ကပ်ပါးကောင်းစွမ်းရည်....
Vol. 18 Ch. 278
အနက်ရောင်မြူခိုးတောင်တန်းထဲတွင် လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်ပြောပြသော အချက်အလက်များကို စဉ်းစားနေသည်။
" အဆင့်ငါး..."
နတ်ဆိုးသစ်ပင်များ၏ ကြီးထွားမှုက ကျင့်ကြံခြင်းနှင့်လည်း မဆိုင်ပေ။ ဥပမာ ယခု လင်းယွမ်က သတ္တမအလွှာ ခွန်အားကို ပိုင်ဆိုင်ထားသော်လည်း နတ်ဆိုးသစ်ပင်၏ ကြီးထွားမှုအရ အဆင့်ခြောက်သာ ရှိနေသေးသည်။
" ငါ့ရဲ့ အော်ရာကို ဖုံးကွယ်ပြီး ကမ္ဘာအတားအဆီးနဲ့ဆို ဘိုးဘေးနတ်ဆိုးသစ်ပင်က ငါ့ရဲ့ ကြီးထွားမှုအဆင့်ကို သတိပြုမိနိုင်မှာမဟုတ်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။
ထျန်းချင်းကမ္ဘာက ဘိုးဘေးနတ်ဆိုးကို ပြင်းထန်စွာ တားဆီးထားပြီး လွန်ခဲ့သော ဆယ်စုနှစ်များစွာတွင် ဘိုးဘေးနတ်ဆိုးသစ်ပင်က ကမ္ဘာအတားအဆီးကို အက်ကြောင်းတစ်ခုဖွင့်ပြီး မျိုးစေ့များ ဖြန့်ကြဲရန်အတွက် ကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ရလေသည်။
ထိုအချိန်မှစ၍ ကမ္ဘာအတားအဆီးကလည်း တဖြည်းဖြည်း ပို၍ အားကောင်းလာခဲ့သည်။ ထို့ကြောင့် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ အာရုံက လင်းယွမ်အပေါ်တွင် အကန့်အသတ်ရှိလေသည်။ ထို့အပြင် လင်းယွမ်ကလည်း ဖုံးကွယ်ခြင်းနည်းစနစ်များကို အသက်သွင်းထားခဲ့သည်။
" ကမ္ဘာအပြင်ဘက် စစ်မြေပြင်မှာ ထျန်းချင်းမဟာမိတ်က အောင်ပွဲတွေ ရရှိနေတယ်။ " လင်းယွမ်၏ အကြည့်က ထျင်းချင်းမဟာမိတ်မှ မရေတွက်နိုင်သော ကျင့်ကြံသူများနှင့် နတ်ဆိုးရုပ်သေးများ တိုက်ခိုက်နေကြသော နေရာသို့ ကြည့်လိုက်သည်။
စစ်မြေပြင်တွင် ထျန်းချင်းမဟာမိတ်က အသာစီးရနေခြင်းကို လင်းယွမ်က မအံ့ဩပေ။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ဘိုးဘေးနတ်ဆိုးသစ်ပင်က လင်းယွမ်ကို မူလစွမ်းအားများ ပေးပို့နေခဲ့သည်။ ရလဒ်အနေဖြင့် သူ၏ ခွန်အားကို လျှော့ချပြီး နတ်ဆိုးရုပ်သေးများ၏ အရေအတွက်ကလည်း လျှော့နည်းသွားခဲ့သည်။
လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်၏ မျိုးဆက်ဖြစ်သော်လည်း သူ၏ ခွန်အားကို လျော့နည်းစေပြီး ထျန်းချင်းမဟာမိတ်ကို ကူညီပေးခဲ့သည်။ ထျန်းချင်းမဟာမိတ်က စစ်မြေပြင်တွင် အသားစီးရလာသည့်အကြောင်းရင်းမှာ လင်းယွမ်နှင့် အများဆုံး သက်ဆိုင်လေသည်။
ထျန်းချင်းကမ္ဘာ၏ အပြင်ဘက်တွင် ကြီးမားသော ဘိုးဘေးနတ်ဆိုးသစ်ပင်က ဟင်းလင်းပြင်ထဲတွင် ရပ်နေပြီး သူ၏ ကြီးမားသော နွယ်ပင်များက လှုပ်ရမ်းနေလေသည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်နှင့် ဆန့်ကျင်ဘက်တွင် လူဆယ့်သုံးယောက် ရပ်နေကြသည်။ သူတို့က ထျန်းချင်းမဟာမိတ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင် ဆယ့်နှစ်ယောက်တို့ ဖြစ်ကြသည်။
ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ကမ္ဘာ၏ ဓားကို ကိုင်ဆောင်ထားပြီး အဋ္ဌမအလွှာနီးပါး တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်နိုင်သကဲ့သို့ ထျန်းချင်းကမ္ဘာတွင် အသန်မာဆုံး ဖြစ်လေသည်။ ဒုခေါင်းဆောင် ဆယ့်နှစ်ယောက်ကလည်း သတ္တမအလွှာများ ဖြစ်ကြပြီး လျှော့တွက်၍ မရပေ။
" မိစ္ဆာနတ်ဘုရား သေပေတော့..." ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ကျောက်ဓားကို ကိုင်ပြီး ဘိုးဘေးနတ်ဆိုးသစ်ပင်ကို ခုတ်ပိုင်းလိုက်သည်။
လေဟာနယ်က အက်ကွဲသွားပြီး ကြမ်းတမ်းသော ဟင်းလင်းပြင်စွမ်းအားများ ထွက်ပေါ်လာသည်။
ကြီးမားသော ဘိုးဘေးနတ်ဆိုးသစ်ပင်က မရေတွက်နိုင်သော အနက်ရောင်နွယ်များကို ဝှေ့ရမ်းပြီး ဓားချက်ကို တားဆီးလိုက်သည်။
" ဒီကမ္ဘာကြောင့်သာ မဟုတ်ရင် မင်းတို့ပုရွက်ဆိတ်တွေ ငါ့ရှေ့မှာ ရပ်ရဲမှာမဟုတ်ဘူး။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က စိတ်ဝိညာဉ်လှိုင်းများကို ထုတ်လွှတ်လိုက်သည်။
သူ စိုးရိမ်သောအရာမှာ ထျန်းချင်းမဟာမိတ်ခေါင်းဆောင်၏ လက်ထဲမှ ကျောက်ဓားဖြစ်သည်။ ထိုဓားက ထျန်းချင်းကမ္ဘာ နှစ်သန်းပေါင်းများစွာ သန့်စင်ထားသော ကမ္ဘာဓားဖြစ်ပြီး သာမန်အခြေအနေများတွင် ကမ္ဘာ၏ နက်ရှိုင်းသော နေရာ၌ ကမ္ဘာနှင့်အတူ လည်ပတ်နေခြင်းဖြစ်သည်။
သို့သော် ယခု ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ကျူးကျော်မှုကြောင့် ထျန်းချင်းကမ္ဘာက အသန်မာဆုံး ကျင့်ကြံသူများနှင့် ပူးပေါင်းပြီး ကျောက်ဓားကို ထုတ်ပေးခဲ့လေသည်။
ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် ဘိုးဘေးနတ်ဆိုးသစ်ပင်က သူ့သဘောအတိုင်း ဆုတ်ခွာသွားခဲ့သည်။ ထျန်းချင်းမဟာမိတ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်ဆယ့်နှစ်ယောက်တို့ကလည်း လိုက်ဖမ်းခြင်းမရှိပေ။ ထျန်းချင်းကမ္ဘာ၏ အနီးတွင် သူတို့က ဘိုးဘေးနတ်ဆိုးသစ်ပင်နှင့် တိုက်ခိုက်နိုင်သော်လည်း ထျန်းချင်းကမ္ဘာအနီးမှ ထွက်သွားခြင်းက သတ်သေခြင်းပင် ဖြစ်ပေလိမ့်မည်။ မဟာမိတ်ခေါင်းဆောင်၏ လက်ထဲမှ ကျောက်ဓားကလည်း ထျန်းချင်းကမ္ဘာနှင့် နီးကပ်နေရန် လိုအပ်လေသည်ာယ
" မဟာမိတ်ခေါင်းဆောင် သတိထားမိလား။ မိစ္ဆာနတ်ဘုရားက ဒီတစ်ခါ ပိုပြီး အားနည်းလာသလိုပဲ။ " ဒုခေါင်းဆောင်တစ်ယောက်က ပြောလိုက်သည်။
" အမှန်ပဲ။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ခေါင်းငြိမ့်လိုက်သည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ကျူးကျော်မှုကြောင့် သူတို့က ဆယ်စုနှစ်များစွာ တိုက်ခိုက်ခဲ့ကြသည်။ ကျောက်ဓား၏ ကာကွယ်မှုဖြင့် သူတို့က ဘိုးဘေးနတ်ဆိုးသစ်ပင်နှင့် အပြန်အလှန် တိုက်ခိုက်နိုင်ခဲ့ကြသည်။
သို့သော် ဤတစ်ကြိမ်တွင် ဘိုးဘေးနတ်ဆိုးသစ်ပင်က သူတို့နှင့် များစွာ တိုက်ခိုက်ခဲ့ခြင်းမရှိဘဲ သူ၏ အားနည်းမှုကို ဖုံးကွယ်ထားနိုင်ခြင်းမရှိခဲ့ပေ။
" ဘာဖြစ်တာလဲ။ "
" မိစ္ဆာနတ်ဘုရားက ငါတို့ကို မြူဆွယ်ဖို့ တမင်လုပ်တာလား။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က စိတ်ရှုပ်သွား၏။
သူတို့က ဘိုးဘေးနတ်ဆိုးသစ်ပင်ကို တစ်ခါမှ အားနည်းအောင် တိုက်ခိုက်နိုင်ခဲ့ခြင်းမရှိသောကြောင့် သူက ထိုကဲ့သို့ တွေးမိခြင်းဖြစ်သည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်က သူတို့ကို ထောင်ချောက်ထဲသို့ ခေါ်သွင်းရန် အားနည်းချက်ကို ထုတ်ပြနေခြင်းလည်း ဖြစ်နိုင်လေသည်။
အနက်ရောင်မြူခိုးတောင်တန်းတွင် လင်းယွမ်က ဉာဏ်အလင်းများကို ရှာဖွေနေသည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် နတ်ဆိုးမျိုးစေ့များကို လေ့လာပြီး ကပ်ပါးကောင်စွမ်းရည်ကို တိုးမြှင့်လိုက်ပါပြီ။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် နတ်ဆိုးမျိုးစေ့များကို လေ့လာပြီး ကပ်ပါးကောင်စွမ်းရည်ကို တိုးမြှင့်လိုက်ပါပြီ။ ]
လင်းယွမ်၏ ရှေ့တွင် မီးခိုးရောင်မျိုးစေ့များ လွင့်မျောနေသည်။ နတ်ဆိုးသစ်ပင်၏ မွေးရာပါစွမ်းရည်ဖြစ်သကဲ့သို့ နတ်ဆိုးမျိုးစေ့များက အသုံးပြုပုံများရှိပြီး ၎င်းတို့ထဲမှ ကပ်ပါးကောင်စွမ်းရည်က လင်းယွမ်အတွက် တန်ဖိုးရှိလေသည်။
သို့သော် နတ်ဆိုးမျိုးစေ့များ၏ မူလကပ်ပါးကောင်စွမ်းရည်က အလွန်ကြမ်းတမ်းပြီး ဖုတ်ကောင်များကဲ့သို့ ဖြစ်သွားက သိသာလွန်းလှသည်။
ထို့ကြောင့် လင်းယွမ်က လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း နတ်ဆိုးမျိုးစေ့များ၏ ချို့ယွင်းချက်များကို ပြင်ဆင်ရန် အချိန်အနည်းငယ် ပေးခဲ့လေသည်။
" တိုးတက်မှုတော့ ရှိတာပဲ။ ဘယ်လိုသက်ရောက်မှုရှိလဲ ကြည့်ရအောင်။ " လင်းယွမ်က အနက်ရောင်နွယ်ပင်များနှင့် ချိတ်ဆွဲခံထားရသော သားရဲဘုရင်တစ်ယောက်ကို ကြည့်လိုက်သည်။
လင်းယွမ်က နတ်ဆိုးသားရဲဘုရင်များကို အသက်ရှင်လျက်ထားခဲ့ခြင်းမှာ သူတို့က အသုံးဝင်လာနိုင်သောကြောင့်ဖြစ်ပြီး ယခု နတ်ဆိုးမျိုးစေ့များ၏ ကပ်ပါးကောင်စွမ်းရည်ကို စမ်းသပ်ရန် အသင့်တော်ဆုံး ဖြစ်လေသည်။ သာမန်နတ်ဆိုးသားရဲများကို အသုံးမပြုခြင်းမှာ လင်းယွမ်၏ မျိုးစေ့များကို ဖြုန်းတီးရာ ရောက်သောကြောင့် ဖြစ်သည်။
ကပ်ပါးကောင်စွမ်းရည်က ပိုင်ရှင်၏ ခွန်အားအပေါ်တွင်လည်း မူတည်လေသည်။ ပိုင်ရှင်က ပဉ္စမအလွှာ ခွန်အားရှိလျှင် ပဉ္စမအလွှာ ခွန်အားကို ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။ ပိုင်ရှင်က ပထမအလွှာတွင်သာရှိလျှင် ပူးကပ်ပြီးနောက် ပထမအလွှာသာ ဖြစ်သောကြောင့် လင်းယွမ်အတွက် မည်သို့မျှ အသုံးဝင်မည်မဟုတ်ပေ။
လင်းယွမ်၏ အမြင်တွင် အနက်ရောင်မြူခိုးတောင်တန်းတစ်ခုလုံးမှ ဆဋ္ဌမအလွှာ နတ်ဆိုးသားရဲဘုရင်များသာ ပူးကပ်ခြင်းအတွက် ထိုက်တန်လေသည်။
အနက်ရောင်နွယ်ပင်တစ်ခုက ပြေလျော့သွားပြီး သားရဲဘုရင်တစ်ယောက် ပြုတ်ကျလာသည်။ ပြုတ်ကျချိန်တွင် သားရဲဘုရင်၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ကြီးမားလာပြီး မြေပြင်သို့ ရောက်သောအခါ ကြီးမားသော ခန္ဓာကိုယ်ကြီး ဖြစ်သွားသည်။
" ဒါဘယ်မှာလဲ။ " ထိုသားရဲဘုရင်က နတ်လူဝံဘုရင်ပင် ဖြစ်သည်။ သူက အချိန်အတော်ကြာ သတိလစ်ပြီးနောက် နိုးလာသဖြင့် ခန စိတ်ရှုပ်နေသည်။
" ဟမ် မဟုတ်လူး။ " နတ်လူဝံဘုရင်က အဖြစ်အပျက်များကို နားလည်သွားပြီး သဓး အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။
နောက်လှည့်ကြည့်လိုက်သောအခါ ကြောက်စရာကောင်းသော ရှေးဟောင်းသစ်ပင်အောက်တွင် သူ့ကိုသူ တွေ့လိုက်ရပြီး သူ၏ စိတ်က အေးစက်သွားသည်။
နတ်လူဝံဘုရင်က ထွက်ပြေးရန် စိတ်ကူးမိသော်လည်း လှုပ်ရှားနိုင်ခြင်းမရှိဘဲ သူ၏ ခန္ဓာကိုယ်ထဲသို့ မိစ္ဆာစွမ်းအားတစ်ခု ပျံ့နှံ့လာသည်ကို ခံစားလိုက်ရသည်။ သူက စကားပြောရန် ပြင်လိုက်သော်လည်း အနက်ရောင်သစ်ကိုင်းမျိ အစေ့တစ်စေ့က လျင်မြန်စွာ ကျဆင်းလာသည်။
" အဲ့ဒါက ဘာလဲ။ " နတ်လူဝံဘုရင်က မလှုပ်ရှားနိုင်သော်လည်း အန္တရာယ်ကို ခံစားမိလေသည်။
မီးခိုးရောင်မျိုးစေ့က နတ်လူဝံဘုရင်၏ နဖူးပေါ်သို့ ကျသွားပြီး အစေ့၏ မျက်နှာပြင်မှ အမြစ်များထွက်လာပြီး နဖူးထဲသို့ နစ်မြုပ်သွားသည်။
" အား...." နတ်လူဝံဘုရင်က နာကျင်စွာ ဟိန်းဟောက်လိုက်သည်။ ထိုအချိန်တွင် သူ၏ ဦးခေါင်းက ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရပြီး အသိစိတ်က ဝေဝါးလာသည်။
" ဒီအစေ့က.... ငါ့ကို အစားထိုးချင်တာလား။ " နတ်လူဝံဘုရင်က ထိတ်လန့်တုန်လှုပ်သွားသည်။
ယခု သူ၏ ဦးနှောက်ထဲတွင် အမြစ်တွယ်နေသော မီးခိုးရောင်မျိုးစေ့က သူ၏ မူလအသိစိတ်ကို ဖြည်းညင်းစွာ ဖယ်ထုတ်ပြီး သူ၏ နေရာကို သိမ်းပိုက်ရန် ကြိုးစားနေသည်။
" မဟုတ်ဘူး။ ငါ ဒါကို လက်မခံနိုင်ဘူး။ " နတ်လူဝံဘုရင်က အပြင်းအထန် ရုန်းကန်နေသည်။ ထိန်းချုပ်ခံရခြင်းနှင့်ယှဉ်လျှင် သေခြင်းကပင် ပြည့်စုံသော လွတ်မြောက်မှုတစ်ခု ဖြစ်လေသည်။
နတ်လူဝံဘုရင်က အပြင်းအထန် ခုခံနေပြီး နတ်ဆိုးကပ်ပါးကောင်ကို တိုက်ခိုက်ရန် သူ၏ ကျန်ရှိသော စိတ်အသိကို စုစည်းလိုက်သည်။ သို့သော် ကံမကောင်းစွာပင် နတ်လူဝံဘုရင်၏ ခန္ဓာကိုယ်က လင်းယွမ်၏ စွမ်းအားကြောင့် ဖိနှိပ်ခံနေရပြီး လက်ကျန်အင်အားကိုပင် ထုတ်ဖော်နိုင်ခြင်းမရှိခဲ့ပေ။