← Chapters

#‌သတင်းအချက်အလက်ပေါက်ကြားခြင်း၊ မိုလီရောက်လာပြီ!#

Vol. 72 Ch. 1021

#‌သတင်းအချက်အလက်ပေါက်ကြားခြင်း၊ မိုလီရောက်လာပြီ!#

Vol. 72 Ch. 1021

မုဖူရှန်း အဆောင်များကို သတ်မှတ်ထားသည့်နေရာများ၌ ထားထားသရွေ့ အဆင်ပြေပါသည်။ သို့သော် နေရာလေးနေရာက ဝေးကွာလှသည်။ 

တိမ်ပုံရိပ်ယောင်ဆေးလုံး၏ အကူအညီနှင့်အတူ ယင်ရှီလျန်နှင့် ကျန်သောသူများ၏ ခွန်အားအရ သူတို့လေးကြိမ်တိတိ ပြန်သွားရပေမည်။ သူတို့အမှတ်တစ်ခုတည်းကို အစွဲထားပြီး အသက်အမြန်ရှူကာ ဒုတိယအမှတ်ကို ဦးတည်ရမည်။ 

သူတိူ့၏ခွန်အားကို တိမ်ပုံရိပ်ယောင်ဆေးလုံးနှင့် တွဲဖက်လိုက်ပါက တိမ်အိပ်မက်ရွှံ့ဗွက်အိုင် အပြင်ဘက်တွင် ငါးရက်နေတာက ဘာပြဿာနာမှမရှိပါ။ 

တတိယနေ့တွင် မုဖူရှန်းနှင့်ကျန်သောသူများ တတိယမြောက်အဆောင်ကို ကပ်လိုက်ကြ၏။ 

လမ်းတစ်လျှောက်၌ သူတို့ဗွက်အိုင်မှော်သားရဲအနည်းငယ်နှင့် ဆုံခဲ့သေးသည်။ အများစုက နတ်ဗိုလ်ချုပ်နယ်ပယ် အထွတ်အထိပ်အဆင့်ဖြစ်ပြီး တစ်ချို့က နတ်ဘုရင်နယ်ပယ်ကိုပင် ရောက်နေကြသည်။ 

ဒါက တိမ်အိပ်မက်ရွှံ့ဗွက်အိုင်၏ အပြင်ဘက်အကျဆုံးနေရာဟု ဆို၍ရသော်လည်း မှော်သားရဲများက နတ်ဘုရင်နယ်ပယ်ကို ရောက်နေလေပြီ။ 

အသက်တားမြစ်ဇုန်များထဲက တစ်ခုအဖြစ် လူသိများသည့် တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ဟု ဆိုသည့်အတိုင်းပင်။ 

တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ရှိ အရင်းအမြစ်များက အ‌လွန်အမင်း အဖိုးတန်နေသည်မှာ အံ့ဩသင့်စရာမရှိတော့။ 

"နောက်ဆုံးနေရာဘယ်မှာလဲ" ယဲ့ချိုးပိုင် မုဖူရှန်းကိုကြည့်လိုက်၏။ 

မုဖူရှန်း မြေပုံကိုယူပြီး ကြည့်သည်။ 

"အရမ်းမဝေးတော့ပါဘူး၊ ရက်တစ်၀က်အတွင်း ရောက်နိုင်တယ်"

ဒီအချိန်တွင် ချင်းယောင်တစ်ခုခုပြောတော့မည့်အချိန်တွင် သူမရင်ဘတ်ရှိ ကျောက်စိမ်းဆွဲသီးက ရုတ်တရက် လင်း၀င်းလာသည်။ ချင်းယောင်အသိစိတ်ထဲသို့ သတင်းစကားတစ်ခု၀င်လာပြီး ဒါက သူမ၏အမူအရာကို အကြီးအကျယ် ပြောင်းလဲသွားစေသည်။ 

ချင်းယောင်နှင့် ပတ်သက်ပြီး တစ်ခုခုမှားနေတာကို ယန်ရွှမ်ချက်ချင်းအာရုံခံမိသဖြင့် ပူပန်စွာမေးလိုက်၏။ 

"ဘာမှားနေတာလဲ၊ ဘာဖြစ်လို့လဲ"

ချင်းယောင်၏ အမူအရာက မည်းမှောင်နေသည်။ သူမလူတိုင်းကို ကြည့်ပြီးနောက် သူမအကြည့်က မုဖူရှန်းပေါ် ကျရောက်လာကာ တစ်လုံးချင်းပြောလိုက်သည်။ 

"ကျွန်မတို့အမြန်ဆုံးထွက်သွားသင့်တယ်လို့ ထင်တယ်"

လူတိုင်း ချင်းယောင်ကို ကြည့်လိုက်ကြသည်။ 

"ဘာလို့လဲ" ယင်ရှီလျန် မကောင်းသည့် ခံစားချက်တစ်ခုရနေသည်။ 

ချင်းယောင်၏ နောက်ဆက်တွဲစကားလုံးများက ဒီမကောင်းသည့်နိမိတ်ကို အတည်ပြုခဲ့သည်။ 

"ကျွန်မတို့ မကြာသေးခင်က တိမ်အိပ်မက်မြို့က သူလျှိုတွေကို ရှာဖွေဖို့အတွက် အကောင်းဆုံး ကြိုးစားခဲ့ကြတယ်၊ အစပိုင်းကတော့ ဘာတစ်ခုမှ မတွေ့ခဲ့ဘူး" ချင်းယောင်၏ အမူအရာက ပို၍ပင် ကြည့်ရဆိုးလာသည်။ 

"ဒါပေမယ့် ပြီးခဲ့တဲ့ရက်အနည်းငယ်က သူလျှိုတွေ ရုတ်တရက်အရဲစွန့်ပြီး ပြင်ပကမ္ဘာကို သတင်းအချက်အလက်တွေ ပို့ဖို့အတွက် အရူးအမူးကြိုးစားခဲ့ကြတယ်၊ အဆုံးမှာ ကျွန်မတို့ တိမ်အိပ်မက်မြို့အပြင်ဘက်က သွေးဝံပုလွေဂိုဏ်းက သူလျှိုတစ်ယောက်ကို ဖမ်းမိခဲ့တယ်"

"သူ့ကိုဖမ်းမိခဲ့တယ်ဆိုပေမယ့် သတင်းကိုလည်း တွေ့ခဲ့ရတယ်"

"အကြောင်းအရာက....ပုံတူထဲက လူက တိမ်အိပ်မက်မြို့မှာလား၊ အဲဒီနောက်မှာ ဒီလူဘယ်ကိုသွားခဲ့လဲ၊ ဒီအကြောင်းတွေပဲ"

ဒီနေရာတွင် ချင်းယောင် ရှောင်ဟိုင်ကို ကြည့်လိုက်၏။ 

သူမဘာတစ်ခုမှမပြောသော်လည်း လူတိုင်းနားလည်ပါသည်။ 

သွေးဝံပုလွေဂိုဏ်းက ရှာဖွေနေသောသူက ရှောင်ဟိုင်ဖြစ်သည်။ 

သတင်းကပျံ့သွားပြီဖြစ်လေရာ ဒါက တစ်ဘက်လူက တိမ်အိပ်မက်ရွှံ့ဗွက်အိုင်သို့ လူများစေလွှတ်ပြီးဖြစ်ကာ ၀င်လာကြလောက်ပေသည်။ 

ယဲ့ချိုးပိုင်၏ အမူအရာက နက်မှောင်သွားသည်။ 

"ကြည့်ရတာ နတ်ဆိုးဘုရင်ပိုင်နက်က လူတွေလည်း ရောက်လာကြပုံပဲ"

ရှောင်ဟိုင်ခေါင်းညိတ်သည်။ 

"ဒါပေမယ့် နတ်သခင်ဟောင်တျန်းရဲ့ ခြိမ်းခြောက်မှုကြောင့် သူတို့စုစည်းထားတဲ့ လူတွေကပဲ ဒါကိုကိုင်တွယ်ကြလိမ့်မယ်"

"ဒါဆိုအခုဘာလုပ်သင့်လဲ၊ အရင်ဆုံးထွက်သွားကြမလား" ဖန်ချန်းမေးသည်။ 

"ထွက်သွားဖို့အတွက် အရမ်းနောက်ကျသွားပြီ" မုဖူရှန်း ဒီအချိန်မှာပင် ပြောလာသည်။ 

"တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ကို ၀င်ပြီးနောက်မှာ ပတ်၀န်းကျင်အခြေအနေကို ငါစောင့်ကြည့်လေ့လာခဲ့တယ်၊ ထွက်ပေါက်က နှစ်ခုတည်းပဲရှိပြီး ငါတို့ နေရာနှစ်ခုလုံးကို ပြန်သွားဖို့လိုတယ်၊ ဒါဆိုသူတို့နဲ့ သေချာပေါက် ပက်ပင်းတိုးလိမ့်မယ်"

"လမ်းတစ်လျှောက်မှာ ငါတို့လုပ်ဆောင်ချက်တွေနဲ့ တိုက်ပွဲခြေရာတွေကို ငါဖျက်ပစ်ခဲ့ပြီး ပတ်၀န်းကျင်နေရာကို သီးသန့်ထားပစ်ခဲ့တယ်ဆိုပေမယ့် အချိန်အရ ပြောရရင်တော့ သူတို့ဒီနေရာကို မကြာခင် ရှာတွေ့လိမ့်မယ်"

အကယ်၍ မုဖူရှန်းသာ ခြေရာများကို မဖျက်ပစ်ခဲ့ပါက ပထမနေ့မှာတင် နတ်ဆိုးဘုရင်ပိုင်နက်နှင့် သွေးဝံပုလွေဂိုဏ်းက လူများက သူတို့ကို အပြင်းအထန် ဝိုင်းရံထားကြပေလိမ့်မည်။ 

"ဒီမှာပဲ" 

ရုတ်တရက် မုဖူရှန်းနောက်သို့ လှည့်ကြည့်သောအခါ ထိုနေရာတွင် ပုံရိပ်များစွာက ရွှံ့ဗွက်အိုင်ပေါ်သို့ ပြင်းထန်စွာ ဆင်းသက်လိုက်ကြ၏။ 

ထို့ထဲတွင် သွေးဝံပုလွေဂိုဏ်းကလူများက ဆိုးယုတ်စွာပြုံးပြီး ဆေဘာဓားများကို ကိုင်ထားကြကာ အနက်၀တ်လူဆယ်ယောက်ကျော်သည်။ 

ရှေ့ဆုံးကလူနှစ်ယောက်နှင့် လူတိုင်း အတော်လေးရင်းနှီးကြပါသည်။ 

တစ်ယောက်က ရွှေရောင်ဆေဘာကို ကိုင်ထားပြီး ကျန်တစ်ယောက်က အနက်ရောင်၀တ်ရုံ၀တ်ဆင်ထားသည့် လူရှည်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ 

ယင်ရှီလျန်၏ အမူအရာက ကြည့်ရဆိုးသွားသည်။ 

"သွေးဝံပုလွေဂိုဏ်းခေါင်းဆောင်၊ ဝံပုလွေဘုရင်...."

ရှောင်ဟိုင် အနက်၀တ်လူကို ကြည့်ရင်း မျက်မှောင်ကြုတ်သည်။ 

"မိုလီ...."

မိုလီပြုံးပြီး ရှောင်ဟိုင်ကိုကြည့်သည်။ 

"နောက်ဆုံးတော့ ငါမင်းကိုတွေ့ပြီ၊ ဒီတစ်ကြိမ်တော့ မင်းသေချာပေါက် လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး"

ဝံပုလွေဘုရင် အနည်းငယ်အံ့ဩသင့်သွားပြီး ရှောင်ဟိုင်ကို လှမ်းကြည့်လိုက်သည်။ 

"အစ်ကိုမိုလီ၊ သူက နတ်ဆိုးဘုရင်ပိုင်နက်ရဲ့ အရင်နတ်ဆိုးသခင်လား၊ သူ့လက်ရှိခွန်အားက အရမ်းကောင်းပုံမရပါဘူး"

ဝံပုလွေဘုရင်၏ စကားလုံးများက လုံး၀ဖုံးကွယ်ထားခြင်းမရှိဘဲ ယင်ရှီလျန်နှင့် ကျန်နှစ်ယောက်၏နားထဲသို့ ရှင်းရှင်းလင်းလင်းပင် ၀င်ရောက်သွားခဲ့သည်။ 

ယင်ရှီလျန်၊ ယန်ရွှမ်နှင့် ချင်းယောင်တို့ ရှောင်ဟိုင်ကို အထိတ်တလန့် ကြည့်လိုက်ကြ၏။ 

နတ်ဆိုးဘုရင်ပိုင်နက်၏ အရင်နတ်ဆိုးသခင်!

အဆင့်မြင့်ကြယ်နယ်မြေ၌ ဘယ်သူကသူ့ကို မသိဘဲ နေမည်နည်း။ 

ကြောက်မက်ဖွယ်ရာကောင်းသည့် ဒဏ္ဍာရီဆန်သော အရင်နတ်ဆိုးသခင်က ဒီအဆင့်မြင့်ကြယ်နယ်မြေ၌ ရှိနေဆဲပင်။ 

ဒီလူက အမှန်တကယ်ပင် ထိုနတ်ဆိုးသခင်ဖြစ်နေလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြပေ။ 

သူ့တွင် ယခုလိုကြောက်စရာကောင်းသည့် ကိုယ်ခွန်အားမျိုးရှိနေသည်မှာ အံ့ဩသင့်စရာမရှိတော့။ 

တစ်ချိန်တည်းမှာပင် သူတို့က ဂိုဏ်းတစ်ဂိုဏ်းတည်းကလာတာကို သတိရသွားကြ၏။ 

ပါရမီရှင်များစွာကို စုစည်းနိုင်ပြီး ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ယောက်ကိုတောင် ပြန်လည်မွေးဖွားစေပြီး သူ့တပည့်အဖြစ် လက်ခံထားတာက တကယ်ပဲဘယ်သူလဲ!

ရှောင်ဟိုင် ရှေ့တစ်လှမ်းတိုးပြီး မိုလီကို ကြည့်သည်။ 

"မင်းခေါ်လာတဲ့ လူအင်အားကတော့ မလုံလောက်လောက်ဘူး"

"မလုံလောက်ဘူး၊ ဟမ့်၊ ဒီမှာရှိနေတဲ့ လူတိုင်းက နတ်ဘုရင်နယ်ပယ်တွေပဲ၊ ငါမင်းကို မတိုက်ခိုက်နိုင်ဘူးဆိုရင်တောင် ဒါက လုံလောက်တာထက် ပိုနေပါပြီ"

အရင်က နတ်သခင်ဟောင်တျန်း သူတို့အပေါ် အဓိကနယ်ပယ်တစ်ခုတည်းသာ ပိုစေရန်အတွက် ကန့်သတ်ထားခဲ့သည်။ 

သို့စေကာမူ အဓိကနယ်ပယ်တစ်ခု၏ ကွာခြားချက်ကို ကျော်လွှားရန်ဟူသည် ဘယ်လိုလုပ် လွယ်ကူနိုင်မည်နည်း။ 

ဒါ့အပြင် ဒီနေရာ၌ လူအများကြီး ရှိနေသေးသည်။ 

ဒါကိုကြားသော် ရှောင်ဟိုင်ပြုံးရင်း ရုတ်တရက် ရွှံ့ဗွက်အိုင်ပေါ်သို့ တက်နင်းလိုက်၏။ 

နတ်ဆိုးချီဖြင့် ဖုံးအုပ်ခံလိုက်ရသောအခါ ရှောင်ဟိုင်၏ ခြေထောက်များက ရွှံ့ဗွက်အိုင်ထဲသို့ မကျွံသွားခဲ့ပါ။ 

ယင်းအစား သူရွှံ့ပမာဏအများအပြားကို လွင့်စင်သွားစေပြီး နတ်ဆိုးဘုရင်ပိုင်နက်က နတ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်ကျွမ်းကျင်သူတစ်ဦးရှေ့သို့ ပြေး၀င်သွားကာ ရင်ဘတ်ကို ထိုးနှက်ပစ်သည်။ 

ခရက်ခ်....!

သူ့၏ရင်ညွှန်ရိုးက တစ်လက်မချင်းကျိုးသွားပြီး အတွင်းအင်္ဂါများက ကြေမွသွားစဉ် နတ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်ကျွမ်းကျင်သူမှာ သွေးတစ်လုပ် အန်လိုက်ရသည်။ 

သွေးက အတွင်းအင်္ဂါအပိုင်းအစများနှင့် ရောနေသည်။ 

မျက်စိတစ်မှိတ်အတွင်းမှာပင် သူလွင့်စင်သွားပြီး ရွှံ့ဗွက်အိုင်ပေါ်သို့ ကျသွားသဖြင့် တဖြည်းဖြည်း ရွှံ့ဗွက်အိုင်၏ မျိုခြင်းကို ခံလိုက်ရသည်။ 

အရာအားလုံးက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း အဆုံးသတ်သွားခဲ့သည်။ 

မိုလီနှင့် ကျန်သောသူများ ရှောင်ဟိုင်ကို အထိတ်တလန့် ကြည့်လိုက်ကြ၏။ 

ရှောင်ဟိုင် လက်ကောက်၀တ်ကို အဆစ်ချိုးရင်း ပြုံးကာ မိုလီ၏ တုန်ယင်နေသည့် မျက်လုံးများအား စိုက်ကြည့်လိုက်သည်။ 

"ဒီလောက်ကြာနေပြီးနောက်မှာ ငါ့ခွန်အားက မတိုးတက်လာဘူးလို့ မင်းထင်နေတာလား"

ကြာတာလား!

ဒါကကြာတာလား!

ဘယ်လောက်ကြာသေးလို့လဲ!

နတ်ဗိုလ်ချုပ်နယ်ပယ်ကနေ နတ်ဘုရင်နယ်ပယ်လား!

ရှောင်ဟိုင်ရဲ့ လက်သီးချက်တစ်ချက်ကြောင့် နတ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်ကျွမ်းကျင်သူက ချက်ချင်းအသတ်ခံလိုက်ရတာလား!

မိုလီထိတ်လန့်သွား၏။ 

ထို့နောက် သူ့မျက်လုံးများမှ အရိုးခိုက်ဖွယ်အေးစက်သည့် သတ်ဖြတ်ခြင်းဆန္ဒကို ထုတ်ဖော်ပြသသည်။ 

"ကောင်းတယ်၊ ကောင်းတယ်၊ အရင်နတ်ဆိုးသခင်ဆိုတဲ့အတိုင်းပဲ မင်းပါရမီက ကြောက်စရာကောင်းနေသေးပြီး တော်နေတုန်းပဲ၊ ဒါပေမယ့် ဒီပါရမီကို ထုတ်ဖော်ပြသပြီးနောက်မှာ ငါမင်းကို ထွက်သွားခွင့်ပေးမယ်လို့ မင်းထင်နေတာလား"

သူသာကြီးထွားလာပါက သူတို့ကပ်ဘေးတစ်ခုကို ရင်ဆိုင်ရပေလိမ့်မည်။ 

မိုလီ၏ကိုယ်၌ မရေမတွက်နိုင်လောက်သည့် နတ်ဆိုးနက်ချီများ စတင်ထိုးတက်လာပြီး ကိုယ်တစ်ဝိုက်တွင် ရစ်ပတ်သွား၏။ 

"မင်းက နတ်ဘုရင်နယ်ပယ် အလယ်အဆင့်ကို ရောက်နေပြီဆိုမှတော့ ငါကိုယ်တိုင် အရေးယူ ဆောင်ရွက်လို့ပဲရတော့မယ်"

မိုလီက နတ်အင်ပါယာနယ်ပယ် နောက်ပိုင်းအဆင့်ဖြစ်သည်။ 

"ဒါကလည်း နတ်သခင်ဟောင်တျန်းရဲ့ အကန့်အသတ်ထဲကပဲလေ၊ ဟုတ်တယ်မလား"

အပိုင်း(1022) coming။ 

All Chapters