← Chapters

အနက်ရောင်မြူခိုးတောင်တန်း၏ ဘုရင်များ....

Vol. 18 Ch. 271

အနက်ရောင်မြူခိုးတောင်တန်း၏ ဘုရင်များ....

Vol. 18 Ch. 271

" အားလုံးပြီးပြီ။ သွားမယ်။ "

လင်းယွမ်က ကျေနပ်စွာဖြင့် အမြစ်များကို ထိန်းချုပ်ပြီး အနက်ရောင်မြူခိုးတောင်တန်း၏ အတွင်းပိုင်းသို့ ဝင်ရောက်သွားသည်။ အခြားနတ်ဆိုးသားရဲများ သတိမထားမိစေရန် လင်းယွမ်က ပတ်ဝန်းကျင်ကို လေ့လာပြီးမှ ဆက်သွားလေသည်။

လဝက်ကြာပြီးသောအခါ လင်းယွမ်က အနက်ရောင်မြူခိုးတောင်တန်း၏ အတွင်းပိုင်းသို့ ဝင်ရောက်လာနိုင်ခဲ့သည်။ ထိုနေရာက စိတ်ဝိညာဉ်စွမ်းအားများ ပေါများသော အတွင်းပိုင်း၏ အစွန်တွင်ဖြစ်ပြီး နတ်ဆိုးသားရဲအရေအတွက်လည်း တိုးလာခဲ့သည်။

ယခုအခါ လင်းယွမ်၏ ခန္ဓာကိုယ်အရွယ်အစားက ဆယ်မီတာကျော်မြင့်သွားခဲ့သည်။ အနက်ရောင်ပင်စည်နှင့် သစ်ရွက်များက အေးစက်သော အော်ရာတစ်ခု ထုတ်လွှတ်နေသည်။

" မဟုတ်သေးဘူး။ ငါ့ရဲ့ အော်ရာကို ဖုံးကွယ်ရမယ်။ " လင်းယွမ်က တွေးလိုက်၏။

သူက မိစ္ဆာအော်ရာကို ထုတ်လွှတ်နေလျှင် နတ်ဆိုးသားရဲများက ချဉ်းကပ်ရဲတော့မည်မဟုတ်ပေ။

" အော်ရာကို ဖုံးကွယ်တဲ့ နည်းစနစ်တစ်ခု ဖန်တီးတာက မခက်ခဲလောက်ပါဘူး။ "

လင်းယွမ်က နတ်ဆိုးသစ်ပင်၏ အော်ရာကို အခြေခံပြီး အော်ရာဖုံးကွယ်ခြင်းနည်းစနစ်တစ်ခုဖန်တီးရန် စတင်ဆင်ခြင်လိုက်သည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် သင်၏ အော်ရာကို အာရုံခံပြီး အော်ရာဖုံးကွယ်ခြင်းနည်းစနစ်ကို ဖန်တီးဖို့ ကြိုးစားနေပါတယ်။ ]

ရက်အချို့ကြာပြီးသောအခါ လင်းယွမ်က အော်ရာဖုံးကွယ်ခြင်းနည်းစနစ်ကို ဖန်တီးနိုင်ခဲ့သည်။ အသက်သွင်းလိုက်သည်နှင့် သူ၏ မိစ္ဆာအော်ရာက ပျောက်ကွယ်သွားပြီး အန္တရာယ်မရှိသော အော်ရာကို ထုတ်လွှတ်နေသည်။

ထိုအချိန်တွင် လင်းယွမ်၏ အပေါ်မှ ပျံသန်းသွားသော ငှက်များက သူ၏ အကိုင်းအခက်များပေါ်တွင် နားသွားကြသည်။

" မဆိုးဘူး။ မဆိုးဘူး။ "

လင်းယွမ်က ထိုအားနည်းသော ငှက်များကို စိတ်မဝင်စားပေ။

" ဝံပုလွေနတ်ဆိုးလား။ " လင်းယွမ်၏ အာရုံက ဖြန့်ကျက်သွားပြီး မိုင်အနည်းငယ် အဝေးတွင် ဝံပုလွေသားရဲတွင်းတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ ဝံပုလွေခေါင်းဆောင်က ခုနှစ်မီတာ၊ ရှစ်မီတာ အရွယ်အစားရှိပြီး တောင်ကုန်းငယ်တစ်ခုနှင့်ပင် တူနေသည်။

ထိုသို့ဖြင့် အချိန်များက တရွေ့ရွေ့ကုန်ဆုံးလာခဲ့သည်။ လင်းယွမ်က ဤကမ္ဘာသို့ ရောက်လာသည်မှာ နှစ်ငါးဆယ် ရှိပြီဖြစ်သည်။

အနက်ရောင်မြူခိုးတောင်တန်းက ထျန်းချင်းကမ္ဘာ၏ ထိပ်ဆုံးတောင်တန်းဆယ်ခုထဲမှ တစ်ခုအပါအဝင် ဖြစ်သကဲ့သို့ နတ်ဆိုးသားရဲများနှင့် ဆေးဖက်ဝင်အပင်များ မည်မျှရှိသည်ကို ဘယ်သူမှမသိနိုင်ပေ။ ထိုနေရာက ကျင့်ကြံသူများအတွက် ရတနာသိုက်ကြီးတစ်ခုဖြစ်လေသည်။

သို့သော် လွန်ခဲ့သော နှစ်ပေါင်း ၂၈၃နှစ်တွင် မိစ္ဆာနတ်ဘုရားက ထျန်းချင်းကမ္ဘာသို့ မရေတွက်နိုင်သော မိစ္ဆာနတ်ဘုရားရုပ်သေးများကို ပို့လွှတ်ပြီး ကျူးကျော်ခဲ့သည်။

ထျန်းချင်းကမ္ဘာ၏ မရေတွက်နိုင်သော အင်အားစုများက သေခြင်းရှင်ခြင်း၏ ခြိမ်းခြောက်မှုအောက်တွင် ထျန်းချင်းမဟာမိတ်ကို ဖွဲ့စည်းခဲ့ပြီး ကမ္ဘာအပြင်ဘက်ရှိ မိစ္ဆာနတ်ဘုရားရုပ်သေးများကို ခုခံရန် ပြင်ဆင်ခဲ့ကြသည်။

ကျင့်ကြံသူအများစုက မိစ္ဆာနတ်ဘုရားရုပ်သေးများကို တိုက်ခိုက်ရန် စစ်မြေပြင်သို့ သွားခဲ့ကြသည်။ ထို့ကြောင့် အနက်ရောင်မြူခိုးတောင်တန်းသို့ ဝင်ရောက်သူများမှာ နည်းလာပြီး အားနည်းသူများပင် ပါဝင်လာခဲ့သည်။

ထိုသို့ဆိုလျှင်တောင် အနက်ရောင်မြူခိုးတောင်တန်းသို့ ဝင်ရောက်သူများမှာ နေစဉ်နှင့်အမျှ သွားလာလှုပ်ရှားနေကြသည်။

" လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ အနက်ရောင်မြူခိုးတောင်တန်းက နတ်ဆိုးသားရဲတွေ အများကြီး လျော့နည်းသွားတာကို သိလား။ "

" အမှန်ပဲ။ ငါ တောင်တန်းထဲဝင်တုန်းကဆို အရမ်းသတိထားရတယ်။ အချိန်မရွေး နတ်ဆိုးသားရဲတွေနဲ့ တွေ့နိုင်ပေမယ့် အခုတော့ ဘာနတ်ဆိုးသားရဲမှကို မတွေ့ရဘူး။ "

" ဘာကြောင့်လဲ။ "

" အနက်ရောင်မြူခိုးတောင်တန်းအတွင်းက ဘုရင်တွေက ပြဿနာတစ်ခုခုရှိလို့လား။ "

အနက်ရောင်မြူခိုးတောင်တန်း၏ ဝင်ပေါက်တွင် ကျင့်ကြံသူအချို့က အခြေအနေများကို ဆွေးနွေးနေကြသည်။

" အနက်ရောင်မြူခိုးတောင်တန်းအတွင်းက ဘုရင်တွေက မြင့်​မြတ်တဲ့ သွေးမျိုးဆက်နဲ့ ရှည်လျားတဲ့ သက်တမ်းတွေ ရှိကြတယ်။ သူတို့က ဘယ်လိုလုပ်ပြဿနာရှိနိုင်မှာလဲ။ "

" အရင်က ဆယ်စုနှစ်အချို့ကြာတိုင်း အနက်ရောင်မြူခိုးတောင်တန်းရဲ့ ဘုရင်တွေက မရေတွက်နိုင်တဲ့ နတ်ဆိုးသားရဲတွေကို သားရဲလှိုင်းဖန်တီးဖို့ အမိန့်ပေးခဲ့ကြပေမယ့် မိစ္ဆာနတ်ဘုရားရဲဘ ကျူးကျော်မှုနောက်ပိုင်းမှာ သန်မာတဲ့ နတ်ဆိုးသားရဲတွေက ပိုပြီး ထုံထိုင်းလာကြတယ်။ "

" သမန်မာတဲ့ နတ်ဆိုးသားရဲအရေအတွက်ကတော့ တကယ်လျော့ကျသွားတယ်။ အဲ့ဒါ ဘုရင်တွေလုပ်တာ ဖြစ်နိုင်လား။ ဘာပဲဖြစ်ဖြစ် နတ်ဆိုးသားရဲတွေကို အမိန့်ပေးနိုင်တာက ဘုရင်တွေပဲလေ။ "

" အဲ့ဒါအဓိပ္ပါယ်ရှိတယ်။ "

အနက်ရောင်မြူခိုးတောင်တန်းမှ သန်မာသော နတ်ဆိုးသားရဲများ လျှော့ကျသွားခြင်းက သူတို့အပေါ် အကျိုးသက်ရောက်မှုရှိပြီး တန်ဖိုးရှိသော နတ်ဆိုးသားရဲများကို ရှာဖွေရခက်ခဲလာလေသည်။

သို့သော် ၎င်းက အမှန်တကယ် ဘုရင်များ လုပ်သည်ဖြစ်လျှင် သူတို့ဘာမှတတ်နိုင်မည်မဟုတ်ပေ။ ထိုဘုရင်များက စွမ်းအားကြီးပြီး နက်ရှိုင်းသော အုတ်မြစ်များ ရှိလေသည်။ လူသားများဘက်မှ ကျင့်ကြံသူများပင် သူတို့ကို မဆန့်ကျင်နိုင်ဘဲ သဘောတူညီမှုများသာ ပြုလုပ်နိုင်ကြသည်။

အနက်ရောင်မြူခိုးတောင်တန်း၏ အတွင်းဘက်တွင်။

မီတာ သုံးဆယ် သို့မဟုတ် လေးဆယ်မြင့်သော ရှေးဟောင်း သစ်ပင်တစ်ပင်င အနက်ရောင်အကိုင်းအခက်များနှင့် နွယ်များက တွဲလောင်းကျနေပြီး မြက်ခင်းပြင်က အစိမ်းရောင်အလင်းများ ထွက်ပေါ်နေသည်။

ထိုရှေးဟောင်းသစ်ပင်က သာမန်ရှေးဟောင်းသစ်ပင်များနှင့် အနည်းငယ် ကွာခြားသော်လည်း အနက်ရောင်မြူခိုးတောင်တန်းတွင် ထူးခြားသော မျိုးကွဲသစ်ပင်များ ပေါက်ရောက်သည်မှာ သဘာဝသာဖြစ်သည်။

ထိုရှေးဟောင်းသစ်ပင်၏ မိုင်တစ်ရာပတ်လည်တွင် မည်သည့်သားရဲမှ ရှိမနေပေ။

" နှစ်ငါးဆယ်ရှိပြီ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။ သူ၏ လက်ရှိအခြေအနေမှာ သက်ပြင်းပင်မချနိုင်ဘဲ သစ်ကိုင်းများ အနည်းငယ် ညင်သာစွာ လှုပ်ရမ်းရုံသာဖြစ်သည်။

လွန်ခဲ့သည့်နှစ်ငါးဆယ်က လင်းယွမ်၏ အရှိန်အဟုန်ဖြင့် ကြီးထွားလာသော ကာလဖြစ်သည်။ အနက်ရောင်မြူခိုးတောင်တန်းမှ မရေတွက်နိုင်သော သားရဲများနှင့် အားဖြည့်ပြီးနောက် လင်းယွမ်က နေ့စဉ်နှင့်အမျှ သန်မာလာခဲ့သည်။

" ငါ့ရဲ့လက်ရှိအရွယ်အစားက..." လင်းယွမ်က သူ့ကိုသူ စစ်ဆေးလိုက်ပြီး သူ၏ အမြင့်က ယခု လေးဆယ်မီတာ ရှိနေပြီဖြစ်သည်။ သို့သော် ထိုအမြင့်က လင်းယွမ် ပြင်းထန်စွာ ဖိနှိပ်ထားသော အမြင့်ဖြစ်သည်။

သူမထိန်းထားလျှင် မီတာတစ်ရာကျော်ပြီး အနက်ရောင်မြူခိုးတောင်တန်းထဲတွင် သိသာပေါ်လွင်နေပေလိမ့်မည်။ ၎င်းက ထျန်းချင်းမဟာမိတ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်များ၏ အာရုံကို ဆွဲဆောင်သွားနိုင်လေသည်။

လင်းယွမ်၏ အထောက်အထား ထွက်ပေါ်သွားခဲ့လျှင် ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ဘိုးဘေးနတ်ဆိုးသစ်ပင်၏ အဆက်အနွယ်က သူတို့ကမ္ဘာထဲသို့ စိမ့်ဝင်နေသည်ကို သိလျှင် စစ်မြေပြင်မှ အကျိုးအမြတ်များ အားလုံးကို ဘေးဖယ်ပြီး လင်းယွမ်အပေါ်သို့ ခွန်အားအပြည့်အဝ အသုံးပြုပေလိမ့်မည်။

နတ်ဆိုးသစ်ပင်၏ အမြင့်က ယခု မီတာ သုံးဆယ်မှ လေးဆယ်အတွင်းရှိသော်လည်း ၎င်း၏ အမြစ်များက မြေအောက်တွင် မိုင်တစ်သောင်းနီးပါး ဖြန့်ကျက်ထားကြသည်။ လင်းယွမ်သာ ဆန္ဒရှိလျှင် မိုင်တစ်သောင်းအတွင်း မည်သည့်နေရာကိုမဆို တိုက်ခိုက်နိုင်လေသည်။ သစ်ပင်များ၏ အမြစ်များက ၎င်းတို့၏ ပင်စည်ထက် ပိုကြီးလေ့ရှိလေသည်။

" မိုင်ထောင်ချီအတွင်း..." လင်းယွမ်က သူ၏ အမြစ်များကို ထိန်းချုပ်ပြီး မိုင်ထောင်ချီအတွင်း အရာအားလုံးကို ကိုင်တွယ်နိုင်လေသည်။ အမြစ်များ၏ ခံစားမှုဖြင့် မိုင်ထောင်ပေါင်းများစွာမှ အချက်အလက်များကို သိနိုင်လေသည်။

" အနက်ရှိုင်းဆုံးက ဘုရင်တွေ..." လင်းယွမ်၏ အာရုံက ဖြန့်ကျက်သွားပြီး အနက်ရောင်မြူခိုးတောင်တန်း၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ဦးတည်သွားသည်။

ထိုနေရာက နတ်ဆိုးသားရဲများ၏ တားမြစ်နေရာဖြစ်ပြီး ဘုရင်များ နေထိုင်ကြခြင်းဖြစ်သည်။

" ဟမ် "

လင်းယွမ်၏ အမြင်အာရုံထဲတွင် အနီရောင် ရှေးဟောင်းဖီးနစ်သစ်ပင်ကြီးတစ်ပင်ကို တွေ့လိုက်ရပြီး ထိပ်တွင် အသိုက်တစ်ခုနှင့် ရွှေရောင်ငှက်တစ်ကောင် အိပ်စက်နေသည်။

" ကျူးရွှယ်လား ဖီးနစ်လား။ " လင်းယွမ်က ခနလေ့လာပြီးနောက် ပြန်လည်ဆုတ်ခွာလာသည်။

" နှစ်ငါးဆယ်ကျင့်ကြံပြီးတဲ့နောက်မှာ ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက မူလကမ္ဘာက ဆဋ္ဌမအလွှာနဲ့ ယှဉ်နိုင်နေပြီ။ နတ်ဆိုးသစ်ပင်ရဲ့ ကျင့်ကြံခြင်းစနစ်က သိုင်းတာအိုနဲ့ လုံးဝ ကွဲပြားနေတယ်။ " လင်းယွမ်က လေးနက်စွာ စဉ်းစားနေသည်။

သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံထားခြင်းမရှိသော်လည်း ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် သတ္တမအလွှာကို ပေါင်းစပ်ကြည့်နိုင်လေသည်။ သို့သော် နတ်ဆိုးသစ်ပင်၏ အချို့အနှစ်သာရများက သိုင်းတာအိုနှင့် ပြည့်စုံစွာ ပေါင်းစပ်နိုင်လေသည်။

" မိစ္ဆာနတ်ဘုရားတွေရဲ့ စစ်မြေပြင်..." လင်းယွမ်က အဝေးသို့ ကြည့်လိုက်သည်။ နတ်ဆိုးသစ်ပင်၏ အာရုံခံမှုအောက်တွင် သူက ဘိုးဘေးနတ်ဆိုးသစ်ပင်၏ တည်နေရာကို ခံစားနိုင်လေသည်။

" ဘိုးဘေးနတ်ဆိုးသစ်ပင်က ဒီကမ္ဘာကို ကျူးကျော်ချင်ပေမယ့် ချောချောမွေ့မွေ့ ဖြစ်မလာခဲ့ဘူး။ "

နှစ်ငါးဆယ်အတွင်း သူက ဘိုးဘေးနတ်ဆိုးသစ်ပင်၏ လှုပ်ရှားမှုကို မခံစားရဘဲ ပိတ်ဆို့ခံထားရသည်မှာ ရှင်းလေသည်။ ကျူးကျော်သူအတွက် ၎င်းက အားနည်းချက်ဖြစ်သည်။ ထျန်းချင်းကမ္ဘာက ကမ္ဘာတစ်ခုလုံး နောက်ခံရှိပြီး သူတို့က ခုခံရန် ကျင့်ကြံသူများ စေလွှတ်နေရုံသာ ဖြစ်သည်။

" အခု အဲ့ဒါတွေက ငါနဲ့ ဘာမှမဆိုင်ဘူး။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။

ဤဆင်းသက်မှုတွင် သူက နေထိုင်ချိန် နှစ် ၆၀၀ ရှိပြီး ယခု နှစ်ငါးဆယ်သာ ကုန်သေးသောကြောင့် ကျင့်ကြံရန် အချိန်များစွာ ကျန်နေသေးသည်။ ထျန်းချင်းကမ္ဘာနှင့် ဘိုးဘေးနတ်ဆိုးသစ်ပင်တို့ကြား ရင်ဆိုတွေ့နေခြင်းက လင်းယွမ်အတွက် ကောင်းမွန်သော အရာတစ်ခုဖြစ်သည်။

All Chapters