← Chapters

#‌အောက်ခြေမျဉ်း၊ မုဖူရှန်း သူ့ခွန်အားကို ပြသခြင်း#

Vol. 72 Ch. 1018

#‌အောက်ခြေမျဉ်း၊ မုဖူရှန်း သူ့ခွန်အားကို ပြသခြင်း#

Vol. 72 Ch. 1018

လင်းယန်ဧကရာဇ်ချန်ရှု၏ လက်ဖဝါးရှိ ယန်ရွှမ် ချန်ရှု၏ ပိန်လှီနေသည့် လက်ထဲကနေ ရုန်းကန်နေသော်လည်း သူလုံး၀လှုပ်ရှားနိုင်ခြင်းမရှိပါ။ 

တဖြည်းဖြည်းနှင့် သူ့မျက်နှာက သွေးဖြင့်စတင်နီမြန်းလာပြီး ခရမ်းရင့်ရောင်အဖြစ်ပြောင်းသွားသလို သူ့နှုတ်ခမ်းများကလည်း ဖြူရော်နေသည်။ 

ချန်ရှုပြုံးသည်။ 

"ဘယ်လိုလဲ၊ ငါပြောခဲ့တာကို မင်းစဉ်းစားချင်သေးလား၊ ဒီနည်းလမ်းနဲ့ဆိုရင် မင်းဆန္ဒကိုလည်း ဖြည့်ဆည်းနိုင်သလို မင်းအသက်ကိုလည်း ကယ်တင်နိုင်မယ်"

နောက်က ယင်ရှီလျန် အလျင်အမြန်အော်ဟစ်သည်။ 

"ယန်ရွှမ်၊ သူပြောတာကို နားမထောင်နဲ့၊ မင်းသူတို့နဲ့ ပူးပေါင်းရင်တောင် သူတို့က မင်းကို နည်းမျိုးစုံနဲ့ နှိပ်စက်ကြလိမ့်မယ်"

"ဟမ်"

ချန်ရှု ယင်ရှီလျန်ကို လှမ်းကြည့်ပြီး လက်ချောင်းကို လှုပ်ရှားလိုက်လေရာ ရုတ်ချည်းဆိုသလို မမြင်ရသည့်အားတစ်ခုက ယင်ရှီလျန်၏ရင်ဘတ်ကို ရိုက်ခတ်ပစ်သည်။ 

ယင်ရှီလျန်၏ မျက်လုံးများက ပြူးကျယ်သွားပြီး ‌သွေးတစ်လုပ်အန်လျက် တောင်ပံကျိုးသွားသည့် စွန်တစ်စင်းပမာ နောက်သို့ လွင့်စင်သွား၏။ 

"မင်းဒီလောက်ထိ သေဖို့အလျင်လိုနေတာလား" ချန်ရှုပြုံးရင်း ရက်စက်စွာပြောသည်။ 

"နာနာခံခံနဲ့ ပါးစပ်ပိတ်ထားစမ်း၊ မင်းနာကျင်မှုကို ငါလျော့ပါးအောင် လုပ်ပေးကောင်းလုပ်ပေးနိုင်တာပဲလေ"

ထို့နောက် သူ ယန်ရွှမ်အားကြည့်ပြီး မေးသည်။ 

"မင်းသေချာစဉ်းစားပြီးပြီလား၊ မင်းအခုစကားမပြောနိုင်တာကို ငါသိပါတယ်၊ မင်းဆုံးဖြတ်ပြီးသွားပြီဆိုရင် ခေါင်းညိတ်လိုက်"

ယန်ရွှမ်၏ မျက်လုံးများ တောက်ပသွားပြီး ဖြည်းညင်းစွာ ခေါင်းညိတ်သည်။ 

ချန်ရှုပြုံးရင်း သူ့ကိုလွှတ်ပေးသည်။ 

ဒီမြင်ကွင်းကိုမြင်သောအခါ ချင်းယောင်၏ အမူအရာက မည်းမှောင်သွား၏။ 

ယင်ရှီလျန်ကလည်း စိတ်မကောင်းဖြစ်နေပုံပင်။ 

မုဖူရှန်းမျက်လုံးများထဲက သတ်ဖြတ်လိုသည့်ဆန္ဒကလည်း နောက်ထပ်ဖုံးကွယ်ထား၍ မရတော့ပါ။ 

သူ ယန်ရွှမ်ကို တိုက်ခိုက်သတ်ဖြတ်တော့မည့်အချိန်တွင် ယန်ရွှမ် ရုတ်တရက် နတ်ဗိုလ်ချုပ်အဆင့်အဆောင်တစ်ခုကို ထုတ်ယူပြီး ချန်ရှုရင်ဘတ်ပေါ်သို့ ပစ်လိုက်၏။ 

မီးတောက်များက ဧရာမမီးတောက်ခြင်္သေ့ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ချန်ရှုထံတိုး၀င်သွားသည်။ ‌

လေဟာနယ်က လောင်ကျွမ်းနေသည်။ 

ချန်ရှု၏မျက်လုံးများ၌ အံ့ဩသင့်နေသည့် အရိပ်အယောင်တစ်ခုပေါ်လာပြီး‌နောက် နှာခေါင်းရှုံ့ကာ မီးတောက်ခြင်္သေ့ကို လက်ထဲက လက်ကိုင်တုတ်ဖြင့် ရိုက်လိုက်၏။ 

၎င်းက အလွယ်တကူကြေမွသွားပြီး မီးပွားများအဖြစ်ပြောင်းကာ လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားသည်။ ဒီအချိန်မှာပင် အဆောင်ကလည်း စုတ်ပြဲသွားသည်။ 

ယင်ရွှမ် လည်ပင်းက ခရမ်းနီရောင်ဒဏ်ရာကို ဖုံးပြီး ချန်ရှုကို ကြည့်ရင်း ဒေါသတကြီးအော်ဟစ်သည်။ 

"ငါချင်း‌ယောင်ကို သဘောကျတယ်၊ ဒါပေမယ့် ငါသူ့ကိုမရနိုင်ဘူးဆိုရင်တောင် မင်းတို့လို မိစ္ဆာတွေနဲ့ ပူးပေါင်းမှာမဟုတ်ဘူး"

"ငါလိုချင်တာက ငါ့ကိုယ်ပိုင်ခွန်အားနဲ့ မျှတတဲ့ နည်းလမ်းတွေကနေတဆင့် ရတာကိုပဲ"

ကျင့်ကြံသူတစ်မျိုးရှိသည်။ သူတို့တွင် အောက်ခြေမျဉ်းမရှိသဖြင့် မိစ္ဆာများအဖြစ် ပြောင်းလဲကာ ကမ္ဘာကြီးကို ထိခိုက်စေသဘ်။ 

နောက်ထပ်ကျင့်ကြံသူတစ်မျိုးလည်းရှိသည်။ သူတို့၏ ဟန်ပန်က အရမ်းမကောင်းသော်လည်း နှလုံးသားထဲတွင် အောက်ခြေမျဉ်းတစ်ခုရှိသည်။ 

ဘာပဲဖြစ်လာပါစေ သူတို့ဒီမျဉ်းကို ဖြတ်မည်မဟုတ်သလို စွန့်လွှတ်မည်လည်း မဟုတ်ပေ။ 

ဒါကိုကြားသော် မုဖူရှန်း၏မျက်လုံးများထဲက သတ်ဖြတ်ခြင်းဆန္ဒက ပျောက်ကွယ်မသွားဘဲ ယင်းအစား ချန်ရှူထံ ကျရောက်သွားစေသည်။ 

ချင်းယောင် စိတ်သက်သာရာရစွာ သက်ပြင်းချရင်း ယန်ရွှမ်ကို ပထမဆုံးအကြိမ် လေးစားစွာကြည့်လိုက်မိသည်။ 

ချန်ရှု၏ အမူအရာကမူ ရက်စက်နေပြီး ဒါကို သုံးကြိမ်တိုင်တိုင်ပြောသည်။ 

"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်"

တစ်ကြိမ်စီက အရင်အကြိမ်ကထက် ပို၍ကျယ်လောင်ကာ ပြင်းထန်လာသည်။ 

"ဒီအပြင်ပမှာလား၊ မင်းတို့မှာ ခွန်အားမရှိဘူးဆိုရင် မင်းတို့ဘယ်လိုထွက်နိုင်မလဲ" ချန်ရှုဆိုးယုတ်စွာပြုံးရင်း လက်ကိုင်တုတ်နှင့် မြေကြီးအား ရိုက်ချလိုက်၏။ ခရမ်းနှင့် အနက်ရောင်မြွေများက မြေကြီးကနေ တွားတွားထွက်လာကြသည်။ 

မြွေတစ်ရာကျော်က သိပ်ကျပ်စုပြုံးနေပြီး အတော်လေးကြောက်စရာကောင်းပုံရသည်။ 

ချန်ရှု၏ထိန်းချုပ်မှုအောက်တွင် ခရမ်းနှင့်အနက်ရောင်အဆိပ်မြွေများက ယန်ရွှမ်ဆီသို့ တွားတွားသွားကြ၏။ 

"မင်းသေချင်နေတယ်ဆိုမှတော့ အဆိပ်တသောင်းဝါးမြိုနှလုံးအောက်မှ သေပေတော့"

ဒါက ချန်ရှု၏ရက်စက်မှုပေတည်း။ 

ဒါကိုမြင်ရသောအခါ ယန်ရွှမ်၏ မျက်နှာက ဖြူရော်သွား၏။ 

သူ့အတွက် ဒီတိုက်ခိုက်မှုကို ခုခံရန် မဖြစ်နိုင်တာကိုသူသိသည်။ ဒီရာချီသော အဆိပ်မြွေများထဲတွင် ပိတ်မိသွားသရွေ့ သူသေချာပေါက် သေဆုံးရမည်သာ။ 

သူမသေခင် တစ်ဖက်လှည့်ကာ ချင်းယောင်အား ကြည့်ရန် ရွေးချယ်ခဲ့သည်။ 

သူ့မျက်လုံးများက ခိုင်မာနေသော်လည်း မျက်နှာပေါ်၌ ခါးသီးသည့်အပြုံးတစ်ခု ရှိနေသည်။ 

သူ့ပါးစပ်ထောင့်စွန်းက ကွေးညွတ်သွားခဲ့သည်။ 

သူနှုတ်ဆက်နေပုံရသည်။ 

သို့စေကာမူ ဒီအခိုက်အတန့်မှာပင် အဆောင်များက သူ့၀န်းကျင်၌ ရုတ်တရက် ပေါ်လာခဲ့သည်။ 

အဆောင်များက အန္တရာယ်ရှိသည့် တောင်ပေါ်လမ်းလေးကို ဝန်းရံပြီး အတားအဆီးတစ်ခုအဖြစ်ပြောင်းလဲကာ အတွင်းပိုင်းအော်ရာကို သီးသန့်ဖယ်ထုတ်ပစ်သလို ပြင်ပအသိကိုလည်း ပိတ်ဆို့ပစ်သည်။ 

တစ်ချိန်တည်းမှာပင် မိုးကြိုးစင်းများက အဆက်မပြတ်လင်း၀င်းသွားပြီး ထူထဲသော လျှပ်စီးတိုင်တစ်ခုအဖြစ် ပြောင်းလဲကာ ကျယ်လောင်သည့်အသံနှင့်အတူ ရာချီသောအဆိပ်မြွေများကို နစ်မြှုပ်သွားစေသည်။ 

ဂျုန်း......!

လျှပ်စီးတိုင်ကနေ မီးသွေးအနံ့အသက်များစွာ ထွက်လာပြီး ခရမ်းနှင့်အနက်ရောင်အဆိပ်မြွေများက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။ 

ချန်ရှုထိတ်လန့်သွားသည်။ 

"ဘယ်သူလဲ"

သူအသိအာရုံကို ထုတ်လွှတ်ပြီး အရင်းအမြစ်ကို ခြေရာခံစဉ် လေထဲတွင် လွင့်မြောနေသည့် မုဖူရှန်းကို တွေ့လိုက်ရသည်။ 

လူတိုင်း၏ ထိတ်လန့်နေသည့်အကြည့်များအောက်တွင် မုဖူရှန်း၏ အမူအရာက အလွန်အမင်း အေးစက်နေသည်။ သူ့လက်ထဲတွင် မိုးကြိုးစွမ်းအားပါရှိသည့် အဆောင်တစ်ခုရှိသည်။ 

သူ့ကိုယ်တစ်ဝိုက်တွင် ကြောက်မက်ဖွယ်ရာမိုးကြိုးအော်ရာသုံးခုရှိသည်။ 

ဒီမိုးကြိုးသုံးခုက ဆန်းကြယ်ယင်ခရမ်းမိုးကြိုး၊ ကောင်းကင်အပြစ်ပေးနတ်မိုးကြိုးနှင့် ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုးတို့ဖြစ်သည်။ 

ဒီတဒင်္ဂ၌ မုဖူရှန်းက မိုးကြိုးနတ်ဘုရားတစ်ပါးအလား ပြောင်းသွားပုံရပြီး ကမ္ဘာကြီးထဲက မိုးကြိုးနည်းစနစ်အားလုံးကို သူထိန်းချုပ်ထားသည့်အသွင်။ 

"ညီအစ်ကိုမ....မု၊ မင်းလား" ယန်ရှီလျန် ထိတ်လန့်သွားသည်။ 

ချင်းယောင်နှင့် ယန်ရွှမ်တို့ကလည်း ထိတ်လန့်တုန်လှုပ်နေကြ၏။ 

ဒါကသူ့ခွန်အားတစ်ခုတည်းကြောင့်တင် မဟုတ်ဘဲ သူ့လက်ထဲက အဆောင်ကြောင့်ပင်။ 

ထိုအဆောင်က နတ်အင်ပါယာနယ်ပယ်ကို ရောက်နေသည်မှာ ရှင်းနေသည်။ 

နတ်အင်ပါယာအဆင့်အဆောင်နှစ်ခုထဲတွင် ပါ၀င်သည့် မိုးကြိုးစွမ်းအားက မုဖူရှန်းကိုယ်မှ ထုတ်လွှတ်နေသည့် မိုးကြိုးစွမ်းအားနှင့် အတိအကျ တူညီနေတာကို သူတို့ရှင်းလင်းစွာ ခံစားနေရသည်။ 

ဒါက ဒီနတ်အင်ပါယာအဆင့်အဆောင်နှစ်ခုကို မုဖူရှန်းကိုယ်တိုင် ရေးထွင်းခဲ့သည်ဟု ဆိုလိုနေခြင်းပင်။ 

သူတို့သုံးယောက်စလုံး မုဖူရှန်း အဆောင်သခင်စာမေးပွဲကို ဖြေနေသည့်မြင်ကွင်းအား သတိရသွားကြ၏။ 

နတ်စစ်သည်အဆင့်အဆောင်တွင်ပင် သူကအမှားများလုပ်ခဲ့သည်။ 

နတ်ဗိုလ်ချုပ်အဆင့်အဆောင်ကိုလည်း သူက နောက်ဆုံးအခိုက်အတန့်လေး၌ အောင်မြင်ရုံမျှ အောင်မြင်ခဲ့သည်။ 

အခုတော့ မင်းက တကယ်ပဲ နတ်အင်ပါယာအဆင့်အဆောင်သခင်တစ်ယောက်ဆိုတာကို ပြောနေတာလား!

ယန်ရွှမ်၏မျက်နှာက ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသော်လည်း တဖြည်းဖြည်း ခါးသီးသည့် အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ 

ချင်းယောင် သူ့ကို ဒီလောက်ထိ ဂရုစိုက်နေသည်မှာ အံ့ဩသင့်စရာမရှိတော့။ 

သူကအရမ်းအစွမ်းထက်လွန်းသည်။ 

တစ်ဘက်လူက အစစ်အမှန်ခွန်အားကို ဖုံးကွယ်ထားခြင်းသာ ဖြစ်သော်လည်း အရင်က အဆောင်သခင်အကဲဖြတ်မှုက မုဖူရှန်း၏ အစစ်အမှန်စွမ်းအားဟု သူထင်ခဲ့သည်။ 

ယင်ရှီလျန် ရင်ဘတ်ကို ဖိကိုင်ပြီး မြေပေါ်ကနေ ထရပ်လာကာ ခါးသီးစွာပြုံးသည်။ 

"မင်းမှာ တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ထဲက တာ၀န်ကို လက်ခံဖို့အတွက် သတ္တိရှိနေတာ အံ့ဩသင့်စရာ မရှိတော့ပါဘူးလေ"

ချင်းယောင်၏ မျက်လုံးများက လင်း၀င်းသွားသည်။ သူမဘာတွေးနေသလဲဆိုတာ ဘယ်သူမှမသိပါ။ 

သို့စေကာမူ သူမမျက်နှာထက်တွင် အံ့ဩသင့်နေသည့်အရိပ်အယောင်မရှိဘဲ ယင်းအစား သူမအတော်လေးတည်ငြိမ်နေသည့်အသွင်။ 

ဖန်ချန်းပြုံးသည်။ 

"နောက်ဆုံးတော့ စီနီယာအစ်ကိုမု သူ့ရဲ့ အစစ်အမှန်စွမ်းအားကို ပြသတာကို ကျွန်တော်မြင်လိုက်ရပြီ၊ သူဆက်ပြီး ဖုံးကွယ်ထားမယ်လို့ ကျွန်တော်ထင်နေခဲ့တာ"

ယဲ့ချိုးပိုင် ဖန်ချန်းအား ပြုံးပြပြီး အဓိပ္ပာယ်ရှိရှိပြောသည်။ 

"ဒါက သူ့ရဲ့အစစ်အမှန်စွမ်းအားဆိုတာ မင်းဘယ်လိုသိတာလဲ"

ဖန်ချန်းအနည်းငယ်ကြက်သေသေသွား၏။ 

တခြားတစ်ဘက်တွင် ရှောင်ဟိုင် သဘောတူသည့်အသွင်ခေါင်းညိတ်သည်။ 

မုဖူရှန်းက တခြားသူများနှင့်မတူပေ။ 

သူ့စရိုက်က သူတို့ဆရာနှင့် အနီးစပ်ဆုံးဖြစ်ပြီး တစ်ချိန်တည်းမှာပင် ဝှက်ဖဲများစွာကို ဝှက်ထားရတာကို သဘောကျသည်။ 

တခြားသူများတွင် များသောအားဖြင့် ဝှက်ဖဲတစ်ခုနှစ်ခုသာရှိသော်လည်း မုဖူရှန်းကမူ ဒီထက်ပိုများသည့် ဝှက်ဖဲများကို ဝှက်ထားတတ်သည်။ 

ထို့ကြောင့် မုဖူရှန်း၏ အစစ်အမှန်စွမ်းအားက ဒီအဆင့်တွင်သာ ရှိနေလိမ့်မယ်ဆိုတာ ယဲ့ချိုးပိုင်နှင့် ရှောင်ဟိုင်တို့မယုံပါ။ 

ဂိုဏ်းထဲတွင် ၀င်လာတာမကြာသေးသည့် ဖန်ချန်းတစ်ဦးတည်းသာလျှင် မုဖူရှန်းက အရမ်းရိုးရှင်းသည်ဟု တွေးထင်ပေလိမ့်မည်။ 

အပိုင်း(1019) coming။ 

All Chapters