← Chapters

သနားစရာကောင်းသော ဘိုးဘေး....

Vol. 18 Ch. 277

သနားစရာကောင်းသော ဘိုးဘေး....

Vol. 18 Ch. 277

" လွတ်မြောက်သွားပြီလား။ "

နတ်ဆင်ဘုရင်က ဝမ်းသာသွားသည်။

နတ်လူဝံဘုရင်အား အနက်ရောင်နွယ်ပင်များ၏ ဆွဲယူခြင်းခံရပြီးနောက် အခြားသားရဲဘုရင်ငါးယောက်တို့ကလည်း တူညီသော ကံကြမ္မာကို ခံစားခဲ့ရသည်။

နတ်ဆင်ဘုရင်အတွက် အနက်ရောင်နွယ်ပင်များက ကြီးမားသော ဖိနှိပ်မှုစွမ်းအားကို ပေးစွမ်းလေသည်။ သို့သော် ယခု နတ်ဆင်ဘုရင်က သူ၏ စွမ်းရည်များကို ထုတ်ဖော်ပြီး လျို့ဝှက်နည်းစနစ်များဖြင့် သူ၏ ခွန်အားကို မြှင့်တင်တင်ခဲ့ပြီး သူက အခြားသားရဲဘုရင်များကဲ့သို့ ဆွဲယူခြင်းမခံရဘဲ အနက်ရောင်နွယ်ပင်ကို ဖျက်ဆီးနိုင်ခဲ့သည်။

နတ်ဆင်ဘုရင်က ရုတ်တရက် လှည့်ကြည့်လိုက်ပြီး အနက်ရောင်နွယ်ပင် ရာထောင်ချီက သူ့ဆီသို့ ဦးတည်လာနေသည်ကို တွေ့လိုက်ရသည်။

" ဒါ..." နတ်ဆင်ဘုရင်၏ အမူအရာက မဲမှောင်သွားသည်။

သူက နွယ်ပင်တစ်ခုတည်းကို ခက်ခဲစွာ ချိုးဖျက်ခဲ့သော်လည်း ယခု အနက်ရောင်နွယ်ပင်များက ရာထောင်ချီရှိနေလေသည်။

သူက ဘယ်လိုလွတ်မြောက်နိုင်မှာလဲ။ ယခုအချိန်တွင် နတ်ဆင်ဘုရင်က ခုခံနိုင်စွမ်းမရှိတော့ဘဲ အနက်ရောင်နွယ်ပင်များ၏ ဆွဲယူခြင်း ခံလိုက်ရသည်။

" ဒီနေ့ကစပြီး အနက်ရောင်မြူခိုးတောင်တန်းက ငါ့အပိုင်ပဲ။ "

လင်းယွမ်၏ ခန္ဓာကိုယ်က လေဟာနယ်လွှမ်းမိုးမှုများဖြင့် ကျုံ့သွားပြီး ကြီးမားသော သားရဲဘုရင် ခုနှစ်ပါးပင် လျင်မြန်စွာ ကျုံ့သွားကြသည်။ သူတို့က အနက်ရောင်နွယ်ပင်များ လွှမ်းခြုံပြီး သစ်ကိုင်းများတွင် တွဲလောင်းကျနေကြသည်။

အကယ်၍ ဘိုးဘေးနတ်ဆိုးသစ်ပင်နှင့် မဆက်သွယ်နိုင်မီ လင်းယွမ်က နတ်ဆိုးသားရဲဘုရင်များကဲ့သို့ အရသာရှိသော အရာမ်ားကို ရင်ဆိုင်ရချိန်တွင် သူ၏ ခွန်အားကို လျင်မြန်စွာ မြှင့်တင်နိုင်ရန် ဖီးနစ်ဘုရင်ကဲ့သို့ ချင်ချင်း ဝါးမျိုပစ်ပေလိမ့်မည်။

သို့သော် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ထောက်ပံ့မှုကို ရရှိပြီးနောက် လင်းယွမ်က ထိုကဲ့သို့ သာမန်အသက်နှင့် စိတ်ဝိညာဉ်များကို စိတ်မဝင်စားတော့ပေ။ သားရဲဘုရင်များ၏ အသက်စွမ်းအားများက သန်မာလျှင်တောင် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ မူလစွမ်းအားကို နှိုင်းယှဉ်နိုင်မည်မဟုတ်ပေ။

သီအိုရီအရ လင်းယွမ်က လုံလောက်သော မူလစွမ်းအားများရှိလျှင် ဘိုးဘေးနတ်ဆိုးသစ်ပင်အဆင့်သို့ ရောက်နိုင်လေသည်။

" သူတို့ကိုထားလိုက်ဦးမယ်။ နောက်ကျ အသုံးဝင်လာနိုင်တယ်။ " လင်းယွမ်က အနာဂတ်တွင် သားရဲဘုရင်များက အသုံးဝင်လာနိုင်သောကြောင့် သူတို့ကို သတ်ဖြတ်ခြင်းမရှိပေ။

ယခု သူတို့က နက်ရှိုင်းစွာ အိပ်မောကျနေပြီး သေနေသကဲ့သို့ လင်းယွမ်၏ လုပ်ရပ်များအပေါ် သက်ရောက်မှုရှိမည်မဟုတ်ပေ။

" စတာပေါ့။ "

သားရဲဘုရင် ခုနှစ်ပါးကို ကိုင်တွယ်ပြီးနောက် လင်းယွမ်က စိုးရိမ်စရာမရှိတော့ဘဲ သူ၏ အျမစ္မ်ားကို အနက်ရောင်မြူခိုးတောင်တန်း၏ အနက်ရှိုင်းဆုံး နေရာသို့ ဖြန့်ကျက်လိုက်သည်။

"ဟမ် ဒီနေရာမှ စိတ်ဝိညာဉ်သွေးကြောကြီးတစ်ခု ရှိနေတယ်။ အဲ့ဒီသားရဲဘုရင်တွေက ဒီနေရာကို သူတို့ရဲ့ ခံတပ်လို သတ်မှတ်ထားတာ အံ့ဩစရာမရှိဘူးပဲ။ "

လင်းယွမ်၏ အမြစ်များက မြေကြီးထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်သွားပြီး စိတ်ဝိညာဉ်သွေးကြောအတွင်းမှ စိတ်ဝိညာဉ်စွမ်းအားများကို တဖြည်းဖြည်း ဝါးမျိုသွားသည်။

ရက်အနည်းငယ် ကြာသောအခါ လင်းယွမ်၏ အျမစ္မ်ားက အနက်ရောင်မြူခိုးတောင်တန်း၏ အနက်ရှိုင်းဆုံး နေရာများအထိ ဖုံးလွှမ်းသွားသည်။ ပြောရလျှင် မိုင်သန်းချီကျယ်ဝန်းသော အနက်ရောင်မြူခိုးတောင်တန်းက လင်းယွမ်၏ အျမစ္မ်ား၏ ထိန်းချုပ်မှုအောက်တွင် ရှိလေသည်။

ယခင် သားရဲဘုရင်များက အနက်ရောင်မြူခိုးတောင်တန်းကို အမည်ခံရုံသာ အုပ်ချုပ်ခဲ့ပြီး ယခင် လင်းယွမ်က အနက်ရောင်မြူခိုးတောင်တန်းတစ်ခုလုံးကိုပင် ထိန်းချုပ်ထားခြင်းဖြစ်သည်။

" ဘိုးဘေး အနက်ရောင်မြူခိုးတောင်တန်းရဲ့ ပတ်ဝန်းကျင်က အရမ်းကြမ်းတမ်းတယ်။ မကြာသေးမီက စွမ်းအားကောင်းတဲ့ နတ်ဆိုးသားရဲအချို့က ကျွန်တော်ကို တိုက်ခိုက်လုနီးပါး ဖြစ်ခဲ့တယ်။ " လင်းယွမ်၏ စိတ်က အမြစ်ထဲသို့ နစ်မြှုပ်သွားပြီး ဘိုးဘေးနတ်ဆိုးသစ်ပင်ကို ညည်းညူလိုက်သည်။

" အနက်ရောင်မြူခိုးတောင်တန်း.... အဲ့ဒီနေရာက နတ်ဆိုးသားရဲတွေနဲ့ ပြည့်နှက်နေပြီးတော့ အရမ်းအန္တရာယ်များတယ်။ မင်းအတွက် တကယ်ခက်ခဲမှာပဲ။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က နှစ်သိမ့်လိုက်သည်။

ထျန်းချင်းကမ္ဘာမှ ကျင့်ကြံသူများနှင့် ယခုအချိန်ထိ တိုက်ခိုက်နေသောကြောင့် ထိုကမ်ဘာ၏ အချက်အလက်များကို သိထားလေသည်။ ထျန်းချင်းကမ္ဘာ၏ ထိပ်ဆုံးတောင်တန်းဆယ်ခုထဲမှ တစ်ခုဖြစ်သော အနက်ရောင်မြူခိုးတောင်တန်းကလည်း အလွန်အန္တရာယ်များသော နေရာတစ်ခု ဖြစ်သည်။

ဘိုးဘေးနတ်ဆိုးသစ်ပင်အတွက် လင်းယွမ် အနက်ရောင်မြူခိုးတောင်တန်းတွင် ရှင်သန်နေခြင်းကပင် အံ့ဩစရာတစ်ခု ဖြစ်နေလေသည်။

" ဒီမှာ မင်းကိုမင်း ကာကွယ်နိုင်ဖို့ ငါ နောက်ထပ်မူလစွမ်းအားတွေ ထပ်ပေးမယ်။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က စဉ်းစားပြီး ပြောလိုက်သည်။

လင်းယွမ်က ထျန်းချင်းကမ်ဘာသို့ ဆင်းသက်ရန် နောက်ဆုံး မျှော်လင့်ချက်ဖြစ်သောကြောင့် သူ့ကို အနက်ရောင်မြူခိုးတောင်တန်းမှ သားရဲမ်ား၏ လက်ထဲတွင် အသေခံနိုင်မည်မဟုတ်ပေ။

" ကျေးဇူးတင်ပါတယ် ဘိုးဘေး။ " လင်းယွမ်က ကျေးဇူးတင်စကားပြောလိုက်သည်။

လင်းယွမ်၏ အမြင်တွင် ဘိုးဘေးနတ်ဆိုးသစ်ပင်က အကျပ်ရိုက်နေခြင်းဖြစ်သည်။ ဤဆယ်နှစ်အတွင်း ဘိုးဘေးနတ်ဆိုးသစ်ပင်က လင်းယွမ်ဆီတွင် မူလစွမ်းအားများ မြှုပ်နှံထားခဲ့သည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်က ထျန်းချင်းကမ္ဘာသို့ ဆင်းသက်ပြီးသည်နှင့် ထိုမူလစွမ်းအားများကို ပြန်ယူနိုင်လေသည်။

သို့သော် လင်းယွမ်က ဘိုးဘေးနတ်ဆိုးကို ထျန်းချင်းကမ္ဘာသို့ ဆင်းသက်ရန် အဆင်မပြေသည့်အခြေအနေတွင် ထားပြီး မူလစွမ်းအားများ ဆက်လက်စားသုံးနေခဲ့သည်။

လင်းယွမ်ကို မတွေ့မီ ဘိုးဘေးနတ်ဆိုးသစ်ပင်က ထျန်းချင်းကမ်ဘာကို လက်လျှော့ရန်ပင် စဉ်းစားထားခဲ့သည်။ ဆင်းသက်နိုင်ခြင်းက ကောင်းမွန်သော်လည်း မဆင်းသက်နိုင်ဘဲ အခြေအနေများ ပိုဆိုးလာလျှင် ထွက်သွားခြင်းက ကြီးမားသော ဆုံးရှုံးမှုရှိမည်မဟုတ်ပေ။

ယခုမူ ဘိုးဘေးနတ်ဆိုးသစ်ပင်က ထွက်သွားရန် ရွေးချယ်ခဲ့လျှင် လင်းယွမ်ဆီတွင် မူလစွမ်းအားများ ရှိနေသောကြောင့် ကြီးမားသော ဆုံးရှုံးမှုဖြစ်ပေလိမ့်မည်။

" ဆုံးရှုံးမှုတွေက ယာယီပဲ။ ငါ ထျန်းချင်းကမ်ဘာကို ဆင်းသက်နိုင်ရင် အားလုံးကို ပြန်ယူနိုင်တယ်။ ပြီးတော့ ကမ်ဘာတစ်ခုလုံးရဲ့ မူလအရင်းအမြစ်ကို ဝါးမျိုလိုက်ရင် ငါ့အတွက် အများကြီး အကျိုးရှိလိမ့်မယ်။ " ထိုအတွေးဖြင့် ဘိုးဘေးနတ်ဆိုးသစ်ပင်က လင်းယွမ်ကို မူလစွမ်းအားများ ပေးပို့နေရခြင်းဖြစ်သည်။

" ကျေးဇူးတင်ပါတယ် ဘိုးဘေး။ " လင်းယွမ်က နောက်ထပ် မူလစွမ်းအားများ ရရှိလိုက်ပြန်သည်။

လင်းယွမ်၏ ကျေးဇူးတင်မှုက အမှန်တကယ် စိတ်ရင်းနှင့်ဖြစ်သည်။

လွန်ခဲ့သည့် ပဉ္စမမြောက်ဆင်းသက်ခြင်းတွင် လင်းယွမ်က သန်မာသော နောက်ခံကို ရရှိခဲ့သော်လည်း သူ၏ ကျင့်ကြံခြင်းအတွက် လိုအပ်သော အရင်းအမြစ်များကို ယင်ဝိညာဉ်နှင့် ယန်ဝိညာဉ်တို့ကသာ ရှာဖွေပေးခဲ့သည်။

သို့သော် ယခု လင်းယွမ်က သူ၏ အခက်အခဲများကို ပြောပြနေသရွေ့ ဘိုးဘေးနတ်ဆိုးသစ်ပင်က မူလစွမ်းအားများကိုတက်ကြွစွာ ပေးပို့နေမည်ဖြစ်သည်။ သို့သော် ဘိုးဘေးနတ်ဆိုးသစ်ပင်က ထျန်းချင်းကမ်ဘာသို့ အောင်မြင်စွာ ဆင်းသက်လာနိုင်သည်နှင့် ပထမဆုံးသေမည့်သူမှာ သူဖြစ်သည်ကို လင်းယွမ်က သိလေသည်။

ဘိုးဘေးနတ်ဆိုးသစ်ပင်က လင်းယွမ်ကို ဝါးမျိုရန် တွေးနေသကဲ့သို့ လင်းယွမ်ကလည်း ဘိုးဘေးနတ်ဆိုးသစ်ပင်ကို ပြန်လည်ဝါးမျိုရန် တွေးနေခဲ့သည်။

လက်ရှိတွင် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ တည်ရှိမှုက လင်းယွမ်အတွက် အပြစ်ထက် အကျိုးက ပိုများလေသည်။ ထို့အပြင် လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်၏ နတ်ဆိုးသစ်ပင်များအပေါ် ထိန်းချုပ်မှုကို ဖြေရှင်းထားပြီးဖြစ်သည်။

" ကောင်းကောင်းလေ့ကျင့်။ အဆင့်ငါးကို မြန်မြန်ရောက်အောင်လုပ်။ " စိတ်ဝိညာဉ်လှိုင်းများထွက်ပေါ်လာပြီး ဘိုးဘေးနတ်ဆိုးသစ်ပင်၏ အသံက အကြီးအကဲတစ်ယောက်ကဲ့သို့ ညင်သာနေသည်။

နတ်ဆိုးသစ်ပင်များကိုလည်း အဆင့်များခွဲခြားထားသည်။ အဆင့်တစ်၊ အဆင့်နှစ်၊ အဆင့်သုံး..... ဘိုးဘေးနတ်ဆိုးသစ်ပင်က အဆင့်ရှစ် မိစ္ဆာနတ်ဘုရားဖြစ်လေသည်။

ဘိုးဘေးနတ်ဆိုးသစ်ပင်နှင့် သူ၏ မျိုးဆက် နတ်ဆိုးသစ်ပင်များကြားတွင် နားမလည်နိုင်သော ဆက်စပ်မှုတစ်ခု ရှိလေသည်။ နတ်ဆိုးမျိုးစေ့က အဆင့်ငါးသို့ ရောက်သည်နှင့် ၎င်း၏ အသက်စွမ်းအားက ဘိုးဘေးနတ်ဆိုးသစ်ပင်နှင့် လေဟာနယ်လမ်းကြောင်း ဖန်တီးရန် လုံလောက်သွားပြီဖြစ်သည်။ ထိုအချိန်တွင် ဘိုးဘေးနတ်ဆိုးသစ်ပင်က ထျန်းချင်းကမ္ဘာသို့ ဆင်းသက်နိုင်ပေလိမ့်မည်။

လက်ရှိအခြေအနေတွင် ထျန်းချင်းကမ္ဘာသို့ တိုက်ရိုက်ဝင်ရောက်ခြင်းက လက်တွေ့မကျသောကြောင့် ၎င်းက ဘိုးဘေးနတ်ဆိုးသစ်ပင်၏ နောက်ဆုံး အစီအစဉ်လည်း ဖြစ်သည်။

" ဘိုးဘေး စိတ်ချပါ။ ကျွန်တော် သေချာပေါက် ကြီးထွားလာအောင် လုပ်ပါမယ်။ ဘိုးဘေးရဲ့ ဂုဏ်သရေက ထျန်းချင်းကမ္ဘာကို လွှမ်းမိုးပြီး သက်ရှိတိုင်းက ဘိုးဘေးရဲ့ခြေရင်းမှာ သက်ဆင်းရပါလိမ့်မယ်။ " လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်ကို မြှောက်ပင့်လိုက်သည်။

သူက ရွေးချယ်စရာမရှိပေ။ ဘိုးဘေးနတ်ဆိုးသစ်ပင်က ယခု ထျန်းချင်းကမ္ဘာကို စွန့်လွှတ်ပြီး ထွက်ပြေးသွားခဲ့လျှင် လင်းယွမ်က ကူကယ်ရာမဲ့စွာ ထိုင်ကြည့်နေရုံသာ တတ်နိုင်ပေလိမ့်မည်။ ထို့ကြောင့် သူက ယခင် ရင်းနှီးမြှုပ်နှံမှုများနှင့် ကိုက်ညီသော အောင်မြင်မှုများကို ပြသရန်လည်း လိုအပ်လေသည်။ သို့မှသာ ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။

မင်းကနောက်နေတာလား။ ငါ့ရဲ့ မူလစွမ်းအားတွေ အများကြီးစားပြီးမှ အသက်ရှင်ချင်သေးတာလား။

သို့သော် အချို့အရာများကို တိုက်ရိုက်ပြော၍ မရပေ။ သူ၏ မျိုးဆက်များ၏ သေခြင်းရှင်းခြင်းက သူ၏ အတွေးတစ်ချက်အပေါ်တွင် မူတည်လေသည်။

မတူညီသော ရည်ရွယ်ချက်များနှင့် နတ်ဆိုးသစ်ပင်နှစ်ပင်က သူတို့၏ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ကြသည်။

All Chapters