလည်း မုဖူရှန်းတို့ဂိုဏ်းမှဖြစ်နေသည်။ 

နတ်အင်ပါယာအဆင့်အဆောင်သခင်၊ မြေအဆင့်အစီအရင်ဆရာနှင့် ယခု နောက်ထပ်အဂ္ဂိရတ်ဆရာတစ်ယောက်!

သူတို့နောက်ကွယ်က ဆရာကဘယ်သူလဲ!

ချင်းယောင်ရုတ်တရက်ပြောသည်။ 

"ဒီဆေးလုံးကို ကျွန်မတို့ကို ရောင်းနိုင်မလား၊ မစိုးရိမ်ပါနဲ့၊ မြို့တော်၀န်စံအိမ်ဖြစ်ဖြစ် ကျန်တဲ့ မဟာမိတ်နှစ်ခုဖြစ်ဖြစ် သူတို့က တိမ်ပုံရိပ်ယောင်ဆေးလုံးအတွက် လဲလှယ်ဖို့အတွက် ငွေကြေးအများအပြား သုံးဖို့ ဆန္ဒရှိကြပါတယ်"

ဒီဆေးလုံးနှင့်ဆိုပါက တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ထဲတွင် အရင်းအမြစ်များကို ပိုမိုရနိုင်ပေလိမ့်မည်။ 

ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။ 

"ငါ့တို့လက်ထဲက တိမ်ပုံရိပ်ယောင်ဆေးလုံးတွေက အတော်လေးအကန့်အသတ်ရှိတယ်၊ ကံဆိုးချင်တော့ ဂျူနီယာညီမလေးက ဒီမှာမရှိဘူး"

ဒါကိုကြားသော် ချင်းယောင် အကူအညီမဲ့စွာ ခေါင်းခါယမ်းမိတော့သည်။ 

ထို့နောက် ယဲ့ချိုးပိုင် ယင်ရှီလျန်နှင့် ကျန်နှစ်ယောက်ကို တိမ်ပုံရိပ်ယောင်ဆေးလုံးသုံးလုံးပေးလိုက်သည်။ 

"ငါတို့ကိုလမ်းပြဦးဆောင်ပေးတဲ့အတွက် ဒါကို လျော်ကြေးအဖြစ် ယူလိုက်ကြပါ"

‌

ဆေးလုံးများကို အတူတကွသောက်သုံးပြီးနောက် သူတို့တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ထဲသို့ ခြေလှမ်းလှမ်းလိုက်ကြ၏။ 

သူတို့ ရွှံ့ဗွက်အိုင်ထဲသို့ ခြေချ၀င်လိုက်သည့် အခိုက်အတန့်၌ သူတို့၏ခြေများက နစ်မြှုပ်၀င်သွားသည့်ပမာ ခံစားလိုက်ကြရသည်။ 

တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ထဲတွင် ပုံရိပ်ယောင်မြူခိုးများ၏ ခြိမ်းခြောက်မှုရှိသည်သာမက သူတို့ရွှံ့ဗွက်အိုင်ထဲ ကျသွားသရွေ့ သူတို့ကို ရွှံ့ဗွက်အိုင်ထဲ ဆွဲချပစ်မည့် ကြီးမားသည့်အားတစ်ခုကိုလည်း သူတို့ခံစားနိုင်ပါသည်။ 

သူတို့ခြေထောက်များကို ဝိဉာဉ်ချီဖြင့် ဖုံးအုပ်ထားပြီး အပေါ်ယံမျက်နှာပြင်၌ တည်ငြိမ်စွာ ရပ်နေရုံသာ တတ်နိုင်သည်။ 

သို့စေကာမူ သူတို့၀င်ပြီး အမွေးတိုင်တစ်တိုင်စာခန့်အကြာတွင် ပုံရိပ်တစ်ဒါဇင်ကျော်က တစ်ချိန်တည်းတွင် ၀င်လာခဲ့ကြသည်။ 

အပိုင်း(1021) coming။ 

All Chapters