← Chapters

မင်ဖန်းယွီကို နှင်ထုတ်ခြင်း

Vol. 119 Ch. 1548 (2)

မင်ဖန်းယွီကို နှင်ထုတ်ခြင်း

Vol. 119 Ch. 1548 (2)

ချင်မူသည် ကောင်းကင်နတ်မြစ်အထက်၌ ရပ်နေခဲ့သော်လည်း ယခုတွင် မြစ်ဆီမှ သီးခြားခွဲထုတ်ခံလိုက်ရ၏။ အပြင်လူတစ်ယောက်အနေဖြင့် ရပ်ကြည့်နေရသကဲ့သို့ ကောင်းကင်နတ်မြစ်ထဲတွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို စောင့်ကြည့်နိုင်လေသည်။

ကောင်းကင်နတ်မြစ်က အားအင်အပြည့်ဖြင့် တဝုန်းဝုန်း စီးဆင်းနေသည်။ ချင်မူက ကောင်းကင်နတ်မြစ်အပြင်တွင် ရပ်လျက် အဝေးသို့ လှမ်းကြည့်နေသည်။ သူသည် ကောင်းကင်ထဲတွင်လည်း မဟုတ်၊ အောက်မြေပြင်ထက်၌လည်း မဟုတ်သလို၊ ပတ်ဝန်းကျင်ရှိ အရာများကိုလည်း မမြင်ရပေ။ စွမ်းအင်လုံးတစ်လုံးကဲ့သို့ အသွင်သဏ္ဍာန် ပြောင်းလဲနေသယောင် ထင်ရ၏။

သူ၏ မြင်ကွင်းထဲ၌ မဟာဧကရာဇ် မင်ဖန်းယွီသည် ကောင်းကင်နတ်မြစ်ထဲမှ အကြိမ်ကြိမ် ထွက်လာပြီး ကောင်းကင်နတ်အရှင်လင်ကို အကြိမ်ကြိမ် သတ်ဖြတ်ရင်း ကောင်းကင်နတ်သိုင်းအတွင်းမှ ဖောက်ထွက်နေပုံရ၏။ သို့သော် မည်မျှကြိုးစားစေကာမူ ထွက်မလာနိုင်ပေ။

မဟာဧကရာဇ်မင်ဖန်းယွီက ကောင်းကင်နတ်အရှင်လင်ကို နောက်တစ်ကြိမ် သတ်ဖြတ်လိုက်ပြီး‌ လှံဖြင့် တိုက်ခိုက်လိုက်ပြန်သည်။ ထို့နောက် မပြောင်းလဲသော ကောင်းကင်နတ်သိုင်းက ပေါက်ကွဲထွက်လာပြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။ ကောင်းကင်နတ်အရှင်လင်မှာ နောက်တစ်ကြိမ် ပြန်လည်အသက်၀င်လာကာ သတ်ဖြတ်ခံလိုက်ရပြန်သည်။

ချင်မူက ဤမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေသည်။ မင်ဖန်းယွီ၏ လှုပ်ရှားမှုများနှင့် ကောင်းကင်နတ်သိုင်းများက တစ်ကြိမ်နှင့် တစ်ကြိမ် မတူညီသဖြင့် သူသည် မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို ချိုးဖျက်ရန် ကြိုးစားနေမှန်း သိသာ၏။ သို့သော် အကြိမ်တိုင်း မအောင်မြင်ပေ။

ချင်မူသည် သူ၏ ကောင်းကင်နတ်သိုင်းကို လေ့လာကာ သူ ယခုလေးတင် အဖြေထုတ်ခဲ့သည့် ကောင်းကင်နတ်သိုင်းနှင့် နှိုင်းယှဉ်၍ ပြစ်ချက်များအား ရှာဖွေနေသည်။

အရာအားလုံး အဆင်သင့်ဖြစ်သွားသည်အခါတွင် သူက ထိုက်ချူတာအိုကောင်းကင်နတ်သိုင်းကို ဖြည်းဖြည်းချင်း အသက်သွင်းလိုက်သည်။ သို့သော် သူ၏ အကြည့်က မင်ဖန်းယွီဆီမှ အနည်းငယ်မျှပင် မခွာပေ။

ချင်မူအနေဖြင့် ကောင်းကင်နတ်အရှင်လင် မသေခင် မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို ချိုးဖျက်ပြီး မဟာဧကရာဇ်မင်ဖန်းယွီ၏ တိုက်ကွက်ကို ခုခံရလိမ့်မည်။ ထို့မှသာ ကောင်းကင်နတ်အရှင်လင်ကို ကယ်တင်နိုင်ပေမည်။

ထို့ကြောင့် အချိန်ကိုက် လှုပ်ရှားနိုင်ရန်က အရေးအကြီးဆုံးပင်။

မဟာဧကရာဇ်မင်ဖန်းယွီသည် သူ့ကို သတိထားမိသွားသည့်အလား ရုတ်တရက် သူ့ထံ ပြေး၀င်လာသည်။ သူ့လက်ထဲရှိ လှံရှည်၏ စွမ်းအားကား အဆုံးမဲ့နေပြီး ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာနှင့် မဟာဧကရာဇ် မူလဝိညာဉ်တို့ကြောင့် ဤကောင်းကင်နတ်မြစ်အစိတ်အပိုင်းမှာ ပြင်းထန်စွာ တုန်ခါလာကာ အငွေ့တထောင်းထောင်း ထလာသည်။ လှံထိပ်က ကောင်းကင်နတ်မြစ်ရေကို ပွတ်တိုက်လျက် ချင်မူ့မျက်ခုံးနှစ်ဖက်ကြားသို့ ဦးတည်ပြေး၀င်လာချေပြီ။

ထိုအခိုက်အတန့်တွင် မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်း ပေါက်ကွဲထွက်သွားပြီး သူ့ကို မူလနေရာသို့ ပြန်ရောက်သွားစေ၏။

မူလနေရာတွင် ကောင်းကင်နတ်အရှင်လင်က ချင်မူ့ဘက်သို့ လှည့်ကြည့်လာသည်။ ကျားသစ်ကွက် ဝတ်ရုံနှင့် ကောက်ရိုးဖိနပ်ကို ၀တ်ဆင်ထားသော မိန်းကလေးမှာ သူ့ကို တောက်ပစွာ ပြုံးပြသည်။ သူမသည် နတ်သက်ကြွေလောက်သည်အထိ မလှပသော်လည်း ဆွဲဆောင်မှုရှိ၏။

နောက်တခဏတွင် မဟာဧကရာဇ်မင်ဖန်းယွီက သူမကို လှံနှင့် ထိုးစိုက်လိုက်သောကြောင့် ကောင်းကင်နတ်အရှင်လင် သေဆုံးသွားသည်။ သူက ချင်မူ့ထံသို့ နောက်တစ်ကြိမ် ပြေး၀င်လာပြန်သည်။

လှံထိပ်က ချင်မူ့မျက်ခုံးနှစ်ဖက်ကြားသို့ နီးကပ်သထက် နီးကပ်လာသော်လည်း ထိုးစိုက်မသွားနိုင်ချေ။

ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက မင်ဖန်းယွီ၏ ပုံရိပ်ကို အသေးစိတ်လေ့လာနေသည်။ မဟာဧကရာဇ် မင်ဖန်းယွီ သူ့အား နောက်တစ်ကြိမ် လှံတံဖြင့် ထိုးစိုက်လိုက်သည်နှင့် ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းက ပေါက်ကွဲထွက်လာပြီး ဒြပ်ထုအားလုံးကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားစေသည်။

တစ်ချိန်တည်းမှာပင် ချင်မူက သူ၏လက်ကို လှုပ်ခါလိုက်ရာ ကောင်းကင်နတ်သိုင်းတစ်ခု ထွက်ပေါ်လာသည်။

ထိုက်ရှီ ပွင့်လန်းနေသော နွေဦးကို မေးခွန်းထုတ်ခြင်း။

ဤကောင်းကင်နတ်သိုင်း အသက်ဝင်လာသည်နှင့် မပြောင်းလဲသောဒြပ်ထုအဖြစ် ဖွဲ့တည်သွားခဲ့သော ဤကောင်းကင်နတ်မြစ်အစိတ်အပိုင်းမှာ တသိမ့်သိမ့် တုန်ခါလာတော့သည်။ ၎င်းသည် ဒြပ်ထုအဖြစ်မှ ထိုက်ရှီချီစွမ်းအင်အသွင် ပြောင်းလဲသွားကာ ... မပြောင်းလဲသော ကောင်းကင်နတ်သိုင်းမှာ တစ်ချက်တည်း ဖျက်ဆီးခံလိုက်ရချေပြီ။

ချင်မူ လက်လွှဲရမ်းလိုက်သည့်အချိန်မှာပင် သူ၏ ခန္ဓာကိုယ်ကလည်း ရှေ့သို့ တက်သွားပြီး နတ်ဘုရားစီရင်ရာစင်မြင့်သည် ဝုန်းခနဲ ပျံထွက်လာ၏။

နောက်တခဏတွင် ထိုက်ရှီချီစွမ်းအင် ပြောင်းလဲသွားပြီး ကောင်းကင်နတ်မြစ်၊ ကောင်းကင်နတ်အရှင်လင်နှင့် မင်ဖန်းယွီတို့အားလုံး‌ ပျောက်ကွယ်သွားသည်။ သူတို့အားလုံးကား စွမ်းအင်ကိုယ်ထည်များအဖြစ် ဖွဲ့တည်နေကြလေသည်။

ချင်မူ့ခြေလှမ်း ကောင်းကင်နတ်အရှင်လင်ဘေးသို့ ရောက်ရှိသွားသည့်အချိန်တွင် သူမ၏ စွမ်းအင်ကိုယ်ထည်မှာ ရုပ်ခန္ဓာအဖြစ် ပြောင်းလဲသွားသည်။ ကောင်းကင်နတ်အရှင်လင်က လက်ကို မြှောက်၍ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းအား အသက်သွင်းရန် ပြင်လိုက်စဉ် ချင်မူက သူမလက်ကို လှမ်းဆွဲလိုက်သည်။

ဤအမျိုးသမီးလေးသည် အံ့ဩမှင်သက်နေသော မျက်နှာအမူအရာဖြင့် ချင်မူ့ကို လှည့်ကြည့်လာ၏။

သို့သော် ချင်မူက ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို ထိန်းချုပ်လျက် ကောင်းကင်ထက်မှ ပြေးဆင်းလာနေသော မဟာဧကရာဇ်ဆီသို့ မော့ကြည့်နေသည်။ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ လက်ထဲရှိ လှံသည် အလွန်ကြောက်မက်ဖွယ်ရာ စွမ်းအင်ဖြင့် မာကြောခိုင်ခံ့၏။

မူလဝိညာဉ်တွင် မှော်စွမ်းအင် ကိန်းဝပ်၏။ မင်ဖန်းယွီ၏ မှော်စွမ်းအင်က အားကောင်းပြင်းထန်လွန်းသဖြင့် လက်ရှိခေတ်တွင်ပင် အင်အားအကြီးမားဆုံးဟု ဆိုရမည်။

ဝှစ်….

လှံ ထိုးချလိုက်သည့်အချိန်တွင် ပြောင်းလဲမှုများက တရပ်စပ် ပါလာသော်လည်း ချင်မူမှာ ဤမြင်ကွင်းကို သူ၏စိတ်ထဲတွင် အကြိမ်ကြိမ် ပုံဖော်ပြီးခဲ့ပြီး ဖြစ်သည်။

လှံ ထိုးစိုက်လိုက်သည့် တစ်ချိန်တည်းမှာပင် သူ့လက်ထဲရှိ ထိုက်ယီတောင်ဝှေးကလည်း ထိုးစိုက်လိုက်သည်။

မဟာဧကရာဇ်၏ လှံတံထိပ်ကား ချွန်ထက်နေပြီး တိုက်ကွက်များသည် ရှုပ်ထွေး၏။

ထိုက်ယီတောင်ဝှေး၏ လှုပ်ရှားမှုများသည်လည်း အလွန်တရာ ရှုပ်ထွေးလေသည်။ တိုက်ကွက်တစ်ကွက်ချင်းစီတိုင်းက လှံတံထိပ်ကို အတိအကျ ထိတွေ့တိုက်ခိုက်နေသည်။

ကောင်းကင်နတ်အရှင်လင်က ချင်မူ့ကို ကြည့်နေဆဲပင်။ သို့သော် ချင်မူ့မျက်နှာသည် အလွန်တရာ တည်ကြည်လေးနက်နေကြောင်း တွေ့လိုက်ရ၏။ ချင်မူ့လက်ဖဝါးသည် ရန်သူ့ခွန်အား ကျဆင်းလာတိုင်း တုန်ရီသွားသည်ကို သူမ သတိထားမိနေသည်။

ချင်မူက သူမလက်ကို ကိုင်လျက် ကောင်းကင်နတ်မြစ်ပေါ်တွင် ရပ်လိုက်၏။ သူက ပိုလျှံနေသော ခွန်အားများ လွင့်ပျယ်သွားစေရန် နောက်သို့ ခြေတစ်လှမ်းချင်း ဆုတ်နေသည်။

ကောင်းကင်နတ်မြစ်မှာ ‌ပေါက်ကွဲပြီး လှိုင်းလုံးများ လိမ့်ထွက်သွားသည်။ မဟာဧကရာဇ်၏ လှံတံက မုန်တိုင်းကျလာသကဲ့သို့ လှိုင်းလုံးများကို ဖောက်ထွက်လာရင်း အရှိန်အဟုန်ပြင်းစွာ တိုက်ခိုက်နေသည်။ အသန်မာဆုံး ရုပ်ခန္ဓာ၏ အတိုက်အခိုက်စွမ်းရည်မှာ ကြောက်မက်ဖွယ်ကောင်းလှ၏။ ချင်မူမှာ မဟာဧကရာဇ်၏ တိုက်ကွက်အားလုံးနှင့် ကောင်းကင်နတ်သိုင်းများကို နားလည်ထားသော်လည်း ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်သည့်အခါတွင်တော့ သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသေးသည်။

ထိုအခိုက်အတန့်တွင် နတ်ဘုရားစီရင်ရာစင်မြင့်က ကောင်းကင်နတ်မြစ်အောက်မှ ထွက်လာချေပြီ။ မဟာဧကရာဇ်မင်ဖန်းယွီ မြစ်ပြင်ထက်မှ ပြေးလာသည့်အချိန်မှာပဲ ထွက်ပေါ်လာသည့် ပြေးနတ်ဘုရားစီရင်ရာစင်မြင့်ပေါ်သို့ ဆင်းသက်မိလျက်သား ဖြစ်သွားသည်။

ချင်မူက ရုတ်တရက် ရပ်လိုက်ပြီး ကောင်းကင်နတ်အရှင်လင်၏ လက်ကို ကိုင်ကာ ရှေ့သို့ လျှောက်သွားသည်။ နတ်ဘုရားစီရင်ရာစင်မြင့်သည် သူ ကောင်းကင်နတ်အရှင်လင်၏ ‌မပြောင်းလဲသော ကောင်းကင်နတ်သိုင်းကို ထိုးဖောက်ခဲ့စဉ်က ကောင်းကင်နတ်မြစ်အောက်တွင် ပုန်းခဲ့သော နေရာဖြစ်၏။ ၎င်းက ဤအခိုက်အတန့်အတွက် အတိအကျ တည်ရှိနေခဲ့ခြင်းလည်း ဖြစ်ပေသည်။

မဟာဧကရာဇ်မင်ဖန်းယွီ၏ ခြေလှမ်းများ နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်သို့ ကျရောက်သွားချိန်တွင် ၎င်းသည် လှေကားထစ် ၃၅ ထစ်ပါ၀င်သော စင်မြင့်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ နတ်ဘုရားစီရင်ရာဓားမနှစ်လက်က မိစ္ဆာနဂါးများကဲ့သို့ သူ့ပတ်ပတ်လည်တွင် ဝဲပျံနေကြ၏။

မင်ဖန်းယွီ၏ လက်ထဲမှ နတ်လှံတံသည် နဂါးတစ်ကောင်ကဲ့သို့ ပြေးထွက်လာသည်။ ပျံဝဲနေသည့် နတ်ဘုရားစီရင်ရာဓားမနှစ်လက်ကို သူ ခွဲပစ်လိုက်သည့်အချိန်တွင် ကြာပွတ်တစ်လက်က သူ၏နဖူးအပေါ်သို့ အချိန်ကိုက် ရိုက်ချလိုက်ချေပြီ။

မဟာဧကရာဇ်မင်ဖန်းယွီမှာ ရိုက်ချက်ကြောင့် ငေးကြောင်သွားပြီး မူလဝိညာဉ်မှာ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ ရုပ်ခန္ဓာထဲမှ နှင်ထုတ်ခံရလုနီးပါး ဖြစ်သွားသည်။ သူ့မှာ တုန်လှုပ်ချောက်ချားသွားတော့သည်။

ထိုအခိုက်အတန့်တွင် ထိုက်ယီ၏ တောင်ဝှေးက ဝင်ရောက်လာသည်။

ချွင်…

ချင်မူသည် ထိုက်ယီ၏တောင်ဝှေးကို ဓားပမာ အသုံးပြုကာ ထိုက်ချူရုပ်ခန္ဓာ၏ နှလုံးသားထဲသို့ ထိုးစိုက်လိုက်ချေပြီ။ မဟာဧကရာဇ်၏ မူလဝိညာဉ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး ထိုက်ချူရုပ်ခန္ဓာထဲမှ လွင့်ထွက်သွားသည်။

ချင်မူက တောင်‌ဝှေးကို သိမ်းလိုက်ရင်း သူ့ဘေးရှိ မိန်းကလေးအား ပြုံးပြလိုက်သည်။ “လင်၊ ကျွန်တော် ရောက်ပါပြီ”

All Chapters