← Chapters

တာအိုပန်း (၃၀၀၀) ပွင့်စေခြင်း။

Vol. 28 Ch. 327

တာအိုပန်း (၃၀၀၀) ပွင့်စေခြင်း။

Vol. 28 Ch. 327

ဤအခိုက်တွင် စွမ်းအင်မျိုးစေ့သည် ရှေးဦးပရမ်းပတာအချိန်သို့ ရောက်ရှိနေသည့် စကြာဝဠာကြီးအလား အဆက်မပြတ် အသွင်ပြောင်းလဲနေ၏။

တစ်ခါတစ်ရံတွင် တောင်များ၊ မြစ်များ၊ ရေကန်များ၊ ငှက်များ၊ သားရဲများ၊ အင်းဆက် ပိုးမွှားများနှင့် ငါးများ၏ မွေးဖွားပုံများ ဖြစ်ပေါ်လာတတ်သည်။

တစ်ခါတစ်ရံတွင် နေ၊ လ၊ ကြယ်များ၊ ကောင်းကင်နှင့် မြေကြီးများ ဖြစ်တည်လာပုံ ထွက်ပေါ်နေပြန်၏။

ထိုမြင်ကွင်းများသည် ခဏတာမျှသာ ဖြစ်ပြီးနောက် ပရမ်းပတာအခြေအနေမှာ ပြန်၍ ငြိမ်သက်သွားချေပြီ။

ငရံဘုံကိုးပါးဓားထံမှ သန့်စင်သော ကောင်းကင်တာအို တားမြစ်စွမ်းအင်များကို အဆက်မပြတ် စုပ်ယူပြီး အသွင်အပြင်သည် ပို၍ပြတ်ထင်လာ၏။

ဤမတိုင်မီ ကောင်းကင်ကပ်ဘေးအပေါ် မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို တွေးကြည့် နေခဲ့ဖူးသည်။

စုရွှမ်ကြွယ်ဘဝ အတွေ့အကြုံများအရ ထက်မြက်သော လူအမြောက်အမြားသည်ပင် ဤဘေးဆိုး၌ ခြွင်းချက်မရှိ သေဆုံးရ၏။

ထို့ကြောင့် လုံလောက်စွာ ပြင်ဆင်ထားခဲ့ပြီးသည့်တိုင် အလေးအနက် ထားနေရဆဲပေပင်။

လက်ရှိကြုံတွေ့ရသော အခါတွင် ငရဲဘုံကိုးပါးဓားသည် သူ့ကို ကူညီသန့်စင်ပေး ခဲ့သည်။ လွယ်ကူ လွန်းနေ၏။

“ ဂျိန်း ... ။ ”

ကောင်းကင်တခွင် အနက်ရောင် မိုးကြိုးတိမ်တိုက်များနှင့် ပြည့်နှက်လာနေခဲ့ပြီး ပို၍ပို၍ ပြင်းထန်လာတော့သည်။

စုရီမှပြုံးလျက် လက်နှစ်ဖက်နောက်ပို့ အနေအထားဖြင့် ကောင်းကင်ဘုံကို မော့ကြည့် လိုက်၏။ တစ်ဖက်တွင် မည်သည်မျှ ဒေါသ ထွက်နေမည်ကို မြင်နိုင်သည်။

“ ဒီကောင်းကင်ကပ်ဘေးက ... ဝိညာဉ်တာအိုနယ်ပယ်ကို ဝင်ရောက်ချိန်မှာ ကြုံတွေ့ရတဲ့ ဝိညာဉ်အသွင်ပြောင်းခြင်း ကပ်ဘေးထက်တောင် ကြောက်စရာ ပိုကောင်းနေတယ်။ ”

မျောက်ဝံဖြူ ပခုံးပေါ်ရှိ အမျိုးသမီး၏ မျက်ဝန်းများ မှေးစင်းလာကာ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် တုန်လှုပ်လာတော့၏။

“ ဖျစ် ... ဖျစ် ... ။ ”

“ ဂျိန်း ... ။ ”

ရုတ်တရက် ရေတံခွန်တစ်စင်းကဲ့သို့ အလင်းတန်းကြီး တစ်ဟုန်ထိုးကျဆင်းလာခဲ့ ချေပြီ။

ကြမ်းတမ်းပြီး ကြောက်စရာကောင်းသော ဤမြင်ကွင်းက ဗုံမဟုတ် ပတ်မဟုတ်များအပေါ် မောဟိုက်သွားစေ၏။

“ ဟမ့် ... ။ ”

သို့တိုင် စုရီမှ အပြုံးမပျက်ချေ။ သူ့ကို ထိမှန်ပြီးနောက် တားမြစ်မိုးကြိုးစွမ်းအင်မှာ ပျက်ပြယ်သွားပြန်သည်။

စုရီက တိမ်တိုက်၏ နက်နဲရာသို့ မျှော်ကြည့်သည်။ ငရဲဘုံကိုးပါးဓားနှင့် ဒါန်တမ်ရှိ စွမ်းအင်မျိုးစေ့သည် အသွင်ကူးပြောင်းမှုအတွင်း ပွက်ပွက်ဆူလာ၏။ သူတို့အတွက် စွမ်းအင် လုံလောက်ခြင်း မရှိသေးချေ။

“ ဂျိန်း ... ။ ”

ကျင့်ကြံမှု၊ စိတ်ဝိညာဉ်စွမ်းအင်၊ စွမ်းအင်အနှစ်သာရနှင့် ဝိညာဉ်တို့သည် ပို၍ပို၍ သန့်စင်လာ၏။

ထိုခံစားချက်သည် ကောင်းကင်ဘုံပေါ် ပျံတက်နိုင်တော့မည်ဟူသော ယုံကြည်ချက်မျိုး ရရှိလာစေသည်။

အဆုံးတွင် တိမ်တိုက်များအတွင်း မထင်မရှားနှင့် နားမလည်နိုင်သောမီးလျှံများ ရောယှက်စုစည်းလာနေ၏။

“ ဂျိန်း ... ။ ”

၎င်းသည် ကမ္ဘာမြေကို ဖျက်ဆီးလိုသော မီးလှံတစ်စင်းကဲ့သို့ ဖွဲစည်းကာ အလင်းတန်း အဖြစ်သို့ ပြုကျလာသည်။

ဤလှံသည် ငရဲဘုံကိုးပါးဓားမရှိသော် လက်ရှိကျင့်ကြံမှုအဆင့်ဖြင့် ဝှက်ဖဲများအားလုံး အသုံးပြုရနိုင်ပေမည်။

သို့တိုင် ခန္ဓာကိုယ်ကွဲအက်ကာ စိတ်ဝိညာဉ်ကို ပြင်းစွာ ပျက်စီးသွားစေမည် ဖြစ်၏။

“ ဒါကြောင့်လည်း ရှေးခေတ်ကစလို့ အခုချိန်ထိ ဒီကောင်းကင်တာအိုရဲ့ ဒေါသကနေ ဘယ်သူမှ မရှင်သန်နိုင်ခဲ့တာပဲ အံ့သြစရာ မရှိတော့ပါဘူး။ ”

စုရီမှ သက်ပြင်းချလိုက်တော့သည်။ တာအိုမျိုးစေ့ မအောင်မြင်သည့် အကြောင်းရင်း အပေါ် နားလည်လာ၏။

ဤသည်မှာ စမ်းသပ်မှု မဟုတ်ချေ။ အပြစ်ဒဏ်ဖြစ်သည်။ ကောင်းကင်တာအိုသည် သူ့အပေါ် အံတုမည့် တစ်စုံတစ်ရာအတွက် ရှင်သန်ခွင့် ရုတ်သိမ်းခြင်းမည်ချေ၏။

“ ဘန်း ... ။ ”

သူတွေးနေစဉ် မီးလှံထိမှန်လာသည်။ ဤအခိုက်တွင် ဒါန်တမ်ရှိ တာအိုမျိုးစေ့သည် မွေးဖွားလာသကဲ့သို့ အလင်းရောင်များဖြာထွက် လာတော့၏။

ထို့နောက် ကျင့်ကြံမှု၊ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်အားလုံး ပြင်းထန်စွာ လှုပ်ခါသွားပြီး နေမင်းကြီးကဲ့သို့ ရောင်ဝါများ ထွန်းလင်း တောက်ပလာချေပြီ။

တစ်ချိန်တည်းမှာပင် ကောင်းကင်ရှိ မည်းမှောင်နေသော တိမ်တိုက်များသည်လည်း ပြန်၍ပျောက်ကွယ်သွားတော့၏။ ၎င်း၌ ဆန္ဒမရှိ သော်မှ လက်လျော့သွားချေပြီ။

လူတိုင်း၏ အမြင်တွင် မီးလျှံများမှ ပြန်လည်မွေးဖွားလာသော ဖီးနစ်တစ်ကောင် ကဲ့သို့ စုရီတစ်ယောက် တောက်ပနေ၏။

သူ့ကိုဗဟိုအဖြစ် တာအိုပန်းများ စီးမျောနေ၏။ မြင့်မြတ်သော တေးသံများက ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ် ကုန်သည်။

မကြုံစဖူးသော ဖြစ်စဉ်တစ်ခု ပေပင်။ မူလတာအိုနယ်ပယ်ရောက်ခြင်းဖြင့် တာအိုပန်း (၃၀၀၀) ဖြစ်ပေါ်လာခြင်းသည် အုတ်မြစ်မည်မျှ ခိုင်မာကြောင်း ပြသရာရောက်၏။

“ ဒီကောင်လေးက တကယ်ပဲ ကောင်းကင်ကနေ ဆင်းလာတဲ့ တန်ခိုးရှင်လား မဟုတ်ရင် မူလတာအိုနယ်ပယ်ကို ဝင်ရုံနဲ့ ဘာလို့ ဒီလောက် ကြီးကျယ်တဲ့ ဖြစ်စဉ်မျိုး လိုက်ပါလာရတာလဲ။ ”

ဟွာရှင်းဖန်မှ တုန်လှုပ်သွား၏။

“ မယုံနိုင်စရာပဲ ... တကယ် မယုံနိုင်စရာ ကောင်းလွန်းတယ် ရွှေခေတ်ကို မရောက်ခင်မှာ ပုံမှန်မဟုတ်တာတွေအားလုံး နိမိတ်တွေဆိုတာ တကယ်ဖြစ်နေပြီ ... ။ ”

မျောက်ဝံဖြူကြီး၏ ပခုံးပေါ်ရှိ အမျိုးသမီးသည်လည်း အံ့သြတုန်လှုပ်စွာဖြင့် အကြာကြီး မှင်တတ်နေခဲ့သည်။

“ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃)သောင်း ... အမှောင်တွေမလာခင်ကတောင် ဒီလိုလူမျိုးကို ရှာတွေ့နိုင်ဖို့မလွယ်ဘူး။ ”

“ ဒီကောင်လေးက ဘယ်သူလဲ၊ ဘာလို့ သူ့ခန္ဓာကိုယ်မှာ ထူးဆန်းတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေရတာလဲ။ ”

တားမြစ်ဇုန်သုံးပါးခမျာ တည်ငြိမ်ခြင်း မရှိတော့ချေ။ သူတို့ခေတ်အချိန်အခါ၌သည်ပင် ဤအဆင့်လူငယ်မျိုးကို ဘီလူးအဖြစ် သတ်မှတ်နိုင်ပေမည်။

ခဏအကြာတွင် စုရီဝန်းကျင်ရှိ တာအိုပန်းများအားလုံး အရိပ်များသဖွယ် ပျောက်ကွယ်သွားတော့၏။

လေဟာနယ်အတွင်းရပ်လျက် စုရီအသွင်သည် အညစ်အကြေးကင်းစင်နေ သကဲ့သို့ ကြည်လင်နေခဲ့သည်။

“ ဟမ့် ... ဒါက အတွင်းပိုင်းသန့်စင်ခြင်း အဆင့်ပဲလေ ... ကောင်းကင်တာအိုရဲ့အလိုကို ဆန့်ကျင်နေရင်တောင် ... ဒီနေ့အမွေကို သူ မထားခဲ့ရင် သေရမှာပါပဲ။ ”

မီးမိစ္ဆာလီဟော်က အော်ဟစ်လိုက်၏။ ယခင်နှင့်စာသော် သူမသည် ပို၍ပင် လောဘ ဖြစ်လာခဲ့သည်။

“ ဒီအမွေကို ငါမယူတော့ဘူး ... မင်းတို့လုပ်ရမှာက ဒီကောင်လေးကို ငါ့ဆီ ပေးလိုက်ပါ။ ”

အရိုးစားအဖိုးကြီးကလည်း ပျော်ရွှင်စွာ ပြောကြားလာ၏။ ဤလူငယ်၏ လျှို့ဝှက်ချက် များသည် အမွေထက် နိမ့်ကျမည်မဟုတ်ချေ။

ထို့ကြောင့် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များ ထုတ်ဖော်လျက် ဆူဖြိုးသော သိုးတစ်ကောင်အဖြစ် စုရီကို ရှုမြင်လာ၏။

ကြယ်အလင်းက မည်သည့်စကားမျှ မဆိုဘဲ တစ်ချိန်လုံး တိတ်ဆိတ်စွာဖြင့် စောင့်ကြည့်နေ ခဲ့သည်။ သူ မည်သည့်အရာများ တွေးတောနေ သည်ကို မသိနိုင်ချေ။

“ မင်းတို့သာ အမှောင်တားမြစ်စွမ်းအားရဲ့ ကန့်သတ်ခြင်း မခံရရင် ... ငါ့ကိုနည်းနည်းလေး ခြိမ်းခြောက်နိုင်ပါတယ် ... ဒါပေမယ့် အခုတော့ မင်းတို့အားလုံးက ငါ့အမြင်မှာ စဉ်းတုံးပေါ်က ငါးကြင်းတွေနဲ့ မခြားပါဘူး။ ”

“ ချွင် ... ။ ”

စုရီက ပြုံးလျက် ပြောကြားကာ ဓားဆွဲထုတ်လိုက်ပြီး၊

“ မယုံကြည်တဲ့ ဘယ်သူမဆို ... ငါ့ဆီလာနိုင်တယ် ငါစုရီက ဒီလောကကြီးကနေ အပြီးတိုင်လွတ်မြောက်သွားအောင် ကူညီပေးဖို့ ဆန္ဒရှိနေတယ်။ ”

-ဟု စိန်ခေါ်တော့၏။

“ ဟမ့် ... ။ ”

တားမြစ်ဇုန်လေးပါးမှ မျက်ခုံးပင့် လိုက်တော့သည်။ ဤသည်မှာ ဟာသတစ်ပုဒ် ပေပင်။ မျောက်ဝံဖြူပေါ်ရှိ အမျိုးသမီး သည်လည်း အံ့အားသင့်သွားခဲ့၏။

ဤလူငယ်သည် ကပ်ဘေးမှ လွတ်မြောက်ခဲ့လျှင်ပင် မူလတာအိုနယ်ပယ် အဆင့်သာဖြစ်၏။ မာနကြီးလွန်းချေပြီ။

“ ဟား ဟား ဟား ... ကောင်းပြီ မင်းဆန္ဒအတိုင်းပဲ။ ”

အဆုံးတွင် အရိုးစားအဖိုးအိုခမျာ မထိန်းနိုင်တော့ဘဲ ဦးစွာ လှုပ်ရှားလာတော့၏။ တစ်ဖက်လူသည် ကောင်းကင်ကပ်ဘေးမှ လွတ်မြောက်လျှင်ပင် သူ့မျက်လုံးထဲဝင်ရန် အရည်အချင်းမရှိသေးချေ။

***

All Chapters