← Chapters

မိတ်ဆွေဟောင်း ... ။

Vol. 28 Ch. 336

မိတ်ဆွေဟောင်း ... ။

Vol. 28 Ch. 336

အခိုးအငွေ့နှင့် ဖုန်မှုန့်များသည် နေရာတိုင်းတွင်ရှိသည်။ တာအိုဘုန်းကြီးတော် ခန္ဓာကိုယ်သည် အပိုင်းပိုင်း ကွဲအက်သွားကာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်လာခဲ့၏။

“ ဝှစ် ... ။ ”

သို့သော် ထိုခန္ဓာကိုယ်အစိတ်အပိုင်းသည် လျှပ်စီးလက်သွားသကဲ့သို့ ရုတ်တရက် သွေးမျှင် အဖြစ် ခြံဝင်းအတွင်း ပျံသန်းသွားသည်။

စုရီက မျှော်လင့်ထားပြီးဖြစ်ရာ ထိုသွေးမျှင်တန်းနောက်သို့ လိုက်ပါလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုသွေးမျှင်သည် ရေတွင်းဟောင်း ဝင်ရောက်သွားတော့၏။

“ ဝှစ် ... ။ ”

စုရီက ရေတွင်းဟောင်းထဲ ငုံ့ကြည့်ကာ အနည်းငယ်စူးစမ်းလျက် ခဏအကြာတွင် လိုက်ပါ ခုန်ချသွားသည်။

အဝေးမှ ယွမ်ဟမ်သည် သတိဝင်လာပြီး ထင်းရှူးပင်များကြားတွင် ပုန်းအောင်းနေသော သရဲတစ္ဆေများကို ချက်ချင်းသတ်ဖြတ်တော့၏။

“ ပြေး ... ဒီကောင်က ကြောက်စရာ ကောင်းလွန်းတယ် အစွမ်းထက်တဲ့ ကျင့်ကြံမှု ရှိတယ်။ ”

“ မြန်မြန် ... ။ ”

အထိတ်တလန့်နှင့် စူးရှသော တစ္ဆေအော်ဟစ်သံများကို ကြားလိုက်ပြီးနောက် ထင်းရှူးပင်များတွင် တစ္ဆေမြူများ တဟုန်းဟုန်း တောက်လောင်လာခဲ့၏။

“ ဟမ့် ... ။ ”

ယွမ်ဟမ်မှ အေးစက်စွာ ဟစ်အော်လျက် လွင့်ပျံနေသော တစ္ဆေမြူများကို ပါးစပ်ဟကာ စုပ်ယူဝါးမျိုချလိုက်သည်။

တစ်ဆက်တည်းမှာပင် ရွှေရောင် တောက်ပနေသော လိပ်ခွံကို ဖြန့်ထုတ်လိုက်ပြီး ဘုံကျောင်းအပေါ် ဖုံးအုပ်ပစ်၏။

အရပ်ရပ်သို့ ပြေးလွှားနေသော သရဲတစ္ဆေများသည် ပြိုးပြိုးပြက်ပြက်ရှိသော ရွှေအလင်းတန်းများဖြင့် သုတ်သင်ခြင်း ခံလိုက်ရချေပြီ။

သူတို့၏ဝိညာဉ်များပင် မလွတ်မြောက်ဘဲ ဝါးမျိုခြင်းခံလိုက်ရ၏၊ အဆုံးတွင် ရွှေလိပ်ကြီးမှ လူသားအသွင် ပြန်၍ ပြောင်းလဲလာသည်။

တောင်နတ်ဘုရား ဘုံကျောင်းသည် လုံးဝပြိုကျသွားပြီး အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားကာ ထင်းရူးပင်များအားလုံး ပြိုကျကုန်၏။

“ ဝှစ် ... ။ ”

ထို့‌နောက် ရေတွင်းဟောင်းထံသို့ ပျံသန်းခုန်ချလိုက်လေသည်။ ရေတွင်းအောက်၌ ကြီးမားကျယ်ပြောလှသော ဂူကြီးတစ်လုံး ရှိနေသည်။

ဂူအလယ်တွင် အဌဂံပုံသဏ္ဍာန်ရှိသော တာအိုဘုံကျောင်းတစ်ကျောင်းရှိ၏။ ဘုံကျောင်း တဝိုက် သွေးစွန်းနေသော အလံတိုင်(၃၆)တိုင် စိုက်ထူထားပြီး ၎င်းတို့ရှေ့တွင် ကောင်လေးနှင့် ကောင်မလေးတစ်စုံစီ ချိတ်ဆွဲထားသည်။

နောက်ဆုံးအလံတိုင်တွင် ကောင်လေး တစ်ယောက်သာရှိ၏။ ကလေးများအားလုံးတွင် အသက်အကြီးဆုံးမှာ (၁၆)နှစ်မျှသာပေပင်။ အငယ်ဆုံးသည် (၃)နှစ်အရွယ် ဖြစ်၏။

အချို့က မေ့မျောနေပြီး၊ အချို့သည် ကျယ်လောင်စွာ ငိုကြွေးကာ ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများ ပြည့်နှက်နေသည်။

သွေးစွန်းမျက်ဝန်းများဖြင့် လူငယ်က ထိုအသံများကို လျစ်လျူရှုကာ ပလ္လင်ရှေ့တွင် ရပ်နေခဲ့၏။

သူ့ရှေ့ရှိ ပလ္လင်သည် အရိုးများဖြင့် ပြုလုပ်ထားကာ ပလ္လင်ပေါ်တွင် အနက်ရောင် ရုပ်တုကြီးတစ်ခုရှိနေ၏။

ယင်းသည် ခေါင်းကိုးလုံးပါသော ငှက်တစ်ကောင်က အတောင်များသိမ်းလျက် ဂုဏ်ယူစွာ ရပ်နေပုံဖြစ်သည်။

၎င်း၏ခေါင်းကိုးလုံးသည် ကမ္ဘာကြီးတစ်ခုလုံးကို အပေါ်စီးမှ လှမ်းမြင်နေရ သကဲ့သို့ ကွဲပြားသော ဦးတည်ရာအရပ်များထံ ကြည့်နေခဲ့၏။

ထိုစဉ် သွေးရောင်မျှင်တန်းသည် တာအိုဘုံကျောင်းပေါ် ကျရောက်လျက် တာအို ဘုန်းကြီးအသွင်အပြင်သို့ ရုတ်တရက် ပြောင်းလဲသွားသည်။

“ တာအိုဘုန်းကြီး ... ဘာဖြစ်လာတာလဲ။ ”

လူငယ်က တုန်လှုပ်သွားသည်။ တာအိုဘုန်းကြီးခမျာ ခန္ဓာကိုယ်ပျက်စီးသွားပြီး ဝိညာဉ်အဖြစ်သာ ကျန်ရှိတော့၏။

“ စကားမများနဲ့ ဟိုမှာသွားစောင့်နေ။ ”

တာအိုဘုန်းကြီးက လူငယ်လေးထံမှ ပန်းကန်လုံကိုဆွဲယူကာ ယဇ်ပလ္လင်ကြီးဆီသို့ လျှောက်လှမ်းလျက် ထူးဆန်းသော ဘာသာစကားကို ရွတ်ဆိုလိုက်၏။

“ ဘရူး ... ။ ”

ထို့နောက်တွင် ယဇ်ပလ္လင်ပေါ်ရှိ ခေါင်းကိုးလုံးငှက်ရုပ်ကြီးသည် အနည်းငယ် တုန်ရင်အသက်ဝင်လာ၏။

“ ပြောပါ ငါ့ကိုနှောက်ယှက်တဲ့ ကိစ္စက ဘာလဲ။ ”

အဆုံးတွင် ပေါက်ကွဲသွားပြီး ကြောက်စရာ သွေးနီရေဝဲကြီး အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုရေဝဲအတွင်းမှ ကြီးစိုးသော မေးမြန်းသံ ထွက်ပေါ်လာ၏။

အသံသည် အေးစက်ပြီး လျှို့ဝှက်ဆန်းကြယ်ကာ ခြိမ်းခြောက်နိုင်သော စွမ်းအားတစ်ခုပါရှိသည်။

တာအိုဘုန်းကြီးတစ်ယောက် ဒူးထောက်လျက် တုန်လှုပ်သောအသံဖြင့်၊

“ အလွန်ကြောက်စရာ ကောင်းတဲ့ ... ရန်သူတစ်ဦးရဲ့ နှောက်ယှက်ခြင်းခံနေရပါတယ် ရန်သူကို ကူညီချေမှုန်းပေးပါ သခင်။ ”

“ ဟမ့် ... ငါ့အမိန့်အောက်က နတ်တမန်ကို ဘယ်မျက်မမြင် ပုရွက်ဆိတ်က နာကျင်အောင် လုပ်ဝံ့တာလဲဆိုတာလဲ ကောင်းပြီ ပူဇော်ပွဲပြီးရင် မင်းအတွက် ဘေးဥပဒ်ကို ဖြေရှင်းပေးပါ့မယ်။ ”

“ ဟုတ်ကဲ့ ... ။ ”

တာအိုဘုန်းကြီးက အလွန်ဝမ်းသာ သွားသည်။ ချက်ချင်း ဒူးထောက်နေရာမှထကာ ပန်းကန်လုံးကို ကိုင်လျက်၊

“ သွေးကျွန်၊ အဲဒီကလေးတွေကို အမြန်သွားသတ်ပြီး နှလုံးသွေးယူလာခဲ့ပါ မဟာ ဂရုဏာရှင်ကို ယဇ်ပူဇော်မယ်။ ”

- ဟု အမိန့်ပေးလိုက်သည်။

သို့သော် တုန့်ပြန်မှု မရှိခဲ့ချေ။ တာအိုဘုန်းကြီးမှ သံသယဖြင့် လှည့်ကြည့် လိုက်လေသည်။ ကျောက်စိမ်းရောင် ဝတ်လုံဖြင့် လူငယ်ကို မြင်လိုက်ရ၏။

ထိုလူငယ်က လက်နှစ်ဖက်နောက်ပို့လျက် တာအိုဘုံကျောင်းနှင့် မနီးမဝေးတွင် ရပ်နေပြီး ဖြစ်ချေပြီ။ သူ့ခြေရင်းတွင် သွေးစွန်းနေသော လူငယ်တစ်ယောက် အလောင်းကို မြင်လိုက်ရ၏။

“ မင်း ... ။ ”

တာအိုဘုန်းကြီးခမျာ ထိတ်လန့်သွားပြီး သူ့လက်ထဲရှိ ပန်းကန်လုံးကို အသက်သွင်းလိုက် တော့သည်။

“ ဘန်း ... ။ ”

ပလ္လင်ပတ်လည်တွင် စိုက်ထူထားသော အလံ(၃၆)ခုသည် ရုတ်တရက် တောက်ပလာပြီး သွေးမြူများ ထုတ်ပေးလာ၏။

တစ္ဆေနှင့် ဝံပုလွေတို့၏ အူသံများကို အံ့အားသင့်ဖွယ် အရှိန်ဖြင့် ကြားလိုက်ရသည်။ သွေးအသွင်ပြောင်း ငရဲကမ္ဘာ ဝိညာဉ်ဝင်္ကပါ အသက်ဝင်လာခြင်းဖြစ်၏။

တာအိုဘုန်းကြီးသည် အစွမ်းထက်သော သွေးစတေးမှု ဝင်္ကပါကို အောင်မြင်စွာ အသုံးပြု နိုင်ရန် သုံးနှစ်ကြာ ကြိုးစားခဲ့ရသည်။

“ တာအိုမိတ်တွေ ... ကောင်းကင်ဘုံကို သွားဖို့လမ်းရှိတယ် ... ဒါပေမယ့် မင်းမသွားခဲ့ဘူး ငရဲကို မင်းကိုယ်တိုင်လာတယ်။ ”

စကားဆုံးသည်နှင့် သွေးရောင် အခိုးအငွေ့များသည် နဂါးကြီးကဲ့သို့လူးလှိမ့်ကာ စုရီအပေါ် ပြိုကျကုန်သည်။

“ ဒီလို ကစားကွက်လေးတွေနဲ့ မင်းငါ့ကိုတာအိုမိတ်ဆွေ ခေါ်နေတုန်းပဲလား။ ”

စုရီမှ လှောင်ပြောင်ပြီး အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်၏။ အတုမဲ့ ထက်ရှလွန်းသော ဓားအလင်းပြေးထွက်လာကာ သွေးနဂါးကို သတ်ပစ်လိုက်တော့သည်။

“ ဝုန်း ... ။ ”

ပလ္လင်တော်ပတ်လည်ရှိ သွေးနီရောင် အလံတိုင်(၃၆)တိုင်စလုံး ကျိုးပဲ့သွားတော့၏။ တာအိုဘုန်းကြီးခမျာ မျက်လုံးများ ပြူးသွား ချေပြီ။

ဤသွေးအသွင်ပြောင်း ငရဲကမ္ဘာ ဝိညာဉ်ဝင်္ကပါ၏ စွမ်းအားသည် အတွင်းပိုင်း သန့်စင်ခြင်းအဆင့်မှ မည်သူ့ကိုမဆို သတ်ပစ်နိုင်၏။

မူလနန်းတော်အဆင့် တစ်စုံတစ်ယောက် ဝင်ရောက်လာလျှင်ပင် အသက်ရှင်ရန် ရုန်းကန် ရပေမည်။

“ ကျေးဇူးပြုပြီး ... မဟာဂရုဏာရှင်၊ မင်းရဲ့စိတ်ဝိညာဉ်ကို ပြသပြီး ... ဒီမိစ္ဆာလေးကို သတ်ပစ်ပေးပါ။ ”

တာအိုဘုန်းကြီးက သွေးရေဝဲအတွင်း မျက်နှာမူလျက် ဒူးထောက်ချလိုက်တော့သည်။ စုရီမှ သူ့ကိုလျစ်လျူရှုကာ ထိုသွေးရေဝဲထံသို့ လျှောက်လှမ်းသွားခဲ့၏။ ထို့နောက် သွေးရေဝဲထံ စိုက်ကြည့်ကာ၊

“ ဒီမြင်ကွင်းကို ငါဘာလို့ရင်းနှီးနေသလို ခံစားနေရတာလဲ ပြီးတော့ မြင့်မြတ်သော မဟာ ဂရုဏာရှင်ဆိုတဲ့ ဘွဲ့ထူးကိုရော ... ။ ”

-ဟု ရေရွတ်လိုက်သည်။

“ ဟမ့် ... မင်းစုရီလား။ ”

သွေးရေဝဲကြီးက ရုတ်တရက် ပြင်းစွာ တုန်ခါသွားပြီးနောက်တွင် သတ်ဖြတ်လိုသော အသံမျိုးဖြင့် ပြန်၍မေးမြန်းလာတော့၏။

“ ဟားဟားဟား ... ဒီမြင်ကွင်းကို ရင်းနှီးတယ်လို့ ခံစားနေရတာ နောက်ဆုံးတော့ မင်းက အသုံးမဝင်တဲ့ သားရဲပဲ။ ”

စုရီမှ ရယ်သည်။ မိုးပြာြမစ်အောက်ခြေရှိ ဝူဟမ်ရေသခင်ပိုင် ကိုးထောင့်တစ္ဆေမြို့တော်၌ ဤယဇ်ပူဇော်ခြင်းကို သူ မြင်တွေ့ခဲ့ဖူး၏။

( အသုံးမဝင်တဲ့ သားရဲလား။ )

တာအိုဘုန်းကြီးတစ်ယောက် အံ့အားသင့် ထိတ်လန့်လာသည်။ သူ့အမြင်တွင် ဤသခင်၌ အဆုံးမဲ့ မှော်အစွမ်းများရှိချေ၏။ လူငယ်၏ ဤမှတ်ချက်သည် ရဲဝံ့လွန်းချေပြီ။

“ ​မျှော်​လင့်​ထားတဲ့အတိုင်း မင်းကိုး လူယုတ်မာလေး။ ”

သွေးရေဝဲအတွင်းမှ မဟာကရုဏာရှင်၏ ကြီးကျယ်ခမ်းနားသော အသံသည် ဒေါသများ ပြည့်နှက်နေခဲ့သည်။

“ (၆)လကုန်လွန်သွားပြီ ... အခုထိ အာကာသအတားအဆီးကို ကျော်ဖြတ်နိုင်တဲ့ စွမ်းအားမျိုး မင်းမှာ မရှိသေးဘူးလား။ ”

စုရီက လှောင်ပြုံးဖြင့် မေးမြန်းလိုက်သည်။ သွေးရေဝဲမှ ပြန်မဖြေချေ။

“ စစ်မှန်တဲ့ ခန္ဓာကိုယ် မလာနိုင်ဘူး ဆိုရင်တောင် အချိန်နဲ့အာကာသ အတားအဆီး အပေါ် ကျော်ဖြတ်ပြီး မင်းရဲ့စွမ်းအားကို ပြသနိုင်သင့်တယ်။ ”

ဤမြင်ကွင်းက ဒူးထောက်ပြီး ကန်တော့နေသော တာအိုဘုန်းကြီးကို စိတ်ရှုပ်ထွေးသွားစေသည်။

မြင့်မြတ်သော မဟာဂရုဏာရှင်သည် နတ်ဘုရားနှင့်တူသည့် ဖြစ်တည်မှုတစ်ခုပေပင်။ ထိုသို့ငယ်ရွယ်သော ကျင့်ကြံသူတစ်ယောက်မှ ထပ်တလဲလဲ နှိုးဆော်နေခြင်းကို မည်သို့ ခံနိုင်ရည်ရှိနေသနည်း။

ဘုံကျောင်းဝသို့ ရောက်ရှိလာသော ယွမ်ဟမ်မှ စိတ်လှုပ်ရှားလာ၏။ တစ္ဆေမြို့တော် အတွင်း ဤမဟာဂရုဏာရှင် ဆိုသူအပေါ် စုရီ အနိုင်ယူခဲ့သည်ကို သူ ကြားခဲ့ဖူးသည်။

“ နောက်ဆုံးတော့ မင်းကအမှိုက်ပဲ ဒါကြောင့် တစ္ဆေကျင့်ကြံသူနဲ့ ယင်ကျောက်စိမ်း ဆွဲသီးတွေပေးပြီး အားနည်းတဲ့ ကလေးငယ် တွေကို အရှက်မဲ့စွာ စုဆောင်းနေတာ မထူးဆန်းတော့ပါဘူး။ ”

စုရီမှ ခေါင်းယမ်းလိုက်၏။ ရှုတ်ချမှု၊ အထင်အမြင်သေးမှုနှင့် စိတ်ပျက်မှုများ ပါရှိနေ ခဲ့လေသည်။

“ စုရီ ... မင်းနဲ့ မပြီးသေးဘူး။ ”

သွေးရေဝဲမှာ ဒေါသထွက်လာ၏။

“ တကယ်လို့ ... မြင့်မြတ်တဲ့ငါသာ ဒီပိုးအိမ်ထဲမှာ ပိတ်မိမနေခဲ့ဖူးဆိုရင် မင်းလိုမျိုး တိရစ္ဆာန် ... မျိုးမစစ် ... လူယုတ်မာလေးကို ငါလာသတ်မိလိမ့်မယ်။ ”

သွေးရေဝဲအတွင်းမှ အဆက်မပြတ် ဆဲဆိုကျိန်းမောင်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။

ထိုသို့ ဆဲဆိုကျိန်းမောင်းမှုများသည် ဓားတစ်လက်ကဲ့သို့ အစွမ်းမျိုးရှိသော် စုရီခမျာ ဇကာပေါက် ဖြစ်သွားမည်မှာ သေချာချေပြီ။

***

Book-28

All Chapters