← Chapters

နတ်ဆိုးမျိုးစေ့ ကပ်ပါးကောင်စွမ်းရည်....

Vol. 18 Ch. 272

နတ်ဆိုးမျိုးစေ့ ကပ်ပါးကောင်စွမ်းရည်....

Vol. 18 Ch. 272

လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်ကို မဖိနှိပ်နိုင်ခင် ဤကမ္ဘာတွင် ထွက်ပေါ်လာပါက အခြေအနေကောင်းမည်မဟုတ်ပေ။ ထို့ကြောင့် သူက နှစ်ငါးဆယ်အတွင်း အနက်ရောင်မြူခိုးတောင်တန်းမှ မရေတွက်နိုင်သော နတ်ဆိုးသားရဲများကို ဝါးမျိုခဲ့သော်လည်း လူသားကျင့်ကြံသူများကို မထိခဲ့ပေ။ အကြောင်းရင်းတစ်ခုမှာ မူမမှန်မှုကို ရှာတွေ့သွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

နောက်တစ်ခုမှာ လင်းယွမ်က လူသားကျင့်ကြံသူများ၏ အင်အားကို အားနည်းသွားအောင်လုပ်ရန် တုန့်ဆိုင်းနေခဲ့သည်။

ယခုအချိန်တွင် ထျန်းချင်းမဟာမိတ်က ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ကျူးကျော်မှုကို တွန်းလှန်ရန်အတွက် သူတို့၏ အသက်ကို စတေးရန် လိုအပ်နေဆဲ ဖြစ်ပြီး လင်းယွမ်အတွက် ကြီးထွားလာရန် အချိန်ပေးထားသည်။

" ဒါပေမယ့် မကြာသေးခင်က ငါ ဘိုးဘေးနတ်ဆိုးသစ်ပင်ရဲ့ စွမ်းရည်ကို နိုးထလာခဲ့တယ်။ " လင်းယွမ်၏ စိတ်အသိက လှုပ်ရှားသွားပြီး နတ်ဆိုးသစ်ပင်၏ အကိုင်းအခက်များက ဝှေ့ရမ်းလာပြီး မီးခိုးရောင် အစေ့တစ်စေ့ပေါ်လာသည်။ နတ်ဆိုးသစ်စေ့။

ကမ္ဘာအပြင်ဘက်တွင် ဘိုးဘေးနတ်ဆိုးသစ်ပင်က နတ်ဆိုးမျိုးစေ့များကို နတ်ဆိုးရုပ်သေးများအဖြစ် ပြောင်းလဲပြီး ထျန်းချင်းကမ္ဘာမှ ကျင့်ကြံသူများနှင့် တိုက်ခိုက်နေခဲ့သည်။

ဘိုးဘေးနတ်ဆိုးသစ်ပင်၏ မျိုးနွယ်ဖြစ်သကဲ့သို့ လင်းယွမ်က ပို၍ ကြီးထွားလာပြီး ကမ္ဘာဖိနှိပ်မှုမှ လွတ်မြောက်သောအခါ သဘာဝအတိုင်း မျိုးစေ့များ ထုတ်ဖော်နိုင်ခဲ့သည်။

ယခုအချိန်တွင် လင်းယွမ်က နတ်ဆိုးမျိုးစေ့၏ လုပ်ဆောင်မှုသုံးခုကို နားလည်ခဲ့သည်။

ပထမအချက်မှာ နတ်ဆိုးရုပ်သေးအဖြစ် တိုက်ရိုက်ပြောင်းလဲနိုင်ခြင်းဖြစ်သည်။ ၎င်းက လက်ရှိ ဘိုးဘေးနတ်ဆိုးသစ်ပင်အသုံးပြုနေသော နည်းလမ်းဖြစ်ပြီး နတ်ဆိုးမျိုးစေ့များကို မူလချီဖြင့် ပျိုးထောင်ပြီး နတ်ဆိုးရုပ်သေးများအဖြစ် ကြီးထွားလာစေခြင်းဖြစ်သည်။

ဒုတိယတစ်ချက်မှာ နတ်ဆိုးမျိုးစေ့က သက်ရှိတစ်ကောင်အတွင်း ကပ်ပါးကောင်အဖြစ်နေထိုင်ပြီး ထိုသက်ရှိကို ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။

တတိယအချက်မှာ မျိုးစေ့များကို မြေပေါ်တွင် ဖြန့်ကြဲပြီး အပင်ပေါက်ပြီး သဘာဝအတိုင်း ကြီးထွားလာစေခြင်းဖြစ်သည်ယာ

ဘိုးဘေးနတ်ဆိုးသစ်ပင်က လင်းယွမ်၏ နတ်ဆိုးသစ်ပင်ကို တတိယနည်းလမ်းဖြင့် မွေးမြူခဲ့ခြင်းဖြစ်သည်။

နည်းလမ်းတိုင်းက အားသာချက်၊ အားနည်းချက်များ ရှိသော်လည်း တတိယနည်းလမ်းကသာ ဘိုးဘေးနတ်ဆိုးသစ်ပင်၏ စွမ်းရည်များကို ဆက်ခံပြီး ဘိုးဘေးနတ်ဆိုးသစ်ပင်၏ မျိုးနွယ်အဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။

" နတ်ဆိုးမျိုးစေ့ရဲ့ ပထမဆုံးလုပ်ဆောင်ချက်က ငါ့အတွက် အသုံးမဝင်ဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

သူ၏ ကိုယ်ပိုင် မူလချီက်ု အသုံးပြုပြီး နတ်ဆိုးမျိုးစေ့ကို ပျိုးထောင်ခြင်းက လက်ရှိ လင်းယွမ်အတွက် မသင့်တော်ပေ။ ဘိုးဘေးနတ်ဆိုးသစ်ပင်က ကမ္ဘာတစ်ခုကိုပင် သိမ်းပိုက်ချင်သည်အထိ စွမ်းအားကြီးလွန်းပြီး နတ်ဆိုးမျိုးစေ့များကို ပျိုးထောင်ရန် မူလချီကို အသုံးပြုရဲသည်မှာ မထူးဆန်းပေ။

သို့သော် လင်းယွမ်က သူ့တွင် မူလချီအမြောက်အများရှိလျှင် ရုပ်သေးများကို ပျိုးထောင်မည့်အစား သူ့ကိုသူသာ အားဖြည့်ပေလိမ့်မည်။

ထို့အပြင် နတ်ဆိုးမျိုးစေ့၏ တတိယလုပ်ဆောင်ချက်က ပို၍ပင် မလိုအပ်ပေ။ ဘိုးဘေးနတ်ဆိုးသစ်ပင်က ထျန်းချင်းကမ္ဘာသို့ နတ်ဆိုးမျိုးစေ့များစွာ ဖြန့်ကျဲခဲ့သော်လည်း အများစုမှာ သေဆုံးသွားကြပြီး လင်းယွမ်၏ မျိုးစေ့များဆို ပြောစရာပင်မလိုပေ။

" ကပ်ပါးကောင်..." လင်းယွမ်က နတ်ဆိုးမျိုးစေ့၏ ဒုတိယလုပ်ဆောင်ချက်ကို စဉ်းစားလိုက်သည်။

၎င်းက တိကျသော သက်ရှိတစ်ကောင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီး ထိန်းချုပ်နိုင်လေသည်။ ထိုစွမ်းရည်က လိုအပ်ချက်များရှိပြီး အရေးကြီးဆုံးမှာ ပစ်မှတ်က ခုခံနိုင်စွမ်းမရှိရန် ဖြစ်သည်။ မဟုတ်လျှင် ပူးကပ်ခြင်းက ကျရှုံးသွားပေလိမ့်မည်။

လင်းယွမ်က တစ်စုံတစ်ခုကို သတိထားမိလိုက်သည်။

မိုင်ထောင်ချီအဝေးတွင် ခရမ်းရောင်မျက်လုံး ယုန်တစ်ကောင်က စိတ်ဝိညာဉ်ဆေးပင်တစ်ပင်ကို လောဘမျက်လုံးများနှင့် ကြည့်နေသည်ယာ

ဝှစ်...

ခရမ်းရောင်မျက်လုံးယုန်က ပတ်ဝန်းကျင်ကို လေ့လာပြီး အန္တရာယ်မရှိသည်ကို အတည်ပြုပြီးနောက် စိတ်ဝိညာဉ်ဆေးပင်ဆီသို့ ပြေးသွားသည်။

သို့သော် ထိုခနတွင် အနက်ရောင်သစ်ကိုင်းတစ်ခုက မြေပြင်မှ ထိုးထွက်လာပြီး ခရမ်းရောင်မျက်လုံးယုန်ကို ဖမ်း၍ မြေကြီးထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။

ထို့နောက် ခရမ်းရောင်မျက်လုံးယုန်က လင်းယွမ်၏ ရှေ့တွင် ပေါ်လာသည်။

ခရမ်းရောင်မျက်လုံးယုန်က ၎င်း၏ ရှေ့မှ ကြီးမားသော ပုံရိပ်ကြီးကို ကြည့်ပြီး ထိတ်လန့်စွာ အော်ဟစ်ရုန်းကန်နေသည်။

" ငါ ကပ်​ပါးကောင်စွမ်းရည်ကို မင်းအပေါ်မှာ ​သုံးကြည့်ရမယ်။ " လင်းယွမ်က ပြောလိုက်သည်။

သူက ခရမ်းရောင်မျက်လုံးယုန်ကို ကြည့်နေသကဲ့သို့ မီးခိုးရောင်မျိုးစေ့တစ်ခုက ယုန်ပေါ်သို့ ကျရောက်သွားသည်။

ခရမ်းရောင်မျက်လုံးယုန်က မြေပြင်သို့ လဲကျသွားသည်။ မီးခိုးရောင်မျိုးစေ့က ၎င်း၏ ဦးခေါင်းထဲသို့ စိမ့်ဝင်သွားသည်။

ထို့နောက် ခရမ်းရောင်မျက်လုံးယုန်က ထရပ်၍ လင်းယွမ်ဆီသို့ လေးစားသော စိတ်ဝိညာဉ်လှိုင်းများ ထုတ်လွှတ်လိုက်သည်။

" ဒီခံစားချက်..." လင်းယွမ်က ခရမ်းရောင်မျက်လုံးယုန်ကို လေ့လာနေပြီး သူ၏ ထိန်းချုပ်မှုအောက်တွင် ၎င်းက ပြေးခြင်း၊ လိမ့်ခြင်း စသည့်လှုပ်ရှားမှုအမျိုးမျိုးကို လုပ်ပြနေသည်။

" မဆိုးဘူး။ " လင်းယွမ်က အသိအမှတ်ပြုလိုက်သည်။

ခရမ်းရောင်မျက်လုံးယုန်က မသေလဲ အသက်ရှင်နေသော်လည်း နတ်ဆိုးမျိုးစေ့က အစားထိုးသွားပြီဖြစ်သည်။

" ဒါပေမယ့် ဒါကြီးက သိသာလွန်းတယ်။ " လင်းယွမ်က ခရမ်းရောင်မျက်လုံးကို ကြည့်လိုက်သည်။

နတ်ဆိုးမျိုးစေ့ ပူးကပ်ထားသော ယုန်က မှုန်မှိုင်းသော အကြည့်များနှင့် ခြေလက်များ တောင့်တင်းကာ လှုပ်ရှားမှုများက နှေးကွေးနေသည်။ အခြားသူများက တစ်စုံတစ်ခု လွဲမှားနေသည်ကို သတိပြုမိရန် လွယ်ကူလေသည်။

" ဘိုးဘေးနတ်ဆိုးသစ်ပင်က မျိုးစေ့တွေရဲ့ ကပ်ပါးကောင်းစွမ်းရည်ကို အသုံးမပြုတာ အံ့ဩစရာမရှိဘူးပဲ။ အဲ့ဒါက အရမ်းအကန့်အသတ်ရှိတယ်။ " လင်းယွမ်က တွေးလိုက်သည်။

နတ်ဆိုးမျိုးစေ့၏ ကပ်ပါးကောင်စွမ်းရည်က မူလချီကို အသုံးပြုရန် မလိုသော်လည်း ကန့်သတ့်ချက် များစွာ ရှိလေသည်။ ပထမဆုံး ပစ်မှတ်က မခုခံရန် လိုအပ်လေသည်။

သူတို့က မခုခံနိုင်ဘူးဆိုမှတော့ သူတို့ကို သတ်ပြီး ဘာလို့ တိုက်ရိုက်မစားပစ်တာလဲ။

" ဒါပေမယ့်... ဒီကပ်ပါးကောင်စွမ်းရည်ကို ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနဲ့ အဆင့်မြှင့်နိုင်မလား။ " လင်းယွမ်က ထူးဆန်းစွာ တွေးလိုက်သည်။

ဤကမ္ဘာသို့ ရောက်ပြီးနောက် လင်းယွမ်က နတ်ဆိုးသစ်ပင်အနေဖြင့် ကျင့်ကြံရန် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကျင့်စဉ်ကို ဖန်တီးခဲ့လေသည်။ နတ်ဆိုးမျိုးစေ့က နတ်ဆိုးသစ်ပင်၏ သဘာဝစွမ်းရည်ဖြစ်ပြီး ပြည့်စုံအေုင် ပြုလုပ်ရန် ခက်ခဲသော်လည်း ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်တော့ ဖြစ်နိုင်လေသည်။

လက်ရှိအချိန်များတွင် လင်းယွမ်က နယ်ပယ်လေးခုကို အာရုံစိုက်ခဲ့သည်။

ပထမ သူ၏ ကိုယ်ပိုင်ခွန်အားကို ဆက်လက်မြှင့်တင်ရန်နှင့် နတ်ဆိုးသားရဲများကို ဝါမျိုပြီး သူ၏ ကြီးထွားမှုကို တွန်းအားပေးရန်ဖြစ်သည်။

ဒုတိယက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ သတ္တမအလွှာကို ပြည့်စုံစေရန် ဖြစ်သည်။

တတိယက ပင်မလေဟာနယ်ပုံစံများကို နားလည်ရန် ဖြစ်သည်။ မျိုးနွယ်ခြားများ၏ စစ်မြေပြင်ကဲ့သို့ လေဟာနယ်အတက်အကျများ ထင်ရှာသော ပတ်ဝန်းကျင်ကို ဆုံးရှုံးလိုက်ရသော်လည်း လင်းယွမ်က လေဟာနယ်ပုံစံများအား လေ့လာခြင်းကို လျော့ချခြင်းမရှိခဲ့ပေ။

ထို့အပြင် ယခု လင်းယွမ်က အချိန်ပိုရလာခဲ့သည်။ ဤကမ္ဘာတွင် နှစ်ခြောက်ရာနေထိုင်ပြီး ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လေဟာနယ်နိယာမအပေါ် သူ၏ နားလည်မှုကို စိတ်ကူးမယဉ်နိုင်သော အဆင့်ထိ မြှင့်တင်နိုင်လေသည်။

စတုတ္ထက နတ်ဆိုးသစ်ပင်မျိုးစေ့ကို တိုးတက်အောင် လုပ်ရန်ဖြစ်သည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်အတွက် နတ်ဆိုးမျိုးစေ့က အလွန်အရေးကြီးသော နည်းလမ်းတစ်ခု ဖြစ်သော်လည်း လင်းယွမ်က ထိုကဏ္ဍအတွက် အချိန်အချို့ သုံးစွဲရုံသာ ဖြစ်သည်။

အချိန်များက တရွေ့ရွေ့ ကုန်ဆုံးလာခဲ့သည်။

အနက်ရောင်မြူခိုးတောင်တန်း။

ယခု လင်းယွမ်က အမြင့်ငါးဆယ်မီတာနီးပါးရှိပြီဖြစ်ပြီး အကိုင်းအခက်များက ဟိုသည်လှုပ်ရမ်းနေကြသည်။ လင်းယွမ်က သူ၏ ဖိနှိပ်မှုကို လွတ်ပေးခဲ့လျှင် နတ်ဆိုးသစ်ပင်က မီတာ ရာများစွာ ရှည်သွားပေလိမ့်မည်။

ကမ္ဘာအပြင်ဘက်မှ ဘိုးဘေးနတ်ဆိုးသစ်ပင်က မီတာသောင်းချီ မြင့်မားပြီး နတ်ဆိုးမျိုးစေ့ သန်းပေါင်းများစွာက ၎င်း၏ အကိုင်းအခက် တစ်ခုတည်းမှ ပေါက်ဖွားလာခြင်းဖြစ်သည်။ မဟုတ်လျှင် ၎င်းက ထျန်းချင်းကမ္ဘာနှင့် ယခုထိ တိုက်ခိုက်နိုင်မည်မဟုတ်ပေ။

" အခု ငါ့ရဲ့ ခွန်အားက အကန့်အသတ်ကို ရောက်နေပြီ။ သာမန်နတ်ဆိုးသားရဲတွေကို စားတာက အကျိုးသက်ရောက်မှု သိပ်ရှိတော့မှာမဟုတ်ဘူး။ " လင်းယွမ်၏ စိတ်ဝိညာဉ်လှိုင်းများက ကျယ်ပြန့်လာပြီး သူက အနက်ရောင်မြူခိုးတောင်တန်း၏ အနက်ပိုင်းသို့ ကြည့်လိုက်သည်။

၎င်းက အနက်ရောင်မြူခိုးတောင်တန်း၏ ဘုရင်များနေထိုင်သော နေရာပင် ဖြစ်သည်။ သူတို့က အနက်ရောင်မြူခိုးတောင်တန်းတစ်ခုလုံးတွင် အသန်မာဆုံး နတ်ဆိုးသားရဲများဖြစ်ကြသည်။ သူတို့က မြင့်မြတ်သော သွေးမျိုးဆက်နှင့် ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်ကြသော်လည်း အချိန်အများစုကို အိပ်စက်ခြင်းဖြင့် ကုန်ဆုံးရလေသည်။

လွန်ခဲ့သော ဆယ်နှစ်ကျော်က လင်းယွမ်က ဘုရင်များကို လေ့လာခဲ့ပြီး အနီရောင် ဖီးနစ်သစ်ပင်ပေါ်တွင် ဖီးနစ်ငှက်နှင့် ဆင်တူသော ငှက်တစ်ကောင် အိပ်စက်နေသည်ကို တွေ့ခဲ့ရသည်။

သို့သော် ထိုအချိန်တွင် လင်းယွမ်က ဘုရင်များကို ကိုင်တွယ်ရန် ယုံကြည်မှုမရှိသေးပေ။ လင်းယွမ်၏ ကိုင်တွယ်ခြင်းမှာ ဘယ်သူမှသတိမပြုမိခြင်းကို ဆိုလိုလေသည်။

အနက်ရောင်မြူခိုးတောင်တန်း၏ ဘုရင်ရှစ်ပါးကို တစ်ယောက်နှင့်တစ်ယောက် သတိမပြုမိအောင် ရင်ဆိုင်ရမည်ဖြစ်ပြီး မဟုတ်လျှင် အခြားဘုရင်များက ထိတ်လန့်သွားကြပေလိမ့်မည်။

" အချိန်ကျပြီ။ " လင်းယွမ်က တွေးလိုက်သည်။

ဘုရင်ရှစ်ပါးက ဆဋ္ဌမအလွှာနှင့် အထွတ်အထိပ် ခွန်အားများ ရှိကြလေသည်။ ယခု လင်းယွမ်ကလည်း သူတို့နှင့် တန်းတူ ဆဋ္ဌမအလွှာတွင် ရှိလေသည်။

တစ်ဖက်က အနိုင်ရရှိလျှင်တောင် ကြီးမားသော တန်ဖိုးကို ပေးဆပ်ရမည်ဖြစ်ပြီး အခြားဘုရင်များ သတိမထားမိရန် မဖြစ်နိုင်ပေ။

သို့သော် ၎င်းက သာမန်နတ်ဆိုးသစ်ပင်များအတွက်သာ ဖြစ်သည်။ လင်းယွမ်က သာမန်နတ်ဆိုးသစ်ပင်မဟုတ်ပေ။

All Chapters