← Chapters

ရှုကျွမ်းနှင့် လျောင်အန်း....

Vol. 18 Ch. 283

ရှုကျွမ်းနှင့် လျောင်အန်း....

Vol. 18 Ch. 283

ထျန်းချင်းမဟာမိတ်ခေါင်းဆောင်နှင့် နတ်ဆိုးသားရဲတောင်တန်းဆယ်ခုနှင့် လွန်ခဲ့သော နှစ်ပေါင်းများစွာက ပဋိညာဉ်ပြုခဲ့ကြသည်။ အရေးကြီးသော အခိုက်အတန့်တွင် သူတို့က မဟာမိတ်ခေါင်းဆောင်၏ စကားကို နားထောင်ရပေလိမ့်မည်။

ယခု ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က တန်ပြန်တိုက်ခိုက်ရန် တပ်ဖွဲ့အားလုံးကို စုစည်းလိုသောကြောင့် အစီအစဉ်များကိုလည်း အနည်းငယ် ပြောင်းလဲရပေလိမ့်မည်။ နောက်ဆုံးတွင် နတ်ဆိုးသားရဲတောင်တန်းဆယ်ခုက စစ်ပွဲတွင် အရေးပါသော အင်အားကို ကိုယ်စားပြုလေသည်။

" ဟုတ်ကဲ့ " ဒုခေါင်းဆောင်ဆယ့်နှစ်ယောက်က စိတ်အားထက်သန်စွာ ပြောပြီး ထွက်ခွာသွားကြသည်။ နတ်ဆိုးသားရဲများအပြင် အခြားလျို့ဝှက်အဖွဲ့အစည်းများကိုလည်း စုစည်းရပေလိမ့်မည်။

ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ထျန်းချင်းကမ္ဘာ၏ အင်အားစုအားလုံးကို စုစည်းရန် ဒုခေါင်းဆောင်များ၊ ကာကွယ်သူများ၊ အကြီးအကဲများနှင့် အခြားအဖွဲ့ဝင်များကို စေလွှတ်ခဲ့သည်။ သူကိုယ်တိုင်က ဘိုးဘေးနတ်ဆိုးသစ်ပင်၏ နောက်ဆုံးတိုက်ခိုက်မှုကို တားဆီးရန် စစ်မြေပြင်တွင် စောင့်ကြပ်နေရန် လိုအပ်လေသည်။

" အားလုံး ပြီးလာနီးပြီ။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က လေးနက်စွာဖြင့် အဝေးသို့ ငေးကြည့်နေသည်။

အနက်ရောင်မြူခိုးတောင်တန်း၏ အပြင်ဘက်သို့ အလင်းတန်းနှစ်ခု ဆင်းသက်လာသည်။

" ဒါ အနက်ရောင်မြူခိုးတောင်တန်းပဲ။ "

" ငါမှတ်မိတယ်။ အနက်ရောင်မြူခိုးတောင်တန်းမှာ နတ်ဆိုးသားရဲဘုရင် ရှစ်ယောက်ရှိပြီးတော့ ရှေးဟောင်းနတ်ဆင်သွေးမျိုးဆက်ကို ပိုင်ဆိုင်တဲ့ နတ်ဆင်ဘုရင်က အသန်မာဆုံးပဲ။ "

အလင်းတန်းနှစ်ခုက လူနှစ်​ယောက်အဖြစ် ပြောင်းလဲသွားပြီး ဘယ်ဘက်မျိ ပိန်ပိန်နှင့် အဘိုးအိုက ထျန်းချင်းမဟာမိတ်၏ အကြီးအကဲတစ်ယောက်ဖြစ်သော ရှုကျွမ်းဖြစ်၏။ထျန်းချင်းမဟာမိတ်တွင် အကြီးအကဲ ၁၅၆ ယောက်ရှိပြီး လူတိုင်းက ဆဋ္ဌမအလွှာ ခွန်အားကို ပိုင်ဆိုင်ကြလေသည်။

ညာဘက်မှ လူငယ်က လျောင်အန်းဖြစ်ပြီး ထျန်းချင်းမဟာမိတ်၏ အကြီးအကဲတစ်ယောက်လည်း ဖြစ်သည်။ အကြီးအကဲရှုကျွမ်းနှင့် မတူဘဲ လျောင်အန်းက အသက်သုံးရာသာရှိသေးပြီး ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ပထမဆုံးကျူးကျော်မှုကိုပင် မကြုံတွေ့ခဲ့ရပေ။

လျောင်အန်းက အနက်ရောင်မြူခိုးတောင်တန်းကို ရောက်ဖူးခြင်းမရှိဘဲ သူ၏ အချိန်အများစုကို စစ်မြေပြင်တွင် နတ်ဆိုးရုပ်သေးများနှင့် တိုက်ခိုက်ရင်းသာ ကုန်ဆုံးခဲ့သည်။

" သွားစို့ ငါတို့အထဲကို သွားရမယ်။ " အကြီးအကဲရှုကျွမ်းက အနက်ရောင်မြူခိုးတောင်တန်းအကြောင်းကို သိလေသည်။

သူတို့၏ ရည်ရွယ်ချက်က ရှင်းလေသည်။ အနက်ရောင်မြူခိုးတောင်တန်း၏ နတ်ဆိုးသားရဲဘုရင်ရှစ်ယောက်ကို တန်ပြန်တိုက်ခိုက်ရန်အတွက် ပြင်ဆင်ပြီး စစ်မြေပြင်သို့ လာရောက်ရန် ဖြစ်သော ထျန်းချင်းမဟာမိတ်ခေါင်းဆောင်၏ အမိန့်ကို လာရောက်ပေးအပ်ခြင်းဖြစ်သည်။

" မဟာမိတ်ခေါင်းဆောင်က ကောင်းကင်နဲ့မြေကြီးကို ထိန်းညှိပေးပြီး မိစ္ဆာနတ်ဘုရားကို တိုက်ခိုက်ရာမှ အခွင့်ကောင်းယူပြီး တန်ပြန်တိုက်ခိုက်ဖို့တောင် ပြင်ဆင်နေပြီ။ " ရှုကျွမ်းက တန်ပြန်တိုက်ခိုက်ရန်အတွက် ထျန်းချင်းကမ္ဘာမှ အင်အားစုများအားလုံးကို စုစည်းရန် ချမှတ်လိုက်သော မဟာမိတ်ခေါင်းဆောင်၏ အမိန့်ကို ပထမဆုံးကြားချိန်တွင် သူက အမှန်တကယ် အံ့အားသင့်ခဲ့ရလေသည်။

" အမှန်ပဲ။ " လျောင်အန်းက ခေါင်းငြိမ့်လိုက်သည်။ " မိစ္ဆာနတ်ဘုရားကို ချေမှုန်းပြီးရင် မိသားစုတစ်ခုရဖို့ မျှော်လင့်ရတာပဲ။ "

" အဲ့ဒါက လွယ်ပါတယ်။ မင်းရဲ့ ခွန်အားနဲ့ အဆင့်အတန်းအရဆို အလှလေးတွေက မင်းဆီကို အလိုလို ရောက်လာလိမ့်မယ်။ " ရှုကျွမ်းက ရယ်မောပြီး ပြောလိုက်သည်။

သူတို့နှစ်ယောက်က လမ်းလျှောက်ရင်း စကားစမြည်ပြောဆိုနေကြသည်ာယ

ရုတ်တရက် လျောင်အန်းက ရပ်တန့်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

" ဘာဖြစ်လို့လဲ။ " ရှုကျွမ်းကလည်း ရပ်တန့်သွားပြီး လျောင်အန်းကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။

" ဘာမှမဟုတ်ဘူး။ ဒီနေရာက အရမ်းတိတ်ဆိတ်နေတယ်။ " လျောင်အန်းက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ " အနက်ရောင်မြူခိုးတောင်တန်းကို တစ်ခါမှမရောက်ဖူးပေမယ့် ဒီနေရာက ရက်စက်တဲ့ နတ်ဆိုးသားရဲတွေနဲ့ ပြည့်နှက်နေတယ်လို့ ကြားခဲ့ရတယ်။ အခု ဒီလောက်ထိတော့ တိတ်ဆိတ်မနေသင့်ဘူး။ "

အသက်သုံးရာနှင့် ထျန်းချင်းမဟာမိတ်၏ အကြီးအကဲတစ်ယောက်ဖြစ်လာရန် လျောင်အန်းက ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ကျူးကျော်မှုတွင် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့သည့်အပြင် သာမန်လူများနှင့် မတူသော ပင်ကိုစွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားသည်။ သူက အန္တရာယ်ရောက်မလာမီ မကြာခန ခံစားမိခဲ့လေသည်။

" နည်းနည်းတော့ တိတ်ဆိတ်နေတယ်။ " ရှုကျွမ်းက ခေါင်းငြိမ့်လိုက်သည်။

" ဒါပေမယ့် စိုးရိမ်စရာတော့ မရှိဘူးမဟုတ်လား။ နတ်ဆိုးသားရဲဘုရင်တေဃက နတ်ဆိုးသားရဲတွေကို ဒီနေရာက ထွက်သွားဖို့ အမိန့်ပေးခဲ့တာ ဖြစ်နိုင်တယ်။ " ရှုကျွမ်းက သိပ်မစဉ်းစားပေ။

အနက်ရောင်မြူခိုးတောင်တန်းက ရက်စက်သော နတ်ဆိုးသားရဲများ၏ ပိုင်နက်နယ်မြေဖြစ်သော်လည်း မိစ္ဆာနတ်ဘုရား၏ ကျူးကျော်မှုကြောင့် လူသားများနှင့် နတ်ဆိုးသားရဲများက နားလည်မှုယူထားသည်မှာ ကြာပြီဖြစ်သည်။

" အဲ့လိုမျှော်လင့်ရမှာပဲ။ " လျောင်အန်းက ခနစဉ်းစားလိုက်ပြီး အတွေးလွန်နေသည်ဟုသာ ထင်လိုက်သည်။

" သွားစို့ ငါတို့ ရောက်ခါနီးပြီ။ " ရှုကျွမ်းက သူ၏ ပျံသန်းမှုအရှိန်ကို မြှင့်လိုက်သည်။ လျောင်အန်းကလည်း သူ၏ အနောက်မှ အနက်ရောင်မြူခိုးတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်လာခဲ့သည်။

ဝုန်း ဝုန်း ဝုန်း....

ပေတစ်ရာနီးပါးမြင့်သော သတ္တဝါကြီးတစ်ကောင်က သူတို့၏ လမ်းကို ပိတ်ထားသည်။ ၎င်းက လင်းယွမ် အနက်ရောင်မြူခိုးတောင်တန်းကို ကင်းလှည့်ရန် အမိန့်ပေးထားသော နတ်လူဝံဘုရင်ပင် ဖြသ်သည်။

" ဒါက နတ်ဆိုးသားရဲဘုရင်ရှစ်ပါးထဲက နတ်လူဝံဘုရင်ပဲ။ " ရှုကျွမ်းက နတ်လူဝံဘုရင်ကို တွေ့သောအခါ အံ့ဩခြင်းမရှိဘဲ ဝမ်းသာသွားသည်။

" နတ်လူဝံဘုရင်..." လျောင်အန်းက ခေါင်းငြိမ့်လိုက်သည်။

အော်ရာတစ်ခုတည်းနှင့် နတ်လူဝံဘုရင်က သာမန်ဆဋ္ဌမအလွှာများထက် သာလွန်လေသည်။ သူ၏ မွေးရာပါစွမ်းရည်များနှင့် ဆဋ္ဌမအလွှာ အထွတ်အထိပ် ကျင့်ကြံသူများပင် သူ့ကို လျှော့တွက်ရဲမည်မဟုတ်ပေ။

" နတ်လူဝံဘုရင် ငါတို့က မဟာမိတ်ခေါင်းဆောင်ရဲ့ အမိန့်အရ မင်းတို့ကို မိစ္ဆာနတ်ဘုရားစစ်မြေပြင်ဆီ သွားဖို့ လာပြောတာပဲ။ " ရှုကျွမ်းက နတ်လူဝံဘုရင်ကို တိုက်ရိုက်ပြောလိုက်သည်။

" မိစ္ဆာနတ်ဘုရား စစ်မြေပြင်လား။ " နတ်လူဝံဘုရင်က လက်မခံပေ။

လက်ရှိအချိန်တွင် သူက လင်းယွမ်၏ အမိန့်ကိုသာ နာခံပြီး ထျန်းချင်းမဟာမိတ်ခေါင်းဆောင်ကိုလည်း အာရုံမရပေ။

" မသွားဘူး။ " နတ်လူဝံဘုရင်က ပြတ်သားစွာ ပြောလိုက်သည်။

" မသွားဘူးလား။ " ရှုကျွမ်းက တုန်လှုပ်သွားပြီး တစ်စုံတစ်ခုကို သတိရသွားသည်။

" မေ့နေတာ ဒါက မဟာမိတ်ခေါင်းဆောင်ရဲ့ လုပ်ပိုင်ခွင့်ပဲ။ အခုသွားသင့်တယ်။ " ရှုကျွမ်းက ထျန်းချင်းဟု ရေးထွင်းထားသော တိုကင်တစ်ခုကို ထုတ်ယူလိုက်သည်။

လက်ဖဝါးအရွယ်သာ ရှိသော တိုကင်က တုပ၍ မရနိုင်သော အတက်အကျများ ထုတ်လွှတ်နေသည်။

" မဟာမိတ်ခေါင်းဆောင်ရဲ့ လုပ်ပိုင်ခွင့်လား။ " နတ်လူဝံဘုရင်က ၎င်းကို အနီးကပ် စစ်ဆေးကြည့်လိုက်သည်။

သူက နတ်ဆိုးမျိုးစေ့၏ ပူးကပ်ခြင်းခံထားရသော်လည်း ယခင် မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပြီး မဟာမိတ်ခေါင်းဆောင်၏ လုပ်ပိုင်ခွင့်က အမှန်တကယ် သက်ရောက်မှုရှိသည်ကို သိထားလေသည်။ ထိုအရာက ထန်းချင်းကမ္ဘာတွင် အသန်မာဆုံး ဖြစ်ပြီး လူသားဖြစ်စေ နတ်ဆိုးသားရဲဖြစ်စေ အမိန့်ကို နာခ​ံရလေသည်။

သို့သော် ထိုအထဲတွင် နတ်လူဝံဘုရင် မပါပေ။ သူက လင်းယွမ်၏ အမိန့်များကိုသာ အသိမှတ်ပြုလေသည်။

" ခနစောင့်ဦး။ ငါတခြားဘုရင်တွေနဲ့ ဆက်သွယ်လိုက်မယ်။ " နတ်လူဝံဘုရင်က မျက်လုံးများမှိတ်ပြီး လင်းယွမ်နှင့် ဆက်သွယ်လိုက်သည်။

အနက်ရောင်မြူခိုးတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာတွင် လင်းယွမ်က ဉာဏ်အလင်းထဲတွင် နစ်မြှုပ်နေဆဲ ဖြစ်သည်။

ဘိုးဘေးနတ်ဆိုးသစ်ပင်က သူ့အပေါ် ကန့်သတ်ချက်များကို ဖယ်ရှားပြီးနောက် လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်၏ စွမ်းရည်အမျိုးမျိုးကို နိုးထလာခဲ့သည်။ လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် ၎င်းတို့ကို ဆင်ခြင်ပြီး အနှစ်သာရများကို သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ထဲသို့ ပေါင်းထည့်ခဲ့သည်။

" ဘိုးဘေးနတ်ဆိုးသစ်ပင်က ကန့်သတ်ချက်တွေ ဖယ်ရှားလိုက်တာနဲ့ နတ်ဆိုးမျိုးစေ့ရဲ့ စွမ်းရည်တွေကိုတောင် အဆင့်မြှင့်ပေးနိုင်လိမ့်မယ်လို့ မမျှောင့်ထားမိဘူး။" လင်းယွမ်က ရေရွတ်လိုက်သည်။

ဘိုးဘေးနတ်ဆိုးသစ်ပင်၏ မျိုးဆက်အနေဖြင့် ၎င်း၏ စွမ်းရည်များကို သဘာဝအတိုင်း ကျွမ်းကျင်ပြီး ညွှန်ကြားချက်များမရှိလျှင်တောင် အချိန်ကြာလျှင် အဆင့်တစ်ခုသို့ ရောက်သွားမည်ဖြစ်သည်။

အစတွင် လင်းယွမ်က နတ်ဆိုးမျိုးစေ့ကို ဘိုးဘေးနတ်ဆိုး မွမ်းမံထားသော နည်းလမ်းတစ်ခုဟု ထင်ခဲ့သည်။ ယခုမူ ဘိုးဘေးနတ်ဆိုးသစ်ပင်က သူ၏ မျိုးဆက်ကို လျော့တွက်ထားပုံရလေသည်။

အထင်ရှားဆုံးမှာ ဘိုးဘေးနတ်ဆိုးက လင်းယွမ်အပေါ် ဖိနှိပ်မှုကို ဖယ်ရှားပြီးနောက် ယခင်စွမ်းရည်များ နိုးထလာရုံသာမက နတ်ဆိုးမျိုးစေ့များပင် တိုးတက်လာလေသည်။

တို့ကို အနက်ရောင်မြူခိုးတောင်တန်းတွင် ထိန်းသိမ်းထားရန် ကြံစည်နေသည်။

All Chapters