ဘိုးဘေး၏ မူလစွမ်းအား....
Vol. 18 Ch. 275
နတ်ဆိုးသစ်ပင်များ၏ ကြီးထွားမှုက အဆင့်များမလိုအပ်ဘဲ လုံလောက်သော အသားနှင့် စိတ်ဝိညာဉ်များလုံလောက်သရွေ့ လျင်မြန်စွာ တိုးတက်နိုင်လေသည်။
" အသားနဲ့ စိတ်ဝိညာဉ်တွေ..." ဘိုးဘေးနတ်ဆိုးသစ်ပင်က တိတ်ဆိတ်သွား၏။
သူ၏ မူလခန္ဓာကိုယ်က ကမ္ဘာအပြင်ဘက်တွင် ဖြစ်သောကြောင့် လင်းယွမ်ကို အသားနှင့် စိတ်ဝိညာဉ်များ ထောက်ပံ့နိုင်မည်မဟုတ်ပေ။ အမှန်တကယ် လိုအပ်လျှင်တောင် ပို့ပေးနိုင်မည်မဟုတ်ပေ။
" ကောင်းပြီ။ အဲ့လိုပဲလုပ်လို့ရမယ်။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က ခနစဉ်းစားပြီး ဆုံးဖြတ်ချက်ချလိုက်သည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ထိန်းချုပ်မှုအောက်တွင် များပြားသော နတ်ဆိုးမူလစွမ်းအားများ ထွက်ပေါ်လာသည်။ နတ်ဆိုးမူလစွမ်းအားက ဘိုးဘေးနတ်ဆိုးသစ်ပင်၏ အဓိကစွမ်းအားဖြစ်လေသည်။ ထို့အပြင် ၎င်းက ဘိုးဘေးနတ်ဆိုးသစ်ပင်ကို ၎င်း၏ မျိုးဆက်များနှင့်လည်း ဆက်သွယ်ပေးခြင်းဖြစ်သည်။ ထို့အပြင် @@
အနက်ရောင်မြူခိုးတောင်းတန်းတွင် လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်၏ တုန့်ပြန်မှုကို စောင့်ဆိုင်းနေသည်။
" ငါတောင်းဆိုတာ များသွားတာလား။ " ဘိုးဘေးနတ်ဆိုးသစ်ပင်၏ တိတ်ဆိတ်မှုက လင်းယွမ်ကို စိတ်ရှုပ်သွားစေသည်။
သို့သော် ထိုခနတွင် အောက်မှ တောက်လောင်နေသော မီးတောက်များထဲမှ အမှောင်စွမ်းအားများ ထွက်ပေါ်လာသည်။
" ဒါက ဘာလဲ။ " လင်းယွမ်က တုန်လှုပ်သွားသည်။
ထိုစွမ်းအားပေါ်လာချိန်တွင် သူ၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး တောင့်တမှုတစ်မျိုးကို ခံစားလိုက်ရသည်။ ၎င်းက ဘိုးဘေးနတ်ဆိုးသစ်ပင်၏ မူလအရင်းအမြစ်ပင် ဖြစ်သည်။ သူ့လို နတ်ဆိုးသစ်ပင်အတွက် အစုပ်ယူချင်ဆုံး စွမ်းအားပင် ဖြစ်သည်။ ထိုအသားများနှင့် စိတ်ဝိညာဉ်များထက် များစွာ သန်မာလေသည်။
အသားနှင့်စိတ်ဝိညာဉ်များကို ဝါးမျိုးခြင်းမှာ နတ်ဆိုးသစ်ပင်က သန့်စင်ရန် လိုအပ်လေသည်။ သို့သော် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ မူလအရင်းအမြစ်က နတ်ဆိုးသစ်ပင်၏ ခွန်အားကို များစွာ တိုးတက်စေနိုင်သော အသန့်စင်ဆုံး စွမ်းအားပင်ဖြစ်သည်။ ထိုစွမ်းအားအလုံအလောက်ရှိလျှင် နတ်ဆိုးသစ်ပင်ကို ဘိုးဘေးနတ်ဆိုးသစ်ပင်အဆင့်ထိ မြှင့်တင်ပေးနိုင်လေသည်။
" အဲ့ဒီမူလအရင်းအမြစ်က မင်းရဲ့ကျင့်ကြံခြင်းအတွက် အချိန်တစ်ခုအထိ လုံလောက်လိမ့်မယ်။ ငါ့ကို စိတ်မပျက်စေနဲ့။ " ဘိုးဘေးနတ်ဆိုးသစ်ပင်ထံမှ ထွက်ပေါ်လာသော စိတ်ဝိညာဉ်လှိုင်းများက ပင်ပန်းနေပုံရလေသည်။
စကားပြေားပြီးသောအခါ သူက လင်းယွမ်နှင့် ဆက်သွယ်မှုဖြတ်တောက်သွားသည်။
" ဘိုးဘေးရဲ့ မူလစွမ်းအားလား။ " လင်းယွမ်က နက်ရှိုင်းသော စွမ်းအားများကို ကြည့်ပြီး သူ၏ စိတ်ထဲမှ လိုချင်တောင့်တမှုကို ဖိနှိပ်လိုက်သည်။
" ဒီလိုအရေးပါတဲ့ မူလစွမ်းအားကို ပေးအပ်လိုက်တာက ငါအသက်ရှင်ဖို့ ရည်ရွယ်တာလား။ " လင်းယွမ်က စိတ်ထဲမှ ရယ်လိုက်သည်။
အပေါ်ယံတွင် ဘိုးဘေးနတ်ဆိုးသစ်ပင်က သူ၏ မျိုးဆက် အသက်ရှင်စေရန်အတွက် ထိုကဲ့သို့ ကြီးမားသော ပေးဆပ်မှုကို ပြုလုပ်လိုက်ခြင်းဖြစ်သည်။
အမှန်တော့ ဘယ်လက်မှ ညာလက်သို့ ပြောင်းလိုက်ခြင်းသာ ဖြစ်သည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်က ထျန်းချင်းကမ္ဘာသို့ ဆင်းသက်လာနိုင်လျှင် လင်းယွမ်ကို ဝါးမျိုပြီး မူလစွမ်းအားများကို ပြန်လည်ရယူမည်ဖြစ်သည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်က မိစ္ဆာနတ်ဘုရားဖြစ်သကဲ့သို့ သူ၏ သဘာဝက ယုတ်မာရက်စက်ပြီး သူ၏ မျိုးဆက်များက ပစ္စည်းများသာ ဖြစ်သည်။
" ဒါပေမယ့် အချိန်ကျလာရင် ဘယ်သူက ဘယ်သူ့ကို ဝါးမျိုမလဲဆိုတာ မသေချာသေးပါဘူး။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်က လင်းယွမ်ကို ဝါးမျိုချင်သော်လည်း လင်းယွမ်ကလည်း နတ်ဆိုးသစ်ပင်ကို ဝါးမျိုရန် စဉ်းစားမိလေသည်။ သို့သော် လက်ရှိ နတ်ဆိုးသစ်ပင်က နတ်ဘုရားတစ်ပိုင်းအဆင့်သာရှိပြီး မိစ္ဆာနတ်ဘုရားနှင့် ဝေးကွာနေဆဲ ဖြစ်သည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်ပေးသော မူလစွမ်းအားနှင့် လင်းယွမ်က နောက်တစ်ကြိမ် ကျင့်ကြံလိုက်သည်။ အစတွင် လင်းယွမ်က ပူးပေါင်းနေကြသော ဘုရင်ခုနှစ်ပါးကို ရင်ဆိုင်ရန် ခန နှိမ့်ချနေရန် စဉ်းစားထားခဲ့သည်။
သို့သော် ဘိုးဘေးနတ်ဆိုးသစ်ပင်က အလွန်သဘောကောင်းပြီး ဖီးနစ်ဘုရင် ဆယ်ယောက်ကျော်နှင့် ညီမျှသော မူလစွမ်းအားကို ပေးခဲ့လေသည်။ ထို့အပြင် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ သန့်စင်သော မူလစွမ်းအားက ထိုသားရဲဘုရင်များထက် သာလွန်လေသည်။ သူတို့က မျိုးနွယ်တစ်ခုတည်းဖြစ်သောကြောင့် မူလစွမ်းအားက လင်းယွမ်အတွက် များစွာ အကျိုးရှိလေသည်။
" ဒါက တော်တော်နေလို့ကောင်းတယ်။ "
လင်းယွမ်က မူလစွမ်းအားကို ဆက်လက်စုပ်ယူနေပြီး နတ်ဆိုးသစ်ပင်၏ ပင်စည်နှင့် အကိုင်းအခက်များက အသွင်ပြောင်းလဲလာသည်။ ထိုပြောင်းလဲမှုက အခြေခံကျပြီး လင်းယွမ်သိမ်းပိုက်ထားသော နတ်ဆိုးသစ်ပင်က ဘိုးဘေးနတ်ဆိုးသစ်ပင်ကဲ့သို့ စတင်ပြောင်းလဲလာသည်။
လင်းယွမ်က အနက်ရောင်မြူခိုးတောင်တန်းမှ နတ်ဆိုးသားရဲများကို အမဲလိုက်ခြင်းမရှိတော့ပေ။ သူက မူလစွမ်းအားကို စုပ်ယူနေရင်း အချိန်ရလျှင် ဘိုးဘေးနတ်ဆိုးသစ်ပင်ကို မေးခွန်းများ မေးတတ်လေသည်။
လင်းယွမ်ကို တွေ့ရှိပြီးနောက် ဘိုးဘေးနတ်ဆိုးသစ်ပင်က အလွန်ရက်ရောနေပြီး တောင်းသမျှကို ပေးမည်ဟုပင် ထင်ရသည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ထောက်ပံ့မှုဖြင့် လင်းယွမ်၏ ကြီးထွားမှုနှုန်းက ပို၍ လျင်မြန်လာသည်။
လင်းယွမ်က အနက်ရောင်မီးတောက်များအထက်မှ အမြစ်များကို အာရုံစိုက်နေသည်။
" ဒီအနက်ရောင်မီးတောက်တွေက ဘိုးဘေးနတ်ဆိုးသစ်ပင် သူ့ရဲ့ မျိုးဆက်တွေကို ထိန်းချုပ်ရာမှာ အသုံးပြုတာလား။ " လင်းယွမ်က အနက်ရောင်မီးတောက်များကို ကြည့်ပြီး စဉ်းစားနေသည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်က ထိုမီးတောက်များမှ တစ်ဆင့် သူ့ကို ဆက်သွယ်ခြင်းနှင့် မူလစွမ်းအားများပေးပို့ခဲ့သည်။ လင်းယွမ်က ထိုအနက်ရောင်မီးတောက်များကို သန့်စင်ရန် ကြိုးစားသည့်အချိန်တိုင်း ကြီးမားသော အန္တရာယ်ကို ခံစားမိနေသည်။
" ဘိုးဘေးနတ်ဆိုးသစ်ပင်က ငါရဲ့ တောင်းဆိုမှုတွေကို လိုက်လျောပြီး ငါလိုချင်သလောက် မူလစွမ်းအားတွေ ပေးနိုင်လောက်လား။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်က လင်းယွမ်၏ တောင်းဆိုမှုများကို လိုက်လျောပေးခြင်းမှာ လင်းယွမ်၏ ကြီးထွားမှုက သူ့အတွက် အသုံးဝင်ပြီး ကမ္ဘာ၏ အပြင်ဘက်မှ ထျန်းချင်းကမ္ဘာသို့ တိုက်ရိုင်ဆင်းသက်နိုင်ရန် ကူညီပေးနိုင်သောကြောင့်ဖြစ်သည်။ အရေးကြီးဆုံးမှာ ဘိုးဘေးနတ်ဆိုးသစ်ပင်က လင်းယွမ်ကို အတွေးတစ်ချက်နှင့် ထိန်းချုပ်နိုင်လေသည်။
ထို့အပြင် ထိုအရာအားလုံးက အနက်ရောင်မီးတောက်များကို ဖြတ်ပြီး လုပ်ခြင်းဖြစ်သည်။ ထို့ကြောင့် နတ်ဆိုးသစ်ပင်များက ဘိုးဘေးနတ်ဆိုးသစ်ပင်အပေါ်တွင် အကြွင်းမဲ့ သစ္စာစောင့်သိရလေသည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်၏ အမြင်တွင် လင်းယွမ်အားပေးအပ်ထားသည့် အရာအားလုံးကို အရှုံးမရှိ ပြန်ရမည်ဖြစ်သည်။
" သန့်စင်လို့မရဘူး။ " လင်းယွမ်က အနက်ရောင်မီးတောက်များကို လေ့လာနေသည်။ သူက အနက်ရောင်မီးတောင်များကို ထိလိုက်သည်နှင့် ဘိုးဘေးနတ်ဆိုးသစ်ပင်က သတိပြုမိသွားပေလိမ့်မည်။
" ဒါဆို ချိပ်ပိတ်လို့ရလောက်လား။ " လင်းယွမ်က ဆက်လက်လေ့လာနေသည်။
အနက်ရောင်မီးတောက်များရှိသောနေရာက လင်းယွမ်၏ အမြစ်အတွင်းတွင် ဖြစ်သည်။ ထိုမီးတောက်များ ပေါက်ကွဲသွားလျှင် အမြစ်များ၏ ပင်မပင်စည်ပင် ပျက်ဆီးသွားပေလိမ့်မည်။
ထို့ကြောင့် ချိပ်ပိတ်ခြင်းကသာ အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ ချိပ်ပိတ်ခြင်းနည်းစနစ်အတွက် အနက်ရောင်မီးတောက်များ၏ အခြေအနေကို အခြေခံပြီး ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဖန်တီးနိုင်လေသည်။
အချိန်များကုန်လွန်သွားပြီး မျက်စိတ်တစ်မှိတ်အတွင်း ဆယ်နှစ်ကြာသွားခဲ့သည်။
" ချိပ်ပိတ်မယ်။ " လင်းယွမ်၏ စိတ်က အမြစ်များမှ အနက်ရောင်မီးတောက်များရှေ့တွင် စုစည်းသွားသည်။
စွမ်းအားမျှင်များက ပင့်ကူအိမ်များသဖွယ် မရေတွက်နိုင်သော အလွှာများဖြစ်ပေါ်လာပြီး အနက်ရောင်မီးတောက်များကို ဖြည်းညင်းစွာ ဖုံးလွှမ်းသွားသည်။ ရုတ်တရက် စွမ်းအားအားလုံးက လေဟာနယ်အတွင်း ပုန်းကွယ်သွားသည်။
ဆယ်နှစ်ကြာလေ့လာပြီးသောအခါ လင်းယွမ်က အနက်ရောင်မီးတောက်များအယးလုံးဝ ချပ်ပိတ်နိုင်မည့်နည်းလမ်းကို ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကို အသုံးပြုပြီး ဖန်တီးနိုင်ခဲ့သည်။
ထိုနည်းလမ်းက ပင်မလေဟာနယ်ပုံစံ ၆၃မျိုးပါဝင်ပြီး လင်းယွမ်၏ အတွေးတစ်ချက်နှင့် လေဟာနယ်ကို ပိုင်းခြားနိုင်လေသည်။ အနက်ရောင်မီးတောက်များက မည်သည့်ပြောင်းလဲမှုများဖြစ်စေ လင်းယွမ်၏ အစစ်အမှန်ခန္ဓာကို ထိခိုက်နိုင်တော့မည်မဟုတ်ပေ။
" နောက်ဆုံးတော့ ပြီးသွားပြီ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။
ချိပ်ပိတ်ခြင်းအောင်မြင်သွားသောကြောင့် လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ထိန်းချုပ်မှုက ကင်းလွတ်သွားပြီဖြစ်သည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်က ၎င်းကို လုံးဝသတိပြုမိမည်မဟုတ်ဘဲ လင်းယွမ်က သူ့ကို လုံးဝ သစ္စာစောင့်သိမည်ဟု ယုံကြည်နေပေလိမ့်မည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်က လင်းယွမ်ကဲ့သို့ လူတစ်ယောက်ရှိလမ့်မည်ဟု တစ်ခါမှ တွေးမိမည်မဟုတ်ပေ။
" ဆယ်နှစ်တာ ကျင့်ကြံခြင်း..." ချိပ်ပိတ်ခြင်းနည်းစနစ်ကို ထုတ်ဖော်ပြီးနောက် လင်းယွမ်၏ အာရုံက အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။ ဆယ်နှသ်အတွင်း ထိုနည်းစနစ်ကို ဖန်တီးခြင်းက လင်းယွမ်၏ အချိန်များမှ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။
ထို့အပြင် လင်းယွမ်က အကျိုးအမြတ်များလည်း ရရှိခဲ့သည်။ ပထမဆုံး သူ၏ ခွန်အားဖြစ်သည်။ သူက ယခု သတ္တမအလွာသို့ ရောက်နေပြီဖြစ်သည်။
လင်းယွမ်၏ ယခင်ခန့်မှန်းမှုအရ သတ္တမအလွှာသို့ ချိုးဖျက်ရန် နှစ်ငါးဆယ်မှ နှစ်တစ်ရာထိ ကြာနိုင်မည်ဟုထင်ခဲ့သည်။ သို့သော် ဘိုးဘေးနတ်ဆိုးသစ်ပင်က အလွန်ရက်ရောပြီး လင်းယွမ်အား အဆင့်တက်စေမည့် မူလစွမ်းအားများကို ပေးကမ်းခဲ့လေသည်။
သတ္တမအလွှာ နတ်ဆိုးသစ်ပင်၏ အမြစ်များက မိုင်သန်းပေါင်းများစွာ ရှည်လျားပြီး အနက်ရောင်မြူခိုးတောင်တန်း တစ်ခုလုံးကို ဖုံးလွှမ်းလုနီးပါး ဖြစ်လာခဲ့သည်။ ဘုရင်များနေထိုင်သော နေရာခုနှစ်ခုမှလွဲ၍ အနက်ရောင်မြူခိုးတောင်တန်းတစ်ခုလုံးက လင်းယွမ်၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားသည်။
အနက်ရောင်မြူခိုးတောင်တန်းတစ်ခုလုံးရှိ နတ်ဆိုးသားရဲများ၏ အရေအတွက် ခရမ်းရောင်မျက်လုံးယုန်များ၏ အရေအတွက် အားလုံးက လင်းယွမ်၏ စောင့်ကြည့်မှုအောက်တွင် ဖြစ်သည်။