← Chapters

ဘိုးဘေးနတ်ဆိုးသစ်ပင် သတိပြုမိခြင်း....

Vol. 18 Ch. 274

ဘိုးဘေးနတ်ဆိုးသစ်ပင် သတိပြုမိခြင်း....

Vol. 18 Ch. 274

" ဟမ် " လင်းယွမ်က အနက်ရောင်မြူခိုးတောင်တန်း၏ နက်ရှိုင်းသောနေရာမှ ထွက်ပေါ်လာသော တည်ရှိမှုခုနှစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူတို့က အနက်ရောင်မြူခိုးတောင်တန်း၏ ကျန်ဘုရင်ခုနှစ်ပါးပင်ဖြစ်သည်။

ရက်များစွာ ဖီးနစ်ဘုရင်၏ တည်ရှိမှုပျောက်ကွယ်နေချိန်တွင် သူတို့က လျို့ဝှက်နည်းစနစ်တစ်ခု လေ့ကျင့်နေသည်ဟုသာ ထင်ခဲ့ကြပြီး ထပ်မစုံစမ်းကြတော့ပေ။

ထို့အပြင် သူတို့၏ အမြင်တွင် ဖီးနစ်ဘုရင်နှင့် တိုက်ခိုက်နိုင်သူက ထျန်းချင်းကမ္ဘာတွင် လူအနည်းငယ်သာ ရှိလေသည်။ ထိုလူအနည်းငယ်ကလည်း မိစ္ဆာနတ်ဘုရားကို ခုခံနေကြသဖြင့် လှုပ်ရှား​နိုင်ခြင်းမရှိပေ။ ထို့ကြောင့် ဘုရင်ခုနှစ်ပါးက ပုံမှန်အတိုင်းသာ နေခဲ့ကြ၏။

ယခုအခါ ရက်ပေါင်းများစွာ ကြာသွားသော်လည်း ဖီးနစ်ဘုရင်၏ အော်ရာက ပြန်မပေါ်လာသေးပေ။ သို့မှသာ ဘုရင်ခုနှစ်ပါးက တစ်စုံတစ်ခု လွဲမှားနေသည်ကို သတိပြုမိသွားကြသည်။

ထို့ကြောင့် သူတို့က သူတို့၏ တပ်ဖွဲ့များကို ဦးဆောင်ပြီး ဖီးနစ်အသိုက်ရှိရာသို့ လာခဲ့ကြသည်။ သို့သော် အံ့ဩစရာကောင်းသည်မှာ ဖီးနစ်အသိုက်ရှိရာ ချိုင့်ဝှမ်းနှင့် ဖီးနစ်သစ်ပင်တို့က လုံးဝ ပျောက်ကွယ်နေသည်ကို တွေ့ခဲ့ရသည်။ ထို့ကြောင့် ဘုရင်ခုနှစ်ပါးက သူတို့၏ အော်ရာများဖြင့် ဖီးနစ်ဘုရင်ကို ရှာဖွေကြခြင်းဖြစ်သည်။

" အခြားဘုရင်ခုနှစ်ပါးက သတိပြုမိသွားတုန်းပဲ။ "

လင်းယွမ်က သူ့ကိုသူ ဖုံးကွယ်ပြီး ဘုရင်ခုနှစ်ပါးကို လေ့လာနေစဉ် သူတို့က လူစုမခွဲတော့ဘဲ စုပေါင်းနေကြသည်ကို မြင်သောအခါ သူက သက်ပြင်းချမိလေသည်။

သူ လက်ရှိအသုံးပြုနေသော လေဟာနယ်အကျဉ်းထောင်က ဘုရင်တစ်ပါးကို ကိုင်တွယ်ရန် ယုံကြည်မှုရှိလေသည်။ နှစ်ယောက်သုံးယောက်အထိ ထိန်းထားနိုင်သော်လည်း ခုနှစ်ယောက်က သူ၏ အကန့်အသတ်ထက် ကျော်လွန်သွားပြီဖြစ်သည်။

လင်းယွမ်၏ လေဟာနယ်အကျဉ်းထောင်ကို ချိုးဖျက်ရန် နည်းလမ်းနှစ်ခု ရှိလေသည်။ တစ်ခုမှာ လေဟာနယ်ကို လင်းယွမ်ထက် ပို၍ နားလည်ရန် ဖြစ်သည်။ အခြားတစ်ခုမှာ လင်းယွမ်ထက် ဆယ်ဆ ပို၍ သန်မာသော ခွန်အားကို ထုတ်နိုင်ရန် ဖြစ်သည်။

ဘုရင်ခုနှစ်ပါးက သူတို့၏ ခွန်အားများကို ပေါင်းစည်းပြီး သွေးမျိုးဆက်စွမ်းရည်များဖြင့် အမှန်တကယ်ပင် လင်းယွမ်ထက် ဆယ်ဆပို၍ သန်မာလေသည်။

" ဖြည်းဖြည်းပေါ့။ ငါ ပင်မလေဟာနယ်ပုံစံတွေကို လေ့လာပြီး အချိန်ဖြုန်းရတာပေါ့။ ပြီးမှ သူတို့ကို ကိုင်တွယ်မယ်။ " လင်းယွမ်က သူ့ကိုသူ နှစ်သိမ့်လိုက်သည်။

သူက လာမည့်အချိန်များတွင် ဘုရင်ခုနှစ်ပါးကို မကျော်လွန်နိုင်ခင်အထိ အနက်ရောင်မြူခိုးတောင်တန်းထဲတွင် ပုန်းကွယ်နေရန် စီစဉ်ထားသည်။

ထျန်းချင်းကမ္ဘာ၏ အပြင်ဘက်တွင် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ မရေတွက်နိုင်သော သစ်ကိုင်းများက မိုင်ထောင်ပေါင်းများစွာ လှည့်ပတ်နေပြီး ကြောက်စရာကောင်းသော စွမ်းအားများ ထွက်ပေါ်နေသည်။

" ဒီပုရွက်ဆိတ်တွေ..." ဘိုးဘေးနတ်ဆိုးသစ်ပင်က မရေတွက်နိုင်သော နတ်ဆိုးရုပ်သေးများက ကမ္ဘာအတွင်းသို့ ပြေးဝင်ရမ် ကြိုးစားနေသော စစ်မြေပြင်ကို ကြည့်လိုက်သည်။

သို့သော် သူတို့အားလုံးက ထျန်းချင်းကမ္ဘာအတွင်း ကျင့်ကြံသူများစွာ၏ တားဆီးခြင်းကို ခံနေရသည်။ စစ်မြေပြင်တွင် အပြာရောင်ဝတ်ရုံနှင့်လူတစ်ယောက် ထိုင်နေပြီး သူ၏ ရှေ့တွင် ကျောက်ဓားတစ်ချောင်း မျောလွင့်နေသည်။

" ကမ္ဘာရဲ့ ကာကွယ်မှုကြောင့်သာမဟုတ်ရင်..." ဘိုးဘေးနတ်ဆိုးသစ်ပင်က ကျောက်ဓားကို စိုက်ကြည့်ရင်းတွေးလိုက်သည်။

ထျန်းချင်းကမ္ဘာ၏ ကျင်​့ကြံသူများသာမက ကမ္ဘာကိုယ်တိုင်ကလည်း သူ့ကို တားဆီးနေခဲ့သည်။ ကမ္ဘာအကာအကွယ်နှင့် ကျောက်ဓားတို့က ထျန်းချင်းကမ္ဘာမှ ဆင်းသက်လာခြင်းဖြစ်သည်။

" ဟင်..." ဘိုးဘေးနတ်ဆိုးသစ်ပင်က ထိုကမ္ဘာကို စွန့်လွှတ်ရန် စဉ်းစားနေစဉ် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။

" လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ငါ မူလအရင်းအမြစ်ကို အသုံးပြုပြီး ထျန်းချင်းကမ္ဘာကို မျိုးစေ့ထောင်ချီ ဖြန့်ကြဲခဲ့တာ တစ်စေ့က ရှင်သန်နေတာလား။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က အနည်းငယ် အံ့ဩသွားသည်။

သူက ထျန်းချင်းကမ္ဘာကို ဖရိုဖရဲဖြစ်စေရန် ထျန်းချင်းကမ္ဘာကို အက်ကြောင်းတစ်ခုဖွင့်ပြီး မျိုးစေ့ ထောင်ပေါင်းများစွာကို ဖြန့်ကြဲခဲ့သည်။

ကံမကောင်းစွာပင် ဘိုးဘေးနတ်ဆိုးသစ်ပင်က ကမ္ဘာ၏ ဖိနှိပ်မှုကို လျှော့တွက်ခဲ့သည်။ မျိုးစေ့ပေါင်းများစွာက ကြီးထွားနိုင်ခြင်းမရှိဘဲ သေဆုံးသွားခဲ့ကြသည်။ ထို့ကြောင့် သူက ၎င်းကို လက်လျှော့ထားခဲ့ပြီး ဖြစ်သည်။ သို့သော် ယခု မျိုးစေ့တစ်စေ့က ရှင်သန်နေခဲ့သည်။

ထိုခံစားမှုက ကမ္ဘာအတားအဆီးကြောင့် အားနည်းသော်လည်း သူ၏ မျိုးနွယ်အနေဖြင့် ဘိုးဘေးနတ်ဆိုးသစ်ပင်က အလွန်သေချာလေသည်။

" စိတ်ဝင်စားစရာပဲ။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က မူလအရင်းအမြစ်ကို အသုံးချပြီး သူ၏ စိတ်အသိကို ထိုခံစားမှုအတိုင်း လွှတ်လိုက်သည်။

အနက်ရောင်မြူခိုးတောင်တန်းတွင် လင်းယွမ်က ဖီးနစ်ဘုရင်၏ သွေးနှင့် စိတ်ဝိညာဉ်တို့ကို သန့်စင်နေသည်။

ထိုအချိန်တွင် နတ်ဆိုးသစ်ပင်၏ အမြစ်နေရာမှ အနက်ရောင်မီးတောက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် မီးတောက်ထဲမှ စိတ်ဝိညာဉ်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။

" မင်းလွတ်မြောက်ခဲ့တာလား။ " ထိုစိတ်ဝိညာဉ်လှိုင်းက အားနည်းသော်လည်း အလွန်သေချာလေသည်။

လင်းယွမ်က ၎င်းမှာ ကမ္ဘာအပြင်ဘက်ရှိ ဘိုးဘေးနတ်ဆိုးသစ်ပင်မှ လာသည်ကို ချက်ချင်းသိလိုက်သည်။

အခုဘာလုပ်ရမလဲ။ လင်းယွမ်က လျင်မြန်စွာ စဉ်းစားနေသည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်၏ စိတ်ဝိညာဉ်လှိုင်းအရ သူက လင်းယွမ်၏ အခြေအနေကို သတိပြုမိပုံမရပေ။

လင်းယွမ်၏ အခြေအနေက ရှင်သန်ရုံသာမက အနက်ရောင်မြူခိုးတောင်တန်းတစ်ခုလုံးကိုပင် လွှမ်းမိုးလုနီးပါး ဖြစ်နေသည်။

" ဘိုးဘေး..." လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်မှ ဆင်းသက်လာခြင်းဖြစ်သောကြောင့် အနည်းငယ် လေးစားစွာ ပြောလိုက်သည်။

" ကျွန်တော်လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ လက်ရှိအခြေအနေက အတော်လေး ခက်ခဲပါတယ်။ ကျွန်တော် ဘိုးဘေးရဲ့ အကူအညီကို လိုအပ်နေပါတယ်။ "

ဘိုးဘေးနတ်ဆိုးသစ်ပင်က သူ၏ မျိုးစေ့မှ ကြီးထွားလာသော မည်သည့်နတ်ဆိုးသစ်ပင်ကိုမဆို ထိန်းချုပ်နိုင်စွမ်းရှိလေသည်။ သူတို့က ကမ္ဘာတစ်ခု ခြားနေလျှင်တောင် လင်းယွမ်ကို ခံစားမိသောကြောင့် အခြားနည်းလမ်းများလည်း ရှိပေလိမ့်မည်။ ထို့ကြောင့် ဘိုးဘေးနတ်ဆိုးသစ်ပင်က သူ့ကို ဆက်သွယ်လာချိန်တွင် လင်းယွမ်က မလှုပ်ရှားခြင်းဖြစ်သည်။

ယင်းအစာ သူက ထျန်းချင်းကမ္ဘာထဲသို့ ဝင်ရောက်လာပြီးနောက် ခက်ခဲစွာ ရှင်သန်နေရပုံကို ပြောပြခဲ့သည်။

လင်းယွမ်က အဆိုးဆုံးအခြေအနေအတွက်လည်း ပြင်ဆင်ထားပြီးဖြစ်သည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်က သူ၏ အစစ်အမှန်ခွန်အားကို သတိပြုမိလျှင် တစ်စုံတစ်ခု လွဲမှားနေသည်ကို သိပေလိမ့်မည်။

သို့သော် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ပထမစကားကြောင့် သူက အခြေအနေကို မသိကြောင်း ထင်ရှားနေသည်။

အမှန်တော့ ၎င်းက သာမန်သာဖြစ်သည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်က ကမ္ဘာတစ်ခုခြားနေသော်လည်း သူ၏ မျိုးနွယ်ဝင်များ၏ အခြေအနေကို သေချာသိနိုင်လျှင် ထောင်ပေါင်းများစွာသော မျိုးစေ့များက ထျန်းချင်းကမ္ဘာထဲတွင် သေဆုံးနေကြသည်ကို ကူကယ်ရာမဲ့စွာ ထိုင်ကြည့်နေရပေလိမ့်မည်။

သစ္စာစောင့်သိသော နတ်ဆိုးသစ်ပင်အဖြစ် သရုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သောကြောင့် လင်းယွမ်က တောင်းဆိုမှုများကို ထိန်းချုပ်ထားမည်မဟုတ်ပေ။

လင်းယွမ်က ထျန်းချင်းကမ္ဘာသို့ မျိုးစေ့များစွာ ဖြန့်ကြဲရသည့် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ရည်ရွယ်ချက်ကို နားလည်သွားခဲ့သည်။

၎င်းက ထျန်းချင်းကမ္ဘာကို ဖရိုဖရဲ ဖြစ်စေရန်သာမက ကမ္ဘာအပြင်ဘက်မှ ဘိုးဘေးနတ်ဆိုးသစ်ပင်အတွက် လမ်းပြအမှတ်အသားလည်း ဖြစ်သည်။ သို့သော် ကမ္ဘာ၏ ဖိနှိပ်မှုအောက်တွင် မျိုးစေ့အားလုံးနီးပါးက သေဆုံးသွားခဲ့သည်။ လင်းယွမ်၏ စိတ်အသိသာ ဆင်းသက်လာခြင်းမရှိလျှင် ထိုနတ်ဆိုးသစ်ပင်ကလည်း သေဆုံးသည်မှာ ကြာပြီဖြစ်သည်။

ထို​ကြာင့် လက်ရှိ ထျန်းချင်းကမ္ဘာတွင် လင်းယွမ်က တစ်ဦးတည်းသော ရှင်သန်သူ ဖြစ်လေသည်။

ဘိုးဘေးနတ်ဆိုးသစ်ပင်က ထျန်းချင်းကမ္ဘာကို သိမ်းပိုက်ချင်လျှင် လင်းယွမ်ကို မလွဲမသွေ ထောက်ပံ့ရပေလိမ့်မည်။ လင်းယွမ် သေဆုံးသွားလျှင် ဘိုးဘေးနတ်ဆိုးသစ်ပင်က ထျန်းချင်းကမ္ဘာကို သိမ်းပိုက်ရန် ပို၍ ဝေးကွာသွားပေလိမ့်မည်။

လင်းယွမ်၏ ဗဟုသုတများအရ ဘိုးဘေးနတ်ဆိုးသစ်ပင်က ထျန်းချင်းကမ္ဘာ၏ မရေတွက်နိုင်သော ကျင့်ကြံသူများနှင့် တိုက်ခိုက်ခဲ့သော်လည်း မည်သည့်အကျိုးအမြတ်မှ ရရှိခြင်းမရှိပေ။ ထျန်းချင်းကမ္ဘာ၏ ရှေ့တွင် ထျန်းချင်းမဟာမိတ်ရှိသောကြောင့် ဘိုးဘေးနတ်ဆိုးသစ်ပင်က ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်နေလေသည်။

" အခြေအနေက တော်တော်ဆိုးတယ်။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က လင်းယွမ်၏ စကားကို သံသယဝင်ခြင်းမရှိပေ။

ထောင်ပေါင်းများစွာသော နတ်ဆိုးမျိုးစေ့များ သေဆုံးသွားကြသောကြောင့် အခြေအနေက အလွန်ဆိုးရွားသည်မှာ ပြောစရာပင် မလိုပေ။

" ငါမင်းကို ဘယ်လိုကူညီရမှာလဲ။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က ဆက်သွယ်မှုအတိုင်း လင်းယွမ်ကို မေးလိုက်သည်။

လင်းယွမ်အသက်ရှင်နေသရွေ့ သူ၏ အကြံအစည်က အချည်းနှီးမဖြစ်ပေ။ ၎င်းက ထျန်းချင်းကမ္ဘာသို့ ဆင်းသက်နိုင်မည့် မျှော်လင့်ချက်တစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် ဘိုးဘေးနတ်ဆိုးသစ်ပင်က ဝမ်းသာသွားခြင်း ဖြစ်သည်။

သူက နှစ်ပေါင်းသုံးရာတိုင်တိုင် ထျန်းချင်းမဟာမိတ်နှင့် တိုက်ခိုက်ခဲ့ပြီး ရှေ့ဆက်မတိုးနိုင်ဘဲ လက်လျှော့ရန်ပင် စဉ်းစားနေခဲ့သည်။ ထျန်းချင်းကမ္ဘာကို ဝါးမျိုခြင်းက သူ့အတွက် များစွာ အထောက်အကူဖြစ်သော်လည်း ၎င်းက ဖြစ်နိုင်ရန်လည်း လိုအပ်လေသည်။ သို့သော် ယခု လင်းယွမ်၏ ရှင်သန်မှုက သူ့အတွက် မျှော်လင့်ချက်ရှိသွားပြီဖြစ်သည်။

လင်းယွမ်က လုံလောက်အောင်သန်မာလာလျှင် သူတို့နှစ်ယောက်ပူးပေါင်းပြီး ထျန်းချင်းကမ္ဘာအတွင်း တိုက်ရိုက် လေဟာနယ်လမ်းကြောင်းကို ဖန်တီးနိုင်မည်ဖြစ်သည်။ ထိုအချိန်တွင် ထျန်းချင်းကမ္ဘာတစ်ခုလုံးက သူ၏ အားဖြည့်စရာဖြစ်လာပေလိမ့်မည်။

" ဘိုးဘေး ကျွန်တော် အသားနဲ့ ဝိညာဉ်တွေ လိုချင်တယ်။ " လင်းယွမ်က ပြောလိုက်သည်။ ၎င်းက နတ်ဆိုးသစ်ပင်အနေဖြစ် တောင်းဆိုမှုလည်း ဖြစ်သည်။

All Chapters