← Chapters

အင်အားစုများ စုစည်းခြင်း....

Vol. 18 Ch. 282

အင်အားစုများ စုစည်းခြင်း....

Vol. 18 Ch. 282

အနက်ရောင်မြူခိုးတောင်တန်း၏ အတွင်းပိုင်းမှ အပြင်ပိုင်းအထိ နဆ်လူဝံဘုရင်၊ နတ်ဆင်ဘုရင်နှင့် အပြာရောင်ငှက်ဘုရင်တို့က ကင်းလှည့်နေကြသည်။

" သခင်က တကယ်သဘောကောင်းတာပဲ။ "

" အဲ့ဒီ ပုရွက်ဆိတ်လိုလူတွေကို မဆက်ဆံဖို့ ပြောခဲ့တယ်။ "

နတ်လူဝံဘုရင်၊နတ်ဆင်ဘုရင်နှင့် အပြာရောင်ငှက်ဘုရင်တို့က နတ်ဆိုးမျိုးစေ့များ၏ အစားထိုးခြင်းခံထားရပြီး လင်းယွမ်အပေါ် လုံးဝ သစ္စာစောင့်သိကြလေသည်။

" အမှန်ပဲ။ သခင်ရဲ့ ခွန်အားနဲ့ ထျန်းချင်းကမ္ဘာ တစ်ဝက်ကျော်ကို သိမ်းပိုက်ပြီး စုစည်းဖို့ဆိုတာ မပြောပလောက်ဘူး။ ဒါပေမယ့် သူက အနက်ရောင်မြူခိုးတောင်တန်းမှာပဲ နေနေတယ်။ " နတ်လူဝံဘုရင်က သက်ပြင်းချလိုက်သည်။

နတ်ဆင်ဘုရင်နှင့် အပြာရောင်ငှက်ဘုရင်တို့ကလည်း ခေါင်းငြိမ့်လိုက်ကြသည်။ နတ်ဆိုးမျိုးစေ့များအနေဖြင့် သူတို့က မူလခန္ဓာကိုယ်ပိုင်ရှင်များကဲ့သို့ ပြုမူကြပြီး ရန်လိုခြင်းနှင့် သတ်ဖြတ်လိုစိတ်က ရှိနေကြသည်။ ထိုဗီဇက မူလနတ်ဆိုးဘုရင်းများဆီမှသာမက မိစ္ဆာနတ်ဘုရား ဘိုးဘေးနတ်ဆိုးသစ်ပင်ဆီမှ လာခြင်းလည်းဖြစ်သည်။

" ကောင်းပြီ။ ဒီကိစ္စကို မပြောတော့နဲ့။ သခင်ကြားရင် အပြစ်ပေးခံနေရမယ်။ " နတ်ဆင်ဘုရင်က သတိပေးလိုက်သည်။

သူတို့၏ အမြင်တွင် လင်းယွမ်က သူတို့နှင့် ဝေးကွာနေသော်လည်း လင်းယွမ်သာ သိချင်လျှင် အနက်ရောင်မြူခိုးတောင်တန်းတစ်ခုလုံးက သူ၏ ရှေ့တွင် ဖုံးကွယ်ထားနိုင်မည်မဟုတ်ပေ။

" အဋ္ဌမအလွှာ.." ဉာဏ်အလင်းကို ရှာဖွေနေစဉ် လင်းယွမ်က အဋ္ဌမအလွှာ လမ်းကြောင်းကို တွေးတောနေခဲ့သည်။

သူ၏ ကိုယ်ပိုင်အတွင်းကမ္ဘာကို ဖန်တီးပြီးသေူ လင်းယွမ်ကဲ့သို့ ဆင့်ကဲပြောင်းလဲသူတစ်ယောက်အတွက် အဋ္ဌမအလွှာသို့ တက်လှမ်းရာတွင် အကြီးမားဆုံး စိန်ခေါ်မှုမှာ စိတ်နှလုံးနတ်ဆိုးပင် ဖြစ်သည်။ စိတ်နှလုံးနတ်ဆိုးက ရုပ်ခန္ဓာနှင့် မသက်ဆိုင်ဘဲ စိတ်ဝိညာဉ်ကို ဦးတည်လေသည်။

ထို့ကြောင့် စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ရင်ဆိုင်နေစဉ် ပြင်ပအကူအညီများက အသုံးမဝင်ပေ။ ၎င်းကို အောင်မြင်ရန် မပျက်ဆီးနိုင်သော စိတ်စွမ်းအားကို ပိုင်ဆိုင်မှသာ ဖြစ်ပေလိမ့်မည်။

သို့သော် စိတ်ဝိညာဉ်၏ သဘောတရားက အလွန်ရှုပ်ထွေးလေသည်။ လူတစ်ဦး၏ စိတ်စွမ်းအားက ထိုလူ၏ ခွန်အားနှင့် မသက်ဆိုင်ပေ။ သို့သော် ဆင့်ကဲပြောင်းလဲသူက ပို၍ သန်မာလျှင် သူတို့၏ စိတ်စွမ်းအားက အားနည်းရန် ဖြစ်နိုင်ချေနည်းလေသည်။

" ဆရာရဲ့ စကားအရဆို စိတ်နှလုံးနတ်ဆိုးက အဆုံးမဲ့နာကြည်းမှုတွေနဲ့ အခြားအဆိုးမြင်စိတ်တွေရဲ့ စုစည်းမှု အနှစ်သာရပဲ။ "

" အဲ့ဒါက ကမ္ဘာအခြေခံနိယာမတွေနဲ့ သက်ဆိုင်ပြီး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုရဲ့ သတ်မှတ်ထားတဲ့ အလွှာတစ်ခုကို ရောက်မှ ပေါ်လာလိမ့်မယ်။ " လင်းယွမ်က ချီခွန်ကြယ်သခင်ပြောပြသော စိတ်နှလုံးနတ်ဆိုးအကြောင်းကို စဉ်းစားနေသည်။

စိတ်နှလုံးနတ်ဆိုးက စိတ်ဝိညာဉ် သို့မဟုတ် မူလစိတ်ဝိညာဉ်များထက် သာလွန်သော အသွင်အပြင်တစ်ခုဖြစ်ပြီး စိတ်ဝိညာဉ်ရတနာများပင် စိတ်နှလုံးနတ်ဆိုးကို ကာကွယ်နိုင်မည်မဟုတ်ပေ။

သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က အဋ္ဌမအလွှာသို့ တက်လှမ်းရန် ကြိုးစားသောအချိန်တွင် စိတ်နှလုံးနတ်ဆိုးကပ်ဘေးက ကျဆင်းလာမည်ဖြစ်ပြီး စိတ်နှလုံးနတ်ဆိုးက တားဆီး၍ မရသောကြောင့် နောက်ပြန်လှည့်ရန် လုံးဝ မဖြစ်နိုင်တောပေ။

" ဒါပေမယ့် ငါ့မှာ အနန္တကမ္ဘာတွေရဲ့ ဂိတ်တံခါးရှိတာပဲ။ ငါက ကမ္ဘာတွေကို ခရီးသွားပြီး စိတ်နှလုံးနတ်ဆိုးကို ရင်ဆိုင်လို့ရလောက်လား။ ငါ တစ်ခုခုမှားနေပြီဆိုတာ သိတာနဲ့ မူလကမ္ဘာကို ပြန်ပြေးလာလို့ရတာပဲ။ "

" စိတ်နှလုံးနတ်ဆိုးတွေက ကမ္ဘာတွေ ခရီးသွားနိုင်တဲ့ စွမ်းရည်တော့ မရှိလောက်ပါဘူး။ သူတို့က မူလကမ္ဘာအထိ ငါ့နောက်ကို လိုက်လာမှာလား။ " လင်းယွမ်က သူ၏ အားသာချက်ကို အသုံးပြုပြီး စိတ်နှလုံးနတ်ဆိုးအား ရင်ဆိုင်နိုင်မည့် နည်းလမ်းကို စဉ်းစားနေခဲ့သည်။

ကမ္ဘာအပြင်ဘက်တွင် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ နတ်ဆိုးစွမ်းအားများနှင့် ဖြစ်ပေါ်နေသော နတ်ဆိုးကမ္ဘာက ရုတ်တရက် အကွဲကြောင်းတစ်ခု ပေါ်လာူည်။

ဝှစ်....

အကွဲကြောင်းထဲမှ လူတစ်ယောက် ထွက်လာပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" ဟားဟားဟား မိစ္ဆာနတ်ဘုရား ကမ္ဘာဓားက ငါ့ကို ကာကွယ်ပေးထားရင် မင်းငါ့ကို မသတ်နိုင်ပါဘူး။ "

ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ကမ္ဘာဓားကို ကိုင်ဆောင်းပြီး ဘိုးဘေးနတ်ဆိုးသစ်ပင်၏ အဝေးသို့ ဆုတ်ခွာသွားသည်။

" သေစမ်း..." ဘိုးဘေးနတ်ဆိုးသစ်ပင်က ထျန်းချင်းမဟာမိတ်ခေါင်းဆောင် ထွက်ပြေးသွားသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရသည်။

နတ်ဆိုးကမ္ဘာစွမ်းရည်ကို အသုံးပြုရန် မူလရင်းမြစ်ကို အသုံးပြုခဲ့ရပြီး ထျန်းချင်းမဟာမိတ်ခေါင်းဆောင်၏ ဓားဒဏ်ရာနှင့်အတူ ဘိုးဘေးနတ်ဆိုးသစ်ပင်က ယခုအခါ အလွန်အားနည်းနေပြီး ထျန်းချင်းမဟာမိတ်ခေါင်းဆောင်နောက်သို့ မလိုက်နိုင်တော့ပေ။

ဝှစ်...

ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဒုခေါင်းဆောင် ဆယ့်နှစ်ယောက်ရှိရာသို့ ပြန်ရောက်သွားသည်။

" မဟာမိတ်ခေါင်းဆောင်...."

" မဟာမိတ်ခေါင်းဆောင် အဆင်ပြေရဲ့လား။ "

" မဟာမိတ်ခေါင်းဆောင် ဒဏ်ရာရသွားသေးလား..."

ဒုမဟာမိတ်ခေါင်းဆောင် ဆယ့်နှစ်ယောက်က စိုးရိမ်စွာ မေးလိုက်ကြသည်။

ထိုခနတွင် မဟာမိတ်ခေါင်းဆောင်၏ အော်ရာက အားနည်းနေသော်လည်း သူ၏ မျက်လုံးများက ထူးဆန်းစွာ တောက်ပနေသည်။

ဤတစ်ကြိမ်တွင် သူက သူ၏ အသက်ကို စွန့်ပြီး ဘိုးဘေးနတ်ဆိုးသခင်၏ အားနည်းမှု အစစ်အမှန်ကို ဖော်ထုတ်နိုင်ခဲ့သည်။

" အားနည်းနေတယ်..... မိစ္ဆာနတ်ဘုရားက အခု အားနည်းတဲ့ အခြေအနေမှာ ရှိနေတာပဲ။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က စိတ်လှုပ်ရှားသွားသည်။

ဘိုးဘေးနတ်ဆိုးသစ်ပင်က သူတို့ကို မျှားခေါ်နေခြင်းမဟုတ်ဘဲ အမှန်တကယ် အားနည်းနေခဲ့ခြင်းဖြစ်သည်။

" ငါ့ရဲ့ ထျန်းချင်းကမ္ဘာရဲ့ အခွင့်အရေးက ရောက်လာပြီ။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ဒုခေါင်းဆောင်ဆယ့်နှစ်ယောက်ကို ကြည့်ပြီး သူ၏ စိတ်က ယုံကြည်မှုများနှင့် ပြည့်နှက်နေသည်။

လွန်ခဲ့သော ဆယ်စုနှစ်အချို့ကတည်းက ထျန်းချင်းမဟာမိတ်ခေါင်းဆောင်မှာ ဘိုးဘေးနတ်ဆိုးသစ်ပင်၏ အားနည်းမှုကို ရိပ်မိနေခဲ့သည်။ သို့သော် ထိုအချိန်က ဘိုးဘေးနတ်ဆိုးသစ်ပင်မှာ အမှန်တကယ် အားနည်းခြင်း ဟုတ် မဟုတ်ကို သူ သေချာမသိပေ။ ထောက်ချောက်ထဲသို့ မျှားခေါ်ရန် ကြံစည်မှုတစ်ခု ဖြစ်နိုင်လေသည်။

ကမ္ဘာဓားကို ကိုင်ဆောင်ထားသော ထျန်းချင်းမဟာမိတ်ခေါင်းဆောင်ပင် ယုံကြည်မှုမရှိသေးပေ။ အကြောင်းမှာ ကမ္ဘာဓားက ထျန်းချင်းကမ္ဘာနှင့် နီးကပ်နေရန် လိုအပ်သောကြောင့် ဖြစ်သည်။

ဘိုးဘေးနတ်ဆိုးသစ်ပင်က ထိုကဲ့သို့ ရည်ရွယ်ချက်များရှိခဲ့လျှင် ထျန်းချင်းမဟာမိတ် ခေါင်းဆောင်က သတိရှိရန် လိုအပ်လေသည်။

ယခု နတ်ဆိုးကမ္ဘာအတွင်းမှ ဘိုးဘေးနတ်ဆိုးသစ်ပင်နှင့် တိုက်ပွဲတွင် ကမ္ဘာဓား၏ အကူအညီနှင့် သူက ဘိုးဘေးနတ်ဆိုးသစ်ပင်၏ အားနည်းမှုကို အမှန်တကယ် ခံစားခဲ့ရသည်။

" ငါ့ရဲ့ တာအိုရောင်းရင်းတို့ ငါတို့ ထျန်းချင်းကမ္ဘာရဲ့ အခွင့်အရေးက ရောက်လာခဲ့ပြီ။ " မဟာမိတ်ခေါင်းဆောင်က ဒုခေါင်းဆောင် ဆယ့်နှစ်ယောက်ကို လေးနက်သော အမူအရာနှင့် ကြည့်လိုက်သည်။

" အခွင့်အရေး...."

" ဘာအခွင့်အရေးလဲ။ "

" ခေါင်းဆောင် တစ်ခုခုကို သိထားလို့လား။ "

ဒုခေါင်းဆောင်ဆယ့်နှစ်ယောက်က မဟာမိတ်ခေါင်းဆောင်၏ အမူအရာကို မြင်သောအခါ သိချင်စိတ်ဖြစ်သွားကြသည်။

" ဘိုးဘေးနတ်ဆိုးသစ်ပင်.... " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က သူ၏ အတွေးများကို ပြောပြလိုက်သည်။

" နှစ်သုံးရာတိုင်အောင် မိစ္ဆာနတ်ဘုရားက ငါတို့ ထျန်းချင်းကမ္ဘာရဲ့ အပြင်ဘက်မှာ စစ်မြေပြင်ကို အတင်းအကြပ်ဖွင့်ပြီး အဆုံးမရှိတဲ့ စစ်ပွဲနွံထဲကို ဆွဲသွင်းခဲ့တယ်။ "

" ငါတို့ ထျန်းချင်းကမ္ဘာက သန်မာသူတွေ သေဆုံးခဲ့ပေမယ့် မိစ္ဆာနတ်ဘုရားကို ထိခိုက်အောင်မလုပ်နိုင်ခဲ့ဘူး။ "

နှစ်သုံးရာကျော်ကြာအောင် သူတို့၏ မိတ်ဆွေများ၊ ဆွေမျိုးသားချင်းများက ထျန်းချင်းကမ္ဘာအတွက် စစ်မြေပြင်တွင် အသက်များ ပေးဆပ်ခဲ့ရသည်။

ထျန်းချင်းမဟာမိတ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်ဆယ့်နှစ်ယောက်တို့ ပူးပေါင်းလျှင်ပင် ဘိုးဘေးနတ်ဆိုးသစ်ပင်ကို ထိန်းထားရုံသာ တတ်နိုင်ခဲ့ကြသည်။

ယခု ဘိုးဘေးနတ်ဆိုးသစ်ပင်က နားမလည်နိုင်အောင် အားနည်းနေပြီး ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က တစ်ယောက်တည်း တိုက်ခိုက်ရန်ပင် ယုံကြည်မှုရှိခဲ့သည်။ ထို့ကြောင့် စစ်မြေပြင်ကို ဖျက်ဆီးပြီး စစ်ပွဲကို အဆုံးသတ်ရန် ဖြစ်နိုင်လေသည်။

ဘိုးဘေးနတ်ဆိုးသစ်ပင်ကို သတ်ဖြတ်ခြင်းက လက်တွေ့မဆန်သောကြောင့် ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က သူ့ကို မောင်းထုတ်ရန်သာ စီစဉ်ခဲ့သည်။

" ဒါပေမယ့် အခု အခွင့်အရေးက ရောက်လာပြီ။ စစ်ပွဲကို အဆုံးသတ်နိုင်မယ့် အခွင့်အရေးက ရောက်လာပြီ။ " မဟာမိတ်ခေါင်းဆောင်က ဖြည်းညင်းစွာ ပြောလိုက်သည်။

" စစ်ပွဲကို အဆုံးသတ်မှာလား။ " ဒုခေါင်းဆောင်ဆယ့်နှစ်ယောက်က စိတ်လှုပ်ရှားသွားကြသည်။

စစ်ပွဲကို အဆုံးသတ်ရန် စိတ်ကူးခဲ့ကြသော်လည်း နှစ်ပေါင်းသုံးရာတိုင်အောင် မျှော်လင့်ချက်က အမြဲလိုလို ပျောက်ဆုံးခဲ့ရသည်။ ယနေ့ မဟာမိတ်ခေါင်းဆောင်၏ စကားများကို ကြားသောအခါ သူတို့က တုန်လှုပ်မိသွားကြသည်။

" ရှေ့ဆက်ပြီး တန်ပြန်တိုက်ခိုက်ဖို့ ကျန်တဲ့ အရင်းအမြစ်အားလုံးကို ငါ အသုံးပြုမယ်။ " မဟာမိတ်ခေါင်းဆောင်က ပြောလိုက်သည်။ " မိစ္ဆာနတ်ဘုရားရောက်လာရင် ငါ့တာဝန်ထားလိုက်။ "

" မင်းတို့တာဝန်က စစ်မြေပြင်တစ်ခုလုံးကို လွှမ်းမိုးပြီး ဖျက်ဆီးပစ်ဖို့ပဲ။ "

မိစ္ဆာနတ်ဘုရား စစ်မြေပြင်က ကမ္ဘာအပြင်ဘက်တွင် တည်ရှိပြီး မိစ္ဆာနတ်ဘုရား၏ ခံတပ်သဖွယ်ဖြစ်နေသည်။ အကယ်၍ စစ်မြေပြင်သာ ပျက်ဆီးသွားလျှင် ဘိုးဘေးနတ်ဆိုးသစ်ပင်က တစ်ယောက်တည်း ထျန်းချင်းကမ္ဘာကို တိုက်ခိုက်ရမည်ဖြစ်ပြီး မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

ထို့အပြင် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ လက်ရှိခွန်အားက ထျန်းချင်းကမ္ဘာ၏ တိုက်ခိုက်မှုအောက်တွင် ဒုတိယစစ်မြေပြင်ကို ဖွင့်နိုင်မည်မဟုတ်ပေ။

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ တောင်တန်းဆယ်ခုက နတ်ဆိုးသားရဲဘုရင်တွေ တန်ပြန်တိုက်ခိုက်ဖို့ စစ်မြေပြင်ကို လာရမယ်။ " ထျန်ချင်းမဟာမိတ်ခေါင်းဆောင်က ညွှန်ကြားလိုက်သည်။

ဘိုးဘေးနတ်ဆိုးသစ်ပင် ကျူးကျော်လာချိန်တွင် ထျန်းချင်းကမ္ဘာတစ်ခုလုံးက ခုခံရန် လှုံ့ဆော်ခဲ့ကြသည်။ သို့သော် အမှန်တွင် ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့သည်။

ယင်းမှာ ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ကျူးကျော်မှုကို မတားဆီးနိုင်သော ရှေ့တန်းစစ်မြေပြင်ပြိုကွဲခြင်းပင် ဖြစ်သည်။ ထို့ကြောင့် မဟာမိတ်ခေါင်းဆောင်က နတ်ဆိုးသားရဲတောင်တန်းဆယ်ခုကို ဆင့်ခေါ်ခဲ့ခြင်းမရှိပေ။ သူတို့ ရှေ့တန်းစစ်မြေပြင်ပြိုကွဲပြီး နတ်ဆိုးရုပ်သေးများ ကျူးကျော်လာချိန်တွင် နတ်ဆိုးသားရဲတောင်တန်းဆယ်ခုက နောက်ဆုံးခံတပ်ပင် ဖြစ်သည်။

All Chapters