နတ်ပြောင်းလဲခြင်း အဆင့် မဟာပြီးပြည့်စုံခြင်း၊ ဒဏ္ဍာရီ နတ်ဆိုးသားရဲ နှင့် ရင်ဆိုင်ခြင်း! (၅၀၀၀)_၃
Vol. 17 Ch. 238
“ဒီပမာဏက မဟာရှားနိုင်ငံရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ဖို့ လုံလောက်နေပြီ...”
ကျင်းချုံးရွှယ်က သူ့ဘာသာ တီးတိုးရေရွတ်နေခဲ့သည်။ ရွေးချယ်စရာတွေကို ချိန်ဆနေပုံ ရသည်။
နောက်ဆုံးတွင် သူက ပြောလိုက်သည်။
“နှစ်စဉ် ဝိညာဉ်ဆန် ပေါင် နှစ်သန်း ကုန်သွယ်တာက ဖြစ်နိုင်ပါတယ်၊ အန္တရာယ် အညွှန်းကိန်းက ၀.၅ ရာခိုင်နှုန်းထက်တော့ မကျော်လွန်ဘူး...”
“ဟုတ်ပြီ၊ ဒီလိုဆိုရင် ကျွန်မ လူသိရှင်ကြား ထုတ်ပြောရမယ့် အကြောင်းပြချက်ကို ပြောင်းလဲရမှာပေါ့။ ကျွန်မရဲ့ ရှေးဖြစ်ဟော ကုန်သွယ်ရေး အသင်းက လျှို့ဝှက် အကျဉ်းခန်း တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ပြောရမှာ။”
“ဒီ အကျဉ်းခန်းထဲမှာပဲ ဝိညာဉ်ဆန်ကို တစ်နှစ်ကို ပေါင် နှစ်သန်းလောက် ထုတ်လုပ်နိုင်တယ်ပေါ့။”
“ဒီလိုဆိုရင် မဟာရှား စစ်တပ်က ကျွန်မတို့ရဲ့ တစ်ဦးတည်းသော မိတ်ဖက်ဖြစ်လာလိမ့်မယ်။ ဝိညာဉ်ဆန်ကို မယိုစိမ့်အောင် ထိန်းထားနိုင်ရင် မဟာရှား စစ်တပ် က ငြင်းဆန်မှာ မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်တယ်။”
စုရှင်းက ဒါကိုကြားပြီး အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သရုပ်ပြခြင်း ရလဒ်များအရ နှစ်စဉ် ဝိညာဉ်ဆန် ပေါင် နှစ်သန်း ကုန်သွယ်ခြင်းသည် လုံးဝ အန္တရာယ် မရှိပါ။
ခဏစဉ်းစားပြီးနောက် ကျင်းချုံးရွှယ်က ပြောလိုက်သည်။
“မဟာရှား စစ်တပ်ကို တစ်နှစ်ကို ဝိညာဉ်ဆန် ပေါင် နှစ်သန်း ထောက်ပံ့ပေးမယ်ဆိုရင်...”
“ကျွန်မ သတ္တုတွင်း ဧရိယာ ပုံတူလေးခုရဲ့ ထုတ်လုပ်ခွင့်ကို လုံခြုံအောင် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။”
“ဒါ့အပြင် ဒီ သတ္တုတွင်း ဧရိယာ ပုံတူလေးခုက ကျွန်မတို့အရင်က ရထားတဲ့ နှစ်ခုထက် ပိုမို အရည်အသွေး ကောင်းမွန်တယ်၊ ဒုတိယအဆင့် ထူးဆန်းသတ္တုတွေ ထုတ်လုပ်နိုင်ဖို့ အခွင့်အရေးတောင် ရှိတယ်!”
ထိုစကားကို ကြားသည့်အခါ စုရှင်း မျက်ခုံးပင့်လိုက်သည်။
သူ၏ ယခင် သရုပ်ပြခြင်း စွမ်းအင် ရရှိခြင်း တွက်ချက်မှုများသည် မူရင်း သတ္တုတွင်း ဧရိယာ ပုံတူ နှစ်ခု၏ ထုတ်လုပ်မှုအပေါ် အခြေခံထားသည်။
သို့သော် ယခု ကျင်းချုံးရွှယ်က သတ္တုတွင်း ဧရိယာ အသစ်များသည် အရည်အသွေး ပိုကောင်းသည့် ထူးခြားသတ္တုများ ထုတ်လုပ်နိုင်သည်ဟု ပြောနေခဲ့သည်။ ထိုသို့ဆိုလျှင် ပိုများသည့် သရုပ်ပြခြင်း စွမ်းအင်များကို ရရှိနိုင်မည် မဟုတ်ပါလား?
ထို့ကြောင့် စုရှင်းက အလျင်အမြန် မေးလိုက်သည်။
“ဪ? သတ္တုတွင်းဧရိယာ ပုံတူ အသစ်တွေက ပိုကောင်းတဲ့ အရည်အသွေး ရှိတာလား? တစ်ပတ်ကို ခန့်မှန်း ထုတ်လုပ်မှု ဘယ်လောက်လဲ?”
ခဏစဉ်းစားပြီး ကျင်းချုံးရွှယ်က ခန့်မှန်းလိုက်သည်။
“ကျွန်မ အရင်က ပြောခဲ့ဖူးပါတယ်၊ ကုန်သွယ်ရေးအသင်းက လေလံဆွဲတဲ့ သတ္တုတွင်းဧရိယာ ပုံတူတွေက အဆင့်နိမ့်တွေလို့၊ ထူးဆန်းသတ္တု ထွက်နှုန်း နည်းပြီး တူးဖော်ဖို့လည်း ခက်တယ်။”
“ဒါပေမဲ့ ဒီနှစ်မှာတော့ စစ်ခရိုင်က ပေးစရာ အဆင့်နိမ့် သတ္တုတွင်းဧရိယာ ပုံတူတွေ မရှိတော့ဘူး၊ အကုန်လုံးက သူတို့ လက်ရှိ တူးဖော်နေတဲ့ ပထမအဆင့် သတ္တုတွင်း ဧရိယာတွေကြည့်ပဲ။”
“အဆင့်နိမ့် သတ္တုတွင်းဧရိယာ ပုံတူမှာ အင်အားအပြည့်အဝ တူးဖော်ရင် တစ်ပတ်ကို ထူးဆန်းသတ္တု တန် ၃၀၀ လောက် ထွက်တယ်၊ ဒုတိယအဆင့် ထူးဆန်းသတ္တု တွေ တူးဖို့ကတော့ မဖြစ်နိုင်သလောက်ပါပဲ။”
“ဒါပေမဲ့ ပထမအဆင့် သတ္တုတွင်းဧရိယာ ပုံဝူကတော့ သတ္တုသယံဇာတတွေ ပိုကြွယ်ဝပြီး တူးဖော်ဖို့ ပိုလွယ်တယ်... တစ်ပတ်ကို တန် ၄၀၀ ကနေ ၅၀၀ လောက် ထွက်နိုင်ပြီး ဒုတိယအဆင့် ထူးဆန်းသတ္တုတွေ တူးဖို့ အခွင့်အရေးလည်း ရှိတယ်!”
ခဏနားပြီးနောက် ကျင်းချုံးရွှယ်က ထပ်ဖြည့်ပြောသည်။
“ခြုံပြောရရင် ပထမအဆင့် သတ္တုတွင်းဧရိယာ ပုံတူရဲ့ တန်ဖိုးက အဆင့်နိမ့် တစ်ခုထက် ၅၀ ရာခိုင်နှုန်း ပိုများတယ်၊ အာ့ထပ်တောင် ပိုများရင် များအုံးမှာ။”
ထိုစကား ကြားသည့်အခါ စုရှင်း၏ မျက်လုံးများ တောက်ပလာသည်။
သူ၏ ယခင် သတ္တုဝွင်း ဧရိယာ ပုံတူ လေးခု၏ ထုတ်လုပ်မှု ခန့်မှန်းချက်သည် သရုပ်ပြ စွမ်းအင် သန်း၃၀ကျော်သာ ရှိသည်။
၅၀ရာခိုင်နှုန်း တိုးလာခြင်းနှင့် ဒုတိယအဆင့် ထူးခြားသတ္တုများကို ထည့်သွင်း စဉ်းစားမည်ဆိုလျှင် ဤသတ္တုတွင်း ပုံတူ လေးခုထဲဖြင့် သရုပ်ပြစွမ်းအင် သန်း၅၀ပင် ထောက်ပံ့ပေးနိုင်မည် မဟုတ်ပါလား?
ရှေးဖြစ်ဟော အသင်း၏ အခြားလုပ်ငန်းများ အပါအဝင်ဆိုလျှင်…
တစ်ပတ်တာ သရုပ်ပြခြင်း စွမ်းအင်သည် သန်း၈ဝကျော် ဖြစ်လာပါလိမ့်မည်!
အကြမ်းဖျင်း တွက်လျှင် ယင်းသည် သေးငယ်သော ပန်းတိုင် တစ်ခုသာ!
“ကောင်းပါပြီ၊ ဒါက မမျှော်လင့်ဘဲ အံ့သြရတဲ့ အံ့အားသင့်စရာပါပဲ!”
ထိုစကားကို ကြားသည့်အခါ စုရှင်းသည် အရမ်း စိတ်ကောင်း ဝင်နေခဲ့သည်။
သို့သော် ကျင်းချုံးရွှယ်က စုရှင်းအား ဂရုတစိုက် ပြောလိုက်သည်။
“ဒီသဘောတူညီချက် ဖြစ်မြောက်ဖို့က ၈၀ ရာခိုင်နှုန်း အခွင့်အရေးရှိပေမဲ့ ရှင်ကတော့ သေချာပေါက် အန္တရာယ်တစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်... စုံစမ်းစစ်ဆေးမှုတွေ ရှင့်ဆီ ပြန်မရောက်အောင် ကျွန်မတို့ရဲ့ တွေ့ဆုံမှုတွေကို ပိုပြီး လျှို့ဝှက်သင့်တယ် မဟုတ်လား?”
စုရှင်း အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် ချက်ချင်း စိတ်ကူးတစ်ခု ရသွားသည်။
သူသည် အသက်ရှုခြင်း ဖုံးကွယ်ဆေး တစ်လုံးနှင့် အသွင်ပြောင်းဆေး တစ်လုံးကို ထုတ်ယူကာ နှစ်ခုလုံးကို မျိုချလိုက်သည်။
ခဏအကြာတွင် စူးရှင်းသည် အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ဦးမှ မုတ်ဆိတ်မွှေး အပြည့်ပါသော သက်လတ်ပိုင်း ဦးလေးကြီး တစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။
“ဒီလိုဆိုရော ဘယ်လိုလဲ၊ အခုကစပြီး ဒီအသွင်နဲ့ပဲ မင်းကို တွေ့မယ်?”
စုရှင်းက သူ့အသံကို တမင်တကာ ကြမ်းတမ်းအောင် လုပ်ကာ ဦးလေးကြီး တစ်ယောက်၏ လေသံကို အတုခိုး၍ ပြောလိုက်သည်။
ကျင်းချုံးရွှယ်သည် စုရှင်း၏ အံ့ဖွယ် အသွင်ပြောင်းလဲခြင်း ပညာရပ်ကြောင့် ကြောင်သွားပြီး ခဏအကြာမှ ပြန်ဖြေလိုက်သည်။
“အင်း~ ကျွန်မကတော့ ရှင့်ရဲ့ မူရင်းရုပ်ရည်က ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ ထင်နေတုန်းပဲ...”
“ဒါပေမဲ့ ဘေးကင်းရေးအတွက်တော့ အခုကစပြီး ဒီလိုပဲ တွေ့ဆုံရတော့မယ်...”
စုရှင်း သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။
ခဏကြာကြာ စကားပြောပြီးနောက် စုရှင်းသည် အပတ်သစ်အတွက် ပစ္စည်းများနှင့်အတူ သူ၏ အဆောင်သို့ ပြန်လာပြီး ဝိညာဉ်စိုက်ခင်းဂူထဲသို့ ဝင်ရောက်ခဲ့သည်။
ဝိညာဉ်စိုက်ခင်းဂူထဲသို့ ဝင်ရောက်သည်နှင့် စုရှင်းသည် တစ်ပတ်စာ ပစ္စည်းများကို သရုပ်ပြ စွမ်းအင် အဖြစ် ချက်ချင်း ပြောင်းလဲရန် စိတ်မရှည်တော့ပေ။
စုစုပေါင်း စွမ်းအင် သန်းသုံးဆယ်ကျော်!
အရင်က ကျန်ရှိနေသေးသော သန်းခြောက်ဆယ်ကျော် အပါအဝင်ဆိုလျှင် စုရှင်း၏ သရုပ်ပြ စွမ်းအင် သည် ယခုအခါ ကိုးဆယ့်ငါးသန်းသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
“နတ်ပြောင်းလဲခြင်း အဆင့် မဟာပြီးပြည့်စုံခြင်း ကျင့်ကြံမှု နဝမအဆင့် နဲ့ အပြင်ဘက်အဆင့် မူလစွမ်းအင် အသေးစား ကျွမ်းကျင်မှုကို ထုတ်ယူဖို့ ရွေးချယ်တယ်!”
စုရှင်းသည် သရုပ်ပြခြင်း ဖန်သားပြင်ကို ကြည့်ရင်း တီးတိုးပြောလိုက်သည်။
[သင်သည် နတ်ပြောင်းလဲခြင်း အဆင့် မဟာပြီးပြည့်စုံခြင်း ကျင့်ကြံမှု ကို အောင်မြင်စွာ ထုတ်ယူခဲ့ပြီး စွမ်းအင် သန်း ၃၀ သုံးစွဲခဲ့သည်၊ ကျန်ရှိသော စွမ်းအင် ၆၅.၀၄ သန်း။]
[သင်သည် တတိယအဆင့် မူလစွမ်းအင် ကျွမ်းကျင်မှု (အသေးစားအဆင့်) ကို အောင်မြင်စွာ ထုတ်ယူခဲ့ပြီး စွမ်းအင် သန်း ၅၀ သုံးစွဲခဲ့သည်၊ ကျန်ရှိသော စွမ်းအင် ၁၅.၀၄ သန်း။]
သရုပ်ပြစက်၏ သတိပေးသံများ မြည်လာသည်နှင့်အမျှ နက်နဲသော စွမ်းအားနှစ်ခုသည် စုရှင်းထံသို့ သက်ရောက်လာသည်။
နောက်တစ်စက္ကန့်တွင် စုရှင်း၏ အရှိန်အဝါသည် စတင်၍ တည်ငြိမ်စွာ တိုးတက်လာသည်။
အတွင်း၌ ဝိညာဉ်စွမ်းအား တိုးပွားလာသည်ကို ခံစားရသော စုရှင်းသည် အလျင်အမြန် တင်ပလ္လင်ခွေ ထိုင်ချကာ သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။
နတ်ပြောင်းလဲခြင်း သတ္တမအဆင့်... နတ်ပြောင်းလဲခြင်း အဌမအဆင့်... နတ်ပြောင်းလဲခြင်း နဝမအဆင့်!
နောက်ဆုံးတွင် နတ်ပြောင်းလဲခြင်း၏ ကြီးမြတ်သော ပြီးပြည့်စုံခြင်း!
အသက်အနည်းငယ် ရှုချိန်အတွင်း စုရှင်း၏ ကျင့်ကြံမှု အဆင့်သည် နတ်ပြောင်းလဲခြင်း သတ္တမအဆင့် မှ နတ်ပြောင်းလဲခြင်း၏ အထွတ်အထိပ်သို့ အရှိန်အဟုန်ဖြင့် တက်သွားခဲ့သည်။
ဤလျင်မြန်သော တိုးတက်မှုသည် အံ့မခန်း ဖြစ်သည်။
သရုပ်ပြခြင်းတွင် နတ်ပြောင်းလဲခြင်း နဝမအအဆင့် မှ မဟာပြီးပြည့်စုံခြင်းသို့ တိုးတက်ရန် စုရှင်းသည် တစ်ပတ်တာ အချိန်ယူခဲ့ရသည်။
သို့သော် သရုပ်ပြစက်၏ ထူးခြားသော စွမ်းအား၊ ကျင့်ကြံမှု၏ တုံ့ပြန်မှု တို့ကြောင့် စုရှင်း၏ တိုးတက်မှုသည် ချက်ချင်း ဖြစ်ပေါ်ခဲ့သည်။
အတွင်း၌ ပေါက်ဖွားလာသော ဝိညာဉ်စွမ်းအားကို ခံစားရသည့် အတွက် စုရှင်း၏ မျက်နှာပေါ်တွင် နှစ်လိုဖွယ် အံ့အားသင့်မှု အမူအရာ ပေါ်လာသည်။ ထို့နောက် သူသည် တီးတိုးရေရွတ်လိုက်သည်။
“နတ်ပြောင်းလဲခြင်း မဟာပြီးပြည့်စုံခြင်း... ငါ့အတွင်းက ဒီ ဝိညာဉ်စွမ်းအား ရဲ့ သိပ်သည်းဆက အရင်ကထက် အနည်းဆုံး ခြောက်ဆယ် ဒါမှမဟုတ် ခုနစ်ဆယ် ရာခိုင်နှုန်းထိ တိုးလာတာပဲ!”
“ငါ နတ်ပြောင်းလဲခြင်း အဆင့် စရောက်တုန်းကနဲ့ နှိုင်းယှဉ်ရင်... ငါ့ ဝိညာဉ်စွမ်းအား က သုံးဆလောက် ပိုများလာတယ်!”
စုရှင်း နှုတ်ခမ်းထောင့်များ ကော့ညွတ်သွားသည်။
ဝိညာဉ်စွမ်းအား ပေါများခြင်းသည် စုရှင်းအား ပိုမိုကြာရှည်စွာ တိုက်ခိုက်နိုင်စေပြီး ပိုမိုမြင့်မားသော နည်းစနစ်များ နှင့် နတ်စွမ်းရည်များ ကိုလည်း သင်ယူနိုင်စေသည်။
သူ၏ အသစ်ရရှိသော ကျင့်ကြံမှုအဆင့် နှင့် ဝိညာဉ်စွမ်းအား ကို ထိန်းချုပ်ရန် ကြိုးပမ်းရင်း စူးရှင်းသည် ဆယ့်ငါးမိနစ်လောက်ကြာမှ သူ၏ အရှိန်အဝါကို ပြန်လည် ဖုံးကွယ်နိုင်ခဲ့သည်။
သို့သော် စုရှင်း၏ ခွန်အား တိုးတက်မှုသည် ဤမျှဖြင့် မရပ်တန့်ခဲ့ပေ!
ချီသန့်စင်ခြင်း ကျင့်ကြံမှု အဆင့် မြင့်တက်သည်နှင့် တစ်ပြိုင်နက် စုရှင်း၏ မူလစွမ်းအင် အတွင်း၌လည်း နက်နဲသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။
…