← Chapters

အခန်း (၂၂၆)

Vol. 17 Ch. 226

အခန်း (၂၂၆)

Vol. 17 Ch. 226

“ဂိုဏ်းချုပ်အန်း၊ ကျွန်တော် ဂိုဏ်းအကြီးအကဲတွေနဲ့ တန်ပြန်တိုက်ခိုက်ရေးနည်းဗျူဟာတွေကို ဆွေးနွေးပြီးပါပြီ။ ကျွန်တော် ဒီမှာ ရှိနေသရွေ့တော့ လာမယ့် ဂြိုလ်သားမျိုးနွယ် အားလုံးကို တစ်ချက်တည်းနဲ့ ရှင်းလင်းပစ်နိုင်မယ်လို့ အာမခံပါတယ်”

စကားပြောနေသူက ခန့်ညားချောမောပြီး ရွှေရောင်သံချပ်ကာဝတ်ဆင်ထားကာ ပခုံးနောက်ဘက်တွင်အနီရောင်ဝတ်ရုံခြုံလွှမ်းထားသော လူငယ်တစ်ဦးဖြစ်၏။ သူ့မျက်လုံးတွေက ကောင်းကင်ပေါ်က နေမင်း၏အရောင်အဝါကဲ့သို့ ပူပြင်းတောက်လောင်ပြီး ကိုယ်နေဟန်ထားက တမူထူးခြားကာ ပြိုင်ဘက်ကင်းသောယုံကြည်မှုအငွေ့အသက်ကို မျက်ခုံးမြင့်မြင့်ကြား ရေးထိုးထွင်းထုထားသကဲ့သို့။

“တမ်မှူးချန်၊ ကျွန်တော် အခုလေးတင် သွားစရာကိစ္စလေးရှိသေးလို့၊ ခွင့်ပြုပေးပါဦး” လတ်တလော နေရာတကာသတင်းမွှေးကျော်ကြားနေသော လူငယ်ကို အန်းကျစ်ကျိုင်း ရင်းနှီးနွေးထွေးသောအပြုံးဖြင့် ခွင့်တောင်းလိုက်သည်။

“ဂိုဏ်းချုပ်အန်းကတော့ အရမ်းယဥ်ကျေးနေပြန်ပါပြီ”

ချန်‌ရှောင်း အလေးအနက် စကားဆိုလိုက်သည်။ “ဒါနဲ့ ဂိုဏ်းချုပ်ရဲ့ခန္ဓာကိုယ်ရော အဆင်ပြေရဲ့လား? မသက်သာသေးရင် ကျွန်တော် ယွီဟွားဂိုဏ်းကို သွားပြီး ဆေးဘုရင်နည်းနည်း တောင်းခဲ့ပါဦးမယ်။ ဒီလိုဆို ဂိုဏ်းချုပ်ရဲ့ဒဏ်ရာတွေကို ကုသပြီး အဆိပ်ထုတ်ပေးလို့ရနိုင်လောက်မယ်။”

ဓားဆင့်ခေါ်ဂိုဏ်း၏ ဂိုဏ်းချုပ်အန်း လုပ်ကြံခံရပြီး အဆိပ်မိနေသည့်သတင်းက ပျံ့နှံ့နေပြီဖြစ်၍ ဖုံးကွယ်ထားစရာမဟုတ်တော့ချေ။

“ဒီလိုသာရနိုင်မယ်ဆိုရင် ကျွန်တော် ကျေးဇူးတင်ရဦးမှာပေါ့ခင်ဗျာ” အန်းကျစ်ကျိုင်းက လင်းလက်သွားသောမျက်နှာဖြင့် အရိုအသေထပ်ပြလိုက်သည်။

သူ ချန်ရှောင်းကိုကြည့်လေ ပိုပြီးနှစ်သက်မိလေပင်။ ခွန်အားပိုင်းရော စိတ်ဓာတ်ပိုင်းပါ အပြစ်ဆိုစရာမရှိအောင် ပြည့်စုံသည့်လူငယ်ဖြစ်၏။ အရှေ့ပိုင်းစီရင်စု သူတော်ကောင်းကျင့်ကြံရေးလမ်းဥ်၏ လူငယ်မျိုးဆက် ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခံရခြင်းမှာ အံ့သြစရာမရှိပေ!

"မခက်ခဲတဲ့ကိစ္စပါဗျာ”

ချန်‌ရှောင်း မျက်နှာထက် အပြုံးတစ်ခုဆင်မြန်းထားပေသည့် သူ့စိတ်ထဲကတော့ တစ်မျိုးရှိ၏။ “အဖိုးကြီးကတော့ အတွေးလွန်နေပြန်ပါပြီ၊ အသက်လေးဆက်ဖို့ကို ဆေးဘုရင်နည်းနည်းလောက်က လိုချင်သေးတာတဲ့လား? လူ့ဘဝဆိုတာ မြန်မြန်သေလေ၊ မြန်မြန် ပြန်လည်မွေးဖွားနိုင်လေပဲကို!”

ယွီဟွားဂိုဏ်း ဒီအဆိပ်ကိုထုတ်ပေးနိုင်သည့် ရှေးဟောင်းဆေးပင် ရှိမရှိကို အသာထားပါဦး၊ တကယ်ရှိရင်တောင်သူ ထုတ်ပေးမည်မဟုတ်။

ခုနက စကားက ယဥ်ကျေးမှုအရပါပဲ။

“ဒါက ကျွန်တော့်သမီး မြောင်ယိ ပါ။ တပ်မှူးအလာတုန်းက တွေ့ခဲ့ပြီးသားဖြစ်မှာပါ။ သမီးက တပ်မှူးချန် ရဲ့ စိတ်ဓာတ်ကို အရမ်းလေးစားတာလေ။ တပ်မှူးချန်မှာ ကျွန်တော့်သမီးကို စကားစမြည်လေးပြောပြီး ဗဟုသုတလေးတွေ မျှဝေပေးဖို့ အချိန်များရှိမလားမသိဘူး?” အန်းကျစ်ကျိုင်း ပြုံးရွှင်စွာဖြင့် သူတို့နှစ်ဦးကို ပေါင်းဖက်ပေးဖို့ ရည်ရွယ်ကြောင်း ပြသလိုက်သည်။

“ဖေဖေ…” အန်းမြောင်ယိ စိတ်ထဲမှ အံကြိတ်ဆူအောင့်နေမိ၏။

“သမီးရယ်၊ ရှက်မနေပါနဲ့” အန်းဇီဇိုင်း အပြုံးမပျက် လှည့်ပြောလိုက်သည်။

တပ်မှူးချန်က အလေးအနက်ထား‌သော အမူအရာဖြင့် တုံ့ပြန်လာသည်။ "မမလေးအန်းစိတ်ဝင်စားရင်တော့ ကျွန်တော် သေချာပေါက်ပြောပြရမှာပေါ့”

သူ ကြိတ်ဝမ်းသာမိနေသည်။ ဓားဆင့်ခေါ်ဂိုဏ်းကို ရောက်ခါစကတည်းက အမျိုးသမီးတပည့်များစွာ၏ လေးစားအားကျသောအကြည့်များစွာကို လက်ခံခဲ့ရကာ အချို့အမျိုးသမီးအကြီးအကဲများသည်ပင် သူ့ကိုစိတ်ဝင်စားကြောင်း အရိပ်အမြွက် လေသံပစ်လာခဲ့ကြသေးသည်ပင်။

ဒါပေမဲ့ သူ ချန်‌ရှောင်းဟာ ဘယ်လိုလူမျိုးမလို့လဲ? ဒီမိန်းမတွေက ဘယ်လိုလုပ် သူ့မျက်စိထဲ ဝင်နိုင်မှာလဲ?

အခုဆိုရင် ဓားဆင့်ခေါ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်သမီး‌တော်တောင် သူ့ရဲ့ စိတ်နေစိတ်ထားကြောင့် ဆွဲဆောင်ခံနေရပြီလေ။ ချန်‌ရှောင်း ဝမ်းသာမဆုံး တပြုံးပြုံး ဖြစ်နေသည်။

ဓားဆင့်ခေါ်ဂိုဏ်းဟာ ထိပ်တန်း မသေမျိုးဂိုဏ်းကြီးဆယ်ခုထဲက တစ်ခုအပါအဝင်ဖြစ်ပြီး နက်ရှိုင်းခိုင်မာသော အခြေခံအုတ်မြစ်တစ်ခုရှိသည်။ ဤအမျိုးသမီးအား သူ့မောင်းမဆောင်ထဲ ခေါ်သွင်းနိုင်လျှင် ဒီ ဓားဆင့်ခေါ်ဂိုဏ်းဟာ သူ့အတွက် ရတနာသိုက်တစ်ခုလို အထောက်အပံ့ပေးနိုင်မှာ သေချာ၏။ အနာဂတ်မှာ ယွီဟွားဂိုဏ်းချုပ်နေရာကို ဆက်ခံသောအခါတွင် ဤသို့သောအင်အားစုကြီးတစ်ခုကို လက်ကိုင်ထားနိုင်ပါက ဆန့်ကျင်ရဲသူပင် ရှိနိုင်တော့မည်မဟုတ်။

“ကျွန်တော် ရုတ်တရက် အလုပ်တစ်ခု ရှိတာ သတိရမိလို့၊ ဒါကြောင့် အရင်သွားပါဦးမယ်။ မင်းတို့လူငယ်အချင်းချင်း ဆက်ပြီး စကားစမြည်ပြောကြပါဦး” အန်းကျစ်ကျိုင်း ခြေကုန်သုတ်လျက် အမြန်ထွက်သွားတော့သည်။

“ဂိုဏ်းချုပ်အန်း၊ ဖြည်းဖြည်းသွားပါ” ချန်‌ရှောင်း ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

နောက်ဆုံးတော့ ဥယျာဥ်ထဲတွင် သူတို့နှစ်ယောက်သာ ကျန်ရှိခဲ့တော့၏။

ချန်‌ရှောင်း လက်များကို နောက်ပစ်ထားကာ လှံတစ်ချောင်းကဲ့သို့ ဖြောင့်မတ်စွာရပ်နေသည်။ သူ၏ လက်ရှိဂုဏ်သတင်းနှင့် အဆင့်အတန်းအရ ဤသို့တိတ်ဆိတ်စွာ ရပ်နေလျှင်ပင် အမျိုးသမီးများစွာက စကားပြောဖို့ လာ‌ရောက်ကြပြီး သူ့အလိုကို ကျေနပ်စွာလိုက်လျောပေးပေလိမ့်မည်။

ဤသို့ဖြင့် ချန်ရှောင်းသည် ယုံကြည်မှုအပြည့်ဖြင့် ရပ်နေရင်း ဂိုဏ်းချုပ်၏သမီးတော် လာရောက်ဖားယားမည့်အချိန်အား စောင့်ဆိုင်းနေလိုက်၏။

လက်ရှိအခြေအနေအရ ဉာဏ်ကောင်းပါးနပ်သောအမျိုးသမီးတစ်ဦးသည် သူမကိုကာကွယ်စောင့်ရှောက်ပေးနိုင်သော အမျိုးကောင်းသားတစ်ဦးကို ရှာဖွေရကောင်းမှန်း နားလည်လိမ့်မည်။ မာနသိက္ခာအားလုံးကို ခဝါချကာ နှိမ့်ချချိုသာစွာ သူ့ကိုဖားယားတွယ်ကပ်လာပေလိမ့်မည်။

ဖခင်ဖြစ်သူက ဒဏ်ရာအနာတရဖြင့် ရာထူးပင်မတည်မြဲနိုင်သည့်အခြေအနေတွင် ဟန်မပျက်ဆက်လက်ထိန်းသိမ်းထားချင်ပါက သမီးဖြစ်သူသည် သူ့ကိုလာကပ်ရကောင်းမှန်းတော့ နားလည်လောက်မည်သာပင်။

အန်းကျစ်ကျိုင်း သူ့လက်ထဲ သမီးဖြစ်သူကိုထိုးအပ်သည့် ရည်ရွယ်ချက်အား ချန်ရှောင်း အလိုလိုနားလည်ထားပါသည်။

“လာပါ၊ လာပြီး ငါ့ကို ဖားယားလိုက်ပါဦး။ မင်းသာ ငါ့ကို စိတ်ကျေနပ်လောက်အောင် ဝန်ဆောင်မှုပေးနိုင်ရင် ငါလည်းမင်းကို ကူညီဖို့ ဆန္ဒရှိတယ်။ အခုအချိန် မင်းရဲ့ အန်းမိသားစု ကို ကယ်တင်နိုင်တာ ငါ ချန်‌ရှောင်း တစ်ယောက်ပဲရှိတယ်!”

ချန်‌ရှောင်း စိတ်ထဲမှ တိတ်တိတ်လေး ပြောလိုက်သည်။

ရလဒ်အနေဖြင့်။

သူ မိနစ်ဝက်နီးပါး ရပ်စောင့်ခဲ့သော်လည်း လှုပ်ရှားမှုရှိမလာ။

ချန်‌ရှောင်း အနည်းငယ် စိတ်ရှုပ်သွားသည်။ ဒီမိန်းမ ဘာဖြစ်နေတာလဲ?

ဘာလို့ ငါ့ကို လာမဖားယားသေးတာလဲ?

ငါက ဖြောင့်မတ်သော လမ်းစဉ် မဟာမိတ်အဖွဲ့ ရဲ့ တပ်မှူး၊ နေမင်းမသေမျိုးခန္ဓာကို ပိုင်ဆိုင်ထားသူ၊ ယွီဟွားဂိုဏ်းရဲ့ ဦစားပေးခံသားတော်။ ငါက လူသားမျိုးနွယ်ရဲ့ အရည်အသွေးမြင့် ယောက်ျားတစ်ဦးပဲ။ မင်းမဟုတ်မှ မျက်စိကန်းနေတာလား?

လေထုက ရှက်ဖွယ်ကောင်းအောင် တိတ်ဆိတ်နေလျက်ရှိသည်။

ချန်‌ရှောင်း သူမကို တိတ်တိတ်လေး လှည့်ကြည့်လိုက်ရာ ချက်ချင်း ကြက်သေ သေသွားရ၏။

အန်းမြောင်ယိက သူ့ကို ကျောခိုင်းထားပြီး လုံးလုံးလျားလျား ဂရုမစိုက်စွာ ပန်းပင်များကိုသာကလိနေသည်။

ချန်‌ရှောင်း အနည်းငယ် ဒေါသထွက်လာသည်။

ဒီမိန်းမ၊ ဒါ ဘာအဓိပ္ပာယ်လဲ?!

အတွေးများစွာ သူ့စိတ်ထဲ ဖြတ်ပြေးသွားပြီး ချန်‌ရှောင်း တဖြည်းဖြည်း သဘောပေါက်လာဟန်ရှိကာ နှုတ်ခမ်းထောင့်စွန်းများ ခပ်ဆိုးဆိုး မြင့်တက်လာသည်။

ဟဲဟဲ၊ ဒါ ရဖို့ခက်သလို ဟန်ဆောင်နေတာပေါ့လေ?

နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းသား!

မင်းက မာယာသုံးချင်တော့လည်း ငါကပဲ ဇာတ်လမ်းစရတော့မှာပေါ့!

All Chapters