နတ်ဆိုးကမ္ဘာ....
Vol. 18 Ch. 281
" ဒါက..... ငါ့ကမ္ဘာပဲ။ "
မိုင်ထောင်ချီကျယ်သော လေဟာနယ်အက်ကြောင်းထဲတွင် နတ်ဆိုးစွမ်းအားများ ပြည့်နှက်နေပြီး ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က နောက်ဆုတ်လိုက်ရသည်။ ချက်ချင်း နတ်ဆိုးစွမ်းအားများက ရောယှက်စုစည်းသွားပြီး ကမ္ဘာတစ်ခု၏ ပုံရိပ်ဖြစ်ပေါ်လာသည်။
" အဲ့ဒါဘာလဲ။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်၏ အမူအရာက မဲမှောင်သွားသည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်က ထိုနည်းစနစ်ကို တစ်ခါမှ အသုံးမပြုဖူးပေ။ ၎င်းက ဘိုးဘေးနတ်ဆိုးသစ်ပင်များ၏ ဝှက်ဖဲဖြစ်ပုံရလေသည်။
ဝုန်း....
နတ်ဆိုးကမ္ဘာ၏ ကြီးမားသော စွမ်းအားက ဆင်းသက်လာပြီး ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က များစွာ လှုပ်ရှားခြင်းမရှိဘဲ ကမ္ဘာဓား၏ အကာအကွယ်ကို အသက်သွင်းလိုက်သည်။
အဝေးတွင် ဒုခေါင်းဆောင်ဆယ့်နှစ်ယောက်က မဟာမိတ်ခေါင်းဆောင်နှင့် ဘိုးဘေးနတ်ဆိုးသစ်ပင်တို့၏ တိုက်ပွဲကို ကြည့်နေကြသည်။
" မဟာမိတ်ခေါင်းဆောင်က ငါတို့ကို ဝင်မနှောက်ယှက်ခိုင်းဘဲ သူတစ်ယောက်တည်း မိစ္ဆာနတ်ဘုရားကို ရင်ဆိုင်တဲ့အထိ အရမ်းယုံကြည်မှုရှိနေတာလား။ " ဒုမဟာမိတ်ခေါင်းဆောင်တစ်ယောက်က ပြောလိုက်သည်။
ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ကမ္ဘာဓားကို ကိုင်ဆောင်ပြီး မိစ္ဆာများစွာကို သတ်ဖြတ်ခဲ့လေသည်။ သို့သော် ယခုက ကမ္ဘာတစ်ခုကို ဖျက်ဆီးပစ်နိုင်သော ကြောက်စရာကောင်းသည့် မိစ္ဆာနတ်ဘုရားဖြစ်လေသည်။
ထိုကဲ့သို့ တည်ရှိမှုတစ်ခုကို လုံးဝအသာစီးမရဘဲ တစ်ယောက်ချင်းတိုက်ခိုက်ခြင်းက စွန့်စားခြင်းပင်ဖြစ်သည်။ ဒုခေါင်းဆောင်ဆယ့်နှစ်ယောက်က ဘိုးဘေးနတ်ဆိုးသစ်ပင်ကို ထိခိုက်အောင် မလုပ်နိုင်ကြသော်လည်း သူတို့က ၎င်းကို ထိန်းထားနိုင်ပြီး အရေးကြီးသော အခိုက်အတန့်များတွင် သူတို့၏ အသုံးဝင်မှုကို ပြသနိုင်လေသည်။
" မဟာမိတ်ခေါင်းဆောင်မှာ အကြောင်းရင်းရှိမှာပါ။ "
" ငါမမှားရင် မဟာမိတ်ခေါင်းဆောင်က မိစ္ဆာနတ်ဘုရားကို စမ်းသပ်နေတာလား။ " နောက်ထပ် ဒုခေါင်းဆောင်တစ်ယောက်က ပြောလိုက်သည်။
အကယ်၍ မဟာမိတ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်ဆယ့်နှစ်ယောက်တို့ ပူးပေါင်းလိုက်လျှင် ဘိုးဘေးနတ်ဆိုးသစ်ပင်က တိုက်ခိုက်ခြင်းမရှိဘဲ ခွန်အားအပြည့်ကို အသုံးပြုမည်မဟုတ်ပေ။
ယခုမူ မဟာမိတ်ခေါင်းဆောင်နှင့် တစ်ယောက်ချင်း တိုက်ခိုက်လျှင် ဘိုးဘေးနတ်ဆိုးသစ်ပင်က မဟာမိတ်ခေါင်းဆောင်ကို ဒဏ်ရာရရှိစေရန် သို့မဟုတ် သတ်ဖြတ်နိုင်ရန် ခွန်အားအပြည့် ထုတ်ရပေလိမ့်မည်။
" မကောင်းတော့ဘူး။ "
" မိစ္ဆာနတ်ဘုရားက မဟာမိတ်ခေါင်းဆောင်ကို တိုက်ခိုက်ဖို့ ဘယ်လိုနည်းလမ်းကို အသုံးပြုခဲ့တာလဲ။ "
ထိုအချိန်တွင် ဒုခေါင်းဆောင်ဆယ့်နှစ်ယောက်က ဘိုးဘေးနတ်ဆိုးသစ်ပင်အား အနက်ရောင်နတ်ဆိုးစွမ်းအားများ ဝန်းရံနေသည်ကို မြင်လိုက်ရပြီး ချက်ချင်း ထျန်းချင်းမဟာမိတ်ခေါင်းဆောင်ကလည်း ထိုအထဲ၌ နစ်မြှုပ်သွားခဲ့သည်။
" မဟာမိတ်ခေါင်းဆောင်မှာ သူ့ကိုသူ ကာကွယ်ဖို့ ကမ္ဘာဓားရှိတာပဲ။ သူအဆင်ပြေလောက်ပါတယ်။ "
" အင်း မဟာမိတ်ခေါင်းဆောင်က တကယ်စွန့်စားတာပဲ။ တစ်ခုခုမှားသွားရင် ငါတို့ ထျန်းချင်းကမ္ဘာက မိစ္ဆာနတ်ဘုရားရှေ့မှာ ခုခံနိုင်စွမ်း ရှိမှာမဟုတ်ဘူး။ "
ဒုခေါင်းဆောင်ဆယ့်နှစ်ယောက်က စိုးရိမ်သော အမူအရာများနှင့် အပြန်အလှန် ပြောဆိုနေကြသည်။
အနက်ရောင်မြူခိုးတောင်တန်းတွင် လင်းယွမ်က ဉာဏ်အလင်း၌ နစ်မြှုပ်နေခဲ့သည်။ နတ်ဆိုးသားရဲဘုရင်ခုနှစ်ယောက်က အနက်ရောင်မြူခိုးဆောင်တန်း၏ လမ်းကြောင်းအမျိုးမျိုးတွင် စောင်ကြပ်နေကြပြီး လင်းယွမ်အတွက် အနှောက်အယှက်များ ရှိလာမည်မဟုတ်ပေ။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဟင်းလင်းပြင်အမြစ်များကို လေ့လာပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ သတ္တမအလွှာကဏ္ဍကို ပြည့်စုံစေခဲ့ပါတယ်။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဟင်းလင်းပြင်အမြစ်များကို လေ့လာပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ သတ္တမအလွှာကဏ္ဍကို ပြည့်စုံစေခဲ့ပါတယ်။ ]
လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်၏ စွမ်းရည်များကို သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် ပေါင်းစည်းခဲ့သည်။
ဥပမာ ဟင်းလင်းပြင်အမြစ်များဖြစ်သည်။ နောက်ပိုင်းအဆင့်များတွင် ဆင့်ကဲပြောင်းလဲသူများက ဟင်းလင်းပြင်ထဲတွင် ကြာရှည်စွာ နေနိုင်ပြီး ရှင်သန်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်လေသည်။
အခြားဆင့်ကဲပြောင်းလဲသူများက ဟင်းလင်းပြင်ထဲသို့ မတော်တဆဝင်ရောက်မိပြီး သူတို့၏ ကမ္ဘာမှ စွမ်းအားအရင်းအမြစ်မရှိဘဲ လေဟာမယ်မငြိမ်မသက်မှုများကြောင့် သေဆုံးရပေလိမ့်မည်။
သို့သော် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ သတ္တမအလွှာ အမတ်အဆင့်သို့ ရောက်လျှင် ဟင်းလင်းပြင်အမြစ်များနှင့်ဆင်တူသော စွမ်းရည်ကို ပိုင်ဆိုင်ပြီး ဟင်းလင်းပြင်ထဲတွင် ရှင်သန်နိုင်ပေလိမ့်မည်။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် အင်မော်တယ်တာအိုကမ္ဘာက ရုပ်ခန္ဓာနတ်စွမ်းရည် ဒါမှမဟုတ် ဘိုးဘေးနတ်ဆိုးသစ်ပင်ရဲ့ စွမ်းရည်တွေလို များပြားတဲ့ နိယာမတွေက လိုက်လျောညီထွေ ဖြစ်နေသရွေ့ သိုင်းတာအိုထဲကို ပေါင်းထည့်နိုင်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က နိယာမများ မည်မျှပေါင်းထည့်သည်ဖြစ်စေ အခြေခံက ပြောင်းလဲခြင်းမရှိဘဲ လင်းယွမ်၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်သာ ဖြစ်နေပေလိမ့်မည်။
" ဟင်းလင်းပြင်အမြစ်က လုံးဝ ပေါင်းစည်းသွားပြီ။ " လင်းယွမ်က သူ၏ ဉာဏ်အလင်းရရှိမှုကို ကျေနပ်သွားသည်။
" ပြီးတော့ မိစ္ဆာမူလအရင်းအမြစ်နဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခုဖြစ်တဲ့ မိစ္ဆာနတ်ဘုရား အကြည့်လည်း ရှိသေးတယ်။ " လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်၏ နောက်ထပ် စွမ်းရည်တစ်ခုကို စဉ်းစားလိုက်သည်။
သို့သော် လင်းယွမ်က ထိုစွမ်းရည်ကို အနည်းငယ်သာ စိတ်ဝင်စားလေသည်။ မူလကမ္ဘာ၏ လူသားမျိုးနွယ်တွင် စိတ်ဝိညာဉ်တိုက်ခိုက်ရေးနည်းစနစ်များက ပေါများလွန်းလှသည်။ မိစ္ဆာနတ်ဘုရားအကြည့်ထက် သန်မာသည့် နည်းစနစ်များပင် များစွာ ရှိလေသည်။
" နတ်ဆိုးကမ္ဘာ..." လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်၏ အဆုံးစွန်သော စွမ်းရည်ကို လေ့လာပြီးနောက် သူး အမူအရာက အနည်းငယ် လေးနက်သွားသည်။
ထိုစွမ်းရည်က နတ်ဆိုးသစ်ပင်၏ မူလစွမ်းအားများကို အသုံးပြုရပြီး နတ်ဆိုးစွမ်းအားများစွာကို စုစည်း၍ ပုံရိပ်ယောင်နတ်ဆိုးကမ္ဘာတစ်ခုကို ဖန်တီးခြင်းဖြစ်သည်။
ထိုပုံရိပ်ယောင်ကမ္ဘာက အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများ၏ အတွင်းကမ္ဘာနှင့် ဆင်တူလေသည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်က သူ၏ သဘာဝကြောင့် အတွင်းကမ္ဘာကို ဖန်တီးနိုင်ခြင်းမရှိပေ။ နတ်ဆိုးစွမ်းအားများက သန့်စင်လွန်းပြီး ၎င်းနှင့် ဆင်တူသော စွမ်းရည်တစ်ခုကို ဖန်တီးနိုင်ျလသည်။
" ဒီစွမ်းရည်က လေဟာနယ်ရဲ့ နက်နဲမှုတွေ ပါဝင်တယ်။ " လင်းယွမ်၏ စိတ်ထဲတွင် ပင်မလေဟာနယ်ပုံစံ မျိုးစုံထွက်ပေါ်လာသည်။ လေဟာနယ်စွမ်းရည်နှင့် လျို့ဝှက်နည်းစနစ်များက လေဟာနယ်ပုံစံများပေါ်တွင် အမြဲတစေ လည်ပတ်နေလေသည်။
ပုံကိပ်ယောင်နတ်ဆိုးကမ္ဘာအဖြစ် စုစည်းနိုင်သော နတ်ဆိုးကမ္ဘာစွမ်းရည်က လေဟာနယ်နိယာမ၏ အနှစ်သာရများ ပါဝင်လေသည်။
" နတ်ဆိုးကမ္ဘာက ဘိုးဘေးနတ်ဆိုးသစ်ပင်ရဲ့ စွမ်းရည်ပဲ။ မိစ္ဆာနတ်ဘုရားက အဲ့ဒါရဲ့ အနှစ်သာရကို နားမလည်တာတောင် ဘယ်လိုအသုံးပြုရမလဲဆိုတာ သိနေတယ်။ "
" ငါ့ရဲ့ ကောင်းကင်ကိုဆန့်ကျင်တဲ့ နားလည်နိုင်စွမ်းနဲ့တောင် ဒီလိုစွမ်းရည်မျိုးကို နားလည်ဖို့ အချိန်တော်တော်ပေးရလိမ့်မယ်။ " လင်းယွမ်က စဉ်းစားနေပြီး သူ၏ တိုးတက်မှုက နှေးကွေးသော်လည်း စိတ်ပျက်ခြင်းမရှိပေ။
" ဉာဏ်ပညာနတ်ဘုရားက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ သတ္တမအလွှာကို ဘယ်အဆင့်ထိပေးမလဲ မသိဘူး။ "
လင်းယွမ်က သတ္တမအလွှာကဏ္ဍကို ဖန်တီးသည်မှာ အမတ်အဆင့်သို့ ရောက်သွားပြိ်ဖြစ်သည်။ သူက မူလကမ္ဘာသို့ ပြန်ရမည့်အချိန်ကလည်း နှစ်ငါးရာ လိုနေသေးသည်။ မူလကမ္ဘာသို့ မပြန်မီ သတ္တမအလွှာကဏ္ဍကို ပြီးမြောက်အောင် ဖန်းတီးခြင်းက ပြဿနာမရှိပေ။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ သတ္တမအလွှာကဏ္ဍက လင်းယွမ်၏ ကြိုးစားအားထုတ်မှုများစွာ ပါဝင်လေသည်။ သူက သတ္တမအလွှာကဏ္ဍတွင် သတ်မှတ်ထားခြင်းမရှိသော်လည်း အတွင်းကမ္ဘာကို ဖွင့်လှစ်နိုင်ချေရှိလေသည်။
သတ္တမအလွှာတွင် အတွင်းကမ္ဘာကို ဖွင့်လှစ်ခြင်းက ကန့်သတ်ချက် များစွာ ရှိသော်လည်း ၎င်းတို့ထဲမှာ ဖြစ်နိုင်ချေကို ဖုံးကွယ်ထား၍ မရပေ။ ဆင့်ကဲပြောင်းလဲသူတစ်ယောက်အတွက် သတ္တမအလွှာတွင် အတွင်းကမ္ဘာကို ဖွင့်နိုင်ခြင်းက အံ့ဩစရာကောင်းသော အကျိုးကျေးဇူးများ ရရှိပေလိမ့်မည်။
တိုက်ခိုက်ရေးစွမ်းအားက ပြောနေစရာပင်မလိုပေ။ အတွင်းကမ္ဘာက မိုင်အနည်းငယ် ကျယ်ဝန်းသည်နှင့် အခြားသတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများကို လွှမ်းမိုးနိုင်ပေလိမ့်မည်။ အတွင်းကမ္ဘာ၏ သဘာဝလုပ်ဆောင်ချက်များကို ဆင်ခြင်ခြင်းကလည်း ဆင့်ကဲပြောင်းလဲသူများအတွက် များစွာ အထောက်အကူပြုလေသည်။
အတွင်းကမ္ဘာအပြင် ယခု လင်းယွမ်က မိစ္ဆာနတ်ဘုရား၏ စွမ်းရည်များကို သတ္တမအလွှာကဏ္ဍတွင် ထည့်ပေါင်းခဲ့ပြီး သိုင်းတာအို သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများကို အခက်အခဲ အမျိုးမျိုး ရင်ဆိုင်ရန် ပြုလုပ်ပေးထားသည်။