← Chapters

စွမ်းရည်များ ရရှိလာခြင်း....

Vol. 18 Ch. 280

စွမ်းရည်များ ရရှိလာခြင်း....

Vol. 18 Ch. 280

ထိုအချိန်တွင် ဘိုးဘေးနတ်ဆိုးသစ်ပင်က တန်ပြန်လုပ်ဆောင်မှုများကို ပြုလုပ်ရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။

ထို့အပြင် အဆင့်ခုနှစ်နတ်ဆိုးသစ်ပင် ထွက်ပေါ်လာခြင်းက ဘိုးဘေးနတ်ဆိုးသစ်ပင်ကို အစားထိုးနိုင်ပြီး မိစ္ဆာနတ်ဘုရားအသစ် ဖြစ်လာနိုင်လေသည်။

လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်၏ တန်ပြန်လုပ်ဆောင်မှုများကို ချိပ်ပိတ်ခဲ့ပြီး ထိန်းချုပ်မှုများမှ လွတ်မြောက်ပြီးဖြစ်သည်။ သို့သော် ထိုသို့သာဖြစ်ခဲ့လျှင် လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်ကို အခွင့်ကောင်းယူရန် ခက်ခဲသွားမည်ဖြစ်သည်။

ထို့ကြောင့် လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်နှင့် ရင်မဆိုင်ရသေးမီ အဆင့်ခုနှစ်သို့ တက်လှမ်းဦးမည်မဟုတ်ပေ။ ထို့အပြင် နတ်ဆိုးသစ်ပင်၏ ကြီးထွားမှုက ခွန်အားနှင့် မဆိုင်ဘဲ လင်းယွမ်က အဆင့်ခြောက်တွင် ရှိနေလျှင်တောင် သူ၏ ခွန်အားက ဆက်လက်တိုးတက်နေမည်ဖြစ်သည်။

" မင်းရဲ့ အခြေအနေ ဘယ်လိုလဲ။ မင်း ဘယ်အချိန်မှ အဆင့်ငါးကို ရောက်မှာလဲ။ " ရက်အချို့ကြာပြီးသောအခါ ဘိုးဘေးနတ်ဆိုးသစ်ပင်က လင်းယွမ်ကို ဆက်သွယ်ပြီး သူ၏ အသံက စိုးရိမ်သော အရိပ်အယောင်များ ပါဝင်နေသည်။

လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်က ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က အရူးတစ်ယောက်ကဲ့သို့ ပြုမူခဲ့ပြီး သူ့ကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည်။

အတိတ်တွင် ဘိုးဘေးနတ်ဆိုးသစ်ပင်က သူ့ကို ဂရုမစိုက်သော်လည်း လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း သူက လင်းယွမ်ကို မူလစွမ်းအားများ ပေးပို့ခဲ့သောကြောင့် သူ၏ ခွန်အားမှာ သိသိသာသာ လျော့နည်းသွားခဲ့သည်။

ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ယခုအခါ သူ၏ အားနည်းမှုကို သတိထားမိပြီး အခွင့်ကောင်းယူပြီး တိုက်ခိုက်တော့မည်ကို ဘိုးဘေးနတ်ဆိုးသစ်ပင်က သတိထားမိလေသည်။

" ဘိုးဘေး ကျွန်တော်က အနက်ရောင်မြူခိုးတောင်တန်းက နတ်ဆင်ဘုရင်ရဲ့ ပစ်မှတ်ထားခြင်းခံနေရတယ်။ အခု ကျွန်တော်က ကျင့်ကြံချိန်တောင် မရတော့ဘူး။ နတ်ဆင်ဘုရင်က အရမ်းစွမ်းအားကောင်းတယ်။ ကျွန်တော်က တိုက်ခိုက်နိုင်စွမ်းမရှိတော့ ခုခံတာနဲ့ ထွက်ပြေးရုံပဲ တတ်နိုင်တယ်။ ဒါက အရမ်းခက်ခဲတယ်။ "

လင်းယွမ်က မြေပြင်တွင် ဒူးထောက်နေသော နတ်ဆင်ဘုရင်ကို ကြည့်ပြီး ဆက်ပြောလိုက်သည်။ " ဘိုးဘေး ကျွန်တော် နတ်ဆင်ဘုရင်ကိုသာ သတ်နိုင်ရင် အဆင့်ငါးကို အချိန်တိုအတွင်း ရောက်နိုင်လိမ့်မယ်။ "

အမှန်တွင် ဘိုးဘေးနတ်ဆိုးသစ်ပင် ပေးပို့သော မူလစွမ်းအားများနှင့် လင်းယွမ်က အဆင့်ငါးသို့ ရောက်သင့်နေပြီဖြစ်သည်။ သို့သော် လင်းယွမ်က အမဲလိုက်ခံနေရသောကြောင့် ကျင့်ကြံချိန်မရကြောင်း အကြောင်းပြခဲ့သည်။ ၎င်းက ဘိုးဘေးနတ်ဆိုးသစ်ပင်၏ တန်ပြန်လုပ်ဆောင်မှုများပင် ဖြစ်သည်။

" နတ်ဆင်ဘုရင်ကို သတ်ဖို့..." ဘိုးဘေးနတ်ဆိုးသစ်ပင်၏ အတွေးများက လှုပ်ရှားသွားသည်။

ဘိုးဘေးနတ်ဆိုးသစ်ပင်က သူ၏ မျိုးဆက် နတ်ဆိုးသစ်ပင်များ၏ သေခြင်းရှင်ခြင်းကို အတွေးတစ်ခုနှင့် ထိန်းချုပ်နိုင်သည့်အပြင် သူတို့၏ စွမ်းရည်များနှင့် ပင်ကိုပါရမီများကိုလည်း ကန့်သတ်ထားနိုင်လေသည်။

နတ်ဆိုးသစ်ပင်များက ဘိုးဘေးနတ်ဆိုးသစ်ပင်၏ စွမ်းရည်တိုင်းကို ပိုင်ဆိုင်နိုင်လျှင် အဆင့်ခုနှစ်သို့ ရောက်သည်နှင့် နောက်ထပ် ဘိုးဘေးနတ်ဆိုးသစ်ပင်တစ်ခု ပေါ်လာပြီး ထိန်းသိမ်းမရသော အခြေအနေသို့ ရောက်သွားပေလိမ့်မည်။

သို့သော် မျိုးဆက်နတ်ဆိုးသစ်ပင်၏ ပင်ကိုပါရမီနှင့် စွမ်းရည်များကို ကန့်သတ်ထားလျှင် နတ်ဆိုးသစ်ပင်က အဆင့်ခုနှစ်သို့ ရောက်နိုင်လျှင်တောင် ဘိုးဘေးကို ခုခံနိုင်စွမ်းရှိမည်မဟုတ်ပေ။

" ပင်ကိုပါရမီနဲ့ စွမ်းရည်တွေ ပိုပေးလိုက်တာက ပြဿနာ သိပ်မရှိပါဘူး။ နတ်ဆင်ဘုရင်ကို သတ်ပြီး အဆင့်ငါးကို ရောက်တာနဲ့ လေဟာနယ်လမ်းကြောင်းတစ်ခုဖွင့်ပြီး ထျန်းချင်းကမ္ဘာကို ဆင်းသက်နိုင်လိမ့်မယ်။ ဒါဆို ငါ အားလုံးကို ပြန်ယူနိုင်လိမ့်မယ်။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က လေးနက်စွာ စဉ်းစားလိုက်သည်။

သူက လင်းယွမ်၏ လက်ရှိအခြေအနေကို သတိမပြုမိပေ။ ယခုအချိန်တွင် လင်းယွမ်က အနက်ရောင်မြူခိုးတောင်တန်း၏ အရှင်သခင်ဖြစ်နေပြီး သူသာ ဆန္ဒရှိလျှင် ထျန်းချင်းကမ္ဘာတွင် အမှန်တကယ် ကပ်ဘေးတစ်ခုကို ဖန်တီးနိုင်လေသည်။

ထို့အပြင် လင်းယွမ်က သူ၏ အခြေအနေ အစစ်အမှန်ကို ဘိုးဘေးနတ်ဆိုးသစ်ပင်အား ပြောပြလျှင်တောင် ဘိုးဘေးနတ်ဆိုးသစ်ပင်က သူ့ကို ယုံကြည်မည်မဟုတ်ပေ။

ထျန်းချင်းကမ္ဘာသို့ ရောက်ရှိပြီးနောက် ထောက်ပံ့မှုမရှိဘဲ စွမ်းရည်များ ချိတ်ပိတ်ထားခြင်းနှင့်အတူ နတ်ဆိုးသစ်ပင်က အသက်ရှင်ရန်ပင် ခက်ခဲပေလိမ့်မည်။

" ကောင်းပြီ။ ငါမင်းကို ပင်ကိုပါရမီနဲ့ စွမ်းရည်တွေ ထပ်ပေးလိုက်မယ်။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က အံကျိတ်ပြီး လင်းယွမ်အပေါ် ဖိနှိပ်မှုများကို ဖြေလျော့လိုက်သည်။

အနက်ရောင်မြူခိုးတောင်တန်းထဲတွင် လင်းယွမ်က အမြစ်များမှ အနက်ရောင်မီးတောက်များကို အာရုံစိုက်နေသည်။ ထိုအချိန်တွင် အနက်ရောင်မီးတောက်များက အနည်းငယ် ပြောင်းလဲမှု ဖြစ်ပေါ်လာသည်။

၎င်းကို မြင်သောအခါ လင်းယွမ်က အနက်ရောင်မီးတောက်များကို ဖိနှိပ်ရန် ချိပ်ပိတ်လုနီးပါး ဖြစ်သွားပြီးမှ သူက ဘိုးဘေးနတ်ဆိုးသစ်ပင်အတွက် အသုံးဝင်နေသေးသည်ကို စဉ်းစားမိလိုက်သည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်က သူ့ကို ထိခိုက်အောင် လုပ်မည်မဟုတ်ပေ။

" ဒီအတက်အကျက ဘာလဲဆိုတာ အရင်ကြည့်ရအောင်... " လင်းယွမ်က သတိကြီးစွာထားပြီး ချိပ်ပိတ်ခြင်းနည်းစနစ်ကို အချိန်မရွေး အသုံးပြုနိုင်ရန် ပြင်ဆင်လိုက်သည်။ ထိုအတက်အကျက သူ့ကို ထိခိုက်လာသည်နှင့် ချက်ချင်း ချိပ်ပိတ်ပြီး ရပ်ပစ်လိုက်နိုင်လေသည်။

ထူးဆန်းသော အတက်အကျက တဖြည်းဖြည်း ပျံ့နှံ့သွားသည်။ လင်းယွမ်၏ ပင်စည်ထဲသို့ ဝင်ရောက်သွားသည်နှင့် ကန့်သတ်ချက်တစ်ခုခု ပြေလျော့သွားပုံရပြီး လင်းယွမ်က ကျေနပ်မှုကို ခံစားလိုက်ရသည်။

" ဒါ..." တစ်ချိန်တည်းတွင် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ စွမ်းရည်များက လင်းယွမ်၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။

ဘိုးဘေးနတ်ဆိုးသစ်ပင်က သူ၏ အမြစ်များကို ဟင်းလင်းပြင်ထဲသို့ ထိုးစိုက်ပြီး ဟင်းလင်းပြင်စွမ်းအားကို စုပ်ယူနိုင်လေသည်။ ထိုစွမ်းအားက မိစ္ဆာနတ်ဘုရားများအတွက် အရေးအကြီးဆုံး စွမ်းအားတစ်မျိုးလည်း ဖြစ်သည်။

မိစ္ဆာနတ်ဘုရားများက အဆုံးမရှိသော ဟင်းလင်းပြင်ထဲတွင် လှည့်လည်နေကြပြီး နှစ်ထောင်ချီသောင်းချီကြာသည်အထိ သူတို့ကို မတွေ့နိုင်ကြပေ။

ထိုဟင်းလင်းပြင်ထဲတွင် လေဟာနယ်မတည်ငြိမ်မှုများ ပြည့်နှက်နေပြီး စုပ်ယူရန်မဖြစ်နိုင်ပေ။ ထိုအချိန်တွင် သူတို့၏ ဟင်းလင်းပြင်အမြစ်များက အသုံးဝင်လာသည်။ ၎င်းတို့က ဟင်လင်းပြင်ထဲတွင် မိစ္ဆာနတ်ဘုရားများ၏ ရှင်သန်မှုကို ထိန်းသိမ်းပေးသော အရာများ ဖြစ်ကြသည်။

ဟင်းလင်းပြင်အမြစ်များအပြင် လင်းယွမ်က အခြားစွမ်းရည်များကိုလည်း သိခဲ့ရသည်။ လေဟာနယ်ရိုက်ချက်၊ မိစ္ဆာနတ်ဘုရားအကြည့် စသည့် စွမ်းရည်များက ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ကမ္ဘာကို ကျော်လွန်၍ လွှမ်းမိုးနိုင်ခဲ့သည့် အခြေခံအုတ်မြစ်ပင် ဖြစ်သည်။

" အများကြီးပဲ...." လင်းယွမ်က ကျေနပ်နေသည်။

ဘိုးဘေးနတ်ဆိုးသစ်ပင်က စွမ်းရည်များကို တစ်ခုပြီးတစ်ခု ဖွင့်ပေူမည်ဟုသာ ထင်ခဲ့ပြီး ယခုလောက်ထိ ရက်ရောလိမ့်မည်ဟု မထင်ခဲ့ပေ။

" ဒါဆို ကမ္ဘာအပြင်က ဘိုးဘေးနတ်ဆိုးသစ်ပင်ရဲ့ အခြေအနေက တော်တော်ခက်ခဲနေတဲ့ပုံပဲ။ " လင်းယွမ်က စဉ်းစားမိလိုက်သည်။

သူက ယခုမှနိုးထလာသော စွမ်းရည်များကို ပြန်လည်အာရုံစိုက်လိုက်သည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်၏ စွမ်းရည်များက ထူးခြားပြီး ရုပ်ခန္ဓာနတ်စွမ်းရည် သွေးပြန်လည်မွေးဖွားခြင်းအောက် နိမ့်ကျခြင်းမရှိပေ။

သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လင်းယွမ်က ထိုစွမ်းရည်များ၏ အနှစ်သာရကို ဖမ်းဆုပ်ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ထဲတွင် ထည့်သွင်းနိုင်လေသည်။

" ဘိုးဘေး..." လင်းယွမ်က ကျေးဇူးတင်စကား ပြောပြီးသူ၏ သစ္စာစောင့်သိမှုကို ပြရန် ပြင်လိုက်သော်လည်း တစ်ဖက်မှ ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ဟိန်းဟောက်သံထွက်ပေါ်လာသည်။

" ဒီအရူးက ရောက်လာပြန်ပြီ။ မင်း ကမ္ဘာဓားကို ကိုင်ထားတာနဲ့ ငါမင်းကို မသတ်နိုင်တော့ဘူးလို့ တကယ်ထင်နေတာလား။ "

ထိုခနတွင် လင်းယွမ်နှင့် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ဆက်သွယ်မှုက ပြတ်တောက်သွားသည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်က ထျန်းချင်းမဟာမိတ်ခေါင်းဆောင်၏ ဖိအားပေးတိုက်ခိုက်ခြင်းကို ခံရပြီး သူတို့၏ ဆက်သွယ်မှုကို ထိန်းသိမ်းနိုင်စွမ်းရှိတော့ပုံမရပေ။

" ဆိုးတာပဲ။ " လင်းယွမ်က ခန တိတ်ဆိတ်သွားပြီး သက်ပြင်းချလိုက်သည်။

ဘိုးဘေးနတ်ဆိုးသစ်ပင်က ကမ္ဘာအပြင်ဘက်တွင် သေခြင်းရှင်ခြင်းတိုက်ပွဲကို တိုက်ခိုက်နေပြီး သူ၏ မူလရင်းမြစ်စွမ်းအားများကို လင်းယွမ်အား ပေးခဲ့သောကြောင့် ကန့်သတ်မှုများအောက်တွင် ရှိနေခဲ့သည်။

တစ်ဖက်တွင် အဓိကတရားခံဖြစ်သော လင်းယွမ်က ထျန်းချင်းကမ္ဘာထဲတွင် အေးအေးဆေးဆေးနေပြီး ဘိုးဘေးနတ်ဆိုးသစ်ပင်များ၏ မူလစွမ်းအားများဖြင့် ကျင့်ကြံပြီး လျင်မြန်စွာ သန်မာလာခဲ့သည်။

လင်းယွမ်က သူ့ကိုသူပင် အနည်းငယ် ရှက်မိသွားသည်။

ကမ္ဘာအပြင်ဘက်တွင် ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ကျောက်ဓားကို ကိုင်ဆောင်ထားပြီး မမြင်ရသော စွမ်းအားတစ်ခုက အဘက်ဘက်မှ ဝင်လာသော နွယ်ပင်များကို တားဆီးထားသည်။

" ပုရွက်ဆိတ်တွေ မင်းတို့က ငါ့ကို တွန်းအားပေးနေတာပဲ။ "

အဝေးတွင် ဘိုးဘေးနတ်ဆိုးသစ်ပင်က အလွန်ဒေါသထွက်နေပြီး သူ၏ ပင်စည်တွင် ဓားရာတစ်ခု ရှိနေသည်။ လက်ရှိတိုက်ပွဲတွင် သူက အသာစီးမရရုံသာမက ဒဏ်ရာပင် ရသွားခဲ့သည်။

" ငါက တွန်းအားပေးတယ်ဆိုရင်ရော ဘာဖြစ်လဲ။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ဘိုးဘေးနတ်ဆိုးသစ်ပင်နှင့် ဆန့်ကျင်ဘက်တွင် တည်ငြိမ်သော အမူအရာနှင့် ရပ်နေသည်။

" ဒီလိုဆိုမှတော့..." ဘိုးဘေးနတ်ဆိုးသစ်ပင်၏ မရေတွက်နိုင်သော အနက်ရောင်နွယ်ပင်များက မိုင်ထောင်ချီကျယ်သော လေဟာနယ်ကို ဆုတ်ဖြဲသွားသည်။

" အဲ့ဒါဘာလဲ။ " ထျန်းချင်းမဟာမိတ်ကခေါင်းဆောင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူ၏ စွမ်းအားနှင့်အတူ ကမ္ဘာဓားကြောင့် သူက ဘိုးဘေးနတ်ဆိုးသစ်ပင်နှင့် အချိန်ကြာတိုက်ခိုက်နိုင်ခဲ့သည်။

ကမ္ဘာဓားက ဓားဟုဆိုသော်လည်း ကာကွယ်မှုက အလွန်ကြောက်စရာကောင်းလေသည်။ ဘိုးဘေးနတ်ဆိုးသစ်ပင် ကျူးကျော်လာချိန်မှစ၍ ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ကမ္ဘာဓားကြောင့် ကြောက်စိတ်မရှိခဲ့ပေ။

ကမ္ဘာဓား၏ စွမ်းအားက ထျန်းချင်းကမ္ဘာ၏ အကွာအဝေးနှင့် သက်ဆိုင်နေသည်။ ထျန်းချင်းကမ္ဘာနှင့် နီးကပ်လျှင် စွမ်းအားကောင်းလာပြီး ဝေးသွားလျှင် အားနည်းလာမည်ဖြစ်သည်။

All Chapters