အခန်း (၂၃၃)
Vol. 17 Ch. 233
"ကျင့်ကြံသူချန်!" အဖော်ပါလာသော လက်အောက်ခံများမှာ မျက်လုံးများနီရဲလျက် မယုံနိုင်စွာ ကြောင်ကြည့်မိနေကြသည်။
တစ်ချိန်က သူတို့ကို ဦးဆောင်ကာ တိုက်ပွဲတိုင်းကိုအောင်နိုင်ခဲ့သော ပြိုင်ဘက်ကင်း စစ်နတ်ဘုရားသည် ထိုသို့ ဆိုးဆိုးရွားရွား အရိုက်ခံခဲ့ရသည်! လုံးဝ ရှုံးနိမ့်ခဲ့ရသည်!
နောက်ပြီး သူ့ကို ထိုသို့အနိုင်ယူခဲ့သူသည် တစ်စုံတစ်ယောက်၏ စီးတော်ယာဥ် သက်သက်မျှသာ ဖြစ်သည်တဲ့!
ထိုအချက်အား အရင်းခံသော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုသည် သူတို့အားလုံးအတွက် အမှန်တကယ်ပင် ကြီးမားလွန်းလှ၏။
သို့သော် ဤကား အဆုံးသတ်မဟုတ်သေးပေ။
လူတိုင်း၏ မျက်စိရှေ့တွင် ကလေးငယ်လေးသည် စိတ်မရှည်လက်မရှည်ဖြင့် ဘောင်းဘီကိုဆွဲချွတ်ချကာ ဖင်ပြောင်လေးကို ပေါ်တင်ထုတ်ပြလျက် ချိုင့်ခွက်ထဲ ပြိုလဲကျနေရှာသော ချန်ရှောင်းပေါ် ရှူရှူးပန်းချလိုက်သည်။
အဝါရောင်ဆီးရည်များ မိုးကြီးသကဲ့သို့ စီးဆင်းကျလာပြီး ချန်ရှောင်း၏ တစ်ကိုယ်လုံးကို စိုစွတ်နေအောင် ဖြန်းချလိုက်သည်။ မူလက ပေအနည်းငယ်နက်သော ချိုင့်ခွက်သည် ဆီးများဖြင့် ချက်ချင်း ပြည့်လျှံလာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ဆီးနံ့များဖြင့် နံစော်နေတော့သည်။
မထင်မှတ်ထားသော အဖြစ်အပျက်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး အုံကြွသွားသည်။
လူပေါင်းများစွာ ကြောင်တောင်တောင်ဖြင့် ကြက်သေ,သေသွားရပြီး ထိုရိုင်းစိုင်းသော လုပ်ရပ်ကြောင့် မထိန်းချုပ်ုနိုင်စွာ တုန်လှုပ်သွားကြရ၏။
ကလေးငယ်လေးသည် လက်များကို ခါးထက်မာန်ပါပါထောက်ကာ အော်မေးလိုက်သေးသည်။"ဟီးဟီး၊ ဘယ်လိုအရသာလဲ ပြောပြပါဦး?"
ပြင်းထန်စွာ ဒဏ်ရာရရှိထားသော ချန်ရှောင်းသည် ရုန်းကန်နိုင်ခြင်းမရှိဘဲ ဆီးခွက်ထဲတွင် သေလုနီးပါး လည်ပင်းညှစ်ခံရသလို ပေါလောမျောနေရကာ မတော်တဆ အနည်းငယ် မျိုချမိလိုက်ချိန်တွင် စိတ်လုံးဝလွတ်သွားရ၏။
သူ့ခေါင်းထက်မှ အပြစ်ကင်းစင်သော ကလေးသံလေးကို ကြားရပြီးနောက် လူအများရှေ့တွင် သူ ခံစားခဲ့ရသော ရှက်ရွံ့မှုအလုံးစုံကို ပြန်တွေးမိသောအခါ မာနအလွန်ကြီးသော ချန်ရှောင်းမှာ စိတ်ပိုင်းဆိုင်ရာ ဘုန်းဘုန်းပြိုလဲသွားရပြီး ဒေါသဖြင့် မျက်လုံးတို့မှောင်အတိကျလျက် မေ့မြောသွားခဲ့ရတော့လေသည်။
ဤသို့ဖြင့် သမိုင်းတစ်လျှောက် ဆီးချိုင့်ခွက်ထဲတွင် အစိမ်ခံရသော ပထမဆုံး ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံသူဟူ၍ ပေါ်ပေါက်လာခဲ့သည်!
"ပျော်တယ်ဟေ့ ပျော်စရာကြီးဟေ့~" ကလေးငယ်လေးသည် လက်ခုပ်တီးရင်း စိတ်လှုပ်ရှားစွာ ပျော်မြူးလျက်ရှိ၏။
လူတိုင်း၏ မျက်နှာများက ထူးဆန်းနေသည်။ ဒီလောက်တောင် ထောင်လွှားရိုင်းစိုင်းနေမှတော့ အကြီးအကဲယဲ့၏ စီးတော်ယာဥ်ဖြစ်နေတာ မအံ့သြတော့ပါဘူးလေ။
"ယေး! အားခွင်း နိုင်သွားပြီ!" ပုရှောင်ရှီးလျက် အတူတကွ လိုက်လံအားပေးလေသည်။
"ဟားဟားဟား" အန်းမြောင်ယိမှာ ထိုမြင်ကွင်းကြောင့် ဗိုက်ကိုဖိကိုင်လျက် တစ်ချိန်လုံးရယ်မောနေရာ မျက်ရည်များပင်ကျလာသည်အထိ။
ဖြောင်း ဖြောင်း ဖြောင်း~
ယဲ့ကျွင်းလင် လက်ခုပ်တီးကာ ချီးကျူးလိုက်သည်။ "တော်တယ် တော်တယ်"
"အားခွင်း၊ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်!" လီဝူကျယ်ကလည် ချီးကျူးလာသည်။
ဟုန်ချန်ယဲ့ကတော့ ရွံရှာစွာ နှာခေါင်းကို အုပ်ရင်း ကဲ့ရဲ့လာ၏။ "တော်တော်အနံ့ပြင်းတဲ့ကောင်!"
ထိုအချိန်တွင်။
အဖိုးအိုတစ်ဦး၏ အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ဒေါသအရိပ်အယောင်များ ပါဝင်နေသည်။ "မင်း မကောင်းဆိုးဝါးသတ္တဝါ၊ ငါတို့ယွီဟွားဂိုဏ်းရဲ့ ဦးစားပေးခံသားတော်ကို ဒီလို အရှက်ခွဲရဲတယ်လား?!"
အကြီးအကဲလျို့က ကောင်းကင်တွင် လျှပ်တစ်ပြက် ပေါ်လာသည်။ လက်မောင်းများကို အသင့်အနေအထားပြင်ကာ သူ၏ အင်အားကြီးမားသော အရှိန်အဝါကို ပင်လယ်ကဲ့သို့ ကျယ်ပြန့်စွာ ထုတ်လွင့်ထား၏။ သူ့မျက်လုံးများမှ အေးစက်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာပြီး ကလေးငယ်လေးကို စူးစူးစိုက်စိုက် ကြည့်နေသည်။
လူတိုင်း၏ရှေ့တွင် ချန်ရှောင်းကို အနိုင်ယူပြီး လူသိရှင်ကြား သူ့ပေါ်သို့ ဆီးသွားကာ အရှက်ခွဲခြင်းသည် သူကဲ့သို့ မာနကြီးသော ပါရမီရှင်တစ်ဦးအတွက် အသက်ပေးရခြင်းထက် ပိုမိုနာကျင်စေလှ၏။
"ရိုသေလေးစားမှုမရှိတဲ့ကောင်! ဒီအဘိုးကြီးက မင်းကို သင်ခန်းစာပေးမယ်!" အကြီးအကဲလျိုက မျက်လုံးများကိုမှေးကျဥ်းလျက် ကြိမ်းဝါးလိုက်၏။
လေဟာနယ်ထဲတွင် ရေတွက်မရသော အနက်ရောင်ကြိုးများ ထွက်ပေါ်လာသည်။ အနက်ရောင်ကြိုးများပေါ်တွင် နားမလည်နိုင်လောက်သော သင်္ကေတများဖြင့် ဖုံးအုပ်ထားပြီး ရှေးဟောင်းဆန်ဆန် အရှိန်အဝါအား ထုတ်လွှတ်လျက်။
"သွား!"
ရှပ် ရှပ် ရှပ်~
အနက်ရောင်ကြိုးများက ကလေးငယ်လေးဆီသို့ တရှပ်ရှပ်ဖြင့် ဦးတည်သွားသည်။ ခွင်းဖန်းအငယ်လေးလည်း ရုတ်ချည်းတောင့်တင်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားမိသောကြောင့် အော်ဟစ်လာသည်။ "နံစော်နေတဲ့ အဘိုးကြီး၊ ခင်ဗျားဘာတွေလုပ်နေတာလဲ!"
ရုတ်တရက်ပင်။
ယဲ့ကျွင်းလင်သည် ကလေးငယ်လေးရှေ့၌ လျှပ်တစ်ပြက် ထွက်ပေါ်လာ၏။ အေးစက်စက်ဖြင့် နှာတစ်ချက်မှုတ်လိုက်ပြီး သူ၏လက်မောင်းကို ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ချက်ချင်း ထွက်ပေါ်လာသည်။
ရေတွက်မရသော အနက်ရောင်ကြိုးများသည် အနီးသို့ပင် မရောက်နိုင်ခင်မှာပင် ရိုက်ချခံလိုက်ရ၏။
"အဘိုးကြီး၊ ရှုံးတာကို လက်မခံနိုင်ဘူး မဟုတ်လား? ငါ့ အားခွင်းကို ထိရဲတယ်လား?" ယဲ့ကျွင်းလင် သူ့လက်ချောင်းများကို တဖျောက်ဖျောက်ချိုးပြီး အဓိပ္ပာယ်အပြည့်ပါသောလေသံဖြင့် မေးလိုက်သည်။ "ဒါမှမဟုတ် ခင်ဗျား ကျုပ်နဲ့ တိုက်ချင်တယ်လို့ ဆိုလိုတာလား?"
"ဆရာသခင်!" ဆရာသခင်မှ သူ့အတွက် ရပ်တည်ပေးတာကို မြင်သော် ကလေးငယ်လေး ဝမ်းသာအားရ ဖြစ်သွားသည်။ သူ့သတ္တိများ ရုတ်တရက် တိုးမြင့်လာပြီး လက်နှစ်ဖက်ဖြင့် ပါးစပ်ကို ဟိုဘက်ဒီဘက်ဆွဲကာ မျက်နှာပြောင်လုပ်လျက် အဝေးရှိ မီးခိုးရောင်ဝတ် အဘိုးအိုကို လျှာထုတ်ပြလိုက်သည်။ "ကရော်ကရော်ကရော်၊ နံစော်နေတဲ့ အဘိုးကြီး၊ သတ္တိရှိရင် လာထိုးစမ်း~"
ထိုအချိန်တွင် လေထုသည် တင်းမာနေပြီး လူအများမှာ ကြောက်ကြောက်နှင့် တံတွေးကိုသာမျိုချနေကြကာ ကောင်းကင်တွင် ထိပ်တိုင်ရင်ဆိုင်ရပ်တည်နေသော လူနှစ်ဦးကို ဂရုတစိုက် စောင့်ကြည့်နေကြသည်။
တစ်ယောက်မှာ ယွီဟွားဂိုဏ်း၏ အဆင့်အတန်းအမြင့်ဆုံးအကြီးအကဲ ဖြစ်ပြီး နောက်တစ်ယောက်မှာ အရှေ့ပိုင်းစီရင်စုတစ်ခုလုံးကို လှုပ်ခတ်စေခဲ့သော လူသတ်နတ်ဘုရား ယဲ့ကျွင်းလင် ဖြစ်သည်။
ထို နာမည်ကျော်စွမ်းအားရှင်နှစ်ဦး တိုက်ခိုက်ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို စိတ်ကူးပင်မယဉ်နိုင်ပေ!
အကြီးအကဲလျို၏ စူးရဲနေသော မျက်လုံးများ မှေးမှိန်သွားပြီး တစ်ဖက်လူ ယခင်က လုပ်ဆောင်ခဲ့သည့်အရာများကို ပြန်တွေးမိသောအခါ မျက်လုံးများတွင် ကြောက်ရွံ့စိတ်များ ထင်ရှားစွာ ပေါ်လာသည်။
"မျက်နှာဖုံးကိုချွတ်ပြဖို့ အချိန်မကျသေးဘူး၊ ကျွန်တော်တို့ ရုပ်မပျက်ဖို့ အာရုံစိုက်ရမယ်။ မင်း အရင်ဆုံး ဟိုအမှိုက်ကောင်ကို ပြန်ခေါ်သွားဦး။ အချိန်တန်တဲ့အခါ ပြန်လာတိုက်တာပေါ့!" သူ့စိတ်ထဲတွင် ထူးဆန်းသော အသံနိမ့်နိမ့်တစ်ခုက ခပ်မာမာပြောဆိုလာသည်။ ရှင်းရှင်းလင်းလင်းပင် အကြီးအကဲလျိုကို ရပ်တန်းကရပ်ဖို့ သတိပေးနေခြင်းပင်။
အကြီးအကဲလျိုမှာ အပြင်ပတန်းတော့ တည်ငြိမ်နေဆဲပင်။ လက်များကိုယှက်၍ အရိုအသေပြုကာ သူ့ကိုယ်ဟန်အနေအထားကို နှိမ့်ချလိုက်သည်။ "တာအိုမိတ်ဆွေယဲ့၊ ဒီအဘိုးကြီးက ခင်ဗျားကို ဆန့်ကျင်ဖို့ လုံးဝ ရည်ရွယ်ချက်မရှိပါဘူး။ ခင်ဗျားနဲ့ စီးတော်ယာဥ်ကောင်လေးကို ကျွန်တော် တောင်းပန်ပါတယ်။ တစ်နေ့နေ့မှာ ရွှယ်ထျန်းဂိုဏ်းကိုလည်း ကျွန်တော် လာရောက်လည်ပတ်ပါဦးမယ်။ အခုတော့ ကျွန်တော် အရင်ပြန်ပါဦးမယ်ခင်ဗျာ။"
ထိုသို့ပြောပြီး အကြီးအကဲလျိုသည် ရွံရှာမှုကို အောင့်အီးသည်းခံကာ ချန်ရှောင်းကို ဆီးများဖြင့် ပြည့်နေသော ချိုင့်ခွက်ထဲမှ စွမ်းအားသုံးဆွဲထုတ်ပြီး အလျင်အမြန် ထွက်ခွာသွား၏။
ယွီဟွားဂိုဏ်းအဖွဲ့လည်း ထွက်ခွာသွားသည်။ ဤလူအုပ်စုသည် မူလက စိတ်ဓာတ်တက်ကြွနေခဲ့သော်လည်း နောက်ဆုံးတွင်တော့ မျက်နှာပျက်မျက်နှာပျက်ဖြင့် ထိတ်လန့်တကြား ထွက်ပြေးသွားကြရသည်သာ။
"ဆရာသခင်က အရမ်းကို ခန့်ညားတာပဲ၊ နံစော်တဲ့ အဘိုးကြီးကို ကြောက်လန့်ပြီး ထွက်ပြေးသွားအောင် လုပ်လိုက်တယ်!" ကလေးငယ်လေးက ပျော်ရွှင်စွာ ချီးကျူးမြှောက်ပင့်လာသည်။
သူစကားဆုံးသည်နှင့် ဆရာသခင်က အနောက်သို့ပြန်လှည့်လာသည်။ အမူအရာသည် လွန်စွာလေးနက်နေပြီး ကြယ်ရောင်မျက်လုံးများက သူ့ကို တည့်တည့်စိုက်ကြည့်နေလျက်။