← Chapters

မီးလျှံတစ်ထောင် နည်းစနစ်၏ ပဉ္စမအဆင့်၊ စစ်တပ်နှင့် ကုန်သွယ်ရန်အချိန် (၅၀၀၀)

Vol. 17 Ch. 227

မီးလျှံတစ်ထောင် နည်းစနစ်၏ ပဉ္စမအဆင့်၊ စစ်တပ်နှင့် ကုန်သွယ်ရန်အချိန် (၅၀၀၀)

Vol. 17 Ch. 227

[ကျောက်စိမ်း အပိုင်းအစနှင့် ကျင့်ကြံမှု နည်းစနစ်ကို ရပြီးနောက်၊ သင်သည် ပျက်စီးနေသော ရှေးဟောင်းသင်္ချိုင်းကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့သည်။]

[သို့သော် သင်သည် ရှေးဟောင်းသင်္ချိုင်းထဲသို့ ယခင် အကြိမ်ကလို ပေါ့ဆစွာ ဝင်ရောက်ခြင်း မရှိခဲ့ပေ။]

[ယင်းအစား၊ သင်သည် မသေမျိုး စစ်သည်တော်ခေတ် အကျဉ်းခန်း အတွင်း အခြေချနေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။]

[ပုံမှန်ရက်များတွင်၊ သင်သည် ဝိညာဉ်အရည်များကို ဆက်လက် စုဆောင်းနေခဲ့ပြီး သင်၏ နောက်ထပ် သရုပ်ပြခြင်း ထိုးဖောက်မှု အတွက် ပြင်ဆင်နေခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ သင်သည် သင်၏ ကျင့်ကြံမှုကိုလည်း လျစ်လျူမရှုခဲ့ပါ။ မူလစွမ်းအား နှင့် မီးလျှံတစ်ထောင် နည်းစနစ် အပေါ် သင်၏ နားလည်မှုကို ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်ခဲ့သည်။]

[နှစ်ဆယ့်တစ်နှစ်မြောက်တွင်၊ သင်၏ ဝိညာဉ်အရည် ပမာဏသည် စက်ပေါင်း တစ်သန်း သုံးသိန်းအထိ တိုးလာခဲ့သည်။]

[ထိုနှစ်မှာပင်၊ သင်၏ နတ်မျက်စိသည် ရင်းနှီးသော တည်ရှိမှုကို ရိပ်စားမိခဲ့သည်။]

[သင်သည် သင့်ပစ်မှတ်ကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့သည်။ ထိုသူသည် သူ့ကိုယ်သူ ဖုံးကွယ်ထားပြီး သူ၏ အသက်ရှုသံကို ဖုံးကွယ်ထားသည်။ သို့သော်လည်း လီတစ်သောင်း ခြေရာခံ နည်းစနစ်၏ နတ်အာရုံ အမှတ်အသားများဖြင့် ထိုသူသည် ခွေးကောင်ကျုံး ဖြစ်ကြောင်း သင် အတည်ပြုခဲ့သည်။]

[သင်သည် ခွေးကောင်ကျုံးကို တိတ်တဆိတ် တိုက်ခိုက်ခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း သူသည် အန္တရာယ်ကို ကြိုတင်ရိပ်မိခဲ့သည်။]

[သင်တို့ နှစ်ဦးစလုံး ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲခဲ့ကြပြီး မြေပြင်များ အက်ကွဲကာ တောင်များ ပြိုကွဲခဲ့သည်။]

[သင်နှင့် ခွေးကောင်ကျုံးတို့သည် အချီပေါင်း တစ်ရာကျော် တိုက်ခိုက်ခဲ့ကြသည်။ ခွေးကောင်ကျုံးကို သင်က ပြတ်ပြတ်သားသား ဖိနှိပ်ထားခဲ့သည်။]

[သူသည် သင်၏ ခွန်အားကို အံ့အားသင့်သွားပြီး သင့်ကို မအောင်မြင်နိုင်ကြောင်း သိသဖြင့် ထွက်ပြေးရန် ပြင်ဆင်ခဲ့သည်။]

[သင့်တွင် "သေးငယ်သည့်အရာပင် ချစ်စရာကောင်းနိုင်သည်" ဟူသော စွမ်းရည် မရှိသဖြင့် သင်မည်မျှပင် လှောင်ပြောင်သည်ဖြစ်စေ ခွေးကောင်ကျုံးသည် ထွက်ပြေးရန်သာ အပြင်းအထန် ကြိုးစားခဲ့သည်။]

[သို့သော် သင်၏ မူလစွမ်းအား တတ်မြောက်မှုသည် တတိယအဆင့်ဖြစ်သော ပြင်ပထုတ်လွှတ်မှု အဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်ရာ သင့်ခွန်အားသည် ယခင်ကထက် များစွာ ပိုမိုအားကောင်းလာခဲ့သည်။]

[ခွေးကောင်ကျုံး၏ သက်ကယ် ပညာများသည် သင့်ထက် များစွာ သာလွန်သည်။ သို့သော်လည်း တစ်လခွဲကြာ လိုက်လံပြီးနောက် သင်သည် သူ့ကို သတ်နိုင်ခဲ့သည်။]

[သင်သည် ခွေးကောင်ကျုံးကို မတွန့်ဆုတ်ဘဲ သတ်ပစ်ခဲ့ပြီး သူ၏ ပင်မဝိညာဉ်ကို ဖျက်ဆီးခဲ့သည်။]

[ခွေးကောင်ကျုံးသည် မသေမီ သူ၏ သိုလှောင် မှော်ပစ္စည်းများကို ဖျက်ဆီးကာ သင့်အတွက် ဘာမှမချန်ထားခဲ့ပေ။]

[သင်သည် ဒီအတွက် အထူးစိတ်ပျက်ခြင်း မရှိခဲ့ပါ။ ခွေးကောင်ကျုံးကို လိုက်လံသတ်ဖြတ်ခြင်း၏ တစ်စိတ်တစ်ပိုင်းမှာ လက်စားချေရန်ဖြစ်ပြီး ကျန်တစ်စိတ်တစ်ပိုင်းမှာ သင်၏ ခွန်အားအဆင့်ကို တိုင်းတာရန် ဖြစ်သည်။]

[အမှန်မှာ မူလစွမ်းအားကို ပြင်ပသို့ ထုတ်လွှတ်နိုင်ပြီးနောက် သင့်ခွန်အားသည် သိသိသာသာ တိုးလာခဲ့ရာ ခွေးကောင်ကျုံးကို သတ်ရန် လွယ်ကူခဲ့သည်။ သို့သော်လည်း သူ၏ သက်ကယ်ပညာများမှာမူ သင်၏ အားနည်းချက် ဖြစ်နေဆဲပင်။]

စုရှင်း အနည်းငယ် ခေါင်းညိတ်လိုက်ပြီး အတွင်းစိတ်မှ လက်ခံလိုက်သည်။

"တကယ်ပဲ၊ ငါ အခု နတ်ဘုရား ပြောင်းလဲခြင်း ကျင့်ကြံသူတစ်ယောက် ဖြစ်နေပေမယ့် သက်ကယ်ပညာတွေမှာ ငါ့ကျွမ်းကျင်မှုက တော်တော်လေး အားနည်းနေသေးတယ်..."

သာမန် နတ်ဘုရားပြောင်းလဲခြင်း အဆင့်မြင့် ကျင့်ကြံသူများသည် ကောင်းမွန်သော သက်ကယ်ပညာတစ်ခုကို တတ်မြောက်ထားပါက သိပ်သည်းသော ဝိညာဉ်စွမ်းအင် မရှိပါဘဲ တစ်နေ့လျှင် လီပေါင်း နှစ်သောင်းခရီးသွားလျှင်တောင် ပြဿနာမရှိပေ။

စုရှင်းသည်လည်း လေထဲတွင် ပျံသန်းနိုင်သည်။ သို့သော်လည်း ၎င်းသည် သူ၏ အတွင်းပိုင်း ဝိညာဉ်စွမ်းအင် အလုံအလောက်ရှိခြင်းအပေါ် မူတည်သည်။ သူ၏ အရှိန်သည် မနှေးသော်လည်း တစ်နေ့လျှင် လီပေါင်း တစ်သောင်းသာ ခရီးသွားနိုင်သည်။

သို့သော် စုရှင်း၏ ဝိညာဉ်စွမ်းအင်သည် အဆုံးမဲ့မဟုတ်‌ပေ။ ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ ကြာရှည်စွာ ခရီးသွားပြီးနောက် အနားယူရန် လိုအပ်သည်။

ခန္ဓာကိုယ် ကျင့်ကြံမှုအဆင့် အနေဖြင့်မူ... စုရှင်းသည် နတ်ဘုရား အင်အားနယ်ပယ်၏ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိခဲ့ပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် သန်မာသည်။

သို့သော် ခန္ဓာကိုယ် ကျင့်ကြံမှုပညာများနှင့် နည်းစနစ်များသည် ပျံသန်းခြင်းတွင် မည်သည့်အခါမျှ ထူးချွန်ခြင်း မရှိခဲ့ပေ။

စုရှင်းသည် သူ့ နတ်ဘုရား အင်အားနယ်ပယ် ကျင့်ကြံမှု အဆင့်အပေါ်တင် မှီခို၍ ခရီးသွားပါက ခြေနှစ်ချောင်းဖြင့် ပြေးရမည်ဖြစ်ပြီး အခြားသူများ၏ ပျံသန်းမှုအရှိန်နှင့် နှိုင်းယှဉ်၍မရပေ။

သို့သော် လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်သို့ ရောက်ရှိပြီးနောက် ခန္ဓာကိုယ် ကျင့်ကြံသူများသည် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဖြင့်တင် မြေပြင်မှ မြင့်တက်နိုင်ပြီး ဝိညာဉ်စွမ်းအင်ကို အားမကိုးဘဲ ပျံသန်းနိုင်သည်။ ယင်းသည် ၎င်းတို့၏ ထွက်ပြေးနှုန်းကို သိသိသာသာ တိုးမြှင့်နိုင်ခဲ့သည်။

"ဒီအမြင်အရဆိုရင်...သက်ကယ်ညာတစ်ခု လေ့လာဖို့ အချိန်တန်ပြီ။"

စုရှင်းသည် သူ့မေးစေ့ကို စဉ်းစားဟန်ဖြင့် ပွတ်သပ်လိုက်သည်။

"ခွေးကောင်ကျုံးရဲ့ နတ်ဘုရား စွမ်းရည်ဖြစ်တဲ့ 'မြေကို တစ်လက်မအဖြစ် ကျုံ့ခြင်း'က တော်တော်လေး ကောင်းမွန်တဲ့ အသေးစား နတ်ဘုရား စွမ်းရည်တစ်ခုပဲ... ပိုမိုအဆင့်မြင့်တဲ့ သက်ကယ်ပညာတွေထဲမှာတော့ 'နေရာလွန်ခြင်း' နဲ့ 'သက်တံ့အဖြစ် ပြောင်းလဲခြင်းပညာ'တွေ ရှိသေးတယ်။"

ရန်သူများထံမှ ထွက်ပြေးသည်ဖြစ်စေ၊ လိုက်လံဖမ်းဆီးသည်ဖြစ်စေ သက်ကယ် ပညာများကို လျှော့မတွက်သင့်ပေ။

စုရှင်းသည် သက်ကယ် ပညာတစ်ခု လေ့လာခြင်းကို သူ၏ အစီအစဉ်များထဲသို့ တိတ်တဆိတ် ထည့်သွင်းခဲ့ပြီးနောက် သရုပ်ပြခြင်း ဖန်သားပြင်ကို ကြည့်လိုက်သည်။

[ခွေးကောင်ကျုံးကို သတ်ပြီးနောက်၊ သင်သည် သင်၏ အစီအစဉ်အတိုင်း ကျင့်ကြံမှုနှင့် ဝိညာဉ်အရည်များ စုဆောင်းခြင်းကို ပြန်လည် စတင်ခဲ့သည်။]

[နှစ်ဆယ့်နှစ်နှစ်မြောက်တွင်၊ သင်သည် ဝိညာဉ်အရည် စက်ပေါင်း ခြောက်သောင်း ထပ်မံစုဆောင်းခဲ့သည်။]

[သို့သော် နတ်ဘုရား ပြောင်းလဲခြင်း နယ်ပယ်၏ နောက်ဆုံးအဆင့်သို့ ထိုးဖောက်ရန်မှာ သင့်အား အလွန် ဒုက္ခပေးခဲ့သည်။ မဖြစ်နိုင်ဘူးဟုပင် ခံစားခဲ့ရသည်။]

[နေ့စဉ် ကြိုးစားပမ်းစား ကျင့်ကြံသော်လည်း ဝိညာဉ်စွမ်းအင် စုပ်ယူခြင်းသည် သမုဒ္ဒရာထဲမှ ရေတစ်စက်ကဲ့သို့ ဖြည်းဖြည်းချင်း စုဆောင်းနေရသလို ခံစားခဲ့ရသည်။]

[နှစ်ဆယ့်သုံးနှစ်မြောက်တွင်၊ သင်စုဆောင်းထားသော ဝိညာဉ်အရည်ပမာဏသည် စက်ပေါင်း တစ်သန်း လေးသိန်း သုံးသောင်းအထိ ရောက်ရှိခဲ့ပြီး သင်၏ ရည်မှန်းချက်နှင့် နီးစပ်လာခဲ့သည်။]

[နှစ်ဆယ့်လေးနှစ်မြောက်တွင်၊ သင်သည် ဝိညာဉ်အရည် စက်ပေါင်း တစ်သန်း ငါးသိန်း စုဆောင်းနိုင်ကာ သင်၏ ပန်းတိုင်ကို နောက်ဆုံးတွင် ရောက်ရှိခဲ့သည်။]

[သင်သည် ဝိညာဉ်အရည် စက်ပေါင်း တစ်သန်း ငါးသိန်းကို ကျောက်စိမ်းပုလင်းငယ် တစ်ရာ့ငါးဆယ်လုံးထဲသို့ အညီအမျှ ခွဲဝေထည့်သွင်းခဲ့ပြီး အလွန် ကျေနပ်အားရမိခဲ့သည်။]

[နှစ်ဆယ့်ငါးနှစ်မြောက် အစောပိုင်းတွင်၊ သင်၏ ကျင့်ကြံမှုအဆင့်သည် နတ်ဘုရား ပြောင်းလဲခြင်း နယ်ပယ်၏ အဋ္ဌမအဆင့်တွင် ဆက်လက် ရှိနေခဲ့သော်လည်း နဝမအဆင့်နှင့် နီးစပ်နေခဲ့သည်။]

[အချိန်ကုန်လွန်လာပြီ ဖြစ်ကြောင်း သိရှိသဖြင့် ကမ္ဘာပျက်မည့်အချိန် မရောက်မီ သင်သည် ပျက်စီးနေသော ရှေးဟောင်းသင်္ချိုင်းကို နောက်တစ်ကြိမ် ထပ်မံစူးစမ်းရန် ဆုံးဖြတ်ခဲ့သည်။]

[သင်သည် ရင်းနှီးသောတောင်သို့ ရောက်ရှိခဲ့ပြီး အစီအရင်ဖြင့် ကာကွယ်ထားသည့် ကြီးမားသောကျောက်ကို ချိုးဖျက်ခဲ့သည်။]

[သင်သည် ပျက်စီးနေသော ရှေးဟောင်းသင်္ချိုင်းထဲသို့ ဝင်ရောက်ခဲ့သည်။]

[ရှေးဟောင်းသင်္ချိုင်း အတွင်းရှိ စီမံထားမှုများသည် သင်၏ ယခင် သရုပ်ပြခြင်း အတိုင်းပင် ဖြစ်သည်။]

[သင်သည် ကျဉ်းမြောင်းသော လမ်းကြားကို ဖြတ်သန်းခဲ့ပြီး မကြာမီ လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ် နှင့် နှိုင်းယှဉ်နိုင်သော အသက်မဲ့ရုပ်သေး နှင့် ကြုံတွေ့ခဲ့သည်။]

[အသက်မဲ့ရုပ်သေးသည် သင့်အား မတွန့်ဆုတ်ဘဲ တိုက်ခိုက်ခဲ့သည်။]

[သင်သည် လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး မူလစွမ်းအားကို လျင်မြန်စွာ အသက်သွင်းကာ သင့်ခန္ဓာကိုယ်ပေါ်တွင် မမြင်ရသော မူလစွမ်းအား သံချပ်ကာကို ဖန်တီးခဲ့သည်။]

[မူလစွမ်းအား ဝန်းရံထားသည့် မှင်ရေခဲ ဝိညာဉ်ဓားကို ကိုင်ဆောင်ကာ အသက်မဲ့ရုပ်သေးကို ပြန်လည် တိုက်ခိုက်ခဲ့သည်။]

[တိုက်ပွဲ စတင်ပြိီးနောက် ပေါက်ကွဲသံများ ပဲ့တင်ထပ်နေသည်။ ပြင်းထန်သော ဖျက်ဆီးနိုင်စွမ်းကြောင့် ကျောက်နံရံများပေါ်ရှိ အကာအကွယ် အစီအရင်များ အဆက်မပြတ် တုန်ခါနေခဲ့သည်။]

[သင်နှင့် အသက်မဲ့ ရုပ်သေးတို့သည် အချီရာပေါင်းများစွာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြသည်။ သင့် မူလစွမ်းအား၏ အလွန်အမင်း ဖျက်ဆီးနိုင်စွမ်းကြောင့် အသက်မဲ့ရုပ်သေးကို အောင်မြင်စွာ ထိခိုက်နိုင်ခဲ့သည်။]

[သို့သော် ထိုရုပ်သေးတွင် နာကျင်မှုလည်း မရှိသလို သွေးလည်း မရှိခဲ့ပေ။ သင်ထားခဲ့သော ဒဏ်ရာများမှ အနက်ရောင် အရည်များ စီးကျနေခဲ့သည်။]

[ဒဏ်ရာများသည် ထူးဆန်းစွာ ပြန်လည် ပျောက်ကင်းလာခဲ့သည်။ အသက်မဲ့ရုပ်သေး၏ ထိုးစစ်သည် မည်သည့်အခါမျှ မလျော့နည်းခဲ့ပေ။]

[သင်သည် နောက်ထပ် အချီတစ်ရာကျော် ဆက်လက် ထိန်းထားခဲ့သည်။ ထို့နောက် သင်၏ အတွင်းပိုင်း မူလစွမ်းအား လျော့နည်းလာသည်ကို နောက်ဆုံးတွင် ခံစားမိလိုက်သည်။]

[ဤရုပ်သေးသည် သင့်ထပ် ခန္ဓာကိုယ် ခွန်အား၊ ပြန်လည် ရှင်သန်နိုင်စွမ်းနှင့် ခံနိုင်ရည်တို့တွင် ကျော်လွန်နေခဲ့သည်။]

…

All Chapters