← Chapters

လျောင်အန်း၏ စွမ်းရည်....

Vol. 18 Ch. 284

လျောင်အန်း၏ စွမ်းရည်....

Vol. 18 Ch. 284

လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် နတ်ဆိုးမျိုးစေ့များကို ပြည့်စုံစေပြီး ၎င်းတို့၏ ကပ်ပါးကောင်စွမ်းရည်ကို တိုးတက်စေခဲ့သည်။ ထို့အတူ သူက နတ်ဆိုးမျိုးစေ့တစ်ရာကိုသာ စုစည်းနိုင်လေသည်။ ယခု နတ်ဆိုးမျိုးစေ့များ စုစည်းနိုင်သော အရေအတွက်က တစ်ရာမှ သုံးရာအထိ တိုးတက်လာခဲ့သည်။

" နတ်ဆိုးမျိုးစေ့သုံးရာနဲ့ဆို အရမ်းသတိထားပြီး ရွေးချယ်နေစရာ မလိုတော့ဘူး...." လင်းယွမ်က တွေးလိုက်သည်။

ယခု လင်းယွမ်က နတ်ဆိုးသားရဲဘုရင်ခုနှစ်ယောက်ကို ထိန်းချုပ်ထားပြီး အခြားနတ်ဆိုးသားရဲများကို စိတ်မဝင်စားပေ။

" အမ် အနက်ရောင်မြူခိုးတောင်တန်းထဲကို တစ်ယောက်ယောက် ဝင်လာတာလား။ " လင်းယွမ်က တစ်စုံတစ်ခုကို ခံစားမိပြီး ဦးတည်ချက်တစ်ခုသို့ ကြည့်လိုက်သည်။

ယခု လင်းယွမ်၏ အမြစ်များက အနက်ရောင်မြူခိုးတောင်တန်းတစ်ခုလုံးတွင် ပျံ့နှံ့နေပြီး တောင်တန်းအတွင်း ဖြစ်ပျက်သမျှက သူ၏ အာရုံအတွင်း ရှိလေသည်။ ထျန်းချင်းမဟာမိတ်မှ အကြီးအကဲနှစ်ယောက်က အနက်ရောင်မြူခိုးတောင်တန်းထဲသို့ ဝင်လိုက်သည်နှင့် လင်းယွမ်က သူတို့ကို သတိပြုမိခဲ့သည်။

" ဒီနှစ်ယောက် ဆဋ္ဌမအလွှာ ခွန်အားကို ပိုင်ဆိုင်တာလား။ "

ခနကြာသောအခါ နတ်လူဝံဘူရင်က နတ်ဆိုးမျိုးစေ့ကို ဖြတ်၍ လင်းယွမ်နှင့် ဆက်သွယ်ပြီး ထျန်းချင်းမဟာမိတ်မှ အကြီးအကဲနှစ်ယောက်အကြောင်းကို ပြောပြလိုက်သည်။

" ထျန်းချင်းမဟာမိတ်က ဆဋ္ဌမအလွှာ အကြီးအကဲနှစ်ယောက်..." လင်းယွမ်က ပြုံးလိုက်သည်။

သူက ကပ်ပါးကောင်များအတွက် ပိုင်ရှင်အသစ်များ စဉ်းစားနေစဉ် ထျန်းချင်းမဟာမိတ်၏ အကြီးအကဲ နှစ်ယောက်က တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခဲ့သည်။

အကြီးအကဲ ရှုကျွမ်းနှင့် လျောင်အန်းတို့က သူတို့၏ နေရာတွင် ရပ်စောင့်နေကြသည်။

အနီးတွင် နတ်လူဝံဘုရင်က မျက်လုံးများမှိတ်ပြီး အခြားနတ်ဆိုးသားရဲဘုရင်များနှင့် ဆက်သွယ်နေသည်။

" ဦးလေးကျွမ်း ကျုပ်တစ်ခုခုမှားနေတယ်လို့ ခံစားနေရတယ်။ " ပတ်ဝန်းကျင်ကို လေ့လာနေသော လျောင်အန်းက အမှောင်ထဲမှ မျက်လုံးတစ်စုံက သူ့ကို ကြည့်နေသကဲ့သို့ စိုးရိမ်မှုများက တိုးလာခဲ့သည်။

ထိုခံစားချက်က ပြင်းထန်ပြီး စစ်မြေပြင်တွင် သေခြင်းရှင်ခြင်းအန္တရာယ်ကို ရင်ဆိုင်ချိန်မှ ပေါ်လာတတ်လေသည်။

လျောင်အန်းက မိစ္ဆာနတ်ဘုရား စစ်မြေပြင်တွင် နှစ်ပေါင်းသုံးရာနီးပါး တိုက်ခိုက်ခဲ့သော်လည်း စစ်မှန်သော သေခြင်းရှင်ခြင်းအန္တရာယ်ကို ရင်ဆိုင်ရသည်မှာ ဆယ်ကြိမ်ထက် မပိုခဲ့ပေ။ အကြိမ်တိုင်း သူ၏ ထူးခြားသော အာရုံကြောင့် ကြိုတင်ပြင်ဆင်နိုင်ခဲ့ပြီး အခွင့်အလမ်းများ စုဆောင်းကာ ထျန်းချင်းမဟာမိတ်၏ အကြီးအကဲတစ်ယောက် ဖြစ်လာခဲ့သည်။

ယခု သူတို့က လုံခြုံသော ထျန်းချင်းကမ္ဘာထဲတွင် ဖြစ်လေသည်။ လျောင်အန်းက အနည်းငယ် စိတ်ကူးယဉ်ဆန်သည်ဟု ထင်ရသော်လည်း အကြီးအကဲရှုကျွမ်းကို ပြောပြခဲ့သည်။

အမှန်တွင် အနက်ရောင်မြူခိုးတောင်တန်းထဲသို့ ဝင်လိုက်သည်နှင့် လျောင်အန်းက တစ်ခုခုမှားနေသည်ကို ခံစားမိခဲ့သော်လည်း ရှုကျွမ်းကတော့ ၎င်းကို အလေးအနက် မထားခဲ့ပေ။

" ဘာဖြစ်လို့လဲ။ " ရှုကျွမ်းက အသံတိုးတိုးနှင့် မေးလိုက်သည်။

" ဘာလို့လဲ။ " လျောင်အန်းကလည်း အတိအကျ ဘာမှန်းမသိပေ။ ၎င်းက ဆဋ္ဌမအာရုံတစ်ခုသာ ဖြစ်သည်။

" နတ်ဆိုးသားရဲဘုရင်တွေက အနက်ရောင်မြူခိုးတောင်တန်းရဲ့ အနက်ရှိုင်းဆုံးမှာ နေတာမဟုတ်လား။ ဘာလို့ ဒီမှာပေါ်လာတာလဲ။ " လျောင်အန်းက အကြောင်းရင်းတစ်ခုရှာပြီး ပြောလိုက်သည်။

" အဲ့ဒါ..." ရှုကျွမ်းက တိတ်ဆိတ်သွားသည်။

နတ်လူဝံဘုရင်က ဘာလို့ဒီမှာရှိနေတာလဲ။ အနက်ရောင်မြူခိုးတောင်တန်းတစ်ခုလုံးက နတ်ဆိုးသားရဲဘုရင်များ၏ နယ်မြေဖြစ်ပြီး သူတို့အလိုရှိသော နေရာတွင် ရှိနေနိုင်လေသည်။

" ကောင်းပြီ။ ငါနဲ့လိုက်ခဲ့။ သူတို့က မင်းတို့နဲ့ တွေ့ဖို့ အဆင်သင့်ပဲ။ " နတ်လူဝံဘုရင်က မတ်တပ်ရပ်လိုက်ပြီး သူ၏ ကြီးမားသော အရိပ်ကြီးက ရှုကျွမ်းနှင့် လျောင်အန်းတို့ကို ဖုံးလွှမ်းသွားသည်။

ဝုန်း ဝုန်း....

နတ်လူဝံဘုရင်က အနက်ရောင်မြူခိုးတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာသို့ ကြီးမားသော ခြေလှမ်းများဖြင့် လျှောက်လှမ်းသွားသည်။

အကြီးအကဲရှုကျွမ်းနှင့် လျောင်အန်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

" စိတ်မပူနဲ့။ ဒါက မြူနက်တောင်တန်းပဲ။ အဲ့ဒီနတ်ဆိုးသားရဲဘုရင်တွေက ငါတို့ကို တိုက်ခိုက်ရဲမှာမဟုတ်ဘူး။ သူတို့က မဟာမိတ်ခေါင်းဆောင်ကို မကြောက်ဘူးလား။ " ရှုကျွမ်းက လျောင်အန်းကို ဖျောင်းဖျလိုက်သည်။

" အဲ့လိုပဲ မျှော်လင့်ရမှာပဲ။ " လျောင်အန်းက သူ၏ စိတ်ကို ထိန်းချုပ်ပြီး ရှုကျွမ်းနောက်မှ လိုက်ပါသွားသည်။

အချိန်ကြာလာသည်နှင့်အမျှ သူတို့က အနက်ရောင်မြူခိုးတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာနှင့် နီးကပ်လာကြသည်။

အန္တရာယ်....

အန္တရာယ်....

အဆုံးစွန်သော အန္တရာယ်....

လျောင်အန်းက သူ၏ အသွေးအသားများက တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။

" ငါ ဘာလို့ဒီလိုခံစားနေရတာလဲ။ " လျောင်အန်းက မယုံကြည်နိုင်ဖြစ်နေသည်။

နောက်ဆုံးအကြိမ် သူ ထိုကဲ့သို့ ခံစားရသည်မှာ လွန်ခဲ့သော နှစ်တစ်ရာမှဖြစ်သည်။ ထိုအချိန်က လျောင်အန်းမှာ စတုတ္ထအလွှာတွင် ရှိနေပြီး စစ်မြေပြင်တွင် နတ်ဆိုးရုပ်သေးများနှင့် တိုက်ခိုက်နေခဲ့သည်။

လျောင်အန်းက ထိုကဲ့သို့ ကြိုတင်သတ်ပေးချက်ကို ပထမဆုံးအကြိမ်ခံစားခဲ့ရပြီး မကြာမီ မိစ္ဆာနတ်ဘုရား ဆင်းသက်လာပြီး စစ်မြေပြင်ကို တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။

" မိစ္ဆာ မိစ္ဆာ နတ်ဘုရားလား။ " လျောင်အန်းက ဦးရေပြားများပင် ထုံကျဉ်သွားသည်။

ထျန်းချင်းကမ္ဘာထဲတွင် မိစ္ဆာနတ်ဘုရား ဆင်းသက်လာချိန်နှင့် တူညီသော ခံစားချက်ကို ရရှိလိုက်သောကြောင့် မယုံကြည်နိုင်လောက်အောင် တုန်လှုပ်သွားသည်။

" ငါဆက်မသွားနိုင်ဘူး။ " လျောင်အန်းက အနက်ရောင်မြူခိုးတောင်တန်းသို့ မိစ္ဆာနတ်ဘုရား ဆင်းသက်လာမည်ကို ယုံရလက်နေသော်လည်း သူ၏ ပင်ကိုတုန့်ပြန်မှုကို သံသယမဝင်ပေ။

ဝှစ်....

လျောင်အန်းက ကောင်းကင်တွင် ပျံသန်းနေသကဲ့သို့ ချက်ချင်း အနက်ရောင်မြူခိုးတောင်တန်း၏ အပြင်သို့ ဦးတည်သွားခဲ့သည်။

" အာ..." ရှုကျွမ်းက အနည်းငယ် ထိတ်လန့်သွားသည်။ လျောင်အန်းက ဘာကြောင့် ရုတ်တရက် ထိုသို့ပြုမူသည်ကို သူနားမလည်ပေ။

" ပြေးချင်သေးတာလား။ " နတ်လူဝံဘုရင်က ပျံသန်းနေသော လျောင်အန်းကို လှည့်ကြည့်ပြီး သူ၏ ညာလက်နှင့် ရိုက်ချလိုက်သည်။

ဝုန်း...

ကြောက်စရာကောင်းသော စွမ်းအားက လေဟာနယ်ကို ဖိနှိပ်သွားပြီး နတ်လူဝံဘုရင်က လင်းယွမ်ရှေ့တွင် ခုခံနိုင်စွမ်းမရှိဘဲ အားနည်းသည်ဟု ထင်ရသော်လည်း ထျန်းချင်းမဟာမိတ်မှ ဆဋ္ဌမအလွှာ အကြီးအကဲတစ်ယောက်ဖြစ်သော လျောင်အန်းကို တစ်ချက်တည်းနှင့် ဒဏ်ရာရသွားစေရန် လုံလောက်လေသည်။

" မင်း..." အကြီးအကဲ ရှုကျွမ်းက အချိန်အတော်ကြာသည်အထိ မတုန့်ပြန်နိုင်ခဲ့ပေ။

ပထမဆုံး လျောင်အန်းက ရုတ်တရက် ထွက်ပြေးခဲ့ပြီး နတ်လူဝံဘုရင်က လက်ဝါးတစ်ချက်နှင့် လျောင်အန်းကို ဒဏ်ရာရရှိစေခဲ့သည်။

" နတ်လူဝံဘုရင် မင်း အတင့်ရဲလှချည်လား။ " သူက လျောင်အန်း၏ လုပ်ရပ်ကို နားမလည်သော်လည်း ထျန်းချင်းမဟာမိတ်၏ အကြီးအကဲတစ်ယောက်အနေဖြင့် လျောင်အန်းဘက်တွင် ရပ်တည်သင့်လေသည်။ အဆုံးတွင် လျောင်အန်းက ဘာမှမလုပ်ရသေးဘဲ နတ်လူဝံဘုရင်က အဆင်ခြင်မဲ့စွာ တိုက်ခိုက်ခဲ့လေသည်။

" သူ ဒဏ်ရာပဲရတာ မသေဘူး။ " နတ်လူဝ​ံဘုရင်က ရှုကျွမ်းကို ငုံ့ကြည့်ပြီး ပြောလိုက်သည်။

" ဒဏ်ရာပဲရတာလား။ ဟမ့် ဒါဆို အခု ငါတို့ ပြန်သွားပြီး သူ့ဒဏ်ရာတွေကို ကုပေးမယ်။ သူပြန်ကောင်းလာမှ ငါတို့ ထျန်းချင်းမဟာမိတ်ခေါင်းဆောင်ရဲ့ အမိန့်ကို ပြန်လာပို့မယ်။ " ရှုကျွမ်းက ခနတိတ်ဆိတ်သွားပြီး လျောင်အန်းဆီသို့ ပျံသန်းသွားသည်။

လျောင်အန်းပြောခဲ့သော စကားများနှင့်အတူ နတ်လူဝံဘုရင်၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ရှုကျွမ်းက အနက်ရောင်မြူခိုးတောင်တန်းမှာ ယခင်ကဲ့သို့ မဟုတ်တော့သည်ကို ခံစားလိုက်ရသည်။

ရှုကျွမ်းက ယခင် နတ်လူဝံဘုရင်နှင့် ဆက်ဆံမှုမရှိခဲ့သော်လည်း ထျန်းချင်းမဟာမိတ်၏ အကြီးအကဲတစ်ယောက်ကို တိုက်ခိုက်ခြင်း၏ အဓိပ္ပါယ်ကို ကောင်းကောင်းသိလေသည်။

ဖြစ်နိုင်ချေနှစ်ခုရှိလေသည်။ တစ်ချက်မှာ နတ်လူဝံဘုရင်က ရူးသွားခြင်းဖြစ်သည်။ နောက်တစ်ချက်မှာ နတ်လူဝံဘုရင်က ထျန်းချင်းမဟာမိတ် သို့မဟုတ် မဟာမိတ်ခေါင်းဆောင်ကို ရန်စလိုက်ခြင်းဖြစ်သည်။

" ပြန်သွားမှာလား။ ပြန်သွားဖို့မလိုဘူး။ သူ့ကို ဒီနေရာမှာ ကုသပေးလို့ရတယ်။ " နတ်လူဝံဘုရင်က ရှုကျွမ်းကို စိုက်ကြည့်လိုက်သည်။

" နတ်လူဝံဘုရင် မင်းက ငါ့ကို ဒီမှာခေါ်ထားနိုင်မယ်ထင်လို့လား။ " ရှုကျွမ်းက နှာခေါင်းရှုံ့လိုက်သည်။ သူ၏ ခွန်အားက နတ်လူဝံဘုရင်နှင့် တန်းတူမဟုတ်သော်လည်း အနည်းငယ်သာ နိမ့်ကျလေသည်။ သူက မိစ္ဆာနတ်ဘုရား မဆင်းသက်လာမီကတည်းက ဆဋ္ဌမအလွှာသို့ ရောက်နေခဲ့ပြီဖြစ်သည်။

နတ်လူဝံဘုရင်က လျောင်အန်းကို ဒဏ်ရာရစေကတည်းက သူ၏ အကန့်အသတ်ကို ကျော်လွန်သွားပြီဖြစ်သည်။

" ​ကြိုးစားကြည့်လေ။ " နတ်လူဝံဘုရင်က ပြောလိုက်သည်နှင့် ကြောက်စရာကောင်းသော အော်ရာတစ်ခုက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

" မင်းက တကယ် တစ်ခုခုမှားနေတာပဲ။ ပြီးတော့ အနက်ရောင်မြူခိုးတောင်တန်းလည်း အတူတူပဲ။ " ရှုကျွမ်းက ဖြည်းညင်းစွာ ပြောလိုက်သည််။

နတ်လူဝံဘုရင်က လျောင်အန်းကို တိုက်ခိုက်ခဲ့ရုံသာမက ယခု သူတို့ကို အနက်ရောင်မြူခိုးတောင်တန်းတွင် ထိန်းသိမ်းထားရန် ကြံစည်နေသည်။

All Chapters