လေဟာနယ်အကျဉ်းထောင်....
Vol. 18 Ch. 273
လင်းယွမ်က သာမန်နတ်ဆိုးသစ်ပင်မဟုတ်ပေ။ နတ်ဆိုးသစ်ပင်၏ စွမ်းရည်များအပြင် လေဟာနယ်နိယာမများ၊ ထိုက်ယင်နှင့်ထိုက်ယန်၊ ခွန်အားနိယာမတို့ကိုလည်း ထိုးထွင်းသိမြင်ခဲ့သူဖြစ်သည်။
လင်းယွမ်၏ လက်ရှိ လေဟာနယ်အပေါ် နားလည်နိုင်စွမ်းနှင့် ကောင်းကင်နှင့်မြေကြီးကို ဖြတ်တောက်ပြီး လေဟာနယ်အကျဉ်းထောင်တစ်ခု ဖန်တီးခြင်းက သူ့အတွက် သာမန်သာ ဖြစ်သည်။ ၎င်းက ဘုရင်များအပေါ် လှုပ်ရှားရဲခြင်း၏ အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။
" တိုက်ပွဲကို မြန်မြန်အဆုံးသတ်ရမယ်။ " လင်းယွမ်က ဆုံးဖြတ်လိုက်သည်။
နတ်ဆိုးသစ်ပင်က အနက်ရောင်မြူခိုးတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာသို့ ဖြည်းညင်းစွာ ရွေ့လျားသွားသည်။
အနက်ရောင်မြူခိုးတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာ။
မြေအောက်မီးသွေးကြောများနှင့် ဆက်သွယ်ထားသော ချိုင့်ဝှမ်းတစ်ခု၏ အလယ်တွင် အနီရောင်ဖီးနစ်ပင်တစ်ပင်ရှ်ပြီး ၎င်း၏ ထိပ်ရှိ အသိုက်ထဲတွင် ဖီးနစ်ငှက်တစ်ကောင် အိပ်စက်နေသည်။
ရွှီး ရွှီး ရွှီး...
ထိုအချိန်တွင် အေးစက်သော အနက်ရောင်သစ်ကိုင်းများစွာက သစ်ပင်ထိပ်ရှိ အသိုက်ကို ဝန်းရံပြီး နေရောင်ပင်မထိုးနိုင်အောင်ဖုံးလွှမ်းသွားသည်။
သို့သော် ချက်ချင်း အနက်ရောင်သစ်ကိုင်းများအားလုံး မီးတောက်များဖြင့် လောင်ကျွမ်းသွားကြသည်။
သစ်ပင်ထိပ်ရှိ အသိုက်ထဲရှိ ဖီးနစ်ဘုရင်က မျက်လုံးများဖွင့်လာသည်။ " ဘယ်သူလဲ။ မင်းက ပဋိညာဉ်ကို မေ့သွားပြီလား။ "
ဖီးနစ်ဘုရင်က ကြောက်စရာကောင်းသော စိတ်ဝိညာဉ်လှိုင်းများကို ထုတ်လွှတ်လိုက်ပြီး အဆုံးမဲ့မီးတောက်များက လေထုကိုပင် လောင်ကျွမ်းသွားသည်။
လူသားကျင့်ကြံသူများနှင့် အနက်ရောင်မြူခိုးတောင်တန်းမှ ဘုရင်ရှစ်ပါးတို့က သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့ကြသည်။ ကျင့်ကြံသူများက မိစ္ဆာနတ်ဘုရားကို တွန်းလှန်နေစဉ် နတ်ဆိုးသားရဲများက နောက်ကွယ်မှ မတိုက်ခိုက်ရန် ဖြစ်သည်။ ဘုရင်ရှစ်ပါးကလည်း ၎င်းကို ကန့်ကွက်ခြင်းမရှိခဲ့ပေ။
နတ်ဆိုးသားရဲများနှင့် လူသားများက မတူညီသော မျိုးနွယ်များဖြစ်ကြသော်လည်း တူညီသော ကမ္ဘာတွင် ရှိနေကြသည်။ မိစ္ဆာနတ်ဘုရားကို လူသားများ ရှုံးနိမ့်သွားခဲ့လျှင် အနက်ရောင်မြူခိုးတောင်တန်းမှ နတ်ဆိုးသားရဲများကလည်း ခုခံနိုင်စွမ်းရှိမည်မဟုတ်ပေ။
ထို့ကြောင့် လွန်ခဲ့သော နှစ်ပေါင်း နှစ်ရာ သုံးရာမှစ၍ အနက်ရောင်မြူခိုးတောင်တန်း၏ ဘုရင်ရှစ်ပါးက လူသားများနှင့် သဘောတူညီချက်ကြောင့် နတ်ဆိုးသားရဲများကို ဖိနှိပ်ပြီး သားရဲလှိုင်းကို ဖျက်သိမ်းခဲ့သည်။
ပဋိညာဉ်ထဲတွင် အနက်ရောင်မြူခိုးတောင်တန်း၏ ဘုရင်ရှစ်ပါး အိပ်စက်နေချိန်တွင် လူသားကျင့်ကြံသူများ မနှောက်ယှက်ရန် ပါဝင်လေသည်။
ဖီးနစ်ဘုရင်က ဘုရင်တစ်ပါးဖြစ်သောကြောင့် နတ်ဆိုးသားရဲများက သူ့အပေါ် လှုပ်ရှားရဲမည်မဟုတ်ပေ။ ဤသည်မှာ လူသားကျင့်ကြံသူများ၏ လုပ်ရပ်ဖြစ်မည်မှာ သေချာလေသည်။
၎င်းက ဖီးနစ်ဘုရင်ကို ပို၍ ဒေါသထွက်စေလေသည်။ သူတို့က ပဋိညာဉ်ကို သစ္စာရှိရှိ လိုက်နာခဲ့သော်လည်း လူသားများက ချိုးဖောက်ခဲ့လေသည်။
" သေ သေ..." ဖီးနစ်ဘုရင်က ဒေါသထွက်ကာ သူ၏ ဖီးနစ်မီးတောက်များဖြင့် အနက်ရောင်သစ်ကိုင်းများကို ပြာဖြစ်သည်အထိ လောင်ကျွမ်းသွားစေခဲ့သည်။
ထိုသို့ဖြင့် နေ့တစ်ဝက်ကြာသွားခဲ့သည်။ အစတွင် ဖီးနစ်ဘုရင်က အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူက ထိုကဲ့သို့ ခွန်အားအပြည့် မထုတ်ရသည်မှာ မည်မျှကြာသွားသည်ကိုပင် မမှတ်မိတော့ပေ။
ထို့အပြင် ယခု လူသားကျင့်ကြံသူက ပထမဆုံး စတင်တိုက်ခိုက်ခဲ့သောကြောင့် သူက မဟာမိတ်ခေါင်းဆောင်ကိုပင် ယခုကိစ္စအား တာဝန်ခံခိုင်းနိုင်လေသည်။ ဖီးနစ်ဘုရင်က ထိုအကြောင်းကို တွေးလေ ပို၍ စိတ်လှုပ်ရှားလေဖြစ်သည်။
ယခင် ဖီးနစ်ဘုရင်က တစ်စုံတစ်ခုကို တောင်းဆိုရန် ရှက်ရွံ့ခဲ့သော်လည်း ယခု လူသားများက ပဋိညာဉ်ကို ချိုးဖောက်သောကြောင့် တောင်းဆိုရန် အကြောင်းပြချက်ရှိသွားပြီဖြစ်သည်။
" ဟမ် တစ်ခုခုမူမမှန်ဘူး။ " ဖီးနစ်ဘုရင်က ဖီးနစ်မီးတောက်များဖြင့် အနက်ရောင်သစ်ကိုင်းများကို လောင်ကျွမ်းနေသော်လည်း အနက်ရောင်သစ်ကိုင်းများက ရပ်တန့်မည့်အရိပ်အယောင်မရှိဘဲ တစ်သုတ်ပြီးတစ်သုတ် ထွက်ပေါ်လာကြသည်။
" တကယ်ဘာဖြစ်နေတာလဲ။ " ဖီးနစ်ဘုရင်က ထိတ်လန့်စပြုလာသည်။
ဆက်တိုက်ထွက်ပေါ်လာနေသော အနက်ရောင်သစ်ကိုင်းများကို ထိတ်လန့်ခြင်းမဟုတ်ပေ။ အနက်ရောင်သစ်ကိုင်းများက သန်မာသော်လည်း သူတို့က ဖီးနစ်မီးတောက်ကို ခံနိုင်ရည်မရှိကြပေ။
အဓိကအကြောင်းရင်းမှာ သူက အချိန်အတော်ကြာ တိုက်ခိုက်နေခဲ့သော်လည်း ကျန်သည့် ဘုရင်ခုနှစ်ပါးက ကူညီရန် ရောက်လာခြင်းမရှိကြပေ။ ဖီးနစ်မီးတောက်က စွမ်းအားပြင်းထန်လှပြီး ယခုအချိန်တွင် အနက်ရောင်မြူခိုးတောင်တန်းတစ်ခုလုံးပင် ဖြစ်ပျက်သမျှကို သတိပြုမိသင့်လေသည်။
" အဲ့ဒီလူအိုကြီးခုနှစ်ယောက်က ဘာလို့မလာတာလဲ။ "
ဖီးနစ်ဘုရင်က နားမလည်နိုင်ဖြစ်နေသည်။ အနက်ရောင်မြူခိုးတောင်တန်းရှိ ဘုရင်ရှစ်ပါးက တစ်ယောက်ဒုက္ခရောက်နေချိန်တွင် အခြားတစ်ယောက်က ကူညီရန် စည်းမျဉ်းတစ်ခု ထားရှိခဲ့ကြသည်။
၎င်းက အနက်ရောင်မြူခိုးတောင်တန်း ယနေ့အထိ တည်ရှိနိုင်သည့် အကြောင်းရင်းလည်း ဖြစ်သည်။
အခြားတောင်တန်းကိုးခုမှ နတ်ဆိုးသားရဲဘုရင်များပင် တူညီသော စည်းမျဉ်းများ ရှိလေသည်။ ထျန်းချင်းကမ္ဘာတွင် နတ်ဆိုးသားရဲများအားလုံးက စည်းလုံးကြသောကြောင့် လူသားမျိုးနွယ်၏ ဖိနှိပ်မှုကို ခံနိုင်ရည်ရှိကြခြင်းဖြစ်သည်။
ဖီးနစ်ဘုရင်က သူ၏ ပတ်ဝန်းကျင်ကို လေ့လာနေသည်။ အခြားဘုရင်ခုနှစ်ပါးက လာမကြည့်လျှင်တောင် တောင်တန်းအပြင်ဘက်ရှိ ကျင့်ကြံသူများက ထိုနေရာမှ အဖြစ်အပျက်များကို လာရောက်စစ်တေးသင့်ပေသည်။
" မကောင်းတော့ဘူး။ " ဖီးနစ်ဘုရင်က အဖက်ဖက်မှ ထွက်ပေါ်လာသော အနက်ရောင်သစ်ကိုင်းများကို ဂရုမစိုက်နိုင်တော့ပေ။ ယင်းအစား သူက အနက်ရောင်မြူခိုးတောင်တန်းမှ ထွက်သွားရန် ကောင်းကင်သို့ ပျံတက်သွားသည်။
သို့သော် ဖီးနစ်ဘုရင်က ကောင်းကင်သို့ မရောက်မီ အတားအဆီးတစ်ခုကို တိုက်မိသွားသကဲ့သို့ ရုတ်တရက် ရပ်တန့်သွားသည်။
" ဒါကဘာလဲ။ " ဖီးနစ်ဘုရင်က သူ၏ ရှေ့မှ အတားအဆီးကို စစ်ဆေးလိုက်သည်။
သူက အတားအဆီးလမ်းကြောင်းအတိုင်း လိုက်ကြည့်လိုက်သည်။ အနီးကပ်စစ်ဆေးပြီးသောအခါ ဖီးနစ်ဘုရင်က ကြီးမားသော လေဟာနယ်အကျဉ်းထောင်ထဲသို့ ကျရောက်သွားသည်ကို နားလည်သွားပြီး တုန်လှုပ်သွားခဲ့သည်။ သူက အမှန်တကယ်ပင် လှောင်အိမ်ထဲမှ ငှက်တစ်ကောင်ဖြစ်နေခဲ့သည်။
" ဒါက ပင်မလေဟာနယ်ပုံစံ တစ်ခုမြောက်၊ ၁၃ခုမြောက်၊ ၂၁ ခုမြောက်၊ ၃၀ခုမြောက်၊ ၃၃ခုမြောက်တို့ကို ပေါင်းစည်းထားတဲ့ လေဟာနယ်အကျဉ်းထောင်ပဲ။ "
လင်းယွမ်က လေဟာနယ်အကျဉ်းထောင်မှ လွတ်မြောက်ရန် ပြင်းထန်စွာ ရုန်းကန်နေသော ဖီးနစ်ဘုရင်ကို ငုံ့ကြည့်လိုက်သည်။
လေဟာနယ်အကျဉ်းထောင်က ရန်သူအနီးမှ လေဟာနယ်ကို လက်ဝါးအရွယ်အစားထိ ချုံ့ပြီး ရန်သူကို ပိတ်လှောင်ထားခြင်းဖြစ်သည်။ ရန်သူက လေဟာနယ်ကို ကိုယ်ပိုင်နားလည်လျှင် သို့မဟုတ် လင်းယွမ်ထက် ဆယ်ဆ ပို၍ သန်မာလျှင်တောင် လွတ်မြောက်ရန် ခက်ခဲလေသည်။
လင်းယွမ်၏ လေ့လာချက်အရ ထိုဖီးနစ်ဘုရင်က အစစ်အမှန်ဖီးနစ်နှင့် ကွဲပြားပြီး လေဟာနယ်အကြောင်း နားလည်မှု နိမ့်လေသည်။
" လေဟာနယ်နိယာမ..." လင်းယွမ်က သက်ပြင်းချလိုက်သည်။
မူလကမ္ဘာမှ လူသားမျိုးနွယ်မဟာမိတ်က အဋ္ဌမအလွှာသို့ တက်လှမ်းရန်အတွက် လေဟာနယ်နိယာမကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ရန် လိုအပ်သည်မှာ အံ့ဩစရာမရှိပေ။
" အခု သူ့ရဲ့ စွမ်းအား၊ ရုပ်ခန္ဓာ၊ မူလချီ အားလုံး ကုန်သွားတာကို စောင့်ရုံပဲလိုတော့တယ်။ " လင်းယွမ်က လက်ဝါးအရွယ် လေဟာနယ်အတွင်းမီ ပုရွက်ဆိတ်အရွယ်အစားသာရှိသော ဖီးနစ်ဘုရင်ကို ကြည့်ပြီး စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။
ယခု ဖီးနစ်ဘုရင်က သူ၏ လက်ထဲတွင် ရှိသောကြောင့် အလျင်လိုရန် မလိုအပ်ပေ။
ရက်အချို့ကြာသောအခါ ဖီးနစ်ဘုရင်၏ အမူအရာက မဲမှောင်နေပြီး သူ၏ အော်ရာက အားနည်းလာသည်။
" ဒီလေဟာနယ်..." ဖီးနစ်ဘုရင်က သူ၏ ရှေ့မှ လေဟာနယ်မှာ သာမန်မဟုတ်သည်ကို စတင်နားလည်လာသည်။
" ဘယ်သူဖြစ်နိုင်လဲ။ "
" ဒီလိုနည်းစနစ်.... ထျန်းချင်းမဟာမိတ်ခေါင်းဆောင်ဖြစ်နိုင်လား။ ဒါပေမယ့် သူက မိစ္ဆာနတ်ဘုရားကို မရှင်းရသေးခင် ဘာလို့ငါ့ကို တိုက်ခိုက်မှာလဲ။ " ဖီးနစ်ဘုရင်က မသက်မသာ ခံသားလိုက်ရသည်။
ထိုအချိန်တွင် အဖက်ဖက်မှ လေဟာနယ်က စတင်ပြိုကွဲလာသည်။
၎င်းကို မြင်သောအခါ ဖီးနစ်ဘုရင်က ဝမ်းသာသွားပြီး တောင်ပံများကို ဖြန့်၍ အဝေးသို့ ပျံသွားရန် ပြင်လိုက်သည်။
ဝုန်း....
အနက်ရောင်သစ်ကိုင်းများက ဆင်းသက်လာပြီး ဖီးနစ်ဘုရင်ကို ရစ်ပတ်သွားသည်။
" ဒါကဘာလဲ။ " ဖီးနစ်ဘုရင်က ယခု သူ့ကို ချည်နှောင်ထားသော အနက်ရောင်သစ်ကိုင်းများက ယခင်ထက် များစွာ သန်မာနေသည်ကို တွေ့လိုက်ရသည်။
" မင်းက တကယ်ဘယ်သူလဲ။ " ဖီးနစ်ဘုရင်က သူ၏ သွေး၊ အနှစ်သာရနှင့် စိတ်ဝိညာဉ်တို့ကို အနက်ရောင်သစ်ကိုင်းများက ပြင်းထန်စွာ စုပ်ယူနေသည်ကို ခံစားလိုက်ရသည်။ နောက်ဆုံး သူက အနက်ရောင်သစ်ကိုင်းများ လာရာသို့ ကြည့်လိုက်သည်။
ကြီးမားသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်က အေးစက်ခြင်းနှင့် ရူးသွပ်ခြင်းများပါဝင်သော ရှေးဟောင်းမိစ္ဆာအော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။
" မင်း မင်းက ဒီကမ္ဘာက သက်ရှိမဟုတ်ဘူး။ မင်းက မိစ္ဆာနတ်ဘုရား မင်းက ဘိုးဘေးနတ်ဆိုးသစ်ပင်ပဲ။ "
ဖီးနစ်ဘုရင်၏ စိတ်က ပြင်းထန်စွာ တုန်လှုပ်သွားသည်။ သူက မိစ္ဆာနတ်ဘုရား သို့မဟုတ် ဘိုးဘေးနတ်ဆိုးသစ်ပင်ကို မမြင်ဖူးသော်လည်း ယခုအချိန်တွင် လင်းယွမ်မှ ထုတ်လွှတ်နေသော အော်ရာက ထျန်းချင်းကမ္ဘာရှိ သတ္တဝါများနှင့် ကွဲပြားနေလေသည်။
" မိစ္ဆာနတ်ဘုရားက ထျန်းချင်းကမ္ဘာထဲကို ဝင်ရောက်နိုင်သွားပြီလား။ " ၎င်းက ဖီးနစ်ဘုရင်၏ နောက်ဆုံးအတွေးဖြစ်ပြီး သူ၏ စိတ်အသိက အမှောင်ကျသွားခဲ့သည်။
ဖီးနစ်ဘုရင်၏ သွေးအဆီအနှစ်များနှင့် စိတ်ဝိညာဉ်တို့က လင်းယွမ်၏ ဝါးမျိုခြင်းခံလိုက်ရသည်။ ဖီးနစ်ဘုရင်က လေဟာနယ်အပေါ် နားလည်မှု မနက်ရှိုင်းသော်လည်း သူ၏ သွေးအဆီအနှစ်များက နတ်ဆိုးသစ်ပင်ကို အလွန်အာဟာရဖြစ်စေလေသည်။ ထို့အပြင် သူ၏ စိတ်ဝိညာဉ်က လင်းယွမ် ဝါးမျိုခဲ့သော နတ်ဆိုးသားရဲအားလုံးထက် သာလွန်လေသည်။