← Chapters

မထင်မှတ်သော ဉာဏ်အလင်း၊ အပြင်ထွက်လွှတ် မူလစွမ်းအင်၏ အသေးစား အောင်မြင်မှု! (၅၀၀၀)

Vol. 17 Ch. 233

မထင်မှတ်သော ဉာဏ်အလင်း၊ အပြင်ထွက်လွှတ် မူလစွမ်းအင်၏ အသေးစား အောင်မြင်မှု! (၅၀၀၀)

Vol. 17 Ch. 233

ဤအချက်ကို မြင်သောအခါ စုရှင်းသည် ခေါင်းညိတ်ပြီး တီးတိုး ရေရွတ်လိုက်သည်။

“ဝိညာဥ်ဆန် ပေါင် နှစ်သန်းက ပျမ်းမျှအားဖြင့် တက္ကသိုလ် ကျောင်းသား နှစ်သိန်းကနေ သုံးသိန်းအထိ တစ်နှစ်တာ ထောက်ပံ့ပေးနိုင်တယ်... ပမာဏက အဆင်ပြေပါတယ်၊ ဒါပေမဲ့ အဲဒီထက် ပိုများရင်တော့ ရှေးဖြစ်ဟော ကုန်သွယ်ရေးအသင်းက အကျိုးစီးပွား ပဋိပက္ခတွေကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလို့ ထင်တယ်။”

စုရှင်း အလျင်အမြန် တွက်ချက်လိုက်သည်။

နှစ်စဉ် ဝိညာဉ်ဆန်ပေါင် နှစ်သန်း ထောက်ပံ့ပေးခြင်းသည် သူပိုင်ဆိုင်သော ပမာဏ၏ ဆယ်ပုံတစ်ပုံအောက်ပင် ရှိသေးသည်။

ကျန်ရှိသော ဝိညာဉ်ဆန်များကို စုဆောင်းထားနိုင်ပြီး နောင်တွင် လိုအပ်သောအခါ ကုန်သွယ်နိုင်သည်။

ဝိညာဉ်ဆန် ပေါင် တစ်သန်းဖြင့် သတ္တုတွင်း ဧရိယာ နှစ်ခု၏ သတ္တုတူးဖော်ခွင့်ကို ရရှိမည်။

ဝိညာဉ်ဆန် ပေါင် နှစ်သန်းဖြင့်ဆိုလျှင် သတ္တုတူးဖော်ခွင့် ရရှိမည့် သတ္ထုတွင်းဧရိယာ အရေအတွက်သည် လေးခုအထိ တိုးမြှင့်နိုင်မည် ဖြစ်သည်။

ဆိုလိုသည်မှာ သရုပ်ပြစွမ်းအင် ထုတ်လုပ်မှုသည် တစ်ပတ်လျှင် သန်းသုံးဆယ်ခန့် တိုးလာနိုင်သည်!

ထိုသို့ တွက်ချက်ကြည့်မည်ဆိုလျှင် စုရှင်း၏ တစ်ပတ်ဝာ သရုပ်ပြစွမ်းအင် ရရှိမှုသည် သန်းခြောက်ဆယ်အထိ ရောက်ဖို့ရန် ကြာတော့မည် မဟုတ်ပါ!

“အင်း... အခုလောလောဆယ်တော့ ဒါနဲ့ပဲ ကျေနပ်ရတော့မယ်... တစ်ပတ်ကို စွမ်းအင် သန်းခြောက်ဆယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် မဖော်ထုတ်ဘဲ အန္တရာယ် မဖိတ်ခေါ်ဘဲနဲ့ဆိုရင် တကယ်ကို ကောင်းမွန်တဲ့ ပမာဏပဲ!”

စုရှင်း တီးတိုးရေရွတ်လိုက်သည်။

လက်ရှိတွင် စုရှင်းအတွက် တစ်ပတ်လျှင် စွမ်းအင် သန်းခြောက်ဆယ်နှင့် ဘိုင်လီမိသားစုသို့ တစ်ခါတစ်ရံ သွားပြီး မမျှော်လင့်ဘဲ ရသည့် ကံကောင်းခြင်းကို ရိတ်သိမ်းခြင်းသည် လုံလောက်ပါသည်!

သို့သော် စုရှင်း၏ ကျင့်ကြံမှုအဆင့် ပိုမြင့်လာလျှင်မူ…လုံလောက်တော့မည် မဟုတ်ပါ။

“ဟူး...လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်ကို ရောက်ပြီးတဲ့နောက် အသေးစား နယ်ပယ်တစ်ခု အတွက် လိုအပ်တဲ့ စွမ်းအင်က သန်းတစ်ရာလောက်ထိ ရောက်မသွားပါစေနဲ့လို့ပဲ ဆုတောင်းရတော့မယ်၊ ဟုတ်တယ်မလား?”

စုရှင်း တိတ်တိတ်လေး ဆုတောင်းလိုက်သည်။

မဟုတ်ပါက သန်းတစ်ရာနှုန်းနှင့်ဆိုလျှင် သူ၏ ကျင့်ကြံမှု အဆင့်ကို အသေးစား နယ်ပယ်တစ်ခု မြှင့်တင်နိုင်ဖို့တင်ကို စုရှင်းသည် စွမ်းအင် နှစ်ပတ်စာ စုဆောင်းနေရလိမ့်မည်…

သူ့အကြည့်သည် သရုပ်ပြခြင်း ဖန်သားပြင်ပေါ်သို့ ကျရောက်သွားသည်။

[ကျင်းချုံးရွှယ် နှင့် ဆွေးနွေးပြီးနောက် သင်သည် သူမအား ဝိညာဉ်ဆန် ပေါင် တစ်သန်း ထပ်မံ ပေးခဲ့သည်။]

[ဒီကုန်သွယ်မှုက သင့်ကို အန္တရာယ် ဖြစ်စေမလားဆိုတာ ရှင်းရှင်းလင်းလင်း သိရဖို့ သင်သည် ကျောင်းမှာ ပုံမှန်အတိုင်း နေထိုင်ခဲ့သည်။ ဆင်းသက်ဂိုဏ်းကို အလျင်စလို ဝင်ရောက်ခြင်း မပြုခဲ့ပါ။]

[နေ့စဉ် ကျင့်ကြံမှုမှအပ သင်သည် ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေတွင် လယ်လုပ်ခဲ့သည်။]

[လက်တွေ့ကမ္ဘာသို့ တစ်ခါတစ်ရံ ပြန်လာသောအခါတွင်လည်း သင်သည် သင့်အား စောင့်ကြည့်နေသူ ရှိမရှိကို စောင့်ကြည့်ရန် နတ်အာရုံကို ထုတ်လွှတ်ခဲ့သည်။]

[တစ်ချိန်တည်းမှာပင် သင်သည် ကျင်းချုံးရွှယ်နှင့် ဆက်သွယ်ပြီး ထူးခြားသည့် အခြေအနေများ ရှိမရှိ မေးမြန်းခဲ့သည်။ သို့သော်လည်း ကျင်းချုံးရွှယ်သည် ထူးခြားမှု မရှိကြောင်း သတင်းပို့ခဲ့သည်။]

[ထို့သို့ဖြင့် တစ်နှစ်တာ ကုန်ဆုံးခဲ့ရာ မဟာရှား စစ်တပ်သည် သင့်အား လိုက်လံ ရှာဖွေခြင်း မရှိခဲ့ပေ။ ကျင်းချုံးရွှယ်သည်လည်း ပုံမှန်အတိုင်းပင် ရှိနေခဲ့သည်။]

[ပြောင်းလဲသွားသည်မှာ တက္ကသိုလ်ကျောင်းသား ပညာရှင်များ အားလုံးသည် သူတို့၏ နှစ်စဉ် ထောက်ပံ့ကြေးတွင် ဝိညာဉ်ဆန် ကို အပိုထပ်ဆောင်း ရရှိခဲ့ကြခြင်းပင်။ ထူးချွန်သော ကျောင်းသားများသည် တစ်နှစ်လျှင် ဝိညာဉ်ဆန် ပေါင် ဆယ်ပေါင်မှ သုံးဆယ်ပေါင်အထိ ရရှိခဲ့သည်။]

[ဤတစ်နှစ်တာအတွင်း အန္တရာယ် မကြုံတွေ့ရသည့် အတွက် သင်၏ စိတ်ထဲမှ စိုးရိမ်မှုများ အနည်းငယ် ပြေပျောက်သွားခဲ့သည်။]

[သို့သော် သတိထားရန် အတွက် သင်သည် မဟာရှား စစ်တပ် နှင့် ဝိညာဉ်ဆန် ကုန်သွယ်မှု၏ နောက်ဆက်တွဲ ရလဒ်များကို ကြည့်ရှုရန် နောက်ထပ် တစ်နှစ် ကျောင်းတွင် ဆက်နေရန် ဆုံးဖြတ်ခဲ့သည်။]

[ဒုတိယနှစ်တွင် သင်သည် နေ့စဉ် ဝိညာဉ်အရည်အစက် သုံးရာအား ကျင့်ကြံမှုအတွက် ဆက်လက် သောက်သုံးခဲ့ရာ သင်၏ ကျင့်ကြံမှုအဆင့် သည် တည်ငြိမ်စွာ တိုးတက်လာခဲ့သည်။]

[သင်၏ တွက်ချက်မှုများအရ နေ့စဉ် ဝိညာဉ်အရည် အစက် သုံးရာ သောက်သုံးပါက အရည်အားလုံးကို အသုံးပြုရန် အတိအကျ နှစ်ဆယ့်ငါးနှစ် ကြာမည်ဖြစ်သည်။ ထို့ကြောင့် အထိရောက်ဆုံး ကျင့်ကြံမှုအဆင့် တိုးတက်မှုကို ရရှိမည်။]

[သင်သည် ကျင့်ကြံမှုအပြင် မူလစွမ်းအင် အပေါ် ထိန်းချုပ်မှုကို အားဖြည့်ရန် စတင်ခဲ့သည်။ တစ်ခါတစ်ရံ စိတ်ကြည်လင် သောအခါ ဓားထိန်းချုပ်ခြင်း ပညာရပ်ကို သင်ယူခဲ့သည်။]

[ဤတစ်နှစ်လုံး ဘာမှ မဖြစ်ခဲ့ဘဲ သင်သည် ဘေးကင်းလုံခြုံနေဆဲ ဖြစ်သည်။ သင်၏ နတ်အာရုံ အကွာအဝေးအတွင်း မည်သူမျှ သင့်ကို ခြေရာခံခြင်း သို့မဟုတ် လုပ်ကြံရန် ကြိုးပမ်းခြင်း မရှိခဲ့ပါ။]

[တတိယနှစ်တွင် သင်၏ စိုးရိမ်မှုများ လုံးဝ ပြေပျောက်သွားပြီ ဖြစ်သောကြောင့် သင်သည် ဆင်းသက်ဂိုဏ်းကို ဝင်ရောက်ရန် ပြင်ဆင်ခဲ့သည်။]

စုရှင်း သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်များ အပေါ်သို့ ကွေးညွတ်သွားသည်။

“ဒါ ကောင်းတာပဲ၊ ဒီကုန်သွယ်မှုက ဘာအန္တရာယ်မှ မရှိခဲ့ဘူး ထင်တယ်။”

ထူးခြားသော သတ္တုတွင်း ဧရိယာ လေးခုကို ထပ်ရခြင်းထက် စုရှင်း ပိုမိုဂရုစိုက်သည်မှာ သူ့၏ ကိုယ်ရေးကိုယ်တာ ဘေးကင်းလုံခြုံရေးပင်။

မည်သို့ဖြစ်စေ ဘေးကင်းစွာ နေထိုင်ခြင်းသည် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဆိုလိုသည်။

“အနည်းဆုံးတော့ နှစ်စဉ် ဝိညာဉ်ဆန် ပေါင် နှစ်သန်း ကုန်သွယ်ရင်... နောက်နှစ်နှစ်အတွင်း ဘာအန္တရာယ်မှ ရှိတော့မှာ မဟုတ်ဘူး!”

စုရှင်းက သက်ပြင်းမော တစ်ချက်ချပြီး ပြောလိုက်သည်။ ထို့နောက် ဆက်လက် ပြောသည်။

“ဟဲဟဲ၊ နောက်နှစ်နှစ် ကြာရင်တော့... ဟဟ၊ ငါ ဘာမှမရှိတဲ့ဘဝကနေ နတ်ဘုရား အသွင်ပြောင်းလဲခြင်း အဆင့်ကို ရောက်ဖို့ တစ်နှစ်တောင် မကြာခဲ့ဘူး!”

“နောက်နှစ်နှစ်ကြာရင် ငါ နတ်ဘုရား ဖြစ်နေလောက်ပြီမလား? ဒီကိစ္စတွေကို စိတ်ပူစရာတောင် လိုပါဦးမလား?”

ယင်းသည် စုရှင်း၏ သူ့ကိုယ်သူ ယုံကြည်မှုပင်။

အဘယ့်ကြောင့်ဆိုသော် သူ၏ လက်ရှိ တိုးတက်နှုန်းအရဆိုလျှင် နှစ်နှစ်တောင် မလိုတော့ပါ။ သို့မဟုတ် ပိုတိုတောင်းသည့် အချိန်အတွင်းမှာပင် သူသည် ထိုချည်နှောင်မှုကို ချိုးဖျက်မှု နတ်ဘုရားအဖြစ်ပင် ရောက်နိုင်သေးသည်။

ထိုအချိန်ကျလျှင် စုရှင်းက ဤဝိညာဉ်ဆန် ပေါင်အနည်းငယ်ကြောင့် ဖြစ်ပေါ်လာသည့် အန္တရာယ်များကို ဂရုစိုက်ပါအုံးမလား?

“မင်း အရမ်းလှလို့ပဲ~ အိုဟိုး~”

စိတ်ကောင်းဝင်နေသော စုရှင်းသည် ရက်ထရိုသီချင်း တစ်ပုဒ်ကို ညည်းတွားလိုက်ပြီး သရုပ်ပြခြင်း ဖန်သားပြင်ပေါ်သို့ အကြည့် ပြောင်းလိုက်သည်။

[သင်သည် အနောက်တောင်ဘက်ရှိ ရွှမ်ချင်းမြို့သို့ သွားရောက်ခဲ့ပြီး ခွေးကောင်ကျုံးကို အလွယ်တကူ ရှာတွေ့ခဲ့သည်။]

[ထို့နောက် သင်သည် အသက်ရှည်ဆေးကို အသုံးပြု၍ ဆေးပစ္စည်း တစ်သုတ်နှင့် ဆင်းသက်ဂိုဏ်းသို့ ဝင်ရောက်ခွင့် အခွင့်အရေးကို လဲလှယ်ခဲ့သည်။]

[သင်၏ ထူးခြားသော ခွန်အားကြောင့် ဆင်းသက်ဂိုဏ်း သို့ ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် အကြီးအကဲ တစ်ဦး၏ ရာထူးကို ရရှိခဲ့သည်။]

[ထို့နောက် ယခင်ကဲ့သို့ပင် သင်သည် လောရွှေရင်နှင့် ဆက်သွယ်ရန် စတင်ခဲ့ပြီး သူမ၏ ယုံကြည်မှုကို အောင်မြင်စွာ ရရှိခဲ့သည်။]

[နောက်တစ်နှစ်တွင် သင်သည် ကျင့်ကြံမှုအပေါ် အာရုံစိုက်ခဲ့ပြီး ဆေးဝါးများ ဖော်စပ်ရာတွင် အချိန်အချို့ သုံးစွဲခဲ့သည်။]

[တစ်နှစ်အတွင်း သင်သည် ဆေးဝါး ငါးသောင်း ဖန်တီးခဲ့ပြီး သင်၏ ကျင့်ကြံမှုအဆင့် နှင့် မူလစွမ်းအင် အပေါ် ထိန်းချုပ်မှု နှစ်ခုလုံး နေ့စဉ် တိုးတက်လာခဲ့သည်။]

[စတုတ္ထနှစ်တွင် သင်သည် ဆင်းသက်ဂိုဏ်း အတွင်း သင်၏ ကိုယ်ပိုင်အလုပ်ကို ဆက်လက် လုပ်ဆောင်ခဲ့သည်။ ဆေးဝါးများ ဖော်စပ်ခြင်းအပြင် သင်သည် လောရွှေရင်နှင့် ပူးပေါင်းကာ ဂိုဏ်းမှ ဝိညာဉ်ဆေးများ အမြောက်အများကို ခိုးယူခဲ့သည်။]

[ထိုနှစ်တွင်ပင် သင်၏ ကျင့်ကြံမှုအဆင့်သည် အသေးစား တိုးတက်မှုတစ်ခု ရရှိခဲ့ရာ နတ်ဘုရား အသွင်ပြောင်းလဲခြင်း နယ်ပယ် အဋ္ဌမအဆင့်နှင့် ပိုမိုနီးကပ်လာခဲ့သည်။]

[ပဉ္စမနှစ်တွင် ဆင်းသက်ဂိုဏ်း၏ ဝိညာဉ်ဆေး အများစုကို ယူဆောင်ပြီးနောက် အချိန်သင့်ပြီဟု ခံစားရပြီး ဂိုဏ်းကို သစ္စာဖောက်ရန် အချိန်ရောက်ပြီဟု သင် ဆုံးဖြတ်ခဲ့သည်။]

[ထို့ကြောင့် သင်သည် ခွေးကောင်ကျုံးကို ပျူငှာစွာ ဧည့်ခံပြီးနောက် လောရွှေရင် နှင့်အတူ ဆင်းသက်ဂိုဏ်းမှ ထွက်ပြေးခဲ့သည်။]

[သင်နှင့် လောရွှေရင်တို့သည် မဟာရှား စစ်တပ်သို့ သွားရောက်ပြီး သူတို့၏ အကာအကွယ်ကို ရရှိခဲ့သည်။]

[ထင်ထားသည့်အတိုင်းပင် ခွေးကောင်ကျုံးသည် လိုက်လံ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။]

…

All Chapters