← Chapters

ဘိုးဘေးနတ်ဆိုးသစ်ပင်ငယ်....

Vol. 18 Ch. 285

ဘိုးဘေးနတ်ဆိုးသစ်ပင်ငယ်....

Vol. 18 Ch. 285

" ချိုးဖျက်စမ်း...." ရှုကျွမ်း၏ ခန္ဓာကိုယ်မှ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ပြင်းထန်စွာ ထိုးနှက်ခိုက်ရာ နတ်လူဝံဘုရင်က နောက်သို့ ယိုင်သွားခဲ့သည်။

ထို့နောက် သူက ချက်ချင်း ကောင်းကင်မှ အနက်ရောင်မြူခိုးတောင်တန်း၏ အပြင်သို့ အရှန်ပြင်းစွာ ပျံသန်းသွားခဲ့သည်။

" မကောင်းတော့ဘူး။ " နတ်လူဝံဘုရင်က ရှုကျွမ်းနောက်သို့ လိုက်ရန် ပြင်လိုက်သည်။

" အရူး မင်းငါ့ကို လိုက်နိုင်မယ်ထင်လို့လား။ " ရှုကျွမ်းက နောက်သို့ လှည့်ကြည့်ပြီး ပြောလိုက်သည်။

သူ၏ အရှိန်နှင့် မကြာမီ ထျန်းချင်းမဟာမိတ်မှ အခြားသူများနှင့် ဆက်သွယ်နိုင်သော အနက်ရောင်မြူခိုးတောင်တန်း၏ အပြင်ဘက်သို့ ရောက်တော့မည်ဖြစ်သည်။

" အနက်ရောင်မြူခိုးတောင်တန်းက ဒိလိုယုတ်မာတဲ့ လုပ်ရပ်တွေ ကျူးလွန်ရဲတယ်။ဒါကို မဟာမိတ်ခေါင်းဆောင်ကို တင်ပြပြီး အားလုံးကို အပြစ်ပေးရမယ်။ " ရှုကျွမ်းက စိတ်ထဲမှ ဆုံးဖြတ်ချက်ချလိုက်သည်။

သို့သော် ထိုခနတွင်....

ဝုန်း....

အနက်ရောင်နွယ်ပင်တစ်ပင်က မြေပြင်မှ ထိုးထွက်လာပြီး ရှုကျွမ်းကို သတိမေ့အောင် ရိုက်နှက်သွားသည်။

" ကျေးဇူးတင်ပါတယ် သခင်...." နတ်လူဝံဘုရင်က ရှေ့တိုး၍ ဦးညွှတ်လိုက်သည်။ အနက်ရောင် နွယ်ပင်သာ မလှုပ်ရှားခဲ့လျှင် အကြီးအကဲရှုကျွမ်းက လွတ်မြောက်သွားပေလိမ့်မည်။

အချိန်မည်မျှ ကြာသွားသည်မသိ ရှုကျွမ်းနှင့် လျောင်အန်းတို့က တဖြည်းဖြည်း သတိရလာကြသည်။

" ငါ ငါ မသေဘူးလား။ " ရှုကျွမ်းက ရုတ်တရက် စိတ်ရှုပ်ထွေးသွားသည်။ သူ၏ နောက်ဆုံးအခိုက်အတန့်တွင် အနက်ရောင်နွယ်ပင်က သူ့ဆီသို့ ဦးတည်လာနေသည်ကို မြင်ခဲ့ရသည်။

ထိုနွယ်ပင်ကို မြင်လိုက်ရချိန်တွင် နတ်လူဝံဘုရင်ထက် သာလွန်သည်ကို ခံစားခဲ့ရသည်။ နတ်ဆိုးသားရဲဘုရင်များရှေ့တွင် ရှုကျွမ်းက ခုခံနိုင်စွမ်းရှိဘေသည်။ သို့သော် အနက်ရောင်နွယ်ပင်ကို မြင်လိုက်ရချိန်တွင် ရှုကျွမ်းက သူ၏ ခန္ဓာကိုယ်ပတ်လည်မှ ဖိအားများ ဝင်ရောက်လာသည်ကို ခံစားခဲ့ရသည်။ ရှောင်ရန်လမ်းမရှိသကဲ့သို့ အခွင့်အရေးလည်း မရှိပေ။

ထိုခံစားချက်ကို ရှုကျွမ်းက ထျန်းချင်းကမ္ဘာတစ်ခုလုံးတွင် ကမ္ဘာဓားကို ကိုင်ဆောင်ထားသော ထျန်းချင်းမဟာမိတ်ခေါင်းဆောင်နှင့် ရင်ဆိုင်ရချိန်တွင်သာ ခံစားရလေသည်။

သတ္တမအလွှာ အထွတ်အထိပ်....သူတို့ကို သတ္တမအလွှာ အထွတ်အထိပ်တစ်ယောက်က တိုက်ခိုက်ခဲ့လေသည်။ ၎င်းကို တွေးမိချိန်တွင် ရှုကျွမ်းက အလွန်တုန်လှုပ်သွားခဲ့သည်။

" ဒါဘယ်နေရာလဲ။ " လျောင်အန်းက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။

၎င်းက စိတ်ဝိညာဉ်စွမ်းအားများ ပေါများစွာ ရှိနေသော ချိုင့်ဝှမ်းတစ်ခု ဖြစ်လေသည်။

" ဦးလေးကျွမ်း ကျွန်တော်တို့ ဘယ်မှာလဲ။ " လျောင်အန်းက သူ၏ ဘေးမှ နိုးလာသော ရှုကျွမ်းကို သတိထားမိလိုက်သည်။

ထိုအချိန်တွင် သူတို့၏ အသွေးအသား၊ စိတ်ဝိညာဉ်နှင့် စွမ်းအားများ အားလုံးကို ချိပ်ပိတ်ထားပြီဖြစ်ကြောင့် သိလိုက်ရသဖြင့် သူတို့၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။

" နတ်ဆိုးသားရဲဘုရင်တွေ...." ရှုကျွမ်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

သူတို့နှင့် ဆန့်ကျင်ဘက်တွင် ပုံရိပ်ခုနှစ်ခုရပ်နေသည်ကို တွေ့လိုက်ရပြီး တုန်လှုပ်သွားကြသည်။ နတ်လူဝံဘုရင်၊ နတ်ဆင်ဘုရင်၊ အပြာရောင်ငှက်ဘုရင် အနက်ရောင်မြူခိုးတောင်တန်း၏ နတ်ဆိုးသားရဲဘုရင် ခုနှစ်ယောက်တို့က ထိုနေရာတွင် စုစည်းနေကြသည်။

ရှုကျွမ်းကို ပို၍ အံ့ဩသွားစေသည်မှာ နတ်ဆိုးသားရဲဘုရင် ခုနှစ်ယောက်က ရိုသေလေးစားစွာဖြင့် တစ်နေရာသို့ ဦးညွှတ်နေကြလေသည်။

ဘယ်သူလဲ။ နတ်ဆိုးသားရဲဘုရင်တွေကို ဒီလိုအမိန့်နာခံအောင် လုပ်နိုင်တာ ဘယ်သူလဲ။

ရှုကျွမ်းက မယုံကြည်နိုင်ဖြစ်နေသည်။ နတ်ဆိုးသားရဲဘုရင်များက သဘာဝအားဖြင့် မောက်မာကြပြီး သူတို့၏ မြင့်မြတ်သွေးမျိုးဆက်များက ကျင့်ကြံသူများကို အထင်ကြီးစေခဲ့သည်။

ထျန်းချင်းမဟာမိတ်တစ်ခုလုံးတွင် နတ်ဆိုးသားရဲဘုရင်များကို ထိတ်လန့်တုန်လှုပ်စေည့် တစ်ဦးတည်းသောလူမှာ ထျန်းချင်းမဟာမိတ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်အနည်းငယ်သာ ရှိလေသည်။

ရှုကျွမ်းက ထိတ်လန့်တုန်လှုပ်စွာဖြင့် နတ်ဆိုးသားရဲဘုရင် ခုနှစ်ယောက် ဦးညွှတ်နေသော နေရာသို့ ကြည့်လိုက်သည်။

ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်က အကိုင်းအခက်များက လှုပ်ရမ်းနေပြီး အနက်ရောင်နွယ်ပင်များက တွဲလောင်းကျနေသည်။ ရှေးဟောင်းမိစ္ဆာအော်ရာတစ်ခုက ၎င်းမှ ထွက်ပေါ်နေသည်။

" အဲ့ဒါဘာလဲ။ " ရှုကျွမ်းက ထိတ်လန့်သွားပြီး ထိုရှေးဟောင်းသစ်ပင်ကို မြင်ဖူးသည်ဟု ခံစားရသော်လည်း မမှတ်မိပေ။ သူမမှတ်မိလျှင်တောင် ကြောက်စရာကောင်းသော ခံစားချက်တစ်ခုက သူ၏ စိတ်ထဲတွင် ဖြစ်ပေါ်နေသည်။

" ဦးလေးကျွမ်း အဲ့ဒါ မိစ္ဆာနတ်ဘုရားပဲ..." လျောင်အန်း၏ အသံက တုန်ယင်နေပြီး ရှုကျွမ်းကို ပြောလိုက်သည်။

ထိုရှေးဟောင်းသစ်ပင်က ကမ္ဘာအပြင်မှ မိစ္ဆာနတ်ဘုရားနှင့် အလွန်ဆင်တူလေသည်။ မိစ္ဆာနတ်ဘုရားအသေးစားဟုပင် ပြောလို့ရလေသည်။

သို့သော် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ရှုကျွမ်းက စိတ်ဝိညာဉ်ထိ တုန်လှုပ်ခြောက်ခြားနေသည်။ အကယ်၍ ၎င်းက မိစ္ဆာနတ်ဘုရားဖြစ်လျှင် ၎င်းက ထျန်းချင်းကမ္ဘာတစ်ခုလုံးကို ကမ္ဘာအပြင်ဘက်သို့ ဆွဲခေါ်ပြီး စစ်မြေပြင်ကို ဖွ့င်လှစ်မည်မဟုတ်ပေ။

သူတို့က ထျန်းချင်းကမ္ဘာထဲမှ အသက်များကို ကာကွယ်ရန် မိစ္ဆာနတ်ဘုရားကို အတွင်းသို့မဝင်နိုင်အောင် အပြင်းအထန် တိုက်ခိုက်ခဲ့ကြလေသည်။ သို့သော် မိစ္ဆာနတ်ဘုရားက ထျန်းချင်းကမ္ဘာထဲသို့ ရောက်နေလေသည်။

" မိစ္ဆာနတ်ဘုရား..."

" မဟုတ်ဘူး။ မင်းက မိစ္ဆာနတ်ဘုရားမဟုတ်တာ သေချာတယ်။ "

" အနည်းဆုံးတော့ ဒါက စိတ်ဝိညာဉ်မရှိဘူးပဲ။ "

ရှုကျွမ်းက လျောင်အန်းဘေးတွင် ရပ်နေပြီး နတ်ဆိုးသားရဲဘုရင် ခုနှစ်ယောက် ဦးညွှတ်နေသော ရှေးဟောင်းသစ်ပင်ကို စိုက်ကြည့်နေသည်။

ထိုအချိန်တွင် ကြောက်စရာကောင်းသော ဖိအားတစ်ခုက ဆင်းသက်လာပြီး လျောင်အန်းက မတ်တပ်ရပ်နေသော်လည်း ခြေထောက်များ တုန်ယင်နေသည်။

ခနကြာသောအခါ ရှေးဟောင်းသစ်ပင်ဆီမှ ကြီးမားသော စိတ်ဝိညာဉ်အတက်အကျတစ်ခု ထွက်ပေါ်လာသည်။

" ဘယ်လိုတောင်ပြောရဲတာလဲ။ " လင်းယွမ်က လျောင်အန်းနှင့် ရှုကျွမ်းတို့ကို စိတ်ဝင်တစား ကြည့်လိုက်သည်။

ဤကမ္ဘာသို့ စရောက်ချိန်ကတည်းက လင်းယွမ်က လူသားကျင့်ကြံသူများနှင့် ဆက်ဆံသည်မှာ မရှိသလောက် ရှားလေသည်။

ပထမအချက်မှာ လူသားများက နတ်ဆိုးသားရဲများထက် ဉာဏ်ကောင်းပြီး ချို့ယွင်းချက်တစ်ခုခု ပေါ်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ သူ၏ ခွန်အား မလုံလောက်ခင် ထိုလူသားကျင့်ကြံသူများနှင့် ပက်သက်ခြင်းကို ရှောင်ကျဉ်ခဲ့သည်။

ဒုတိယအချက်မှာ မလိုအပ်သောကြောင့် ဖြစ်သည်။ သူသိလိုသမျှကို အမှောင်ထဲမှ နားထောင်နိုင်သောကြောင့် ဖြစ်သည်။

လင်းယွမ်၏ တုန့်ပြန်မှုကို ကြားလိုက်ရသောအခါ လျောင်အန်းက ကြောက်လန့်သွားသည်။ သူ၏ ရှေ့မှ ဘိုးဘေးနတ်ဆိုးသစ်ပင်ငယ်က အမှန်တကယ် အသိစိတ် ရှိနေလေသည်။

" မင်းသာ မိစ္ဆာနတ်ဘုရားဆိုရင် အနက်ရောင်မြူခိုးတောင်တန်းထဲမှာ ပုန်းနေမှာမဟုတ်ဘူး။ မင်း လှုပ်ရှားပြီးနေလောက်ပြီ။ " လျောင်အန်းက အသက်ပြင်းပြင်း ရှူလိုက်သည်။

" အခု ငါတို့ကို လွှတ်ပေးတာ ကောင်းလိမ့်မယ်။ ငါတို့နှစ်ယောက်လုံးက ထျန်းချင်းမဟာမိတ်က အဆင့်အတန်းမြင့်တဲ့ အကြီးအကဲတွေပဲ။ ငါတို့က နတ်ဆိုးသားရဲဘုရင်တွေကို ဆင့်ခေါ်ဖို့ ရောက်လာတာပဲ။ တကယ်လို့ ငါတို့သာ ပြန်မလာရင် ထျန်းချင်းမဟာမိတ်က သန်မာတဲ့သူတွေက လာစုံစမ်းမှာ သေချာတယ်။ " လျောင်အန်းက ရှင်းပြလိုက်သည်။

" နောက်ဆုံး မိစ္ဆာနတ်ဘုရားနဲ့ မင်းရဲ့ ဆက်ဆံရေးကို မသိပေမယ့် မင်းသာ ငါတို့ ထျန်းချင်းမဟာမိတ်နဲ့ ပူးပေါင်းပြီး မိစ္ဆာနတ်ဘုရားကို ဆန့်ကျင်ခဲ့ရင် ငါ မင်းအသက်ရှင်ဖို့ မဟာမိတ်ခေါင်းဆောင်ကို တောင်းပန်ပေးမယ်။ " လျောင်အန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

ယခု သူပြောသမျှက သူ၏ ထင်မြင်ချက်အပေါ်တွင်သာ အခြေခံလေသည်။ သူတို့၏ ရှေ့မှ ရှေးဟောင်းသစ်ပင်က မိစ္ဆာနတ်ဘုရားမဟုတ်ပေ။ သို့မဟုတ် မိစ္ဆာနတ်ဘုရားနှင့် တူညီသော ရည်ရွယ်ချက်မရှိပေ။ အကြောင်းရင်းမှာ ၎င်းက သူနှင့် ရှုကျွမ်းကို ချက်ချင်း မသတ်ပစ်ခဲ့ပေ။ သူတို့က အစစ်အမှန် မိစ္ဆာနတ်ဘုရားနှင့် ရင်ဆိုင်ရလျှင် စကားပြောရန် မပြောနှင့် အသက်ရှင်ရန်ပင် မျှော်လင့်ချက်ရှိမည်မဟုတ်ပေ။

စကားပြောပြီး​နောက် လျောင်အန်းနှင့် ရှုကျွမ်းတို့က တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ သူတို့က ရွေးချယ်စရာမရှိပေ။ လင်းယွမ်က မိစ္ဆာနတ်ဘုရား ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူတို့၏ အသက်က သူ၏ လက်ထဲတွင် ရှိလေသည်။

လျောင်အန်းက ဖျောင်းဖျခဲ့လျှင်တောင် လင်းယွမ်က သူတို့ကို သတ်ရန် ဆုံးဖြတ်ခဲ့လျှင် နှစ်ယောက်လုံး လွတ်မြောက်နိုင်မည်မဟုတ်ပေ။ ထျန်းချင်းမဟာမိတ်မှ သန်မာသူများက နောက်ပိုင်း လက်စားချေခဲ့လျှင်တောင် သူတို့က သေဆုံးသွားပြီဖြစ်သည်။

သို့သော် လင်းယွမ်က သူတို့ကို ဂရုစိုက်ခြင်းမရှိဘဲ နတ်ဆိုးမျိုးစေ့များကို ထုတ်လွှတ်ပြီး ကပ်ပါးကောင်စွမ်းရည်ကို ထုတ်ဖော်လိုက်သည်။ ရှုကျွမ်းနှင့် လျောင်အန်းတို့က ထျန်းချင်းမဟာမိတ်၏ အကြီးအကဲများ ဖြစ်ကြပြီး လင်းယွမ်၏ စံနှုန်းများနှင့် ကိုက်ညီလေသည်။

မီးခိုးရောင်မျိုးစေ့နှစ်ခုက ကျဆင်းလာသည်။ ကပ်ပါးကောင်စွမ်းရည်ကို ပြည့်စုံစေပြီးနောက် နတ်ဆိုးမျိုးစေ့က ပို၍ နက်နဲလာပြီး ၎င်းထဲမှ ဆန်းကျယ်သော စိတ်ဝိညာဉ်စွမ်းအားတစ်ခု စီးဆင်းနေသည်။

All Chapters