← Chapters

သားရဲဘုရင်ခုနှစ်ပါးနှင့် တိုက်ခိုက်ခြင်း....

Vol. 18 Ch. 276

သားရဲဘုရင်ခုနှစ်ပါးနှင့် တိုက်ခိုက်ခြင်း....

Vol. 18 Ch. 276

" လေဟာနယ်..." လင်းယွမ်က ပတ်ဝန်းကျင်ကို သတိထားလိုက်သည်။

ဆယ်စုနှစ်များအတွင်း လင်းယွမ်က ပင်မလေဟာနယ်ပုံစံများကို လေ့လာခြင်းမှာလည်း ကြီးမားသော အောင်မြင်မှုကို ရရှိခဲ့သည်။

လေဟာနယ်က နေရာတိုင်းတွင် ကျယ်ပြန့်စွာ အသုံးပြုနိုင်သည်။ လင်းယွမ်ဖန်တီးခဲ့သော ချိပ်ပိတ်ခြင်းနည်းစနစ်ကလည်း ပင်မလောဟာနယ်ပုံစံများအပေါ် အခြေခံထားခြင်းဖြစ်သည်။

ယခု လင်းယွမ်က ပင်မလေဟာနယ်ပုံစံ ၂၆၇ခုကို နားလည်ခဲ့ပြီး သူ၏ လေဟာနယ်နားလည်မှုက သာမန်အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများထက် သာလွန်လေသည်။

အဋ္ဌမအလွှာသို့ တက်ရောက်သော ဆင့်ကဲပြောင်းလဲသူများက ပင်မလေဟာနယ်ပုံစံ ဆယ်ခုကျော်သာ နားလည်ကြလေသည်။ လင်းယွမ်၏ ပင်မလေဟာနယ်ပုံစံ နှစ်ရာကျော်ကို နားလည်ခဲ့ပြီး သာမန် အဋ္ဌမအလွှာများ နှစ်ပေါင်းရာနှင့်ချီ၍ ကျင့်ကြံခြင်းနှင့် ညီမျှလေသည်။

" ငါ အခုချိန် မူလကမ္ဘာကို ပြန်သွားရင် ငါ့ရဲ့ အတွင်းကမ္ဘာက မိုင်တစ်ရာ ဒါမှမဟုတ် တစ်ရာထက်တောင် ပိုနိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

သာမန်အားဖြင့် အဋ္ဌမအလွှာသို့ တက်ရောက်ခါစ ဆင့်ကဲပြောင်းလဲသူများသာ သူတို့၏ အတွင်းကမ္ဘာက မိုင်တစ်ရာပတ်လည်ရှိလေသည်။ သူတို့၏ ကျင့်ကြံမှုနှင့်အတူ အတွင်းကမ္ဘာကလည်း ဖြည်းညင်းစွာ ကျယ်ပြန့်လာသည်။ အတွင်းကမ္ဘာ၏ ကျယ်ပြန့်မှုက လေဟာနယ်၏ နားလည်မှုအပေါ်တွင် မူတည်လေသည်။ ပင်မလေဟာနယ်ပုံစံများကို ပိုမိုနားလည်ခြင်းက အတွင်းကမ္ဘာချဲ့ထွင်မှုကို ပို၍ လွယ်ကူစေလေသည်။

အကယ်၍ လူတစ်ယောက်က လေဟာနယ်ကို လုံလောက်စွာ နားလည်မှုမရှိဘဲ အတွင်းကမ္ဘာကို အတင်းအကျပ် ချဲ့ထွင်ခဲ့လျှင် အတွင်းကမ္ဘာပြိုကွဲသွားပေလိမ့်မည်။ သို့သော် လင်းယွမ်က ယခု သူ၏ လေဟာနယ်နိယာမအပေါ် နားလည်မှုဖြင့် အတွင်းကမ္ဘာကို မိုင်ရာချီချဲ့ထွင်ခြင်းက လွယ်ကူပေလိမ့်မည်။

လင်းယွမ်က သတ္တမအလွှာတွင် မိုင်ရာချီသော အတွင်းကမ္ဘာ၏ စွမ်းအားနှင့် အဋ္ဌမအလွှာ တက်လှမ်းခါစလူတစ်ယောက်နှင့် ယှဉ်ပြိုင်နိုင်လေသည်။

" သိုင်းတာအို သတ္တမအလွှာ..." လင်းယွမ်က စဉ်းစားနေသည်။

ဤနှစ်များတွင် သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ သတ္တမအလွှာကဏ္ဍကို ပြည့်စုံရန်လည်း အချိန်ပေးခဲ့သည်။ လင်းယွမ်အတွက် နတ်ဆိုးသစ်ပင်ကျင့်ကြံခြင်းက ယာယီသာဖြစ်ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကသာ အဓိက ဖြစ်လေသည်။

" အခု ငါက သတ္တမအလွှာကဏ္ဍရဲ့ မှူးမတ်အဆင့်ကို ပြီးသွားပြီ။ နောက်တစ်ဆင့်က အမတ်အဆင့်ပဲ။ "

မူလကမ္ဘာရှိ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များတွင် သတ္တမအလွှာကို အဆင့်သုံးဆင့် ခွဲခြားထားသည်။ မှူးမတ်အဆင့်၊ အမတ်အဆင့်၊ ဘုရင်အဆင့်။

" လှုပ်ရှားဖို့ အချိန်ကျပြီ။ " လင်းယွမ်က အနက်ရောင်မြူခိုးတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာသို့ ကြည့်လိုက်သည်။

ဖီးနစ်ဘုရင်ပျောက်ကွယ်သွားပြီးနောက် ဘုရင်ခုနှစ်ပါးက အတူစုစည်းနေခဲ့ကြသည်။ ၎င်းက လင်းယွမ်၏ တစ်ယောက်ချင်း အနိုင်ယူမည့်အစီအစဉ်ကို ပျက်ဆီးစေခဲ့သည်။

လင်းယွမ်၏ အမြစ်များက အနက်ရှိုင်းဆုံးမှ အနက်ရောင်မြူခိုးတောင်တန်း၏ ထောင့်နေရာများကို တိုးဝင်သွားကြသည်။

အနက်ရောင်မြူခိုးတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာ။

ဧရာမ သတ္တဝါခုနှစ်ကောင် ရှိနေပြီး သူတို့၏ တည်ရှိမှုများက နတ်ဆိုးသားရဲများပင် ကြောက်ရွံ့တုန်လှုပ်သွားကြပေလိမ့်မည်။ သူတို့က အနက်ရောင်မြူခိုးတောင်တန်း၏ ဘုရင်ခုနှစ်ပါးပင်ဖြစ်သည်။ သူတို့က အနက်ရောင်မြူခိုးတောင်တန်း၏ အကြွင်းမဲ့အုပ်စိုးရှင်များအဖြစ် နှစ်ပေါင်းများစွာ ရှိခဲ့ကြသည်။

သို့သော် ယခုအချိန်တွင် ဘုရင်ခုနှစ်ပါး၏ ကြားမှ လေထုက ထုံထိုင်းနေပြီး သူတို့၏ အမူအရာများက စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေသည်။

" ဖီးနစ်ဘုရင်က ဘယ်ကိုသွားတာလဲ။ သဲလွန်စရှာမတွေ့တာ ဆယ်နှစ်တောင်ရှိပြီ။ " နတ်လူဝံဘုရင်က ပြောလိုက်သည်။

၎င်းကို ကြားသောအခါ အခြားဘုရင်ခြောက်ယောက်က အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့လည်း ဖီးနစ်ဘုရင်ဘယ်ရောက်နေလဲ သိချင်ကြလေသည်။

လွန်ခဲ့သည့်ဆယ်နှစ်က ဖီးနစ်ဘုရင်က ဖီးနစ်သစ်ပင်နှင့် မြေမီးတောက်ချိုင့်ဝှမ်းတို့ကို ယူဆောင်ပြီး ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် ဘုရင်ခုနှစ်ပါးက ဘာမှန်းမသိသော ရန်သူကို ကာကွယ်ရန် အတူတကွ နေထိုင်ခဲ့ကြသည်။ သို့သော် ၎င်းက အမြဲတမ်းတော့ မဖြစ်နိုင်ပေ။ ဖီးနစ်ဘုရင်ပျောက်ကွယ်သွားသည်မှာ ဆယ်နှစ်ရှိပြီဖြစ်သောကြောင့် ကံဆိုးမှုနှင့် ကြုံတွေ့သွားသည်မှာ ဖြစ်နိုင်လေသည်။

" ငါတို့ ဒီလိုစောင့်နေလို့တော့မရဘူး။ ခနနေရင် ငါ ထျန်းချင်းမဟာမိတ်ခေါင်းဆောင်နဲ့ တွေ့ပြီး ဒီကိစ္စကို သိလားမေးကြည့်မယ်။ " နတ်ဆင်ဘုရင်က ပြောလိုက်သည်။

အနက်ရောင်မြူခိုးတောင်တန်း၏ ဘုရင်ရှစ်ပါးထဲတွင် နတ်ဆင်ဘုရင်က ရှေးဟောင်းနတ်ဆင်သွေးမျိုးဆက်ကို ပိုင်ဆိုင်သောကြောင့် အားလုံးထဲတွင် ခေါင်းဆောင်ဖြစ်နေခဲ့သည်။

" မှန်တယ်။ ထျန်းချင်းမဟာမိတ်ခေါင်းဆောင်ကို သွားမေးကြည့်ရမယ်။ "

" သူမသိရင်တောင် စုံစမ်းပေးလို့ရတယ်။ "

" ငါတို့ အနက်ရောင်မြူခိုးတောင်တန်းကို ဘယ်သူဆန့်ကျင်ရဲတာလဲ ကြည့်ရသေးတာပေါ့။ " အခြားနတ်ဆိုးသားရဲဘုရင်များကလည်း ပြောလိုက်ကြသည်။

ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ထျန်းချင်းကမ္ဘာတစ်ခုလုံးတွင် အသန်မာဆုံးဖြစ်ပြီး မိစ္ဆာနတ်ဘုရားကို အဓိကခုခံနေသူလည်း ဖြစ်သည်။ ပြင်ပအင်အားကို တွန်းလှန်နေစဉ် သူက အတွင်းရေးပဋိပက္ခများကို အဖြစ်ခံမည်မဟုတ်ပေ။

သို့သော် သူတို့က အတည်မပြုနိုင်မီ ထျန်းချင်းမဟာမိတ်ခေါင်းဆောင်ကို မဆက်သွယ်ခဲ့ကြပေ။ အကယ်၍ သူတို့က ထျန်းချင်းမဟာမိတ်သို့ သတင်းပို့ပြီးမှ ဖီးနစ်ဘုရင်က ပြန်ပေါ်လာလျှင် အဆင်မပြေဖြစ်သွားပေလိမ့်မည်။

သို့သော် ဖီးနစ်ဘုရင်ပျောက်နေသည်မှာ ဆယ်နှစ်ရှိပြီဖြစ်သောကြောင့် ထျန်းချင်းမဟာမိတ်သို့ သတင်းပို့နိုင်ပြီဖြစ်သည်။

" သွားကြမယ်။ "

" အတူတူ သွားကြစို့။ " နတ်ဆိုးသားရဲဘုရင်ခုနှစ်ယောက်က ထ၍ အပြင်သို့ သွားရန် ပြင်လိုက်သည်။

ရုတ်တရက် ဆင်ဘုရင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

" အပြင်မှာ တစ်ခုခုရှိနေတယ်။ " ဆင်ဘုရင်၏ အမူအရာက အေးခဲသွားပြီး ပတ်ဝန်းကျင်ကို စူးစိုက်ကြည့်နေသည်။

" တစ်ခုခုမှားနေတာလား။ " အခြားဘုရင်ခြောက်ယောက်ကလည်း သတိထားလိုက်ကြသည်။

ထိုအခိုက် ကောင်းကင်မှ အနက်ရောင်နွယ်ကြီးတစ်ခု ဆင်းသက်လာသည်။

" ဟင်..." နတ်လူဝံဘုရင်၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ ပင်ကိုအသိစိတ်က သူ့ကို ရှောင်ရန် တိုက်တွန်းနေသည်။

အနက်ရောင်နွယ်ပင်က ဘာမှန်းမသိသော်လည်း နတ်လူဝံဘုရင်က ရှောင်တိမ်းချင်နေသည်။ သို့သော် ထိုအချိန်တွင် နတ်လူဝံဘုရင်၏ လှုပ်ရှားမှုများက အကြိမ်များစွာ ​နှေးကွေးသွားသည်။

ဝှစ်...

အနက်ရောင်နွယ်ပင်က နတ်လူဝံဘုရင်ကို ရစ်ပတ်ပြီး အပေါ်သို့ ဆွဲတင်သွားသည်။ အခြားဘုရင်ခြောက်ယောက်မှာ နတ်လူဝံဘုရင်က အနက်ရောင်နွယ်ပင်၏ ရစ်ပတ်မှုအောက်တွင် ပြင်းထန်စွာ ရုန်းကန်နေသည်ကို မြင်လိုက်ရသည်။ သို့သော် ၎င်းက အချည်းနှီးသာဖြစ်သည်။

" အဲ့ဒါဘာလဲ။ "

ထိုခနတွင် နတ်ဆင်ဘုရင်နှင့် အခြားဘုရင်းငါးပါးက မနီးမဝေးမှ ရှေးဟောင်းသစ်ပင်တစ်ပင်ကို မြင်လိုက်ကြရသည်။ ရှေးဟောင်းသစ်ပင်က အနက်ရောင်ရှိပြီး မိစ္ဆာအော်ရာတစ်ခု လွှမ်းခြုံထားသည်ါ ယခု နတ်လူဝံဘုရင်ကို ဆွဲတင်သွားခြင်းက ထိုရှေးဟောင်းသစ်ပင်၏ မရေတွက်နိုင်သော နွယ်ပင်များထဲမှ တစ်ခုဖြစ်သည်။

" မကောင်းတော့ဘူး။ " နတ်ဆင်ဘုရင်နှင့် အခြားဘုရင်ငါးပါးက ဦးရေပြားများ ထုံကျဉ်သွားကြသည်။

သူတို့က ထိုကဲ့သို့ ကြောက်စရာကောင်းသော သစ်ပင်ကြီးက သူတို့ရှေ့တွင် ပေါ်လာလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးခဲ့ပေ။ ခွန်အားကြီးမားသော နတ်လူဝံဘုရင်ပင် မရေတွက်နိုင်သော နွယ်ပင်များထဲမှ နွယ်ပင်တစ်ခုကိုပင် မဆန့်ကျင်နိုင်ခဲ့ပေ။

နတ်ဆင်ဘုရင်နှင့် အခြားဘုရင်ငါးပါးတို့၏ စိတ်များက ဖရိုဖရဲဖြစ်သွားကြပြီး သေချာစဉ်းစားနိုင်ခြင်းမရှိတော့ပေ။ သူတို့၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိလေသည်။

ပြေး။ အစွမ်းကုန်ပြေး။

ဝုန်း....

သားရဲဘုရင်များ၏ ကြောက်စရာကောင်းသော စွမ်းအားများက ပေါက်ကွဲလာပြီး သူတို့က မတူညီသော ဦးတည်ချက်ခြောက်ခုသို့ ပြေးထွက်သွားကြသည်။ ထိုကဲ့သို့ တုန်လှုပ်ဖွယ်ရာအခြေအနေတွင် ဘုရင်ခြောက်ပါးက မတူညီသောလမ်းကြောင်းများကို အလိုအလျောက် ရွေးချယ်မိသွားကြသည်။

ရွှီး ရွှီး....

ကြီးမားသော ရှေးဟောင်းသစ်ပင်မှ နွယ်ပင်ခြောက်ခု ဆင်းသက်လာသည်။

သားရဲဘုရင်ငါးယောက်က နွယ်ပင်များကို ပြင်းထန်စွာ ခုခံလိုက်ကြသော်လည်း နတ်လူဝံဘုရင်ကဲ့သို့ လျင်မြန်စွာ ဆွဲယူခြင်း ခံလိုက်ရသည်။

" အား.... ချိုးဖျက်စမ်း..." နတ်ဆင်ဘုရင်၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက မြေပြင်ကို တုန်ခါသွားစေနိုင်သော စွမ်းအားတစ်ခု ပေါက်ကွဲလာသည်။

ရှေးဟောင်းနတ်ဘုရား၏ မျိုးဆက်အနေဖြင့် နတ်ဆင်ဘုရင်က ရှေးဟောင်းနတ်ဘုရားများ၏ ကြောက်စရာကောင်းသော စွမ်းအားကို အမွေဆက်ခံထားသည်။ ရှေးဟောင်းနတ်ဘုရားဆိုသည်မှာ ထျန်းချင်းကမ္ဘာမှ မဟုတ်ဘဲ ကမ္ဘာအပြင်ဘက်မှ လာခြင်းဖြစ်သည်။

ရှေးဟောင်းနတ်ဘုရား၏ အရည်အချင်းများကြောင့် နတ်ဆင်ဘုရင်က အနက်ရောင်မြူခိုးတောင်တန်း၏ အခြားဘုရင်ခုနှစ်ပါးကို အနိုင်ယူ၍ အသန်မာဆုံး သားရဲဘုရင်ဖြစ်လာခြင်းဖြစ်သည်။

အနက်ရောင်မြူခိုးတောင်တန်းပင်မဟုတ်ဘဲ အခြားတောင်တန်းကိုးခု၏ သားရဲဘုရင်များကြားတွင်လည်း နတ်ဆင်ဘုရင်၏ ခွန်အားက နံပါတ်တစ်မဖြစ်လျှင်တောင် ထိပ်ဆုံးသုံးယောက်ထဲတွင် ပါဝင်သည်အထိ ကြောက်စရာကောင်းလေသည်။

သားရဲဘုရင်ခြောက်ယောက်ကို အလွယ်တကူဖမ်းယူသွားသော အနက်ရောင်နွယ်ပင်များနှင့် ရင်ဆိုင်ရချိန်တွင် နတ်ဆင်ဘုရင်၏ သွေးများက ဆူပွက်လာပြီး မြင့်မြတ်သော ဆင်တစ်ကောင်၏ ပုံရိပ်က သူ၏ နောက်တွင် ပေါ်လာသည်။

ခရက်....

နတ်ဆင်ဘုရင်၏ ဒေါသတကြီးရုန်းကန်မှုအောက်တွင် အနက်ရောင်နွယ်ပင်က တဖြည်းဖြည်း အက်ကွဲလာသည်။

All Chapters